#Local_News
Published_ 14 March 2023
နွေကာလနေ့ အပူချိန်တွေမြင့်တက်လာနေတဲ့ အတွက် အပူလျှပ်တာ၊ အပူကြောင့် သတိလစ်တာ၊ လေဖြတ်တာတွေမဖြစ်အောင် သတိပြုနေထိုင်ကြဖို့လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #အပူလျှပ်ခြင်း #လေဖြတ်ခြင်း #သတိပြုနေထိုင် #YMG #Yangon_Media_Group
#Asia_Development
Published 14 March 2023
တရုတ်နိုင်ငံက စိမ်းလန်းစိုပြေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတဲ့နေရာမှာ ရေအားလျှပ်စစ်က အရေးကြီးတဲ့အရင်းအမြစ်တစ်ခု ဖြစ်လာပါတယ်။
#Local_News #Asia_Development #ကမ္ဘာ့ဒုတိယအကြီးဆုံး #ရေအားလျှပ်စစ် #YMG #Yangon_Media_Group
Published 14 March 2023
မြန်မာနိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေးအတွက် ရုရှားနိုင်ငံအနေဖြင့် သုတေသနပြု ဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မတ် ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးတွင် လက်ခံတွေ့ဆုံစဉ် အဆိုပါကိစ္စကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယင်းအပြင် မြန်မာနိုင်ငံမှ တွင်းထွက်နှင့် သဘာဝသယံဇာတ ပစ္စည်းများကိုတန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများကို ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို နည်းပညာအသုံးပြု၍ အဆင့်မြင့်ပရိဘောဂပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နိုင်မှုနှင့် စက္ကူပျော့ဖတ်များထုတ်လုပ်နိုင်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းပို့ဆောင်ရေး လုပ်ငန်းများနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ တက်ရောက်ကြပြီးရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROVAlexander Sergeevich နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။
-ymg/knl
#ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့
#SHATIROVAlexander_Sergeevich
#မြန်မာ-ရုရှား
#YangonMediaGroup


#Local_News
Published_ 14 March 2023
ရန်ကုန်တိုင်းအတွင်း ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းက စားအုန်းဆီတစ်ပိဿာလက်ကားဈေး ၄၆၃၅ ဖြင့် ယခုသတင်းပတ်အတွင်း ဈေးကွက်ပေါက်ဈေးဖွင့်လှစ်ထားပါတယ်။
#Local_News #စားသုံးဆီ #ဖြန့်ဖြူးနေ
#YMG #Yangon_Media_Group
#Local_News
Published_ 14 March 2023
မတ် ၁၄ ရက်နေ့ ရန်ကုန်တိုင်းရွှေအသင်းရဲ့သတ်မှတ်ဈေးနှုန်းဟာ ၂၂ သိန်းကျော် သတ်မှတ်ထားပေမယ့် ပြင်ပရွှေပေါက်ဈေးကတော့၂၈ သိန်း ၇ သောင်းကျော်ပေါက်ဈေးရှိနေတယ်လို့ ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
#Local_News #ရန်ကုန် #ရည်ညွန်းသတ်မှတ်ဈေး # ပြင်ပရွှေပေါက်ဈေး #Gold #YMG #Yangon_Media_Group
#Local_News
Published_ 14 March 2023
ရွှေတိဂုံစေတီတော်ကြီးအတွက် ရွှေစင်ရွှေပြားရွှေသင်္ကန်းတော်နဲ့ငွေသားအလှူတွေ လှူဒါန်းတဲ့အလှူရှင်တွေလစဉ်ရှိနေတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီ #ရွှေစင်ရွှေပြား #ဂုဏ်ပြုလွှာပေးအပ် #YMG #Yangon_Media_Group
#DailyNews
Published_ 14 March 2023
၁။ ရွှေတိဂုံစေတီတော်အတွက် လစဉ်ရွှေစင်ရွှေပြားနှင့်ငွေသားအလှူရှင်များရှိနေ၊ မေလတွင်ဂုဏ်ပြုလွှာပေး အပ်ပွဲပြုလုပ်မည်ဟုဆို
၂။ ရန်ကုန်ရွှေအသင်း ရည်ညွန်းသတ်မှတ်ဈေး ၂၂ သိန်းကျော်သတ်မှတ်ထား ပြင်ပရွှေပေါက်ဈေး ၂၈ သိန်း ၇ သောင်းပေါက်ဈေးရှိနေ
၃။ လက်ကားစားသုံးဆီဈေး တစ်ပိဿာ ၄၆၃၅ ကျပ်ဈေးနှင့် ဖြန့်ဖြူးနေ
၄။ ဓာတ်အားထုတ်လုပ်မှုအရ ကမ္ဘာ့ဒုတိယအကြီးဆုံးရေအားလျှပ်စစ်စခန်း တရုတ်တွင်အပြည့်အဝလည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 1538 of 2351