#Local_News
Published_ 11 May 2023

မြောက်ဥက္ကလာပမြို့နယ်၌ YBS ယာဉ်တစ်စီးအား ကုန်တင်ယာဉ်တစ်စီးက မိုးရွာနေစဉ် အရှိန်မထိမ်းနိုင်ဘဲ စလစ်ဖြစ်ကာ နောက်မှဝင်တိုက်ခဲ့သဖြင့် ကုန်တင်ယာဉ်ပေါ်ပါ ၂ ဦးအနက် ယာဉ်မောင်းမှ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် သန္တာလမ်းထိပ်၌ မေ ၁၁ ရက်၊ နေ့လည် ၁၁ နာရီ ၁၇ မိနစ်ခန့်က မှတ်တိုင်တွင် လူအတင်အချလုပ်နေသည့် YBS 19 ယာဉ်အား သံတိုသံစများ တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးက အရှိန်လွန်ကာ နောက်မှဝင်တိုက်မိခဲ့သဖြင့် ကုန်တင်ယာဉ် ယာဉ်မောင်းမှာ ခေါင်းခန်းအတွင်းညပ်မိပြီး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

"မိုးကလည်း ရွာနေတာပါတယ်၊ ကုန်တင်ယာဉ်ပေါ်မှာက သံတိုသံစတွေ တင်လာတာဆိုတော့ ဝိတ်ကလည်း တော်တော်များတယ်။ အရှိန်လည်းပါ လမ်းကလည်း ချော်နေတာဆိုတော့ နောက်ကနေ ဝင်စောင့်မိသွားတာပါ။ YBS က လူအတင်ချလုပ်နေတော့ ရပ်ထားတာ" ဟု ထာဝရအလင်းတန်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အထက်ပါဖြစ်စဉ်တွင် ကုန်တင်ယာဉ်ပေါ်စီးနင်းလိုက်ပါလာသူ နှစ်ဦးအနက် အသက် ၅၃ နှစ်အရွယ်ရှိ ယာဉ်မောင်းအမျိုးသားမှာ ယာဉ်၏ ခေါင်းခန်းအတွင်း ညပ်မိပြီး ညာဘက်ပေါင်ရိုးကျိုး ဒဏ်ရာများရရှိကာ ထာဝရအလင်းတန်းပရဟိတအသင်းမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

 

#ymg/ppk #Local_News #မြောက်ဥက္ကလာပ #ကုန်တင်ယာဉ်က YBS ကို နောက်မှဝင်တိုက်
#YMG #Yangon-Media-Group