"စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးဆက်လက် ထစ်ချုန်းရွာနိုင်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
" ဒီဇင်ဘာလ၄ရက်မှစပြီး ဘုရင့်နောင်ကုန်စည်ဒိုင်နဲ့ ညောင်ပင်လေးဈေးတိုမှာ ဆီအသင်းကပေးတဲ့ စားအုန်းဆီတွေမရတော့သလို ဆီကုမ္ပဏီတွေကလည်း ဆီမရောင်းပေးတော့ဘူး။ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့်ရောင်းပေးတာမျိုးဖြစ်သွားတယ်"
ဘုရင့်နောင်ကုန်စည်ဒိုင်စားအုန်းဆီလက်ကားဒိုင်မှတာဝန်ရှိသူတစ်ဦး
Yangon-Times/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 07 December 2023
နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန်အခြေခံစားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSMEs လုပ်ငန်းရှင်များအား အဖက်အဖက်မှ ပံ့ပိုးရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းတို့ ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ်မှပြောကြားသည်။
မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ (၁၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး၌ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌကယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက “စားသောက်ကုန်လုပ်ငန်းများဟာ ပြည်တွင်း စီးပွားရေးကဏ္ဍ အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပြီး MSME စီးပွားရေးလုပ်ငန်းများကနေ အရွယ်အစား ကြီးမားသော လုပ်ငန်းကြီးများအထိ ဝင်ရောက် ရင်းနှီးလုပ်ကိုင်ရန် အလားအလာကောင်းရှိတဲ့ လုပ်ငန်းကဏ္ဍ တစ်ခုလည်း ဖြစ်ပါတယ်။
ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ယခုထက်ပိုမို ထုတ်လုပ်နိုင်ဖို့အတွက် MSMEs လုပ်ငန်းရှင်များကို နည်းပညာ ပံ့ပိုးမှုများ၊ ဈေးကွက်အခွင့်အလမ်းများအပြင် လိုအပ်တဲ့ ငွေကြေးအရင်းအမြစ် ၊ ဗဟုသုတများ ရရှိဖို့လည်း အရေးကြီးသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းတို့ ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFPEA) ကို ၂၀၁၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်သူများ၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းသည့် အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ပိုမိုယုံကြည်သုံးစွဲလာစေရန်၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ရန်၊ စားသောက်ကုန်များ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီဓါတ်ခွဲခန်းများဖြင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များနှင့် အသင်းကို လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 7 December 2023
မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ် တောင်ပြုံးကျေးရွာ အုပ်စု နန်းကြီးကျေးရွာ တွင် မီးလောင် မှုကြောင့် နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သွားရောက် ကူညီပေးသည့် လူမှု ကူညီရေး အသင်းများ ထံ က သိရသည်။
ဒီဇင်ဘာ ၇ ရက နံနက် ၁၁နာရီ ၄၀ မိနစ် ခန့် က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်မြေသာစံ မြို့နယ် မီးသတ်စခန်း၊မတ္တရာမြို့နယ် မီးသတ်စခန်းနှင့် ပုသိမ်ကြီး မြို့နယ် မီးသတ်စခန်း တို့ မှ မီးသတ်ယာဉ်များ ထွက်ခွာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြိမ်းသတ်ခဲ့ရာ တွင် မီးများသောကြောင့် မွန်းတည့် ၁၂နာရီ ၃၆ မိနစ် တွင် မီးထိမ်းနိုင်ခဲ့ ပြီး ၁၂နာရီ ၄၀ တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။
'' တောင်ပြုံး နတ်နန်း တောင်ဘက် ကပ်လျက်မှာ လောင်တာ၊မီးများတဲ့ အတွက် မီးငြိမ်းသတ်ရတဲ့ အချိန်လဲ ကြာသွားတယ်၊နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှုံးသွားတယ်''ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
လက်ရှိတွင် မီးလောင်သည့် အကြောင်းအရာ အချက်အလက်များနှင့် ဆုံးရှုံးမှု တန်ဖိုးများ ကို သက်ဆိုင်တာဝန်ရှိသူများ က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


ကြက်မဲကရရှိတဲ့ ကြက်မဲဥကို ကိုဗစ်ကာလက ဝယ်ယူစားသုံးကျပြီးနောက်ပိုင်း လက်ရှိအချိန်ထိ နာမကျန်းဖြစ်နေသူတွေ နဲ့ကျန်းမာရေး လိုက်စားသူတွေက ပုံမှန်ဝယ်ယူတာတွေ ရှိနေကြတာအပြင် ကိုယ်တိုင်စားသုံးဖို့နဲ့
ပြန်လည်ရောင်းချဖို့ တစ်နိုင်တစ်ပိုင်မွေးမြူသူတွေကပါ ကြက်မဲအကောင်လိုက် အော်ဒါမှာယူနေကြတယ်လို့ ပြင်ဦးလွင် ကြက်မဲမွေးမြူရေးခြံပိုင်ရှင် ဒေါ်မွန်မွန်ရှိန်က ရန်ကုန်မီဒီယာဂရုကို အခုလိုပဲပြောပါတယ်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ ရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ကိုယ်တိုင် စိုက်ပျိုး ရောင်းချ တဲ့ သူတွေ ကို အဓိက ထား MSMEချေးငွေ ထုတ်ပေးနိုင် ဖို အတွက် Myanmar Argo Echange published Co.ltdနဲ့ A bank တို နားလည် မှု စာချွန်လွှာ ကို ဒီဇင်ဘာ၆ ရက်က လက်မှတ် ရေးထိုးခဲ့တယ်လို သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"လတ်တလောရန်ကုန်-ခရမ်း ပြေးဆွဲပေးနေတဲ့ ခရမ်းတက်စီအချိုစက်သုံးဆီရရှိမှုတွေရှိပေမယ့်လည်း စက်သုံးဆီ ဈေးအနည်းငယ်တက်တဲ့အတွက် ကားခကတော့ အရင်က ၅၀၀၀ကျပ်အစား တစ်ထောင်တက်ပြီး ၆၀၀၀ဖြစ်သွားတယ်" ရောင်ခြည်ခရမ်းတက်စီဂိတ်မှ တက်စီယာဉ်မောင်းတစ်ဦး
Yangon-Times/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 7 December 2023
မလေးရှားနိုင်ငံ ပီနန်း မြို့ရှိ ထိန်းသိမ်းရေး စခန်း တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၁ဦး ကို မြန်မာ နိုင်ငံ သို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများမှာ အကြောင်းအမျိုးမျိုးကြောင့် မလေးရှား အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရပြီးနောက် မိခင်နိုင်ငံသို့ ပြန်ရန်အတွက် စောင့်နေရသူတွေ ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှ သံအမတ်သည် စီလန်ဂေ ပြည်နယ်ရှိ Sungai Buloh
အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၃ဦးကိုလည်းကောင်းperak ပြည်နယ် Taiping အကျဉ်းထောင် မှ အကျဉ်းသားတစ်ဦးတို့ကို သွားရောက် တွေ့ဆုံခဲ့ပြီး အမှု အယူခံ၀င်နိုင်မှု အခြေအနေနှင့်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်သူများကို စီမံချက်ဖြင့် ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လျက်ရှိပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများလဲမကြာခဏ အဖမ်းခံရခြင်းများရှိကြောင်း မလေးရှားရောက် မြန်မာအလုပ်သမားများထံက သိရသည်။
Yangon_Time/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 07 December 2023
အမျိုးသားနေ့ပိတ်ရက်တွင် စားအုန်းဆီကန်(၈)ခုအနက် (၇)ခုပိတ်ပြီး တစ်ခုသာဖွင့်ထားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
သီလဝါဆီကန် Wilmar Myanmar Edible Oil Co.ltdဆီကန်သာဖွင့်ထားမည်ပြီး ကျန် MNG1 /MNG2/ Htoo ဆီကန်/Htooဆီကန် KIP /HTT ထီးတန်းဆီကန်/MEC ဆီကန်အဖြူ YTT/Diamond Dragon DDဆီကန်တို့ကိုတော့ ဒီဇင်ဘာလ(၇)ရက် အမျိုးသားနေ့တွင်ပိတ်ထားမည်ဖြစ်သည်ဟုဆိုသည်။
အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ၆ရက်တွင် ဒီဇင်ဘာ(၆)ရက်အတွက်ရော (၇)ရက်အတွက်ပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၆)ခုကို စားအုန်းဆီ ပေပါ ၅၇၄၉ပေပါထုတ်ပေးထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
အမျိုးသားနေ့ဒီဇင်ဘာ၇ရက်မတိုင်မီ ဒီဇင်ဘာလ ၆ရက်၌ နေပြည်တော်၊မန္တလေးအပါအဝင်ပြည်နယ်နှင့်တိုင်းဒေသကြီးကို ၅၅၃၀ပေပါကို ရည်ညွှန်း ဈေးဖြင့် ရောင်းချထားပေးကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှသိရသည်။
Yangon_Time/tthl
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

#World_Health
Published 07 December 2023
ငှက်ပျောသီးစားခြင်းဟာ ခန္ဓာကိုယ်စွမ်းအင်ကို မြှင့်တင်ခြင်း၊ ဖောရောင်မှုကို လျှော့ချခြင်းတို့ ပေးစွမ်းနိုင်တဲ့အပြင် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေပါတယ်။
အိပ်ရာမဝင်ခင်မှာ ငှက်ပျောသီးတစ်လုံး စားခြင်းဖြင့် ကောင်းမွန်စွာ အိပ်စက်စေနိုင်တယ်လို့ Sleep Charity က ဖော်ပြထားပါတယ်။
ငှက်ပျောသီးမှာ ကြွက်သားတွေကို ပြေလျော့စေတဲ့ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံအပြင် ဦးနှောက်ကို ငြိမ်သက်စေတဲ့ ထရစ်တိုဖန်လည်း မြင့်မားစွာ ပါဝင်တာကြောင့် လျင်မြန်စွာ အိပ်ပျော်စေနိုင်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။
စပျစ်သီး၊ စတော်ဘယ်ရီသီးတို့ဟာလည်း အိပ်ပျော်မှုကို အားပေးတဲ့ မယ်လတိုနင်များ မြင့်မားစွာပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗာဒံသီး၊ ငါး၊ ကောက်ပဲသီးနှံ၊ ကွေကာတို့ကလည်း အိပ်စက်ခြင်းကို ကူညီပေးပါတယ်။
နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် နောက်ထပ်နည်းလမ်းတွေကတော့ အနည်းငယ်သာ စားသောက်ခြင်း၊ အပူအစပ် ချောကလက် ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာများ ရှောင်ရှားခြင်းတို့ ပါဝင်ပါတယ်။
အစားအသောက်အပြင် တီဗီ ဖုန်း ကွန်ပျူတာ ကြည့်ရှုချိန်လျှော့ချခြင်း၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ရေချိုးခြင်း၊ အိပ်ခန်းကို အေးမြ မှောင်မည်း တိတ်ဆိတ်အောင် ပြုလုပ်ခြင်းတို့ကလည်း အထောက်အကူ ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
ငှက်ပျောသီးမှာ အိပ်ပျော်စေတဲ့ အာဟာရဓာတ်များအပြင် ဗိုက်တာမင်စီ၊ ဘီ ၆၊ အမျှင်ဓာတ်များနဲ့ ခွန်အားပေးစွမ်းနိုင်တဲ့ ဓာတ်များလည်း ပါဝင်ပါတယ်။
ပိုတက်ဆီယံက သွေးဖိအားလျော့စေပြီး သွေးတိုးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
ပရိုတိန်းအနည်းငယ်နဲ့ အဆီမပါဝင်ပေမယ့် ကာဗိုဟိုက်ဒရိတ်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပါတယ်။
ငှက်ပျောသီးရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် အစာခြေခြင်းကို ကောင်းမွန်စေပါတယ်။
ငှက်ပျောသီးမှာ တွေ့ရတဲ့ ပပ်တင်က ဝမ်းကိုပျော့စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
#World_Health #အိပ်စက်ခြင်း #ငှက်ပျောသီးနှင့်အခြားစားစရာ #Source: New York Post
Published 07 December 2023
အမေရိကန် လက်စ်ဗေးဂတ်စ်ရှိ နေဗာဒါတက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟာလည်း ရဲတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောပြခဲ့ပါတယ်။
နံနက် ၁၁ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်မှုတွေဖြစ်နေတယ်လို့ အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က တက္ကသိုလ်ကျောင်းဝင်းသို့ ဖြန့်ကျက်ဝင်ရောက်လာကြပြီး ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာတွေကတော့ စာသင်ခန်းတွေထဲမှာ ပုန်းခိုနေခဲ့ကြပါတယ်။
လီစီးပွားရေးကျောင်း ဖွင့်ထားတဲ့ ကျောင်းဝင်းအဆောက်အဦသို့ ဒေသခံရဲများ ဝင်ရောက်သွားခဲ့ကြကာ တက္ကသိုလ်စုံထောက် ၂ ဦးက တရားခံနဲ့ ပစ်ခတ်ခဲ့ပြီး ပစ်သတ်နိုင်ခဲ့ကြောင်း နေဗာဒါတက္ကသိုလ် လက်စ်ဗေးဂတ်စ်မှ ရဲမှူးချုပ်အဒမ်ဂါစီယာက ညနေခင်းသတင်းကွန်ဖရန့်မှာ ပြောကြားသွားပါတယ်။
သေနတ်ပစ်ခတ်မှုအကြောင်း ပထမဆုံးအကြောင်းကြားပြီးနောက် မိနစ် ၄၀ မှာ အားလုံးရှင်းလင်းသွားပြီလို့ အာဏာပိုင်များက ကြေညာခဲ့ပါတယ်။
ရဲတွေကသာ သေနတ်သမားကို မသတ်ခဲ့ဘူးဆိုရင် နောက်ထပ်လူအများအပြား သေဆုံးသွားနိုင်တယ်လို့ နယ်ထိန်းရဲ ကီဗင်မက်မာဟေးလ်က ပြောပြသွားပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာတွေကိုတော့ အာဏာပိုင်များ မထုတ်ပြန်ခဲ့ပါဘူး။
ပရော်ဖက်ဆာ ကယ်ဗာနေမာတင်နဲ့ အခြားဝန်ထမ်း၊ ကျောင်းသား ၃ ဦးတို့က စားပွဲခုံအောက်မှာ ပုန်းနေခဲ့ကြပါတယ်။
နောက်ထပ် ပရော်ဖက်ဆာတစ်ဦး ဝင်လာပြီး ထွက်ပြေးခိုင်းဖို့ ပြောတဲ့အခါ အခြားလူတွေနဲ့အတူ ထွက်ပြေးခဲ့ကြပြီး ကျောင်းဝင်းထဲကနေ ကားဖြင့် မောင်းထွက်သွားခဲ့ကြပါတယ်။
၃၃၂ ဧကကျယ်ဝန်းတဲ့ နေဗာဒါတက္ကသိုလ်ကျောင်းဝင်းဟာ လက်စ်ဗေးဂတ်စ်ကမ်းမြောင် အရှေ့ဘက် ၂ မိုင်အောက်သာ ကွာဝေးပြီး ကျောင်းဝင်းထဲမှာ ကျောင်းသား ဘယ်နှယောက် ရှိနေခဲ့လဲဆိုတာ မသေချာပါဘူး။
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ထိုမြို့မှာပဲ သေနတ်ပစ်ခတ်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ဂီတပွဲတော်ကို တက်ရောက်လာတဲ့ သူတွေထဲက လူအယောက် ၆၀ သေဆုံးခဲ့ကာ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
တက္ကသိုလ်မှာ သောကြာနေ့ အတန်းတွေ ဖျက်သိမ်းခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေက ဒေတန်တက္ကသိုလ်မှာ ကစားရန်စီစဥ်ထားတဲ့ ဘက်စ်ကက်ဘောပွဲကိုလည်း နေဗာဒါတက္ကသိုလ်က ဖျက်သိမ်းခဲ့ပါတယ်။
Source: AP News
#World_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

#World_Health
Published 07 December 2023
ကမ္ဘာတဝှမ်းမှာ အဆုတ်ဖြူရောဂါလို့ခေါ်တဲ့ ရောဂါဆန်းတစ်ခု အဖြစ်များနေပြီး ဥရောပအပြင် အမေရိကန်နဲ့ တရုတ်တို့မှာလည်း အဖြစ်များနေပါတယ်။
ပိုမိုကျယ်ပြန့်လာတဲ့ အဆုတ်ရောင်ရောဂါဟာ ဒိန်းမတ်မှာ ကပ်ရောဂါအဆင့်ပင် ရောက်ရှိနှင့်နေပြီဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှာ အဆုတ်ဖြူရောဂါ ဖြစ်ပွားမှုမြင့်တက်နေပြီး အထူးသဖြင့် ကလေးတွေမှာ ဖြစ်နေပါတယ်။
အဆုတ်ဖြူရောဂါဟာ mycoplasma pneumoniae ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်ပါတယ်။
အဆုတ်ဖြူရောဂါဆိုတာဟာ အဆုတ်အင်္ဂါတွေ ရောင်ရမ်းခြင်းတစ်မျိုး ဖြစ်ပါတယ်။
ဒီရောဂါဟာ လက်ရှိမှာတော့ ကလေးတွေမှာ အဖြစ်များနေပါတယ်။
အမေရိကန် အိုဟိုင်ယိုမှာ ပြီးခဲ့တဲ့လအတွင်း ကလေးတွေမှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုပေါင်း ၁၅၀ ခန့် ရှိခဲ့ပါတယ်။
ဒီရောဂါရဲ့ လက္ခဏာတွေကတော့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အချို့သူတွေမှာ အသက်ရှူကြပ်တတ်ပြီး အဆုတ်နဲ့ လည်ချောင်းတို့ကနေ သလိပ်ထွက်ခြင်းမျိုး ခံစားရတတ်ပါတယ်။
ပုံမှန်လက်ဆေးခြင်း၊ ချောင်းဆိုးနှာချေစဥ် ပါးစပ်အုပ်ထားခြင်း၊ ဖျားနာတဲ့အခါ လူတွေနဲ့ထိတွေ့ပြောဆိုမှု မပြုလုပ်ခြင်းတို့ဖြင့် အဆုတ်ဖြူရောဂါကို ကာကွယ်နိုင်ပါတယ်။
ကိုဗစ်-၁၉ရောဂါကြောင့် ကိုယ်ခံအားနည်းနေရာကနေ ကလေးတွေမှာ အဆုတ်ရောင်ရောဂါ ဖြစ်နိုင်ခြေများနေတာ ဖြစ်ကြောင်း သုတေသီ ဟန်းဒေါ့သ်အမ်ဘော့ဂ်က ပြောပြသွားပါတယ်။
တရုတ်မြောက်ပိုင်းမှာ အသက်ရှူလမ်းကြောင်းရောဂါများ အဖြစ်များနေချိန်မှာ ကမ္ဘာတဝှမ်းမှာ အဆုတ်ဖြူရောဂါလည်း အဖြစ်များနေတာ ဖြစ်ပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေကတော့ ရောဂါပိုးမွှား အထူးအဆန်းတွေ မတွေ့ရှိသေးဘူးလို့ WHO က ဆိုပါတယ်။
အသက်ရှူလမ်းကြောင်း ရောဂါများ အဖြစ်များလာတာဟာ ကိုဗစ်ရောဂါ ကန့်သတ်ချက်များ လျှော့ချလာတာကြောင့်အပြင် ကလေးတွေကို အဓိကကူးစက်တတ်တဲ့ ဘက်တီးရီးယားကလည်း ပျံ့နှံ့နေတာနဲ့ ဆက်စပ်နေပါတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
#World_Health #အဆုတ်ဖြူရောဂါ #အဆုတ်ရောင်ရောဂါတစ်မျိုး #ကမ္ဘာတဝှမ်းတွင်အဖြစ်များ #Source: India Today
Page 805 of 1858