#LocaL_News
Published 10 December 2023
ထိုင်းနိုင်ငံ နခေါစီထမ်မရတ်ခရိုင် ဘန်င်ခန်မြို့ လမ်နောင်ဝ်ကျေးရွာ အုပ်စု ၈ နယ်မြေရှိ ကားလမ်းပေါ်တွင် ဘန်ကောက်-ရနောင်းပြေးဆွဲနေသည့် အဝေးပြေးဘတ်စ်ကားပေါ်တွင် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့်မြန်မာအလုပ်သမား များ အဖမ်းခံရကြောင်းထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
နယ်မြေစစ်ဆေးရေးဂိတ်မှ လုံခြုံရေး အဖွဲ့က အဆိုပါ ဘတ်စ်ကားကို စစ်ဆေးမှု ပြုလုပ်ရာ မှကားမောင်းသူအခန်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅ ဦး ခရီးသည်ထိုင်ခုံတွင် ၂ဦး စုစုပေါင်း ၇ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ထို့အတူ စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားတစီးတွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ ကားထဲတွင် တရားမဝင်မြန်မာအလုပ်သမား ၆ ဦးတို့ကိုတွေ့ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများကိုခေါ်ဆောင်ပေးလာသည့် ကားသမာဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ယင်း ကားသမား၏အမည် အချက်အလက်တို့ကို တာဝန်ရှိသူများကစစ်ဆေးတွေ့ရှိကြောင်းသိရသည်။
ဖမ်းဆီးမိသူများ အားလုံးကို သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
#LocaL_News # အဝေးပြေးဘတ်စ်ကားပေါ် #မြန်မာအလုပ်သမားများ အဖမ်းခံရ #YMG/NN #Yangon_Times
#World_Health
Published 10 December 2023
ဂျပန်တို့ရဲ့ နာမည်ကျော် ဟင်းခတ်ပစ္စည်း ဝါဆာဘီဟာ မှတ်ဉာဏ်ပိုင်းတိုးတက်ရာမှာ အထောက်အကူဖြစ်စေတယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
ဝါဆာဘီက ကျန်းမာရေးအတွက် အကျိုးရှိစေတယ်ဆိုတာကို သိရှိထားပြီးဖြစ်ပေမယ့် ရေတိုမှာရော ရေရှည်မှာပါ မှတ်ဉာဏ်ပိုင်းကို အကျိုးပြုစေတယ်ဆိုတာကိုတော့ ပထမဆုံး သိရှိလာတာ ဖြစ်ပါတယ်။
ဝါဆာဘီရဲ့ မှတ်ဉာဏ်ပိုင်း တိုးတက်စေမှုကို တိုဟိုကူတက္ကသိုလ်မှာ လေ့လာစမ်းသပ်ခဲ့ပါတယ်။
ဝါဆာဘီထဲက အဓိကပါဝင်ပစ္စည်း 6-MSITC ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ကာ ရောင်ရမ်းခြင်းကိုလည်း ဆန့်ကျင်ပေးပြီး အခြားအပင်တွေမှာ အနည်းငယ်သာ တွေ့ရပါတယ်။
အသက် ၆၀ မှ ၈၀ ကြား ကျန်းမာရေးကောင်းမွန်တဲ့ လူ ၇၂ ဦးကို ခေါ်ယူကာ တဝက်ခန့်ကို ညအိပ်ချိန်မတိုင်ခင် ဝါဆာဘီ ၁၀၀ ဂရမ် စားသုံးစေခဲ့ပြီး ကျန်တဝက်ကိုတော့ အာနိသင်မရှိတဲ့အရာကို စားသုံးစေခဲ့ပါတယ်။
၃ လအကြာမှာ ဝါဆာဘီစားသုံးတဲ့အဖွဲ့က ဦးနှောက်သိရှိမှုစွမ်းရည်၊ ရေတိုမှတ်ဉာဏ်အပိုင်း၊ ရေရှည်မှတ်ဉာဏ်အပိုင်းတို့မှာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
အပိုင်းအကန့်များပါဝင်တဲ့ မှတ်ဉာဏ်စွမ်းရည်ပိုင်းမှာ ပျမ်းမျှအားဖြင့် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဝါဆာဘီဟာ မုန်ညင်းမျိုးနွယ်ဝင်ဖြစ်ကာ ပင်လယ်စာနဲ့ တွဲဖက်စားသုံးတဲ့အခါ အလွန်လိုက်ဖက်ပြီး ရောဂါပိုးမွှားဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။
တိုဟိုကူတက္ကသိုလ်က အခုဆိုရင် ပိုမိုငယ်ရွယ်တဲ့ လူတွေနဲ့ စမ်းသပ်သွားဖို့ ရည်ရွယ်ထားကာ ဒီမန်ရှာရောဂါ ခံစားနေရသူတွေမှာလည်း ဦးနှောက်အသိဉာဏ် ဆုတ်ယုတ်မှုကို လျော့ကျစေနိုင်မလားဆိုတာကို လေ့လာသွားဦးမှာ ဖြစ်ပါတယ်။
#World_Health #ဂျပန်ရိုးရာဟင်းခတ်ပစ္စည်း #ဝါဆာဘီ #အစွမ်းသတ္တိ #Source: WION
"ပန်းပွဲတော်မှာ ထိုင်းနိုင်ငံကပန်းမျိုးစိတ် အမျိုး၄၀၊ အပင်အရေ အတွက်အားဖြင့် ၂ သိန်းနဲ့ မြန်မာပန်းမျိုးရင်း ပန်းပြကွက်တစ်ခုလည်း ထည့်သွင်းပြသသွားမှာဖြစ်တယ်" ထူးကုမ္ပဏီဥယျာဉ်ဌာန၊ Deputy Managing Director ကိုဝေမျိုးအောင်
#Local_News
Published 10 December 2023
#ပြင်ဦးလွင်ပန်းပွဲတော် #မြန်မာပန်းမျိုးရင်း
#tthl #Yangon_Times
#World_Health
Published 10 December 2023
ဆီးကျိတ်ကင်ဆာဟာ ယောက်ျားတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အင်္ဂလန်လူမျိုး ၈ ယောက်မှာ ၁ ယောက်နှုန်း ခံစားရလေ့ရှိပါတယ်။
ဒါပေမဲ့ အတော်များများက အချိန်အတော်ကြာတဲ့အထိ ရောဂါလက္ခဏာတွေ မခံစားရတာမျိုး ဖြစ်တတ်ပါတယ်။
အသက်အန္တရာယ်ပေးတဲ့ ရောဂါမျိုးမဟုတ်ပေမယ့် စောစီးစွာ ကုသပါက ပျောက်ကင်းနိုင်ခြေများပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကတော့..
(၁) အသက်အရွယ်
အသက် ၅၀ အထက် အမျိုးသားတွေမှာ အဓိက ဖြစ်ပွားနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။
(၂) မျိုးရိုး
ဆွေမျိုးထဲမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးသူရှိရင် ရောဂါဖြစ်နိုင်ခြေ ၂ ဆခွဲ ပိုများပြီး အမျိုးတွေထဲက အသက် ၆၀ ကျော်မှ ဖြစ်တာဆိုရင် သင်ဟာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
(၃) လူမျိုး
သေချာအတည်မပြုနိုင်သေးပေမယ့် လူမည်းတွေဟာ အခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
လူမည်းမျိုးရိုးနဲ့ ရောစပ်တဲ့ သူတွေမှာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိနေပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်နေနိုင်တဲ့ အချို့သောရောဂါလက္ခဏာတွေကတော့..
- မကြာခဏ ဆီးသွားရခြင်း
- အိမ်သာသို့ အလျင်စလို သွားလိုခြင်း
- မတ်တပ်ရပ်ဆီးသွားရန် ခက်ခဲခြင်း
- ဆီးသွားရန် ကြာရှည်ခြင်း၊ အချိန်ကြာခြင်း
- ဆီးစီးဆင်းမှုအားနည်းခြင်း
- ဆီးအိမ်မှ အပြည့်အဝ ဆီးမထွက်ဘူးလို့ခံစားရခြင်း
- ဆီးထဲ ဒါမှမဟုတ် သုတ်ရည်ထဲတွင် သွေးပါခြင်း တို့ဖြစ်နိုင်ပါတယ်။
ဆီးကျိတ်ဆိုတာက ဆီးအိမ်အောက်ရှိ သစ်ကြားသီးအရွယ်ခန့် ဂလင်းဖြစ်ပြီး ဆီးပြွန်ကို ရစ်ပတ်ထားပါတယ်။
ဆီးကျိတ်ကင်ဆာဟာ လိင်အင်္ဂါပြောင်းလဲထားတဲ့ အမျိုးသမီးတွေမှာတောင် ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။
#World_Health #ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ #စက္ကန့်(၃၀)အတွင်းသုံးသပ်နိုင် #Source: The Sun
၉ ဒီဇင်ဘာ ၂၀၂၃
#ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့ ဘယ်လို ဝယ်ယူတင်သွင်းနေပါသလဲ
#တစ်နိုင်ငံလုံးသုံးစွဲမှုအခြေအနေအရ စက်သုံးဆီဖူလုံမှုရှိအောင် ဘယ်လိုတွေဆောင်ရွက်နေသလဲ
#စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းစကားပါးလိုသလဲ
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
#တိုင်းဒေသကြီး၊ပြည်နယ်အချို့တွင် စက်သုံးဆီများ တန်းစီဝယ်ယူနေရတာ ဘာကြောင့်လဲ။
#လက်ရှိစက်သုံးဆီဈေးနှုန်းနှင့် ပြည်တွင်းပြည်ပ စက်သုံးဆီဈေးနှုန်းအခြေအနေတွေဘယ်လိုရှိပါသလဲ။
#ယခုလက်ရှိအခြေအနေမှာ စက်သုံးဆီတွေကို ဘယ်လိုဖြန့်ဖြူးပေးနေပါသလဲ။
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
မဟာဗျူဟာအမြင်၊နည်းဗျူဟာအမြင်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ၏လက်ရှိ၊အတိတ်နှင့်နောင်ဖြစ်လာနိုင်သည့် အခြေအနေများ
ကောလာဟလ သတင်းတု၊ သတင်းမှားများထုတ်လွှင့်၍ ပြည်သူလူထုအား အကြောက်တရား ဖြင့် ခြိမ်းခြောက်နေမှုများ
၉-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၊ လောက်ကိုင်မြို့ ၊ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
အကြမ်းဖက်သောင်းကျန်း သူများက အများပြည်သူများအသုံးပြုလျက်ရှိသည့် လမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါ တိုင်များ ဖောက်ခွဲ ဖျက်ဆီးမှုများ
တို့နှင့်ပတ်သက်၍နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
တရုတ်နိုင်ငံ၏ အာကာသဥယျာဥ်ဒုတိယမျိုးဆက်မစ်ရှင်တွင် ဟင်းသီးဟင်းရွက်များအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့
အာကာသပတ်လမ်းရှိ တရုတ်နိုင်ငံရဲ့ ရှန်ကျိုး-၁၇ မှ အာကာသယာဥ်မှူးတွေဟာ တီယန်ဂေါင် အာကာသစခန်းမစ်ရှင်အဖြစ် အာကာသအခြေစိုက် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးယန္တရားဖြစ်တဲ့ အာကာသဥယျာဥ်ကနေ ဟင်းသီးဟင်းရွက်များကို မကြာသေးမီက နောက်ထပ်တစ်ကြိမ် ရိတ်သိမ်းခဲ့ပါတယ်။
#Asia_Development
Published 09 December 2023
#အာကာသဥယျာဥ် #ဒုတိယမျိုးဆက်မစ်ရှင်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 09 December 2023
၁။ မြန်မာ့ကျောက်စိမ်းထည်များကို ဂျပန်၊ တရုတ်နှင့်ဟောင်ကောင်သို့စတင် တင်ပို့နေ
၂။ စက်သုံးဆီဝယ်ယူရခက်သဖြင့် လူမှုကူညီရေး အသင်းများ အခက်တွေ့နေဟုဆို
၃။ အွန်လိုင်းထရိတ်ဒင်းနှုန်းထားကြောင့် ရန်ကုန်ရွှေရည်ညွှန်းဈေးနှုန်း ကျပ်၃၅သိန်းကျော်အထိ ခုန်တက်
၄။ တရုတ်နိုင်ငံ၏ အာကာသဥယျာဥ်ဒုတိယမျိုးဆက်မစ်ရှင်တွင် ဟင်းသီးဟင်းရွက်များအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_9 Dec 2023
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်း၊ အဝင်ဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၉ ရက် ညနေ ၃ နာရီခန့်က အဆိုပါ အပေါက်၀ နေရာသို့ ကျွဲရိုင်းအချိုရည်ဘူး ခွံဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးဖြင့်ပစ်ခဲ့ခြင်းကြောင့် ကုမ္ပဏီလုံခြုံရေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ယင်း ရွှေထွဋ်တင်ကွင်း၌ ယနေ့ည Waterzonic EDM ပွဲရှိကြောင်းလည်း၊ ယခုနှစ် Waterzonic Myanmar တွင် ရွှေထွဋ်တင်ကွင်း outdoor area အတွင်း ရေပါတီကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News #ရွှေထွဋ်တင်ကွင်း #ဗုံးပေါက်ကွဲမှုဖြစ် #Yangon_Times/PP
#Local_News
Published-9 December 2023
လိုင်စင်မရှိဘဲ ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် အခြားသော ရေနံထွက်ကုန်ပစ္စည်းတွေကို ဂါလန် ၅၀ အထက် သိုလှောင်ခြင်း၊ သယ်ယူခြင်းတွေ စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ်လည်း သိမ်းဆည်းခံရမည်ဖြစ်ကြောင်းရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိပေးလိုက်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများကို ဂါလန် (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်းပြုလုပ်ပါကကျပ် သိန်း (၅၀) ထိ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် (၁)နှစ်တိတိ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ်လည်း သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
၄အပြင် ၂၀၂၃ ဒီဇင်ဘာ (၁၀) ရက်မှစတင် ပြီး လုပ်ငန်းတာဝန်များအရ လိုင်စင်မဲ့သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရယူလိုပါကလည်း ဌာနအနေဖြင့် လုပ်ထုံးလုပ်နည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရရိြှခင်း၊ မရှိဘဲလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”လို့ ပြဌာန်းထားကြောင်းသိရသည်။
ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ကြီးကြပ်စိစစ်ဆေးခြင်းများ ဆောင်ရွက်နေပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်းမှာ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် သိုလှောင်ခြင်းပြုလုပ်လိုပါက စုစုပေါင်း ဂါလန် (၅၀) ထက်ပိုမိုထားရှိလိုပါက လိုင်စင်ယူထားရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရေနံထွက်ပစ္စည်း #အရေးယူခံရမည် #ပြည်သူပိုင်ဘဏ္ဍာ #YMG/NN #Yangon-Times
#Local_News
Published 9 December 2023
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကျောင်းတက်ရန်၊ အလုပ်လုပ်ရန်အတွက် ဂျပန်နိုင်ငံသို့သွားရောက်ရန် ဆန္ဒ ရှိသူများနှင့် ပက်သက်သည့်ဗီဇာဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေရာတွင် လာရောက်လျှောက်ထားသူများထဲမှ အချို့မှာ မသမာသည့် နည်းလမ်းဖြင့် ဗီဇာလျှောက်ထားမှုများရှိနေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှထုတ်ပြန်ထားသည်။
ယခုတလောတွင် မိမိ၏ကိုယ်ရေးအချက်အလက်များကို အခြားသူတစ်ဦးအဖြစ် ပြုပြင်ပြောင်းလဲကာ မသမာသောနည်းလမ်းဖြင့် ရယူထားသော ကာလရှည် နေထိုင်ခွင့် ကတ်ပြား(Certificate Of Eligibility) ကိုကိုင်ဆိုင်ပြီး သံရုံးတွင် ဗီဇာလျှောက်ထားသည့်များကို တွေ့ကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့အချက်အလက်အတုများ ဖြင့် လျှောက်ထားလာပါက ဗီဇာထုတ်ပေးမည် မဟုတ်ကြောင်းနှင့် ကျင့်ဝတ်သိက္ခာမဲ့သည့် ဘာသာစကားသင်တန်းကျောင်းများနှင့် ပွဲစားများလည်း ရှိနေသည့်အတွက် အချက်အလက်အစစ်အမှန် မပါရှိသောစာရွက်စာတမ်းပြင်ဆင်ထားသည်များကို ဗီဇာထုတ်ပေးမည်မဟုတ်သည့်အတွက် အဆိုပါ သင်တန်းကျောင်းများနှင့်ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန် အထူးသတိပြုကြရန် ထုတ်ပြန်ချက်တွက် တိုက်တွန်းထားသည်။
ထို့ကြောင့် အမှန်တကယ်ယုံကြည်ရသည့် ဂျပန်စာသင်တန်းကျောင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ ဟုတ်မဟုတ်ကို သေချာစုံစမ်းပြီးမှ ကျောင်းအပ်ခြင်းဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ကျရန်လည်း သတိပေးထားသည်။
COEလျှောက်ထားရာတွင်လည်း မိမိကိုယ်တိုင်ပြင်ဆင်ပြီး စစ်ဆေးအတည်ပြုရန်နှင့် ထုတ်ယူထားသည့် COE သည်လည်း ကိုယ်ပိုင်နာမည် အချက်အလက်များ ဟုတ်မဟုတ်ကို စစ်ဆေးအတည်ပြုရရန်၊ အကယ်၍ COE ငြင်းဆိုခံရပါက နောက်တစ်ကြိမ် ပြန်လည်လျှောက်ထားရာမှာ မိမိကိုယ်ရေး အချက်အလက်များကို ပြောင်းလဲပြင်ဆင်လျှောက်ထားတာမျိုးလုံးဝမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
#Local_News #ဗီဇာလျှောက်ထားခြင်း #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး #YMG/LW #Yangon_Times
Page 801 of 1858