၄ ဧပြီ ၂၀၂၄
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်တဲ့ တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီလ ၃၀ ရက်မှ မေလ၃ ရက်အထိ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မေလ ၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်(လေ)အား ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ)က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ထိုင်းဘုရင့်လေတပ်မတော်အား စတင် တည်ထောင်သူ Field Marshal Prince Chakrabongse ၏ ရုပ်တုရှေ့တွင် ဂုဏ်ပြုပန်းခွေချခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ်ဧည့်ခန်းမတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ ဆွေးနွေးခြင်းများဆောင်ရွက်ပြီး နှစ်နိုင်ငံလေတပ်အထိမ်းအမှတ်တံဆိပ်များ အပြန် အလှန်လဲလှယ်ပေးအပ်ခဲ့ကြသည်။ဆက်လက်၍ထိုင်းဘုရင့်လေတပ်ဌာနချုပ် Conference Room တွင် တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ယင်းနောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစားစားပွဲကိုလည်း တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။
ယင်းနောက် Air War College သို့ သွားရောက်လေ့လာကာ အပြန် အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သင်တန်းသားအရာရှိကြီးများ၏ National Security လက်တွေ့လေ့ကျင့်ခန်း Practice Negotiating ပြုလုပ်နေမှုများအား ကြည့်ရှုလေ့လာခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
@ymg/knl

Published 04 May 2024
ယမန်နှစ်က ဆစ်ခ်ဘာသာရေး ခွဲထွက်ရေးခေါင်းဆောင် ဟာဒီ့ပ်ဆင်းနစ်ဂျာ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကနေဒါရဲတပ်ဖွဲ့က အိန္ဒိယလူမျိုး ၃ ဦးကို သောကြာနေ့က ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။
တရားခံတွေဟာ အိန္ဒိယအစိုးရနဲ့ ပတ်သက်မှုရှိမရှိကိုလည်း စုံစမ်းစစ်ဆေးနေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက ဆစ်ခ်ဘာသာဝင် အများအပြားရှိရာ ဗန်ကူဗာဆင်ခြေဖုံးအရပ်တစ်ခုဖြစ်တဲ့ ဆာရေးရှိ ဆစ်ခ်ဘုရားကျောင်း အပြင်ဘက်မှာ အသက် ၄၅ နှစ်အရွယ် နစ်ဂျာ ပစ်သတ်ခံခဲ့ရပါတယ်။
လအနည်းငယ်အကြာမှာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက်က အိန္ဒိယအစိုးရ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေကို ချပြခဲ့ရာ နှစ်နိုင်ငံသံတမန်ရေးရာ ပြဿနာဖြစ်လာခဲ့ပါတယ်။
တရားခံ ၃ ဦးက အသက် ၂၈ နှစ်ရှိ ကာရန်ပရိဆင်း၊ အသက် ၂၂ နှစ်ရှိ ကာမယ်ပရိဆင်း၊ အသက် ၂၂ နှစ်ရှိ ကာရန်ဘရာတို့ ဖြစ်တယ်လို့ ကနေဒါတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါရှိ အိန္ဒိယသံရုံးကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်မပြောသေးပါဘူး။
နစ်ဂျာက ကနေဒါနိုင်ငံသားတစ်ဦးဖြစ်ပြီး အိန္ဒိယမှခွဲထွက်ကာ ခါလိစ်တန်လို့ခေါ်တဲ့ ဆစ်ခ်လွတ်လပ်မြေကို ထူထောင်ဖို့အတွက် စည်းရုံးနေသူဖြစ်ပါတယ်။
ကနေဒါမှာ ဆစ်ခ်ခွဲထွက်ရေးအဖွဲ့တွေ ရှိနေခြင်းက အိန္ဒိယကို အနှောင့်အယက် ဖြစ်စေတာကြာပြီဖြစ်ပြီး နစ်ဂျာကို အကြမ်းဖက်သမားလို့ သတ်မှတ်ထားပါတယ်။
ကနေဒါနဲ့ အမေရိကန်တို့မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေမှာ အိန္ဒိယထောက်လှမ်းရေး ပါဝင်နေမှာကို အိမ်ဖြူတော်က စိုးရိမ်မိတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထုတ်ဖော်ခဲ့ပါတယ်။
ကနေဒါရဲတွေက အမေရိကန် ဥပဒေစိုးမိုးရေးအဖွဲ့များနဲ့ ပူးပေါင်းလုပ်ကိုင်နေကာ နောက်ထပ်ဖမ်းဆီးထိန်းသိမ်းမှုများ ရှိလာနိုင်တယ်လို့ ယူဆရပါတယ်။
တရားခံ အိန္ဒိယနိုင်ငံသား ၃ ဦးကို သောကြာနေ့က အယ်ဘာတာ အက်ဒ်မန်တန်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာ ဗြိတိသျှကိုလံဘီယာသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။
လုပ်ကြံသတ်ဖြတ်မှုမှာ အိန္ဒိယအစိုးရ ပတ်သက်နေတယ်လို့ ကနေဒါအာဏာပိုင်များ စွပ်စွဲထားတာကို အိန္ဒိယဘက်မှ ငြင်းပယ်ထားပါတယ်။
အဖမ်းခံရသူတွေက လုပ်ကြံရေးအဖွဲ့က ဖြစ်ပေမယ့် သူတို့ကို ညွှန်ကြားတဲ့လူရှိတယ်ဆိုတာ ထင်ရှားနေတယ်လို့ ကနေဒါအခြေစိုက် ကမ္ဘာ့ဆစ်ခ်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဘယ်ပရိဆင်းက ပြောကြားခဲ့ပါတယ်။
Source: Reuters.
#World_News
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published_ 03 May 2024
ပဲခူးတိုင်း၊သာယာဝတီမြို့အနီး အင်အား(၄.၀) အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ယင်းငလျင်လှုပ်ခတ်မှုသည် ရန်ကုန်တိုင်းရှိမှော်ဘီနှင့်တိုက်ကြီးမြို့အထိသက်ရောက်မှုရှိပြီး ဆွဲလှုပ်သလိုသိသိသာသာခံစားခဲ့ရသည်ဟုဒေသခံများထံမှ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၄၆)မိနစ်၊ (၅၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၂) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (သာယာဝတီမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၆) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၆၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖော်ပြပါရှိသည်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 04 May 2024
မကြာသေးမီက လေ့လာချက်တစ်ခုမှာ ကျန်းမာရေးအနေအထား အကောင်းဆုံးဖြစ်ဖို့အတွက် တစ်နေ့ကို ၄ နာရီခန့် လှုပ်ရှားမှုပြုလုပ်ပေးဖို့ လိုပါတယ်။
အကောင်းမွန်ဆုံး ကျန်းမာရေးရရှိဖို့ အားစိုက်ထုတ်ခြင်းနဲ့ အနားယူခြင်းကို ဘယ်လိုမှန်ကန်အောင် ပြုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိရဖို့ လူပေါင်း ၂ ထောင်ရဲ့ စိတ်အခြေအနေကို ၂၄ နာရီ အတိုင်းအတာအတွင်း ဩစတြေးလျ ဆွင်းဘန်းတက္ကသိုလ်မှ သုတေသီများ ဆန်းစစ်ခဲ့ကြပါတယ်။
စံပြသတ်မှတ်ချိန်တွေကတော့ ပျမ်းမျှအားဖြင့် အိပ်ချိန် ၈ နာရီ၊ မတ်တပ်ရပ်ချိန် ၅ နာရီ၊ ထိုင်ချိန် ၆ နာရီ၊ အပေါ့စားနဲ့ သာမန်လှုပ်ရှားမှု ပြုလုပ်ချိန် ၄ နာရီခန့် ရှိသင့်ပါတယ်။
ထိုကဲ့သို့ အချိန်ခွဲခြားတာက ဂလူးကို့စ်ထိန်းချုပ်ခြင်းနဲ့ နှလုံးကျန်းမာရေး ထိန်းချုပ်ခြင်းတို့အတွက် သင့်လျော်ပါတယ်။
ကျန်းမာရေးအကောင်းဆုံးဖြစ်ဖို့ အိပ်ချိန် ၈ နာရီ ၂၀ မိနစ်ရှိသင့်ကြောင်း အကြံပြုထားပြီး ထိုထက် အိပ်ချိန််နည်းခြင်း များခြင်းကို ရှောင်ရှားသင့်ပါတယ်။
တစ်ညကို အိပ်ချိန် ၉ နာရီထက်များခြင်းက လေဖြတ်ခြင်းအန္တရာယ် များစေပါတယ်။
ထိုင်ချိန်နည်းပြီး မတ်တပ်ရပ်ချိန်၊ လှုပ်ရှားမှုပြုလုပ်ချိန်၊ အိပ်ချိန်များခြင်းတို့က နှလုံးကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ်။
Source: New York Post.
#World_Health
#Published_ 04 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
၃ မေ ၂၀၂၄
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌စတင်ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား ရောင်းချပေးသွားမယ်လို့သိရပါတယ်။
မေလ ၃ရက် မနက်ပိုင်းကျင်းပတဲ့ အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ပြသ ထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချ နေမှုများနှင့် ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံ ဈေးကို မြန်မာ ကျပ်ငွေဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များ က မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း၊ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်းလည်းသိရပါတယ်။
ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စု မှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိ ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည် ဖြစ်ကြောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာ ကုန်သည်များ သာဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကာ ယခု ပြပွဲကို မေ - ၃ ရက်မှ ၁၂ ရက် အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
@ymg/knl
တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဥ်တင်သင်္ဘောကြီး ဖူဂျီယန်ဟာ ဗုဒ္ဓဟူးနေ့နံနက်ခင်းက ခရီးဦးစမ်းသပ်မှုများပြုလုပ်ရန် ထွက်ခွာခဲ့ပါတယ်။
ဒေသစံတော်ချိန် ၈ နာရီခန့်မှာ ရှန်ဟိုင်းကျန်နန် သင်္ဘောဆိပ်ကနေ ထွက်ခွာလာပြီး လေယာဥ်တင်သင်္ဘောကြီးမှ စနစ်အမျိုးမျိုးရဲ့ စိတ်ချရမှုနဲ့ တည်ငြိမ်ကြံ့ခိုင်မှုတို့ကို အဓိကထား စမ်းသပ်သွားမှာ ဖြစ်ပါတယ်။
#Asia_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_03 May 2024
၁။ ကျောင်းဖွင့်ရာသီနီးလာ၍ ကျောင်းဝတ်စုံများ ရောင်းရလာ၊ ယခုနှစ်ကျောင်းဝတ်စုံများ သုံးပုံတစ်ပုံအထိ ဈေးမြင့်တက်
၂။ ရှမ်းပြည်နယ်တွင် ပြောင်းစိုက်တောင်သူများ ပဲစဉ်းငုံကို အစားထိုးစိုက်ပျိူးမှုတွေ ရှိလာဟုဆို
၃။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၏ ပွဲဦးထွက်ပွဲစဉ်များ မေလ(၇)ရက်၌ စတင်မည်
၄။ တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဥ်တင်သင်္ဘောကြီး ပထမဆုံးစမ်းသပ်ခရီးစဥ်စတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 3 May 2024
ကျိုက္ခမီ နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်ပူဇော်ပွဲနှင့် ကဆုန်ညောင် ရေသွန်းပွဲတော် အား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော် ကျင်းပရေးကော်မတီမှသိရသည်။
ထိုသို့ကျင်းပရာတွင် မေလ (၁၉)ရက်တွင် ကျိုက္ခမီရေလယ်ဘုရား ဂန္ဓကုဋီတိုက်မှ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား
ပင့်ဆောင်၍ ယာယီစံ ကျောင်းများတည်ရှိရာ ရပ်ကွက်များအတွင်းရှိ စံကျောင်းများအတွင်းထားရှိကာ အပူဇော်ခံသွားမည်ဖြစ်ကာမေလ(၂၁)ရက် ညနေပိုင်းတွင်ကျိုက္ခမီတစ်မြို့ နယ်လုံးအား ဒေသစာရီ လှည့်လည်အပူဇော်ခံ ကြွရောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် မေလ (၂၂) ရက်(ကဆုန်လပြည့်နေ့)၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား အခမ်းအနားဖြင့် ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ ဂန္ဓကုဋီတိုက်သို့ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်သည်။
၎င်းနောက် ကျိုက္ခမီ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ မဟာဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းပွဲကို တစ်ဆက် တည်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းမှာ မိုးတိမ်တောင်တွေကြောင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်သလို မေလမှာ ပုံမှန်အတိုင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေတွေလည်း ရှိတယ်။
(မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်း)
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ငရုတ်ဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် အရှုံးပေါ်နေတဲ့ ဆီဆိုင်တောင်သူ တွေအတွက် ဆီဆိုင်ငရုတ်ထုတ်ကုန်တွေကို စတင်ထုတ်လုပ်ပေးနေပြီလို့ ရှမ်းပြည်နယ်တောင်ပိုင်း ၊ဆီဆိုင်မြို့နယ်မှ ငရုတ်စိုက်တောင်သူများကို ဝန်ဆောင်မှုပေးနေသည့် အဖွဲ့မှသိရပါတယ်။
ဆီဆိုင်ဒေသကထွက်ရှိတဲ့ငရုတ် တစ်ပိဿာကိုအရင်နှစ်က ကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ကျပ် အထိရရှိကြပေမယ့် အခုနှစ်မှာ တစ်ပိဿာ ကျပ်၅၀၀၀ ၊ ၆၀၀၀ကျပ် လောက်ထိပဲ ဈေးနှုန်းရကြပြီး ငရုတ်စျေးကျဆင်းတာ၊ လုပ်သားရှားပါးတာ ၊ မြေသြဇာစျေးတွေ ကြီးမြင့်တာအပြင် နယ်မြေမအေးချမ်းတာ တွေကြောင့် အခုနှစ် တွက်ခြေမကိုက်ပဲ အရှုံးပေါ်ကြတာများတယ်လို့ ဆိုပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 03 May 2024
နာတာရှည်ဖြစ်နေသည့် ရုပ်ရှင်လောကသား(၉)ဦးကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မင်္ဂလာဦးဇော်မင်းတို့မှထောက်ပံ့ငွေ(၄)သိန်းစီပေးအပ် ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နာတာရှည်ဖြစ်နေသောရုပ်ရှင်လောကသားများထောက်ပံ့ကြေးပေးအပ်လှူဒါန်းပွဲကိုမေလ၂ရက် နေ့လည်၁နာရီကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆေးကုသစရိတ်ထောက်ပံ့ရရှိသူများမှာဦးစံတင်၊ဦးရွှေစင်၊ဦးကြည်၊ဦးကျော်ညွန့်၊ဒေါ်သင်းသင်းလဲ့၊ဇာတ်ပို့ဒေါ်လဲ့၊ဇာတ်ပို့ဦးကျော်မင်း၊တည်းဖြတ်ဦးအုံးမောင်၊ကင်မရာမင်းဦးသန်းညွန့်တို့ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၃သိန်းမင်္ဂလာဦးဇော်မင်းက၁သိန်းထောက်ပံ့ပေးခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဆေးရုံတက်ရောက်ကုသသူများကို၁သိန်းစီထောက်ပံ့ပေးလျက်ရှိပြီး၁နှစ်ပြည့်မှနောက်တကြိမ်ထပ်မံခံစားခွင့်ရှိပြီး ယခု၉ဦးသည်နာတာရှည်ရောဂါဖြစ်နေသူများကိုသီးခြားထောက်ပံ့ပေးခြင်းဖြစ် ကြောင်းနှင့်ထောက်ပံ့ငွေကိုအခြေခံအဖွဲ့များမှတစ်ဆင့်ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 804 of 2058