ပြောင်းလဲလာတဲ့ ရာသီဥတုအပေါ် တောင်သူတွေအနေနဲ့ လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ဖို့အတွက် ရာသီဥတုနှင့်လိုက်လျောညီထွေ စိုက်ပျိုးနည်းစနစ်သင်တန်းတွေကို ယခုမေလမှာ မျှဝေသင်ကြားပေးမယ်လို့ ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မီးမပူဇော်တော့ဘဲ အများပြည်သူဖူးမြော်နိုင်အောင် ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့စစ်ကိုင်း၊ ကန့်ဘလူးရှိ ဉေယျဓမ်တောရစံကျောင်းမှာပဲ အပူဇော်ခံထားရှိထားတယ်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်စပ်လမ်းကြောင်းအခြေအနေတွေကြောင့် အခုနှစ်ရာသီချိန်မှာ ပြည်တွင်း ဈေးကွက်ကိုသာ အဓိကအားထားရောင်းချနေရတဲ့ စိန်တစ်လုံးသရက်ဈေးနှုန်းတွေ ကျဆင်းလာတယ်လို့ သရက်ခြံလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရေသန့်ဗူးဈေးနှုန်းတွေဟာ မီးမမှန်လို့ မီးစက်နဲ့တင်ရတာက တစ်ကြောင်း၊ ရေသန့်ဗူးခွံအလွတ် ဈေးအနည်းငယ်တက်လာတာက တစ်ကြောင်းကြောင့် မြို့နယ်အလိုက် မူလဈေးထက် ကျပ်၁၀၀၊ ၂၀၀လောက် အခုရက်ပိုင်းတွေမှာ တက်လာတယ်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နဲ့ ပြည်သူ့ ရင်ပြင်ပန်းခြံကြားရှိ မြေအောက်လမ်းကူး လူသွားဥမင် (Underpass) တည်ဆောက်မှုဟာ ၆၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 2 May 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြင်းမွှေးကျေးရွာ၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦးေ-သဆုံးကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ထံက သိရသည်။
မေလ ၂ရက် နံနက် ၈နာရီ ၂၀မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့ကာ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်စက်ယာဉ် (၁) စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂)ဦးအနက် အမျိုးသား(၁) ဦး(သေဆုံး)ခဲ့ကာ အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီး(စစ်ကိုင်း)သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published_ 2 May 2024
မလေးရှားနိုင်ငံတောင်တရုတ်ပင်လယ်တွင် သင်္ဘောပေါ်၌တာဝန်ထမ်းဆောင်နေရင်းအသက်ဆုံးရှုံးခဲ့သည့် မြန်မာသင်္ဘောသား(၄)ဦးအတွက်လျှော်ကြေးငွေရရှိအောင်ဆောင်ရွက်ပေးနေကြောင်း မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှသိရသည်။
ယင်းကဲ့သို့လျှော်ကြေးငွေများရရှိအောင် သေဆုံးသွားသည့် သင်္ဘောသား(၄)ဦး၏ကျန်ရစ်ခဲ့သည့်မိသားစုများမှ MSF အဖွဲ့ချုပ်သို့ အကူအညီတောင်းခံခဲ့၍ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
အကူအညီလာတောင်းခံသည့်အချိန် ပျောက်ဆုံးနေသည့် ရုပ်အလောင်းများအား ရှာဖွေသည့်ကာလတွင် ရုပ်အလောင်း(၃)ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် (၁) ခုသည်ယခုအချိန်ထိရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း၊
သက်ဆိုင်သည့် SRPS သည် မြန်မာ့အာမခံမှ ထားရှိသည့် သင်္ဘောသားအသက်အာမခံနှင့်ပတ်သက်သည့် လျော်ကြေးတောင်းခံမှုမှ ရုပ်အလောင်းပြန်လည်တွေ့ရှိသည့် (၃) ဦးမှာ လျော်ကြေးရရှိပြီးဖြစ်ပြီး မတွေ့ ရှိသေးသော ရုပ်အလောင်းတစ်ခု၏လျော်ကြေးမှာကာလ (၁) နှစ်ကြာစောင့်ပြီးမှ တောင်းခံရမည့် သဘောဖြစ်ကြောင်း၊
သင်္ဘောပိုင်ရှင်မှပေးလျော်ရမည့် အသက်အာမခံနှင့်စပ်လျဉ်း၍ SRPS မှ MSF အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး လက်ရှိဖြစ်စဉ်အခြေအနေအား ယခုရက်ပိုင်းတွင် SRPS မှ အဖွဲ့ချုပ်သို့လာရောက်တင်ပြခဲ့ ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)၏ ထုတ်ပြန်ချက်အရသိရသည်။
မလေးရှားနိုင်ငံတောင်တရုတ်ပင်လယ်တွင် သင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား(၄) ဦးသည် ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၀)ရက်တွင် အသက်ဆုံးရှုံးခဲ့သဖြင့် လျှော်ကြေးငွေများရရှိစေရန်အတွက် မြန်မာနိုင်ငံပင်လယ် ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)အားဆက်သွယ်အကူအညီတောင်းခဲ့ခြင်း ဖြစ်ပြီးအဖွဲ့ချုပ်မှဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 02 May 2024
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို ပစ်မှတ်ထားကာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အနောက်တိုင်းနိုင်ငံတွေရဲ့ ပိတ်ဆို့မှုများကို တရုတ်အကူအညီဖြင့် တိမ်းရှောင်နေတဲ့ ရုရှားရဲ့လုပ်ရပ်ကို ရည်ရွယ်တာ ဖြစ်ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပစ်မှတ်ပေါင်း ၂၀၀ နီးပါးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်ကုမ္ပဏီများအပေါ် အကျယ်ပြန့်ဆုံး ပိတ်ဆို့မှုတွေထဲက တစ်ခုအဖြစ် ပစ်မှတ် ၈၀ ကျော်ကို ချမှတ်ခဲ့ပါတယ်။
ရုရှားစစ်တပ်ကို တရုတ်ထောက်ပံ့ကူညီနေတဲ့အပေါ် အမေရိကန်က အကြိမ်ကြိမ် သတိပေးထားပြီးနောက် တရုတ်နဲ့ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ ၂၀ အပေါ် အမေရိကန်မှ အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပါတယ်။
ရုရှားကို တရုတ်ထောက်ပံ့နေခြင်းက ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံတွေကြား ဆက်ဆံရေး တိုးတက်လာမှုကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။
အမေရိကန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လျူပင်ကျူက အစိုးရဟာ ကုန်တင်ပို့မှုများကို ဥပဒေစည်းမျဥ်းများနဲ့အညီ ကြီးကြပ်နေကြောင်း၊ တရုတ်နဲ့ ရုရှားကြား သာမန်ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှုများက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းနဲ့ ဈေးကွက်စည်းမျဥ်းများကဲ့သို့ပင် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
အမေရိကန်ရဲ့ တရားမဝင် တဖက်သတ် အရေးယူပိတ်ဆို့မှုများကို တရုတ်ဖက်မှ အပြင်းအထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို တိုက်ဖျက်ဖို့အတွက် အမေရိကန်နဲ့ မဟာမိတ်များက တရုတ်၊ တူရကီ၊ ယူအေအီးတို့ရှိ အဖွဲ့အစည်းလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ချမှတ်လိုက်တဲ့ ပစ်မှတ်ပေါင်း ၆၀ နီးပါးထဲမှာ အဇာဘိုင်ဂျန်၊ ဘယ်လ်ဂျီယံ၊ တရုတ်၊ ရုရှား၊ တူရကီ၊ ယူအေအီး၊ ဆလိုဗေးကီးယားနိုင်ငံတို့မှ ပါဝင်ပြီး ရုရှားအသည်းအသန် လိုအပ်နေတဲ့ နည်းပညာနဲ့ ကိရိယာများကို ကူညီပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။
ပစ်မှတ်တွေထဲမှာ ဒရုန်းထုတ်လုပ်ရန် လိုအပ်တဲ့ ပစ္စည်းများကို ရုရှားရှိကုမ္ပဏီတစ်ခုထံ တင်ပို့နေတဲ့ တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခု ပါဝင်သလို ဟောင်ကောင်နဲ့ တရုတ်အခြေစိုက် နည်းပညာပိုင်း ထောက်ပံ့ပေးသူများလည်း ပါဝင်ပါတယ်။
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုလက်အောက်ရှိ အဖွဲ့အစည်းများသို့ အရေးကြီးပစ္စည်းကိရိယာများ တင်ပို့နေကာ ရုရှားကာကွယ်ရေး စက်မှုဇုန်ကို ထောက်ပံ့နေတယ်လို့ စွပ်စွဲခံနေရတဲ့ တရုတ်အခြေစိုက် ကုမ္ပဏီ ၄ ခုကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
ရုရှားကို အဓိကထောက်ပံ့နေတဲ့ တရုတ်သာ ရပ်တန့်သွားမယ်ဆိုရင် ရုရှားဟာလည်း စစ်ပွဲဆက်လက်ဆင်နွှဲဖို့ ရုန်းကန်ရလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုပါတယ်။
Source: Reuters.
#World_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 2 May 2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ရှိ သင်္ဘောကျင်းတွင်ပြုပြင်နေသည့် သင်္ဘော တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မေလ၂ ရက် နံနက် ၄နာရီ ခွဲ အချိန် က လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ မီးသွေးဖိုကျေးရွာရှိ သင်္ဘောကျင်းတွင် ပြန်လည်ပြုပြင်နေသော ကုန်တင်/ခရီးသည်တင်သင်္ဘောမီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင် မှု ကို လပွတ္တာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လပွတ္တာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၅နာရီ ၁၀ အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာ နှင့် ဆုံးရှုံးမှု တန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 2 May 2024
#YMG_News #Yangon_Times #Yangon_Media_Group

#World_Health
Published 02 May 2024
▪️ ပူအိုက်တဲ့ ရာသီဥတုမှာ ရေဓာတ်ခန်းခြောက်ခြင်း ခံစားရနိုင်ပြီး စားပုံစားနည်းတွေက ခန္ဓာကိုယ်အေးမြအောင် ကူညီပေးနိုင်ပါတယ်။
(၁) ရေဓာတ်ပြည့်ဝအောင်နေပါ
▪️ ရေများများသောက်ခြင်းဖြင့် ချွေးထွက်ကာ ခန္ဓာကိုယ်အေးမြစေပါတယ်။
▪️ ပုံမှန်ရေဓာတ်ဖြည့်ခြင်းဖြင့် ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပါတယ်။
(၂) ရေဓာတ်ကြွယ်ဝသောအစာများ စားပါ
▪️ သခွားသီး၊ ဖရဲသီး၊ လိမ္မော်သီးတို့ဟာ ရေဓာတ်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို အေးမြစေပါတယ်။
(၃) အေးမြသောသစ်ဖု၊ဟင်းခတ်မှုန့်များစားပါ
▪️ နံနံပင်၊ ပူရှိန်းပင်၊ စမုန်စပါးတို့လို ဟင်းခတ်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အပူချိန် ကျဆင်းစေပြီး ဖျော်ရည်ထဲလည်း ထည့်သွင်းနိင်ပါတယ်။
(၄) အပူအစပ်လျှော့စားပါ
▪️ အစပ်တွေက ကိုယ်အပူချိန် တက်စေတာကြောင့် ပူအိုက်တဲ့ရာသီမှာ လျှော့ချစားသုံးသင့်ပါတယ်။
(၅) အီလက်ထရိုလိုက်ပါဝင်အောင်စားသုံးပါ
▪️ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့လို အီလက်ထရိုလိုက်တွေက ရေဓာတ်ထိန်းသိမ်းပေးကာ ငှက်ပျောသီး၊ အုန်းရည်၊ အစိမ်းရောင်ရွက်၊ ဒိန်ချဥ်တို့က အီလက်ထရိုလိုက် ကြွယ်ဝပါတယ်။
(၆) အယ်လ်ကိုဟောနှင့်ကဖင်း အလွန်အကျွံမသောက်ပါနှင့်
▪️ အဆိုပါ နှစ်မျိုးစလုံးက ရေဓာတ်ခန်းခြောက်စေပြီး ကိုယ်အပူချိန် တက်စေတာကြောင့် ပူပြင်းတဲ့ရာသီမှာ အတန်အသင့်သာ သောက်သုံးသင့်ပါတယ်။
(၇) အေးမြပြီးအခန်းအပူချိန်ရှိသော အစားအစာများစားပါ
▪️ အသုပ်၊ ဖျော်ရည်၊ စွပ်ပြုတ်၊ အသီးတို့က ခန္ဓာကိုယ်ကို အေးမြလန်းဆန်းစေပါတယ်။
#Source: DoctorNDTV
#World_Health
Published 02 May 2024
▪️ နာမည်ကြီးလာတဲ့ အလှပြင်ကုထုံးတစ်မျိုးဖြစ်တဲ့ ဗမ်ပိုင်းယားမျက်နှာအလှပြင်ခြင်း နည်းလမ်းကနေ HIV ကူးစက်ခဲ့တဲ့ ကိစ္စတစ်ခု မကြာသေးမီက ပေါ်ပေါက်ခဲ့ပါတယ်။
▪️ ထိုဖြစ်ရပ်မှာ အမျိုးသမီးတစ်ဦးနဲ့ အခြား ၂ ဦးဟာ နယူးမက္ကဆီကိုရှိ လိုင်စင်မဲ့ အလှပြင်ဆိုင်တစ်ခုကနေ HIV ရောဂါပိုး ကူးစက်ခဲ့ပါတယ်။
▪️ HIV ကို မကုသဘဲထားပါက AIDS ရောဂါ ဖြစ်လာနိုင်ပြီး ကုသဆေးမရှိပါဘူး။
▪️ ဆေးဖက်ဆိုင်ရာနဲ့ အလှအပဆိုင်ရာ ဝန်ဆောင်မှုတွေအနေနဲ့ ထိန်းချုပ်ကွပ်ကွဲခြင်းမရှိဘဲ ဆောင်ရွက်နေခြင်းက ဘေးအန္တရာယ် ဘယ်လောက်များလဲဆိုတာကို အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး စင်တာ(CDC)က အလေးပေးဖော်ပြသွားပါတယ်။
▪️ ယခုအလှပြင်ဆိုင်က လိုင်စင်မရှိဘဲ ဖွင့်ထားခြင်း၊ ဘေးကင်းရေးနည်းလမ်းများ မကျင့်သုံးခြင်းတို့ကြောင့် ၂၀၁၈ ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပါတယ်။
▪️ ဆိုင်ရှင်ကတော့ လိုင်စင်မရှိဘဲ အလှပြုပြင်နေတာကြောင့် လက်ရှိမှာ ထောင်ဒဏ်ကျနေပါတယ်။
▪️ အလှပြင်ဖို့လာခဲ့တဲ့သူတစ်ယောက်က ဗမ်ပိုင်းယားမျက်နှာအလှပြင်ခြင်း ခံယူပြီးနောက် ၂၀၁၈ ခုနှစ်မှာ HIV တွေ့ရှိခဲ့ပြီး အခုလိုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
▪️ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာမှာ တစ်ခါသုံးပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း၊ အမှတ်အသား မတပ်ထားတဲ့ သွေးပုလင်းများရှိခြင်း စတဲ့ မသင့်လျော်တဲ့ နည်းလမ်းများ တွေ့ရှိခဲ့ပါတယ်။
▪️ ကူးစက်ရတဲ့ အကြောင်းအရင်းကို သေချာမသိရသေးဘဲ ရောဂါကူးစက်ထားတဲ့ အပ်များ၊ ပြန်လည်အသုံးပြုတဲ့ သွေးပုလင်းများကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
▪️ အချို့ဧည့်သည်တွေက အလှပြင်ဆိုင်သွားပြီးနောက် မကြာခင်မှာပဲ HIV တွေ့ခဲ့ကြပါတယ်။
▪️ ဆေးစစ်မှုပြုလုပ်ခဲ့တဲ့ ဧည့်သည် ၂၀၀ နဲ့ လက်တွဲဖော်တွေမှာတော့ HIV မတွေ့ခဲ့ပါဘူး။
▪️ ဗမ်ပိုင်းယားမျက်နှာအလှပြင်ခြင်းက ဘေးအန္တရာယ်နည်းပါးပေမယ့် ပစ္စည်းကိရိယာများ သန့်စင်စွာ အသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။
▪️ နာမည်ကြီးဆယ်လီ ကင်မ်ကာဒါရှန်က ထိုအလှပြင်နည်းလမ်း ကုသမှုခံယူပြီးနောက် မျက်နှာသွေးပေနေတဲ့ ပုံတွေကို တင်ခဲ့ရာမှာ လူပိုမိုစိတ်ဝင်စားလာပါတယ်။
▪️ ထိုနည်းလမ်းက သွေးကိုစုပ်ယူပြီး ပလိတ်လက်တွေကို ခွဲခြားလိုက်တာ ဖြစ်ပါတယ်။
▪️ အပ်သေးလေးဖြင့် ပလိတ်လက်တွေကို မျက်နှာအရေပြားသို့ ထိုးသွင်းလိုက်ကာ အရေးကြောင်းတွေ ဝက်ခြံအမာရွတ်တွေကို လျှော့ချပေးကာ အသားအရည် ကြည့်ရပိုကောင်းစေတယ်လို့ ပြုလုပ်သူများက ဆိုပါတယ်။
▪️ ပလိတ်လက်က အရေပြားဆဲလ်အသစ်တွေနဲ့ ကော်လာဂျင် ကြီးထွားမှုတို့ကို အားပေးပါတယ်။
▪️ဒါ့အပြင် ဈေးသက်သာပြီး ခွဲစိတ်ကုသမှုနဲ့ယှဥ်ရင် ကြီးကြီးမားမား မခွဲစိတ်ရပါဘူး။
#Source: India Today
ကမ္ဘာပေါ်မှ ကားမောင်းပြိုင်ပွဲတွေထဲမှာ မကြုံစဖူးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပထမဆုံး အဘူဒါဘီ အလိုအလျောက်ထိန်းစနစ် ကားပြိုင်ပွဲကို ယူအေအီးမြိုတော်မှာ စနေနေ့က ကျင်းပခဲ့ပြီး ပြေးလမ်းပေါ်မှာ ဉာဏ်ရည်တုAIစနစ်သုံးပြိုင်ကားတွေရဲ့ စွမ်းရည်တွေကို စမ်းသပ်ခဲ့ကြပါတယ်။
#World_Sports
Published 1 May 2024
#အဘူဒါဘီ အလိုအလျောက်ထိန်းစနစ် #ကားမောင်းပြိုင်ပွဲ
#YMG_News #Yangon_Times #Yangon_Media_Group
Page 806 of 2058