Published 05 December 2023
ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စိတ်ကြီးဝင်နေတဲ့သူတွေဟာ လက်ကိုင်ဖုန်းတွေကို ပိုမိုစွဲလမ်းရူးသွပ်နိုင်ဖွယ် ရှိတယ်လို့ ရိုမေးနီးယား သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။
လက်ကိုင်ဖုန်းစွဲလမ်းသူတွေဟာ ဖုန်းနဲ့အဆက်အသွယ် ပြတ်သွားမှာကို စိုးရိမ်နေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။
သုတေသီများက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား လူပေါင်း ၅၅၉ ဦးကို အွန်လိုင်းစစ်တမ်း ကောက်ယူကာ စိတ်ကြီးဝင်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဆိုရှယ်မီဒီယာ စွဲလမ်းခြင်းလက္ခဏာများကို စမ်းသပ်တဲ့ မေးခွန်းများ ပါဝင်ခဲ့ပါတယ်။
မိမိကိုယ်ကို အထင်ကြီးတဲ့ စရိုက်လက္ခဏာတွေမှာ အမှတ်များများရတဲ့ လူတွေဟာ မိုဘိုင်းဖုန်း မကိုင်ရဘဲ မနေနိုင်တဲ့လက္ခဏာ သိသိသာသာ မြင့်မားနေတာကို တွေ့ရှိခဲ့ပါတယ်။
ထိုသူတွေဟာ အခြားသူတွေဆီက အသိအမှတ်ပြု လေးစားခြင်းကို အလိုရှိနေပြီး ဆိုရှယ်မီဒီယာတွေကနေ လိုက်ခ်တွေ ကွန်မန့်တွေ အလွယ်တကူရရှိတာကို ခံယူချင်နေကြတယ်လို့လည်း တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုလူမျိုးဟာ အခြားသူများထံမှ အသိအမှတ်ပြုခြင်း လေးစားခြင်းတို့ကို အလွန်လိုချင်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို ခံယူချင်ကြကြောင်း၊ ယင်းတို့ကို အထက်တန်းစားသဖွယ် ဆက်ဆံခံရဖို့ မျှော်လင့်နေကြကြောင်း ဖော်ပြထားပါတယ်။
ထိုလေ့လာချက်ထဲမှာ ဖုန်းမကိုင်ရမနေနိုင်ဖြစ်ခြင်း၊ စိတ်ကြီးဝင်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဆိုရှယ်မီဒီယာစွဲလမ်းခြင်းတို့ဟာ လူတစ်ယောက်ရဲ့ စရိုက်ပြုမူပုံအပေါ် ဘယ်လိုလွှမ်းမိုးနေလဲဆိုတာကို Psychology ဂျာနယ်မှာ ရှင်းလင်းထားပါတယ်။
အထောက်အထားများအရ ဆိုရှယ်မီဒီယာ စွဲလမ်းခြင်းနဲ့ ဖုန်းမကိုင်ရမနေနိုင်ဖြစ်ခြင်းတို့ဟာ စိတ်ကြီးဝင်ခြင်းနဲ့ ဖိစီးမှုတို့ကြား ပတ်သက်မှုကို အားပေးနေပါတယ်။
ဒါတွေကို တိုက်ဖျက်ဖို့အတွက် နည်းလမ်းတွေရှိနေပါတယ်။
ဆိုရှယ်မီဒီယာ မဖြစ်မနေ သုံးစွဲဖို့လိုတယ်ဆိုတာမျိုးကို ဖယ်ရှားပြီး ဆိုရှယ်မီဒီယာအက်ပ် တစ်ခုခုကနေ ထွက်လိုက်တဲ့အခါ ဝင်လိုက်တဲ့အခါ ဖြစ်လာတဲ့ စိတ်ခံစားချက်မျိုးကို စဥ်းစားသုံးသပ်သင့်သလို လူအများအပြားက သူတို့ရဲ့ဘဝအမှန်ကို အွန်လိုင်းမှာ မဖော်ပြတာကြောင့် တက်လာသမျှ အကြောင်းအရာတိုင်းကို အမှန်မယူတာမျိုး ပြုလုပ်သင့်ပါတယ်။
Source: New York Post.
#World_Health
#YMG_News #Yangon_Times #Yangon_Media_Group
၄ ဒီဇင်ဘာ ၂၀၂၃
ရုရှားဖက်ဒရေးရှင်နိုင်ငံရဲ့ နိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Platonovich Patrushev ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ၊သရေစည်သူဘွဲ့ကိုချီးမြှင့်လိုက်ပါတယ်။
နစက အမိန့်ကြော်ငြာစာအမှတ် ၂၄၀ / ၂၀၂၃ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဒီဇင်ဘာ ၄ရက်ရက်စွဲဖြင့် ယင်းကဲ့သို့ချီးမြှင့်ကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် အဆိုပါဂုဏ်ထူးဆောင်ဘွဲ့ကိုချီးမြှင့်တာဖြစ်ကြောင်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
Mr. Nikolai Platonovich Patrushev သည် အသက် ၇၃နှစ်ရှိပြီး ရုရှားနိုင်ငံတွင် ဩဇာအရှိဆုံးနိုင်ငံရေးသမားများထဲတွင် ပါဝင်ပြီး သမ္မတဗလက်ဒီမာပူတင်၏ အားထားရသည့်အနီးကပ်မဟာမိတ်တစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။ သူသည် ကေဂျီဘီ လုံခြုံရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ဖက်ဒရယ် တန်ပြန် ထောက်လှမ်း ရေးဌာန (FSK)တွင် အဆင့်မြင့်ရာထူး နှင့် ဖက်ဒရယ်လုံခြုံရေးဌာန (FSB)တွင် အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဝီကီပီဒီယားမှာ ဖော်ပြထားပါတယ်။ Mr. Nikolai Platonovich Patrushev သည် ၂၀၀၈ခုနှစ်မှ ယခုတိုင် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ လုံခြုံရေးကောင်စီဥက္ကဋ္ဌမှာ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ သမ္မတနှင့် ဝန်ကြီးချုပ်ဟောင်း ဒီမစ်ထရီမက်ဗီဒက်ဗ်ဖြစ်ပါတယ်။
-ymg/knl
Published_04 December 2023
လက်နက်ကိုင်များအနေဖြင့် လက်ရှိပဋိပက္ခများကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကယနေ့ ဒီဇင်ဘာလ - ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ ၌ပြုလုပ်သည့်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း ပြော သည်။
ရခိုင်ပြည်နယ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲကြောင်း၊ တပ်မတော်အစိုးရ လက်ထက်မှ ယခုတိုင်အောင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ ကြောင့် ယခင်ကထက် များစွာပြောင်းလဲတိုးတက်လာသော်လည်း AA လက်နက်ကိုင် အဖွဲ့အစည်းက မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ရခိုင်ဒေသသည် သဘာဝ ဘေးအန္တရာယ်ကိုလည်း မကြာခဏခံစားရလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မကြာခဏဆောင်ရွက်ပေးနေရသည့်အပြင် ဘင်္ဂါလီအရေးအခင်း ကိုလည်း ကြုံတွေ့ခဲ့ရကြောင်း နစက ဥက္ကဌ က ပြောသည်။
ယခုထပ်မံ၍ AA လက်နက် ကိုင်အဖွဲ့အနေဖြင့်မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် တိုက်ပွဲများကို အစ ပြုထားသောကြောင့် ယင်းတိုက်ပွဲ ပဋိပက္ခများ၏ ဆိုးကျိုးကို ဒေသခံများကသာ ခံစားရမည်ဖြစ်သည့် အတွက် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဟု ၎င်းက ပြောခြင်းလည်း ဖြစ်သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးခဲ့သည့်လမ်း၊ တံတား၊ အဆောက်အဦးများ၊ ရှေးဟောင်း အမွေအနှစ်များသည် အဖျက်အမှောင့် လုပ်ရပ်များကြောင့် တစ်ခဏတာအတွင်း ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်နိုင်ပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်အတွက် များစွာအချိန်ယူဆောင်ရွက် ရမည်ဖြစ် ကြောင်းလည်း ယင်းကပြောသည်။
ကယားပြည်နယ်၊ လွိုင်ကော်ဒေသတွင် ယခင်နှစ်ကလည်း KNPP နှင့် KNDF အဖွဲ့များကြောင့် တိုက်ပွဲများဖြစ် ပွားခဲ့ပြီးအခြေအနေများ ပြန်လည် တည်ငြိမ်ခဲ့ချိန်တွင် ပြည်သူများအနေဖြင့် ထူထောင်ရေးနှင့် တည်ဆောက်ေ ရး လုပ်ငန်း များကို ၎င်းတို့၏ချွေးနည်းစာဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါ KNPP အဖွဲ့များ ၏ အ ကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ပင် ခက်ခဲသွား ပြီဖြစ်ကြောင်းလည်း ၎င်း ပြောသည်။
လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန်နှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံးပါ ဝင်ပြီးဖြစ်သောကြောင့် ပြည်ထောင်စုကြီး လုံးဝ ပြိုကွဲ၍ရမည်မဟုတ်ကြောင်း ၎င်းကပြောသည်။
နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးအရလည်း ထိခိုက်မှုရှိပြီး ခရီးသွားလုပ်ငန်း၌ များစွာထိခိုက်နစ်နာမှုရှိသောကြောင့် နိုင်ငံရေး အရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှသာလျင် ပြည်တွင်း၊ ပြည်ပခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဌက ပြောသည်။
Yangon_Times/PP
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group


Published_ 04 December 2023
မြန်မာ့ကျွဲကောသီး ကိုGIထုတ်ကုန်အဖြစ်သတ်မှတ်နိုင်ပါကစိုက်ပျိုးတင်ပို့သူများအကျိုးဖြစ်နိုင်ပြီး
ပြည်ပဈေးကွက်များလည်းထိုးဖောက်နိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံကျွဲကောသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
ပထဝီဒေသဆိုင်ရာညွှန်းကိန်းGeographical Indications(GI)ထုတ်ကုန်အဖြစ်သတ်မှတ်နိုင်ရန်မွန်ပြည်နယ်မော်လမြိုင်ဒေသမှထွက်ရှိသည့်ပန်းရောင်-1အမျိုးအစားကျွဲကောသီး အားGIရရှိရန်ယခုနှစ်ဆန်းပိုင်းမှစတင်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပြီး အသင်းမှ GIမှတ်ပုံတင်ဌာနသို့တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
" ဒီအသီးကကမ္ဘာ့ဈေးကွက်ကိုဖောက်နိုင်ဖို့အထိကျွန်တော်တို့ရည်ရွယ်တယ် " ဟု ဦးမြင့်သိန်းကဆိုသည်။
အဆိုပါပထဝီဒေသဆိုင်ရာညွှန်းကိန်း Geographical Indications (GI )ရရှိပါက ပန်းရောင်-1ကျွှဲကောအမျိုးအစားကို မြန်မာ့မျိုးရင်းအဖြစ်သတ်မှတ်နိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းရှိ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအပြင် စားသုံးသူများအတွက်ပါအကျိုးဖြစ်ထွန်းနိုင်ပြီးပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပန်းရောင်-1ကျွဲကောမျိုးသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊အထားအသိုခံနိုင်ရည်ရှိခြင်းများမှာ ပြည်ပမျိုးများထက် သာကြောင်းသိရသည်။
ကျွဲကောကို မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်၊ တနသာင်္ရီစသည့် ပြည်နယ်နှင့်တိုင်းများ၌ တိုးချဲ့စိုက်ပ်ျိုးလျှက်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group
ရုရှားမြို့တော်မော်စကိုရှိ ရက်ဒ်စကွဲမှာ ဆောင်းရာသီ ဧည့်ခရီးသွား စိတ်ဝင်စားစရာနေရာအဖြစ် ဧရာမရေခဲပြင် စကိတ်ကွင်းကြီးကို ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်ပေါင်းများစွာ လာရောက်ခဲ့ကြပါတယ်။
ဖွင့်လှစ်လာတာ ၁၈ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ GUM ရေခဲပြင်ကွင်းကြီးဟာ ၂,၇၀၀ စတုရန်းမီတာရှိပြီး အပူချိန် ၁၀ ဒီဂရီဆဲလ်စီးယပ်စ်မှာတောင် အေးခဲနေနိုင်ပါတယ်။
ဒီကွင်းကြီးကို နောက်နှစ်ဖေဖော်ဝါရီလအထိ ဖွင့်လှစ်ထားရန် စီစဥ်ထားပါတယ်။
#World_Attraction
#Published 04 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 4 December 2023
ပြည်တွင်း ငရုတ်သီး ဈေးကွက် အနေထား အရ ထိုင်းနိုင်ငံနှင့်တရုတ် ဘက် မှ ၀ယ်လိုအား ရှိလာသည့် အတွက် ဈေးမြင့်ရလာနိုင်ကြောင်း ငရုတ်ကုန်သည်များ ထံ က သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ တတိယ အပတ်တွင် အရောင်းဝယ်အေးကာ ဈေးငြိမ် နေပေမယ့် ယခုဒီဇင်ဘာ လ ထဲမှာတော့ တရုတ် ဘက်မှ ငရုတ်ဝယ်ယူမှု စတင်လာကြောင်း သိရသည်။
ငရုတ်သီးဈေးကွက်တွင် တစ်ပိဿာ ငွေကျပ် ၁၅၀၀ မှ ၃၀၀၀ ဝန်းကျင်ပေါက်ဈေး ရှိရာမှ ယခုရက်ပိုင်းတွင် ငရုတ်သီးကို တရုတ်ဘက်မှ တစ်ပိဿာငွေ ကျပ် ၅၀၀၀ ဖြင့် ကြမ်းခင်းဈေး ဖွင့် ဝယ်ယူနေကြောင်း သိရသည်။
'' ထိုင်းဘက်မှာ ငရုတ်ရာသီ ကုန်တော့မယ်ဆိုတော့ လိုအပ် ချက်ရှိလာပြီ၊ တရုတ်ဘက်ကလည်း ဝယ်နေပြီဆိုတော့ မြန်မာငရုတ် ကို ဈေးကောင်းရလာနိုင်တယ်။ တရုတ် ကိုတော့မန္တလေး-ကျိုင်းတုံ-မိုင်းလား လမ်းပိုင်းကနေ သွားတာပါ''ဟု မကွေးမှ ငရုတ်ကုန်သည်တစ်ဦးကပြောသည်။
ပြည်တွင်း၌ ငရုတ်စိုက်ပျိုး မှု ကို စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်းနှင့်ရှမ်းပြည်နယ်ဒေသအသီးသီး တို့တွင် စိုက်ပျိုးသူများပြားလာပြီး ၊ဧရာဝတီတိုင်းဒေသ ကြီးမှ လာမည့်ဖေဖော်ဝါရီလ တွင် လှိုင်လှိုင်ထွက်ပေါ် လာမည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group
Published 4 December 2023
ညောင်လေးပင်၊ဖျာပုံနှင့်ဂွမြို့တို့တွင် ဒီဇင်ဘာလ၃ရက် တစ်ရက်တည်း၌ နေ့အပူချိန်များမြင့်တက်ခဲ့ပြီး ယခင်ဒီဇင်ဘာလ၏အမြင့်ဆုံးအပူချိန်ထက်ကျော်လွန်ကာ စံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ညောင်လေးပင်မြို့တွင် ဒီဇင်ဘာလအတွင်း ယခင်ကအမြင့်ဆုံး အပူချိန်၃၅.၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၅.၆ဒီဂရီစင်တီဂရိတ်ရှိကာ နှစ်ပေါင်း၂၃နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ်စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
ဖျာပုံမြို့တွင် ဒီဇင်ဘာလအတွင်း ယခင်ကအမြင့်ဆုံး အပူချိန်၃၅.၁ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၅.၂ဒီဂရီစင်တီဂရိတ်ရှိကာ နှစ်ပေါင်း၂၂နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ်စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
ဂွမြို့တွင် ဒီဇင်ဘာလအတွင်း ယခင်ကအမြင့်ဆုံး အပူချိန်၃၄.၃ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၄.၈ဒီဂရီစင်တီဂရိတ်ရှိကာ နှစ်ပေါင်း၄၁နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ်စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ဒီဇင်ဘာလ၃ရက်ကလည်း ဘီးလင်းနှင့်ဂွမြို့များတွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်များတင်ခဲ့ပြီး ဘီးလင်းတွင် ယခင်ကအမြင့်ဆုံး အပူချိန်၃၆.၀ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၆.၂ဒီဂရီစင်တီဂရိတ်ရှိနှင့် ဂွမြို့တွင် ဒီဇင်ဘာလ၃ရက်တွင် ယခင်ကအမြင့်ဆုံး အပူချိန်၃၄.၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၄.၃ဒီဂရီစင်တီဂရိတ်ရှိကြောင်း၊ဂွမြို့တွင် ယခင်ကအမြင့်ဆုံး အပူချိန်၃၄.၀ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၄.၂ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ဂွမြို့သည် ဒီဇင်ဘာလ၂ရက်၊၃ရက်၊၄ရက်တို့တွင် ထူးထူးခြားခြားအမြင့်ဆုံးအပူချိန်စံချိန်သစ်များ ဆက်တိုက်တင် ခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group
၄ ဒီဇင်ဘာ ၂၀၂၃
သူရဲကောင်းစစ်သည်များအတွက် ဒဿမအကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကျင်းပ
နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်း ဆောင်လိုကြောင်းကို စစ်မှုထမ်းဟောင်းများမှ ဆက်သွယ် တင်ပြလာ
US Department State Website ၏ ၂၀၂၂ခုနှစ်အတွင်း နိုင်ငံအလိုက် အကြမ်းဖက်မှုဖြစ်ပွားခဲ့မှုများ နှင့်ပတ်သက်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံအကြောင်းဖော်ပြ
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ် နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးမှုအခြေအနေများ
တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်နေမှုများအပေါ် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် နည်းအမျိုးမျိုးဖြင့် ဝေဖန်တိုက်ခိုက်မှုများရှိ
၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မုန်းမြို့နယ်တို့တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့
သည့်အခြေအနေများကို နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကိုပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
Published 4 December 2023
နိုဝင်ဘာလအတွင်း ပြည်ပသို့မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ(၁၇၅၉၉၀)တန်တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။
ကုမ္ပဏီ(၄၉)ခုမှတင်ပို့ခဲ့ခြင်းဖြစ်ပြီး ဧပြီလမှစပြီးနိုဝင်ဘာလအထိ(၈)လတာကာလအတွင်း နိုဝင်ဘာလ၌ အများဆုံးတင်ပို့ခဲ့ခြင်း ဖြစ်သည်။
ဆန်တန်ချိန်စုစုပေါင်း ၉၄၂၀၃တန်နှင့် ဆန်ကွဲတန်ချိန်စုစုပေါင်း ၈၁၇၈၇တန်တင်ပို့ခဲ့ပြီး Oversea Tradeမှ ၁၅၇၀၇၀တန်၊Border Trade၁၈၉၂၀တန်တင်ပို့ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်းတွင် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှုအများဆုံးနိုင်ငံများမှ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊တရုတ်ဖြစ်ပြီး ဆန်ကွဲဝယ်ယူမှုအများဆုံးမှာ တရုတ်၊ဘယ်ဂျီယံ၊နယ်သာလန်တို့ဖြစ်ကြောင်း သိရသည်။
ဧပြီလမှနိုဝင်ဘာလအထိ ပြည်ပတင်ပို့သည့်ဆန်နှင့်ဆန်ကွဲတန်ချိန်၇၅၉၆၇၃တန်ရှိပြီဖြစ်ပြီး ပို့ကုန်ဝင်ငွေ Export Rvenue 361 million USDရရှိကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ထုတ်ပြန်ချက်အရသိရသည်။
Yangon_Times/tthl
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published 04 December 2023
၁။ ကိုလိုနီခေတ်၊ ရတနာပုံခေတ်ဝတ်စုံများဖြင့် မင်္ဂလာဆောင်သူ များလာ၍ ရန်ကုန်ရွှေချည်ထိုးဈေးကွက် ပိုမိုဖြစ်ထွန်းလာ
၂။ မူဆယ် ၁၀၅ မိုင်အနီး တိုက်ပွဲတွေကြောင့် မူဆယ်မြို့ပေါ်ကို စစ်ဘေးရှောင်လာရသူ ၁၅၀၀ခန့် ရှိဟုဆို
၃။ ထောပတ်သီး အထွက်နှုန်း၏ ၉၀ရာခိုင်နှုန်းအား ထိုင်းသို့ တင်ပို့နေ
၄။ ဆောင်းရာသီအထိမ်းအမှတ် ဧရာမရေခဲပြင်စကိတ်ကွင်းကြီး မော်စကိုရင်ပြင်တွင် ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 810 of 1858