#World_Health
Published 16 March 2024
AIDS ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နောက်ထပ်တိုးတက်မှု ရှိလာပြီလို့ ဆိုရမှာဖြစ်ကာ ဆေးဝါးထုတ်လုပ်ဖြန့်ချိကုမ္ပဏီ GSK က HIV ကူးစက်မှုကိုကာကွယ်နိုင်မယ့် ဆေးအသစ် ပထမအဆင့်စမ်းသပ်မှု ပြီးမြောက်ခဲ့ပြီလို့ တင်ပြသွားပါတယ်။
ထိုဆေးဟာ PrEP ကုသမှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာဖြစ်ပြီး နေ့စဥ်နဲ့အမျှ ဆေးသောက်ဖို့လိုအပ်ချက် နေရာမှာ အစားထိုးနိုင်ဖွယ်ရှိနေပါတယ်။
အစ္စရေးလ်မှာ HIV ရောဂါပိုးသယ်ဆောင်ထားသူ ၉ ထောင်ခန့်ရှိနေပြီး နှစ်စဥ်ကူးစက်သူအသစ် ၄၅၀ လောက် ရှိနေပါတယ်။
ကမ္ဘာတဝှမ်းမှာ အသုံးပြုနေကြတဲ့ PrEP ကုသနည်းလမ်းက HIV ကူးစက်မှုနှုန်းကို သိသိသာသာ လျှော့ချပေးထားပါတယ်။
ထိုဆေးတွေဟာ AIDS ပိုးပွားခြင်းကို ကာကွယ်ပေးပြီး နေ့စဥ်သောက်သုံးပေးရပါတယ်။
ဆေးကို ပုံမှန်မသောက်သုံးသူတွေကတော့ ဗိုင်းရပ်စ်ကြီးထွားလာပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ခန့်က HIV ကာကွယ်ဆေးထိုးခြင်းကို အစ္စရေးလ်အပါအဝင် နိုင်ငံအချို့မှာ အသိအမှတ်ပြုခဲ့ပါတယ်။
ယမန်နှစ်ကတော့ နှစ်လတစ်ကြိမ်ထိုးရတဲ့ ဆေးအသစ်ကို ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုခဲ့ပါတယ်။
ယခုအခါတော့ GSK ကုမ္ပဏီကနေ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ပေးနိုင်မယ့် ထိုးဆေးအသစ်ရဲ့ စမ်းသပ်မှုရလဒ်ကို ကြေညာလိုက်ကာ ၄ လ ၁ကြိမ် ထိုးပေးရမှာ ဖြစ်ပါတယ်။
ပထမအဆင့် လက်တွေ့စမ်းသပ်ချက်အရ ထိုးဆေးအသစ်ဟာ ဘေးကင်းစိတ်ချရပြီး အာနိသင်သက်တမ်းက ၄ လခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။
နောက်ထပ်စမ်းသပ်မှု အဆင့် ၂ ဆင့်ကို တစ်နှစ်အတွင်း ပြုလုပ်ကာ အောင်မြင်မှုရပါက ၂၀၂၆ မှာ ထုတ်လုပ်ရောင်းချသွားမယ်လို့ ခန့်မှန်းထားပါတယ်။
#World_Health #GSKကုမ္ပဏီ #AIDSကာကွယ်ဆေးအသစ် #Source: The Jerusalem Post
၁၅ မတ် ၂၀၂၄
ယခုနှစ်နေပြည်တော်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များလာရောက်ဖျော်ဖြေမည့် လမ်းလျှောက်သင်္ကြန်ကို ကျင်းပပေးမယ်လို့သိရပါတယ်။
ယခင်နှစ်ကကဲ့သို့ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ရာ အထူးအစီအစဉ်အနေဖြင့် Boss and Jobs Company နှင့် ကိုရီးယား ကုမ္ပဏီများပူးပေါင်း၍ ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင် သီဆိုကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ထင်ပေါကျော်ကြားသည့် အနုပညာရှင်များကိုလည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ မတ်လ ၁၅ရက်တွင်းကျင်းပတဲ့ အဆိုပါကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
“ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ရိုးရာပွဲတော်တစ်ခု အဖြစ် ပြည်သူများသာမက ဝန်ထမ်းများ အားလုံး ပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်း ပခြင်းဖြစ်ပါတယ်။ ဝန်ကြီးဌာနများအားလုံး ပေါင်းစည်းပြီး ဝန်ထမ်းများအားလုံး စုပေါင်း ပျော် ရွှင်သည့် သင်္ကြန်ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆက်လက်ပြောကြားပါတယ်။
အစည်းအဝေးတွင် နေပြည်တော်သင်္ကြန်ကို ဖန်တီးမည့် Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက တိုင်းရင်းသားသင်္ကြန်၊ စတုဒီသာသင်္ကြန်၊ ဝန်ကြီးဌာန သင်္ကြန်နှင့် လူငယ်သင်္ကြန် စသည့် ဇုန် ၄ ခု ထည့် သွင်းကျင်းပနိုင်ရေးအပါအဝင် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်းသိရှိရပါတယ်။
@ymg/knl
ရုရှားနိုင်ငံသမ္မတရွေးကောက်ပွဲအတွက် မဲဆန္ဒပေးခြင်းကို သောကြာနေ့မှာ စတင်မှာဖြစ်ပြီး ယခုနှစ်မဲပေးခြင်းနဲ့ ပတ်သက်လို စည်းမျဥ်းအသစ် အများအပြား ထုတ်ပြန်ထားပါတယ်။
#World_Politics
Published_ 15 March 2024
#ရုရှားသမ္မတရွေးကောက်ပွဲ #စည်းမျဉ်းသစ်အများအပြားချမှတ်
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 15 March 2024
၁။ သဘင်အပြင်ရုပ်ရှင်၊ ဂီတ၊ စာပေသမားများကိုလည်း မျက်စိအခမဲ့ခွဲစိတ်ပေးမည်၊(၂၀)ဦးခွဲပြီးပြီဖြစ်
၂။ သင်္ကြန်ကာလအတွင်း ဟိုက်ပါရေတံခွန်နှင့်မိုင်းလားအပါအဝင် ရှမ်းရှေ့ခရီးစဥ်သစ်များလည်ပတ်ရန်ကြိုတင်ဘိုကင်တင်သူများရှိနေ
၃။ ပြည်ပဝယ်လိုအားကြောင့် ဈေးမြင့်နေသည့် ကြက်သွန်နီဈေးကွက် ပြည်တွင်းဝယ်လိုအားလည်းပုံမှန်ရှိနေ
၄။ သောကြာနေ့တွင် စတင်မည့်ရုရှားသမ္မတရွေးကောက်ပွဲ မဲဆန္ဒပေးမှုအတွက် စည်းမျဉ်းသစ်အများအပြား ချမှတ်ထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ထန်းလျက်ရာသီပေါ်တဲ့အချိန်ဖြစ်ပေမယ့် ဈေးကွက်လိုအပ်ချက်အရ ဈေးမြင့်မှာသာ ရှိနေတယ်။ ထန်းတတ်လုပ်သား ရှားပါးလာတဲ့အတွက် ယခင်နှစ်တွေလို ကုန်ဝင်ရောက်မှုမများပေမယ့် ကုန်အဝင်ပုံမှန်အနေထားမှာ ရှိနေတယ်လို့ကျောက်ပန်းတောင်းရှိထန်းလျက်ပွဲရုံများက သိရသည်။
#Local_News
Published_ 15 March 2024
#ထန်းလျက်ဈေးမြင့်တက် #ထန်းတက်လုပ်သားရှားပါး
#YMG/LW #Yangon_Times
#Local_News
Published_15 March 2024
မဟုတ်မမှန်သတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်ရေး လှုံ့ဆော်သူများကို တရားစွဲမည် ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသူများကလူမှုကွန်ယက်စာမျက် နှာများ၊ လူမှုကွန်ယက် Group များ၊ App များ၊ Website များမှတစ်ဆင့် မဟုတ်မမှန် လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက် ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့မှာ Mr.Hamburger Channel (Viber) , Myanmar Market Price (App & (Facebook) , Htet Yan Money Exchange (Facebook) , Dollar Exchange Rate (Facebook) , Daily Gold (Facebook) , Myanmar Future News (Facebook) , ရွှေဈေး၊ဒေါ်လာဈေး (Facebook) ,GG-Money Exchange (Facebook), ရဝေထွန်း- စိန်ရွှေရတနာဆိုင် (Facebook) , ရွှေဈေးနှုန်း၊ ငွေဈေးနှုန်း (Facebook) ,Domestic Price Now , Shwedingar.com , Gold (Facebook) , Law Ka Media (Facebook) , Money Changer (Yangon) ငွေဈေးဒေါ်လာဈေး (Facebook Group) ဟူသည့် လူမှုကွန်ယက်စာမျက်နှာများ၊ လူမှုကွန်ယက် Group များ၊ App များ၊ Website များဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့်မမှန်ဟုသိလျက်နှင့်သို့မဟုတ်မမှန်ဟုယုံကြည်လောက်အောင် အကြောင်းရှိ လျက်နှင့် မမှန် သတင်းဖြန့်ဝေခြင်း သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်ခြင်းတို့ကို ဆောင်ရွက်ခြင်း ၊ နိုင်ငံခြား သုံးငွေလုပ် ငန်းလုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲနိုင်ငံခြားသုံးငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းဆောင်ရွက် နေ ကြောင်းယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ)အရလည်းကောင်း၊ ဆက် သွယ် ရေးဥပဒေပုဒ်မ ၆၈ (က) အရ လည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂-က အရသော်လည်းကောင်း တရားစွဲ အရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်ချက်များရှိသူများအနေဖြင့် နိုင်ငံခြားငွေရောင်းချပေးနေသော ငွေလဲကောင် တာ များတွင်ဝယ်ယူကြရန်နှင့်မဟုတ်မမှန်သတင်းထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေးဈေးကစားသူများ၏ ပြောကြား ချက်၊ထုတ်ပြန်ချက်များကိုမယုံကြည်ကြပါရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ https://www.cbm.gov.mm/ ရှိ News & Announcements တွင် နေ့စဉ် Online Trading Rate ကိုဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ဘဏ် များနှင့်တရားဝင်ငွေလဲကောင်တာများတွင်သာ နိုင်ငံခြားသုံးငွေများကို လဲလှယ်ရောင်းဝယ်သွားကြရန်လည်း ဗဟိုဘဏ်က တိုက်တွန်းထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကကြီးကြပ်လျက်ရှိသော Online Trading Platform တွင် ဘဏ် များနှင့်သွင်းကုန်၊ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန် တစ်ဒေါ်လာလျှင် ၃,၃၇၅ ကျပ် နှုန်းဖြင့် ရောင်းဝယ် နေကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့်ပုဂ္ဂလိကဘဏ် (၃) ဘဏ် ဖြစ်သော KBZ ၊ AYA နှင့် UAB ဘဏ်တို့ရှိ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ အမေရိကန်ဒေါ်လာ ၅၀၀ အထိ အမေရိကန်တစ်ဒေါ်လာလျှင် ၃,၁၀၀ ကျပ်နှုန်းသတ်မှတ်ကာ အထူး အစီဖြင့် ရောင်းချပေး နေကြောင်း သိရသည်။
#Local_News #နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်ရေး #လှုံ့ဆော်သူများကိုတရားစွဲမည် #Yangon_Times/PP
ဂျပန်၊ ကမ္ဘောဒီးယားနဲ့ မြန်မာမျက်စိဆရာဝန်ကြီးတွေ ကိုယ်တိုင်မျက်စိအခမဲ့ခွဲစိတ်ကုသပေးမယ်။ သဘင်လောကသားတွေအပြင် ရုပ်ရှင်၊ ဂီတ၊ စာပေသမားတွေကိုလည်း အခမဲ့ခွဲစိတ်ကုသပေးဖို့ ခေါ်ယူထားပါတယ်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှအတွင်းရေးမှူးဦးနေဝင်း
#Local_News
Published_ 15 March 2024
#မြန်မာနိုင်ငံသဘင်အစည်းအရုံး #မျက်စိအခမဲ့ခွဲစိတ်ပေး
#tthl #Yangon_Times
'အရှေ့တောင်အာရှအလှဆုံး ဟိုက်ပါရေတံခွန်လည်းပါသလိုပိုလှတဲ့ ကျွန်းတစ်ထောင်ကွန်းဟိန်းမြို့ကွန်အော်ရေတံခွန်လည်းပါတယ်၊ ကွန်အော်ရေတံခွန်ဒုတိယအဆင့်က ရေတံခွန်ကျတဲ့ ဗြန့်ကြီးကပိုကျယ်ပြီး ဟိုက်ပါထက်ပိုလှတယ်၊ သံလွင်မြစ်ထဲကိုစက် လှေတစ်နာရီခွဲလောက်စီးရတဲ့မွှေတော်ဟိုလင်းစေတီ၊ ကျိုင်းတုံမြို့မဟာမြတ်မုနိ၊ရပ်တော်မူ၊နောင်တုံကန်၊ ရေပူစမ်း၊ပါရှန်မြို့တံခါး၊ သစ်တစ်ပင်တောင်၊ ကျိုင်းတုံမြို့ပန်ကွဲတောင်ဗုဒ္ဓဥယျာဥ်၊
"ဝ"ပြည်နယ်မိုင်းလါးမြို့၊ ကလောမြို့၊တောင်ကြီး၊ အင်းလေး၊ထမ့်စမ်း၊ ဟိုပုန်းစတဲ့ ဒေသအစုံပါရှိတယ်။
ဒီခရီးစဉ်တွေက သာမန်Tourတွေလည်းမသွားတဲ့အတွက်ဘုရားဖူးတွေလိုက်ရင်ရောက်ဖူးတဲ့ဒေသကဘုရားတွေနဲ့မတူဘူး၊အရမ်းသပ္ပယ်ပြီးရှုခင်းတွေအရမ်းလှတယ်၊ '
#Local_News
Published_ 15 March 2024
#ဟိုက်ပါရေတံခွန် #ကြိုတင်ဘိုကင်တင်သူများရှိ
#YMG/NN #Yangon_Times
ပြည်ပဝယ်လိုအားကြောင့် ဈေးတဖြည်းဖြည်း မြင့်တက်လာတဲ့ ကြက်သွန်နီဈေးကွက်ဟာ ပြည်တွင်းဝယ်လိုအား လည်းပုံမှန်ရှိပါတယ်။ ဖေဖေါ်ဝါရီ နောက်ဆုံးပတ်ကစပြီး ပြည်ပအဝယ်ရှိလာတဲ့အတွက် ကြက်သွန်နီဈေးမြင့်တက်ခဲ့ရာ လက်ရှိကာလအထိ ဈေးနှုန်းမှာအမြင့်ဘက်ကိုသာသွားနေတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 15 March 2024
#ကြက်သွန်နီဈေးမြင့်တက် #ပြည်ပဝယ်လိုအား
#YMG/LW #Yangon_Times
အွန်လိုင်းရုပ်ရှင်ရုံတွေ၊ ရုပ်ရှင်အက်ပလီကေးရှင်းတွေ၊ အွန်လိုင်းပေါ်မှထုတ်လွှင့်ပြသတဲ့ရုပ်ရှင်ကား၊ ဗီဒီယိုကား၊မှတ်တမ်းတင်ကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား၊ ပညာပေးကားတွေ ဖြန့်ချိ၊ ထုတ်လွှင့် ၊ ရောင်းချတာတွေ လုပ်ငန်းမှတ်ပုံတင်ရတော့မယ်။
ပြန်ကြားရေးဝန်ကြီးဌာန
#Local_News
Published_ 15 March 2024
#ဆက်သွယ်ရေးကွန်ရက် #ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း
#tthl #Yangon_Times
#Local_News
Published 15 March 2024
ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်းမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတိုးတက်သော်လည်း ထိုင်းအပါအဝင်အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ကျဆင်းနေကြောင်းစီးပွားရေးနှင့် စီးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ၁၁ လအတွင်းမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ (၃.၁) ဘီလီယံကျော်အထိ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိင်းယှဉ်ပါက ဒေါ်လာ (၃၂၄.၇၉၀) သန်းအထိ တိုးလာခဲ့ကြောင်း သိရသည်။
သို့သော်ထိုင်းနိုင်ငံနှင့် နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာ (၈၇၉.၈၅၄) သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဒေါ်လာ (၁၆.၉၀၂) သန်း၊ အိန္ဒိယနိုင်ငံနှင့် ဒေါ်လာ (၁၃) သန်း လျော့ကျသွားကြောင်းသိရသည်။
ပြည်တွင်းမှ လယ်ယာထွက်ကုန်၊ မွေးမြူရေးနှင့် ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ ကုန်ထုတ်လုပ်မှု နှင့် အခြားသော ကုန်စည်များအားအိမ်နီးချင်းနိုင်ငံများထံ အဓိကထား တင်ပို့နေခြင်းဖြစ်သည်။
အိမ်နီးချင်းနိုင်ငံများမှမူ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP ကုန်ကြမ်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
#Local_News #တရုတ်နှင့်ကုန်သွယ်ရေး #အိမ်နီးချင်းနိုင်ငံများ #နယ်စပ်ကုန်သွယ်မှုကျဆင်း #YMG/ NN #Yangon_Times
#Local_News
Published_ 15 March 2024
မြန်မာနိုင်ငံတွင်မိရိုးဖလာ စားသုံးဆီထုတ်လုပ်ခြင်းမှ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသော စားသုံးဆီသန့်ထုတ်လုပ်နိုင်ရေးကို ရုရှားကုမ္ပဏီနှင့်ဆွေးနွေးခဲ့ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။
ရုရှားနိုင်ငံ NPP A-Engineering LLC Company မှ Chief Commercial Officer Mr. Alexei Shoshin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲအားစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ လက်ခံတွေ့ဆုံစဉ်ယင်းကဲ့သိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက "စားသုံးဆီများကို အစားအစာဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊မိရိုးဖလာဆီထုတ်လုပ်သည့် လုပ်ငန်းနည်းစနစ်မှ ပိုမိုကောင်းမွန်သည့် ဆီချောထုတ်လုပ်နိုင်ရန် ဆီသန့်စင်သည့် Refinery ဆိုင်ရာ နည်းပညာများလိုအပ်ခြင်းနှင့် ဆီသန့်စင်စက်များ ဝယ်ယူတင်သွင်းနိုင်ရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း"သိရသည်။
ယင်းသိုတွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် ၃၅၀၀၀ ထွက်ရှိမည့် စားသုံးဆီထုတ်လုပ်မှုလိုင်းတည်ဆောက်ရေး၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်းများဖြင့် တိရစ္ဆာန်အစားအစာနှင့် လောင်စာတောင့်များ ထုတ်လုပ်ရေး၊ သီးနှံများစိုက်ပျိုးခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် စက်များတပ်ဆင်ခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်း၊ ကြီးကြပ်ပေးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရေးစသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧကများအားလုံးတွင် သတ်မှတ်ပန်းတိုင်အထွက်နှုန်းများ ရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်မှန်ကန်ခြင်း၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများထည့်သွင်းခြင်း၊ ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည့်ကိစ္စရပ်များကို နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်နေကြောင်းလည်း ဖော်ပြထားသည်။
#Local_News #စားသုံးဆီသန့်ထုတ်လုပ် #ရုရှားမှဆီသန့်စင်စက်တင်သွင်း #tthl #Yangon_Times
Page 812 of 2005