Publicshed 17 June 2024

ရန်ကုန်တိုင်းဒေသကြီး ၊တိုက်ကြီးမြို့နယ်ရှိ မြေဧက ၂၀၀၀ ၌ မွေးမြူရေးဇုန် ဖော်ဆောင်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်တိုက်ကြီးမြို့နယ်၊ ချင်းကုန်း ကျေးရွာအုပ်စု၊ ခရိုင်ချင်းဆက် လမ်းမိုင်တိုင် ၃၄/၆ အနီး မြေဧရိယာဧက ၂၀၀၀ ကို တိုက်ကြီး မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇုန်အတွင်း ရေရရှိရေးအတွက် သနပ်ချောင်း ပိတ်တမံနှင့် တမံ ပေါင်များ ဆောင်ရွက်ပြီးစီးမှု၊  ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် Box Culvert တည်ဆောက်နေသည့်အပြင်   ဇုန်အတွင်းလမ်းများ ဆောင်ရွက်ခြင်း နှင့်  လျှပ်စစ်မီးရရှိရေးဆောင်ရွက် နေကြောင်းသိရသည်။

  ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ဇုန်များ ဖော်ဆောင်ရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် အရ တိုက်ကြီးမြို့နယ်ရှိ မြေဧရိယာဧက ၂၀၀၀ ကို တိုက်ကြီး မွေးမြူရေးဇုန် အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ကြီး မွေးမြူရေးဇုန်ဖော်ဆောင်ခြင်း နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကစီးပွား ‌ရေး လုပ်ကိုင်သူများအနေဖြင့် နိုင်ငံတော်က ခွင့်ပြုပေးထား သည့် စိုက်ပျိုးမွေးမြူရေး မြေနေရာများပေါ်တွင် အမှန် တကယ် စိုက်ပျိုးမွေးမြူမှုများ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်းသိရသည်။
angon_Times/NN
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group