‘ မင်္ဂလာဝတ်စုံ၊ပဝါ၊စလွယ်အပြင် နတ်ကိုးကွယ်တဲ့သူတွေအနေနဲ့ နတ်ဝတ်စုံတွေ ချုပ်လုပ်မှုတွေ ရှိတဲ့အတွက် ရန်ကုန်မှာ ရွှေချည်ထိုးလုပ်ငန်းမှာ အမျိုးအစားအမျိုးမျိုးရှိတဲ့အနက် အဝတ်အထည်လိုင်း ရွှေချည်ထိုး လုပ်ငန်းတွေက ပိုမိုဖြစ်ထွန်းနေတယ်’ ရန်ကုန်အခြေစိုက်ရွှေချည်ထိုးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon-Times/tthl
#Local_News
Published 04 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်မြို့ပေါ် ကို စစ်ဘေးရှောင် လာရသူ ၁၅၀၀ခန့် ရှိနေပြီလို့ မူဆယ်မြို့နယ်ရှိ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
Published 04 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 4 December 2023
ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဂျပန်စာ စာမေးပွဲ(JLPT) ဝင်ရောက်ဖြေဆိုသူ များပြားခဲ့ကြောင်း ဂျပန် သင်တန်းကျောင်းများမှ သိရသည်။
အဆိုပါ ဂျပန်စာစာမေးပွဲ(JLPT)အား ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် နေရာ (၂)ခု၌ ပြုလုပ်ခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ဦးရေထောင်ချီရှိခဲ့ကြောင်း သိရသည်။
'
ဂျပန်စာ N3၊ N2 level လည်းတတ်တယ်၊ အတတ်ပညာတစ်ခုခုလည်း တတ်ကျွမ်းရင် လုပ်ခလစာ များများရတယ်၊မနေ့က လုပ်တဲ့စာမေးပွဲမှာ ဖြေဆိုသူများတယ်၊ဂျပန်က လုပ်ခလစာကလည်း များတာကြောင့် ဒီနှစ်တွေထဲလူငယ် တွေသွားတာ ပိုများလာတယ်လေ ၊ရန်ကုန်မှာလည်း ဖြေသူများတယ်၊မန္တလေးကောပဲ။ 'ဟု ဂျပန် သင်တန်းကျောင်းတစ်ခုမှ ဆရာမတစ်ဦးကပြောသည်။
အဆိုပါ ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်နှင့် မန္တလေးတွင် တပြိုင်နက် ကျင်းပနေခြင်းဖြစ်ပြီး ဖြေဆိုအောင်မြင်ပါက ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။
Japanese-Language Proficiency Test (JLPT) စာမေးပွဲသည် ဂျပန်လူမျိုးမဟုတ်သော နိုင်ငံခြားသားများအတွက်ရည်ရွယ်သည့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲမျိုးဖြစ်ပြီး ဂျပန်အစိုးရမှ အသိအမှတ်ပြုထားသည့် စာမေးပွဲအမျိုးအစားဖြစ်ရာ ဂျပန်စာလေ့လာနေသည့် မည်သူသူမဆို မဖြစ်မနေဖြေဆိုသင့်သည့် စာမေးပွဲဖြစ်ကြောင်းသိရသည်။
အဆိုပါစာမေးပွဲကို ဂျူလိုင်နှင့် ဒီဇင်ဘာလများတွင် တစ်နှစ်လျင်(၂) ကြိမ်ပြုလုပ်လေ့ရှိကာ အဓိကအားဖြင့် ဂျပန်နိုင်ငံတွင် ကျောင်း၊ တက္ကသိုလ်တက်မည်ဆိုပါက JLPT Level ဖြင့်ဆုံးဖြတ်သည့်အတွက် အရေးကြီးသည့် စာမေးပွဲမျိုးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ အချို့သော အလုပ်ကိုင်များမှာလည်း ဂျပန်စာ (JLPT N4) အောင်မြင်ရမည့် သတ်မှတ်
ချက်များရှိကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 4 December 2023
ကရင်ပြည်နယ် ကော့ကရိတ် မြို့တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ သို့ တရားဝင် သွားရောက် အလုပ်လုပ်မည့် MOU အလုပ်သမားများ ထွက်ခွာခွင့် ကို ခတ္တရပ်နားထားကြောင်း ထိုင်းနိုင်ငံ ကို လုပ်သား ပို့ဆောင်ပေးနေသည့် တရားဝင်လိုင်စင်ရအေဂျင်စီများထံက သိရသည်။
ဒီဇင်ဘာ ၁ရက် ကတည်း က ဖြစ်ပွားခဲ့သည့် မြဝတီ အာရှ လမ်း ကော့ကရိတ် မြို့အနီး တိုက်ပွဲများကြောင့် အာရှ လမ်းပေါ်တွင် ကုန်ကားများ၊ခရီးသွားယာဉ်များ ပိတ်မိကာ MOUအလုပ်သမားများ စီးနင်းလာသည့် ယာဉ်များ လဲ ပိတ်မိခဲ့ကြောင်း သိရသည်။
''လမ်းမှာ ပိတ်မိနေတဲ့ သူတွေ ကတော့ တခြား လမ်းကနေ ကားသေးနဲ့ ပြောင်းပြီး သွားကျတယ် ကားခ ငါးသောင်း ပေးရတယ် ပြောတယ်၊ ဒီနေ့တနင်္လာနေ့ ထွက်ခွာတွေ ရှိတယ်၊အဲ့ လူတွေ အကုန် ထွက်ခွာ တာခဏ ရပ်ထားတယ်၊အလုပ်သမား ဝန်ကြီးဌာန က ပြန် ပြီးတော့ ထွက်ခွာဖို့ ကို အကြောင်း ပြန်ပေးမယ် ပြောတယ် အခုထိတော့ မသိရသေးဘူး''ဟု ထိုင်းလိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူက အခုလိုပြောပါတယ်။
ထိုင်းနိုင်ငံ သို့ MOU အလုပ်သမားများ ပို့ဆောင်ရာတွင် မြဝတီ ကျောက်လုံးကြီးစခန်းနှင့်ကော့သောင်း မြို့တို့မှ စေလွှတ်ပေးပြီး မြဝတီ ကျောက်လုံးကြီး စခန်းမှ အများဆုံးစေလွှတ်ပေးရာ တစ်ရက်လျှင် အလုပ်သမား ဦရေ ၅၀၀မှ ၈၀၀ခန့် ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 04 December 2023
ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၄၉၂၀သတ်မှတ် ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
ပြီးခဲ့သည့်အပတ်က စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၅၀၀၀ပေါက် ခဲ့ပြီး ယခု ဒီဇင်ဘာလ၄ရက်မှ၁၀ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာကျပ် ၄၉၂၀ဖြင့် ရောင်းချရမည်ဟုဆိုသည်။
တိုင်းနှင့်ပြည်နယ်အသီးသီးကို ယနေ့ဒီဇင်ဘာလ၄ရက်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ ၏စီစဉ်မှုဖြင့် ဆီကုမ္ပဏီများမှ လက်ကားရည်ညွှန်းဈေး ကျပ်၄၉၂၀ဖြင့် စားအုန်းဆီပေပါ၅၅၃၀ကို ရောင်းချပေး ထားပြီး သယ်ယူပို့ဆောင်စရိတ်နှင့်အမြတ်၂ရာခိုင်နှုန်းသာတင်ပြီးရောင်းချရန်လမ်းညွှန်ထားသည်ဟုဆိုသည်။
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 02 December 2023
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ(၅) နှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ ကို အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ပြု လုပ်သော ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့ အထိမ်းအမှတ်အခမ်း အနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောသည်။
“မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ” ကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကာ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံ မဟာဗျူဟာ လုပ်ငန်းစဉ်၂၀၁၅ တို့နှင့် အညီအကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၃ ခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့၏ ဦးတည်ဆောင်ပုဒ် ဖြစ် သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူ များနှင့်အတူ ကူညီဆောင်ရွက်စို့” နှင့်အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ Sustainable Development Goals ရရှိစေရေး ဦးတည်ဆောင်ရွက်ကြရာတွင် မသန် စွမ်းမှုကို အကြောင်းပြုပြီး ချန်လှပ် ထားခဲ့ခြင်းမရှိစေဘဲ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျမကျန်ရစ်စေရေး Leaving no one behind မူကို လက်ကိုင်ထားပြီး မသန် စွမ်းသူများ၏ အခွင့်အရေးကို မသန်စွမ်းသူများ နှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက် ပေးကြရန်လည်း ယင်းက တိုက်တွန်းခဲ့သည်။
မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်း မြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အ ခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေး စည်းရုံး လှုံ့ဆော်ရန်အတွက် ဒီဇင်ဘာလ (၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အဖြစ် သတ်မှတ်ပြီး ကုလသမဂ္ဂက ဦးဆောင်၍ ကမ္ဘာတစ် ဝန်း နှစ်စဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ဘဝ အရည်အသွေး ပိုမိုဖွံ့ ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရေး ကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်း သူ များ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးဂရုပြုတတ်စေရန်စသည့် ရည်ရွယ်ချက် များနှင့် အပြည် ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ၁၉၉၄ ခုနှစ် ကစ၍ ကျင်းပခဲ့ရာ ယခုနှစ်အထိ အကြိမ်(၃၀)ပြည့် မြောက်ပြီ ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 4 December 2023
ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တွင် လစ်လပ်နေသော လက်ထောက်စုံစမ်းရေးမှုးရာထူး ၆၅နေရာ အတွက် အလုပ်လျှောက်လွှာခေါ်ယူကာ သတ်မှတ်ချက် နှင့်ကိုက်ညီသည့် အမျိုးသား အမျိုးသမီး များ လာရောက်ာလျှောက်ထား နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာ တွင် ကြေညာ ထားသည်။
လျှောက်ထားသူများ အနေဖြင့် အသက်၁၈ မှ ၂၇ နှစ် အတွင်း ရှိ်ရမည် ဖြစ်ပြီး အိမ်ထောင်မရှိ သူ ဖြစ်ရမည် ဖြစ်ကြောင်း တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိ ထားရမည် ဖြစ်ပြီး ဥပဒေဘွဲ့ စီးပွားရေးဘွဲ့၊အင်္ဂလိပ်စာ ဘွဲ့နှင့်ကွန်ပျူတာ ဘွဲ့ ရသူများ ကို ဦးစားပေးမည် ဖြစ်ကာ အခြားသတ်မှတ်ချက်များ လည်း ရှိကြောင်း သိရသည်။
ထို့ပြင် အရည်ချင်းစစ် စာမေးပွဲ ကို ရေးဖြေ ဖြေဆိုရမည် ဖြစ်ကာ ဖြေဆိုအောင်မြင်ပါက ကြံခိုင်စွမ်းရည်စစ်ဆေးခြင်း ၊လူတွေ့စစ်ဆေးခြင်းနှင့်ဆေးအဆင့်စစ်ဆေးခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာ တင်ခြင်း ကို ဒီဇင်ဘာ ၂၂ရက် နောက်ဆုံး ထားပြီး လျှောက်လွှာ ထုတ်ယူနိုင်သည့် တိုင်းနှင့်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံး များ ကို ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၄ နိုဝင်ဘာ ၂၀၂၃
ကျူဘားနိုင်ငံကို သူလျှိုလုပ်ပေးမှုနှင့် အမေရိကန် သံအမတ်ကြီးဟောင်းတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စု ဆိုင်ရာ ဘိုလစ်ဗီယားနိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကျူးဘားနိုင်ငံရဲ့ သူလျှိုအဖြစ် လျှို့ဝှက်စွာတာဝန်ထမ်းဆောင်ခဲ့သူလို့စွပ်စွဲပြီး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့အေပီက သတင်းရေးသားပါတယ်။
အသက် ၇၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ သံအမတ်ကြီးဟောင်း မန်နျူယယ်ရိုချာကို သောကြာနေ့က မီယာမီမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အေပီသတင်းအရ တနင်္လာနေ့(ဒီဇင်ဘာ၄)ရက်နေ့ တရားရုံးထုတ်တဲ့အခါ အဆိုပါအမှုနှင့်ပတ်သက်တဲ့ အသေးစိတ်ကို လူသိရှင်ကြား ထုတ်ပြန်ပေးမယ်လို့ မျှော်လင့်ထားကြပါတယ်။
တရားရေးဌာနရဲ့ အမှုတွဲထဲမှာ ရိုချာဟာ ကျူဘားအစိုးရရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးဖို့ အလုပ်လုပ်ခဲ့သူလို့ စွပ်စွဲထားတယ်လို့ အမှုကို သိတဲ့ လူနှစ်ဦးထဲက တစ်ဦးက အေပီကိုပြောပါတယ်။
ရိုချာဟာ သံတမန်တစ်ဦးအဖြစ် ဒီမိုကရက်တစ်နှင့်ရီပတ်ဘလီကန်အစိုးရနှစ်ရပ်လုံးရဲ့ လက်အောက်မှာ ၂၅နှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကာလအတွင်းသူဟာ လက်တင်အမေရိကနိုင်ငံအများစုမှာ တာဝန်ထမ်းခဲ့ပါတယ်။
ရိုချာဟာ အီတလီ၊ဟွန်ဒူးရပ်စ်၊မက္ကဆီကိုနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတွေမှာလည်း အလုပ်လုပ်ခဲ့ပါတယ်။ ပြီးတော့ လက်တင်အမေရိက တစ်နိုင်ငံမှာ သူဟာ အမျိုးသားလုံခြုံရေးကောင်စီ ကျွမ်းကျင်သူပညာရှင်အဖြစ်လည်း အလုပ်လုပ်ခဲ့ပါသေးတယ်။
ရိုချာရဲ့ဇနီး ကာလ ဝစ်ကော့ပ်ရိုချာက သူ့ခင်ပွန်ဖမ်းဆီးထိန်းသိမ်းခံရတာနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ငြင်းဆန်ထားပါတယ်။
“ ရှင်တို့ကိုပြောဖို့မလိုဘူး” လို့ သူမက ပြောပြီးဖုန်းချသွားပါတယ်။ အမေရိကန်တရားရေးဌာနကလည်း မှတ်ချက်ပေးဖို့ ငြင်းထားပါတယ်။
Source FOX news/AP
#World_Health
Published 04 December 2023
အသက် ၇၀ အရွယ် ယူဂန်ဒါအမျိုးသမီးကြီးတစ်ဦးဟာ အမွှာကလေးနှစ်ယောက် မွေးဖွားခဲ့ကြောင်း ဆရာဝန်က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၇၀ အရွယ်ဖြင့် ကလေးမွေးနိုင်ခဲ့တဲ့ အာဖရိကမှ အသက်အကြီးဆုံး ကလေးအမေဖြစ်ပြီး ဒါဟာ အလွန်ထူးခြားတဲ့ အောင်မြင်မှုဖြစ်ကြောင်း သူမကို ကိုယ်ဝန်စောင့်ရှောက် မွေးဖွားပေးတဲ့ ဒေါက်တာ အက်ဝပ်တမေးလ်ဆာလီက AFP ကို ပြောကြားခဲ့ပါတယ်။
အဆိုပါဆရာဝန် တည်ထောင်ထားတဲ့ အမျိုးသမီးဆေးရုံမှာ ကလေးအမေရော သားနဲ့သမီးရောပါ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ကျန်းမာရေးကောင်းမွန်နေပါတယ်။
အခုအချိန်မှာ ဘယ်လောက်ပျော်နေလဲဆိုတာကို မဖော်ပြနိုင်လောက်အောင်ပဲလို့ မာဆာကာကျေးလက်ဒေသမှာ နေထိုင်တဲ့ နာမူကွာယာက ပြောပြသွားပါတယ်။
အသက် ၇၀ အရွယ် အားနည်းလာတဲ့အချိန်၊ ကလေးမမွေးနိုင်တော့တဲ့အချိန်၊ ကလေးမစောင့်ရှောက်နိုင်တော့တဲ့ အချိန်ကျမှ အမွှာကလေး ၂ ယောက်ကို အံ့အားသင့်ဖွယ် မွေးဖွားနိုင်ခဲ့တယ်လို့ ပြောပြသွားပါတယ်။
သူမဟာ ၂၀၂၀ ခုနှစ်ကလည်း သမီးတစ်ယောက် မွေးဖွားခဲ့ပြီး ယခင်က ကလေးမမွေးနိုင်ခဲ့တဲ့အတွက် ကျိန်စာသင့်နေတယ်လို့ လှောင်ပြောင်ခံခဲ့ရပါတယ်။
သူမရဲ့အမျိုးသားက သူမဆေးရုံတက်ပြီးနောက်ပိုင်း လာမကြည့်ခဲ့ဘဲ ဗိုက်ထဲက ကလေးရဲ့တာဝန်ကို ယူရတော့မယ်ဆိုတာကို ယောက်ျားတွေက မသိချင်တဲ့အတွက် အမွှာမွေးတယ်ဆိုတာကို မပျော်တာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။
#World_Health #အသက်(၇၀)အရွယ် #အမွှာကလေးနှစ်ယောက်မွေးဖွားနိုင် #Source: NDTV
Published 04 December 2023
ပင်လယ်နီတောင်ပိုင်းရှိ နိုင်ငံတကာရေပိုင်နက်အတွင်း ကုန်သင်္ဘော ၃ စင်း တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုနေရာမှ အစ္စရေးလ်သင်္ဘော ၂ စင်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ယီမင်မှ ဟူသီအဖွဲ့က အခိုင်အမာ ဆိုလိုက်ပါတယ်။
ထိုအဖြစ်အပျက်ပြီးနောက် ဟူသီတို့အုပ်စိုးနေတဲ့ ထိုဒေသမှာ အမေရိကန်ဖျက်သင်္ဘော The Carney က လာရောက်ကူညီပေးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။
ယီမင်မှ ဟူသီလှုပ်ရှားရေးအဖွဲ့က လက်နက်တပ်ဆင် ဒရုန်း၊ ရေကြောင်းဒုံးကျည်ဖြင့် Unity Explorer နဲ့ Number 9 အစ္စရေးလ်သင်္ဘောတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။
ထိုသင်္ဘော ၂ စင်းဟာ သတိပေးချက်ကို ငြင်းပယ်ခဲ့တာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရတာဖြစ်ကြောင်း ဟူသီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ယီမင်ပြည်သူတွေရဲ့ အလိုအတိုင်း၊ ပါလက်စ်တိုင်းသားတွေဘက်က ရပ်တည်တဲ့ အစ္စလာမ်နိုင်ငံများရဲ့ တောင်းဆိုချက်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ရုပ်သံအစီအစဥ်ကနေ ပြောကြားခဲ့ပါတယ်။
The Carney သင်္ဘောဟာ ဒရုန်း ၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး ကုန်သင်္ဘောများကို ကူညီပေးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပြပါတယ်။
ဒါဟာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးကို ခြိမ်းခြောက်လာတာ ဖြစ်ပြီး ဟူသီတို့တိုက်ခိုက်မှုဟာ အီရန်မှ အပြည့်အဝ ထောက်ပံ့တာဖြစ်မယ်လို့ ယူဆနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ သင်္ဘော ၂ စင်းဟာ အစ္စရေးလ်နဲ့ ဆက်စပ်ခြင်းမရှိဘဲ တစ်စင်းက အတော်လေး ထိခိုက်ပျက်စီးခဲ့ကာ နစ်မြုပ်နိုင်ဖွယ်အန္တရာယ် ရှိနေပြီး နောက်တစ်စင်းကတော့ အနည်းငယ်သာ ထိခိုက်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်နိုင်ငံနဲ့ ပါလက်စ်တိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း ရေပြင်မှာ တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားနေပါတယ်။
ယီမင် ပင်လယ်နီကမ်းရိုးတန်း အများစုကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ အစ္စရေးလ်ဘက်ကို ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး အစ္စရေးလ်သင်္ဘောများကို ထပ်မံတိုက်ခိုက်သွားဦးမယ်လို့ ဆိုထားပါတယ်။
Source: Reuters
#World_News
#ပင်လယ်နီ #အမေရိကန်စစ်တပ် #အစ္စရေးလ် #ပါလက်စ်တိုင်းစစ်သွေးကြွ #ဟားမတ်စ်အဖွဲ့
#Yangon_Times #YMG_News #Yangon_Media_Group
Page 811 of 1858