Published_17 Jun 2024

ပြည်ပသို့ဝါများကို ရောင်းချမည့်အစား ပြည်တွင်း၌အဆင့်မီချည်များထုတ်လုပ်ရေးဆောင်ရွက်ရမည်ဟု နစက ဥက္ကဌ က ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ ၁၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့်အထည်စက် ရုံ(မိတ္ထီ လာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

နစက ဥက္ကဌက ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း အပါအဝင် အခြေခံချည် ထည်အမျိုးမျိုးကို ပြည်တွင်း၌ ထုတ် လုပ်နိုင်ပြီးဖြစ်သောကြောင့် ပြည်တွင်းလိုအပ် ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်လျော့ ကျစေ ရေးဆောင်ရွက်ရန်နှင့် ပြည်တွင်းမှထွက်ရှိသည့် ဝါများဖြင့်အရည်အသွေးမြင့်ချည်ထည်နှင့်ပိတ် များထုတ်လုပ် ရန် ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ် ချက်ပြည့်မီအောင် ထုတ်လုပ်၍ ပြည်တွင်းလို အပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ် ကြောင်း ယင်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

နစကဥက္ကဌ က အရည်အသွေးမြင့်ချည်များ ထုတ်လုပ်နိုင်မည့် ချည်ငင် စက်ရုံနှင့်ဆေးဆိုးစက်ရုံ တည်ဆောက် ရေးလုပ် ငန်းခွင်သို့ရောက်ရှိကြပြီး စက်ရုံများတည် ဆောက်ပြီးစီးမှုနှင့် စက်ကိရိယာများတပ်ဆင်ပြီး စီးမှုအခြေ အနေများကို ကြည့်ရှုစစ် ဆေးကာ စက်ရုံမှူးနှင့် စက်ရုံတည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံခြားသားပညာရှင် များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး၍ ချည်ငင်စက်ရုံနှင့် ဆေးဆိုး စက်ရုံ တည်ဆောက်ရေးတွင် ပါဝင်သည့် နိုင်ငံ ခြားသား ပညာရှင်များအား ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 17 June 2024
#YMG #Yangon_Times #Yangon_Media_Group