#World_Health
Published 26 April 2024
▪️ အိမ်မှာတင် ခံတွင်းကျန်းမာရေး ဂရုစိုက်ခြင်းကလည်း ရေရှည်မှာ အထောက်အကူဖြစ်စေပါတယ်။
▪️ ခံတွင်းကျန်းမာရေးက အလုံးစုံကျန်းမာရေးနဲ့ သက်ဆိုင်နေပြီး ပါးစပ်မှာ ပြဿနာတစ်ခုခု ဖြစ်ပါက ရောဂါများ ဝင်ရောက်လာနိုင်ပါတယ်။
▪️ သွားဆေးခန်းတွေကို အမြဲတမ်းမသွားဖြစ်ကြတာကြောင့် အိမ်မှာပဲ သွားတွေကို ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေကို ပညာရှင်များ မျှဝေထားပါတယ်။
▪️ သွားကြားထဲက အစားအစာ အကြွင်းအကျန်တွေ ဖယ်ရှားနိုင်ဖို့ တစ်နေ့တစ်ခါ သွားကြားကြိုးထိုးပေးဖို့ အမေရိကန် သွားနှင့်ခံတွင်းအဖွဲ့အစည်းက အကြံပြုထားပါတယ်။
▪️ သွားတိုက်ခြင်း တစ်မျိုးတည်းဖြင့် ရာနှုန်းပြည့် ဖယ်ရှားနိုင်တာမဟုတ်ဘဲ သွားရောဂါများ ဖြစ်နိုင်ပါသေးတယ်။
▪️ ကြိုးဖြင့် သန့်ရှင်းရေး လုပ်ရာမှာလည်း နည်းလမ်းမှန်ဖို့ လိုအပ်ပြီး ကြိုးက ၁၈ လက်မမှ ၂၄ လက်မကြား ရှိသင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
▪️ ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်တဲ့ နည်းလမ်းတစ်မျိုးက လျှာပွတ်တိုက်ခြင်း ဖြစ်ပါတယ်။
▪️ အထူးသဖြင့် ပိုးသတ်ဆေးပါတဲ့ လျှာပွတ်တံတွေကို အကြံပြုထားကြပါတယ်။
▪️ သွားတွေကို ဖြူအောင်လုပ်ချင်ရင်တော့ သွားဆရာဝန်ထံ သွားသင့်ပါတယ်။
▪️ အိမ်တွင်းနည်းလမ်းတွေဖြင့် သွားဖြူအောင် ပြုလုပ်ပါက အလုပ်မဖြစ်တဲ့အပြင် သွားတွေကို တိုက်စားပျက်စီးစေနိုင်ပါတယ်။ သွားဖုံးတွေ နီမြန်းဖောရောင်လာရင် သွားဖုံးရောင်ရောဂါ ဖြစ်နိုင်ပြီး မကုသဘဲထားပါက ရောဂါပိုမိုဆိုးရွားလာတတ်ပါတယ်။
▪️ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ခံတွင်းပြဿနာများ သက်သာစေနိုင်မယ့်အပြင် သွားဆုံးရှုံးခြင်း၊ ခံတွင်းကင်ဆာတို့လည်း ဖြစ်နိုင်ခြေ နည်းနိုင်ပါတယ်။

#Source: New York Post
အမေရိကန်အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးလမ်းစဥ်ကို ထိန်းသိမ်းကာကွယ်မယ့် အဓိကနိုင်ငံကြီးတစ်ခု ဖြစ်တာကြောင့် နိုင်ငံတကာမှာ တင်းမာမှုတွေမြင့်တက်လာအောင် မပြုလုပ်ဖို့နဲ့ ဖြစ်လာတာတွေကို တာဝန်ယူပေးဖို့တရုတ်က တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_News
Published 25 April 2024
#နိုင်ငံတကာတွင်စစ်ရေးတင်းမာမှု #အမေရိကန်အားတရုတ်တိုက်တွန်း
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 25 April 2024
၁။ ဂျပန်သွားမည့် မြန်မာများမူလရည်ရွယ်ချက်မပျောက်ရန်လိုဟုဆို
၂။ တစ်နိုင်ငံလုံး မက္ကဒေးမီးယားထွက်ရှိနှုန်း၏ သုံးပုံနှစ်ပုံ အားတရုတ်သို့တင်ပို့
၃။ နေပြည်တော်အိမ်ခြံမြေဈေးကွက် သင်္ကြန်ပြီးကာလတွင် အငှားဈေးကွက် ပိုသွက်နေဟုဆို
၄။ နိုင်ငံတကာတွင် စစ်ရေးတင်းမာမှုများဖြစ်လာအောင် အားပေးအားမြှောက်မလုပ်သင့်ဟု အမေရိကန်အားတရုတ်တိုက်တွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၅ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေလျော့ပါးသွးပြီး ငြိမ်းချမ်းရေးရရှိစေဖို့အတွက် အာဆီယံနိုင်ငံ (၃)နိုင်ငံနှင့်အထက် ညီညွတ်စွာအတူလက်တွဲပြီး မြန်မာနစက အစိုးရနှင့် ထိတွေ့ဆက်ဆံမှုတွေပြုလုပ်သွားဖို့ ထိုင်းနိုင်ငံက အဆိုပြုလိုက်တဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နီကော်ဒက်ချ်ဘာလန်ကူရာက “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ဖြစ်ထွန်းစေဖို့ ထိုင်းနိုင်ငံဟာ အာဆီယံ ထရွိုင်ကာ (အာဆီယံသုံးနိုင်ငံတွဲ) ဒါမှမဟုတ် ထရွိုင်ကာပလပ်စ် (သုံးနိုင်ငံတွဲ နှင့်အပေါင်း)အစည်းအဝေးတွေကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးနိုင်ဖို့ အာဆီယံလက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေပါတယ်”လို့ ဗုဒ္ဓဟူးနေ့ကပြောပါတယ်။
အာဆီယံထရွိုင်ကာဆိုတာက လက်ရှိမတိုင်ခင်ဥက္ကဋ္ဌ ၊လက်ရှိဥက္ကဋ္ဌ၊ နှင့် လာမည့် ဥက္ကဋ္ဌ သုံးနိုင်ငံ ( အင်ဒိုနီးရှား၊လာအိုနှင့် မလေးရှား) တို့ကိုဆိုလိုတာဖြစ်ပြီး ထရွိုင်ကာပလပ်စ် ဆိုတာကတော့ မြန်မာ့ငြိမ်းချမ်းရေး ဒါမှမဟုတ်မြန်မာ့အကျပ်အတည်း အပေါ်စိတ်ပူနေကြတဲ့ အာဆီယံနိုင်ငံတွေကို ညွှန်းဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အဆိုပြုအစည်းအဝေးတွေ ကျင်းပဖွယ် ရှိကြောင်းနှင့် မြန်မာနစက နှင့် ခုခံရေးအုပ်စုတွေအကြား ထိုင်းက စေ့စပ်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း မစ္စတာနီကော်ဒက်ချ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ ထိုင်းနိုင်ငံတစ်နိုင်တည်းတင်မကဘဲ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံတွေအပေါ်လည်း ရိုက်ခတ်နေပါ တယ်လို့ သူကအလေးပေးပြောပါတယ်။
“ ထိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် ထောက်ခံအားပေးတဲ့နိုင်ငံဖြစ်တယ်။ အဲဒါကြောင့် တက်ကြွတဲ့ ငြိမ်းချမ်းရေး တိုးမြှင့် လုပ်ဆောင်သူအဖြစ်ရပ်တည်ဖို့ အရေးကြီးတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေ အကြား စေ့စပ်ညှိနှိုင်းပေးသူအဖြစ် အဆင်သင့်ဖြစ်နေတယ်” လို့ သူကပြောပါတယ်။
စစ်ဘေးရှောင်တွေအများစု မြန်မာနိုင်ငံကိုပြန်သွားကြပြီဖြစ်လို့ အခြေအနေက သိပ်အစိုးရိမ်စရာကြီးမဟုတ်တော့ဘူး။ ထိုင်း နိုင်ငံအပေါ်သက်ရောက်မှုက အကန့်အသတ်ဆက်ရှိနေတယ်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးအပေါ်ဖြစ်ပြီး အဲဒါက ယာယီအကန့်အသတ်လို့ မျှော်လင့်ထားတယ် လို့လည်း မစ္စတာ နီကော်ဒက်ချ်က ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်အခြေအနေကို ကြီးကြပ်ဖို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘဟီဒါနူကာရာ ဦးဆောင်တဲ့ အစိုးရကော်မတီက ဆပ်ကော်မတီတွေဖွဲ့စည်းဖို့ စဉ်းစားနေပါတယ်။
မြန်မာ-ထိုင်းနယ်စပ်တလျောက် လွန်ခဲ့တဲ့ ၄၈နာရီအတွင်း အခြေအနေကတိုးတက်မှုရှိလာနေတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒေသခံတွေက ပစ်တာခတ်တာတွေမရှိတော့ဘူးလို့ပြောကြလို့ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် အပြောင်းအလဲ ရှိနိုင်တဲ့ အခြေအနေတွေကို ကော်မတီက မျက်ခြည်မပြတ်စောင့်ကြည့်မှာဖြစ်တယ်လို့သူကပြောပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဘက်ပေါင်းစုံကသူတွေအနေနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားဟာ နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းရဲ့ အချက်အခြာနေရာလို့ သိနားလည်သွားတာနှင့် မကြာမီပြန်လည်ဖွင့်နိုင်မယ်လို့ သူကမျှော်လင့်ထားပါတယ်။
မဲဆောက်မှာနောက်ဆုံးကျန်နေတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၆၅၈ ဦးဟာ မြဝတီအခြေအနေတိုးတက်လာလို့ သူတို့ဘာသာသူတို့ပြန်လိုတယ်လို့ သဘောတူထားကြကြောင်း ဒေသခံအာဏာပိုင်တွေထံမှသိရပါတယ်။
@ymg/knl
ဆိတ်မွေးမြူရေး ဈေးကွက်ဟာ အလားလာမကောင်းတော့တဲ့အတွက် အချို့တပိုင်တနိုင် ဆိတ်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေက နွားမွေးမြူရေးဘက်ကို ပြောင်းလဲလုပ်ကိုင်လာတယ်လို့မန္တလေးတိုင်းဒေသကြီး ရှိဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ တွေထံက သိရပါတယ်။
#Local_News
Published_ 25 April 2024
#နို့စားနွားနှင့်ခိုင်းနွား #အစားထိုးမွေးမြူလာ
#YMG/LW #Yango_ Times
လျှပ်စစ်မီးမရတဲ့ ၊မမှန်တဲ့ဒေသတွေမှာ ဆိုလာရေတွင်းလှူဖို့ရှိတယ်။ သောက်ရေပြတ်လတ်ပြီး(၃)ရက်တစ်ခါပဲရေချိုးရတဲ့ကျေးရွာအတွက် လှူဒါန်းပေးဖို့ရှိပါတယ်။
(ရေနံသာဒင်္ဂါးညီနောင်များပရဟိတအဖွဲ့မှ တာဝန်ရှိသူ)
#Local_News
Published_ 25 April 2024
#ဆိုလာရေတွင်းများလှူ #လျှပ်စစ်မီးမရ
#tthl #Yangon_Times
နေပြည်တော် အိမ်ခြံ မြေဈေးကွက် မှာ သင်္ကြန်ကာ လ ပြီး နောက် ပိုင်း အိမ်ခြံမြေ အရောင်းအဝယ် ထက် အငှား ဈေးကွက် ပိုသွက်နေတယ်လိုမြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (နေပြည်တော်)ထံကသိရပါတယ်။
#Local_News
Published_ 25 April 2024
#နေပြည်တော်အိမ်ခြံမြေဈေးကွက် #အငှားဈေးကွက်ပိုသွက်နေ
#YMG/LW #Yangon_Times
ပြီးခဲ့တဲ့ ရာသီချိန်အတွင်း တစ်နိုင်ငံလုံး မက္ကဒေးမီးယားထွက်ရှိနှုန်း၏ သုံးပုံနှစ်ပုံအား တရုတ်နိုင်ငံသို့
တင်ပို့ခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
တစ်နိုင်ငံလုံး မက္ကဒေးမီးယားထွက်ရှိနှုန်း၏ သုံးပုံနှစ်ပုံ အားတရုတ်သို့တင်ပို့
#Local_News
Published_ 25 April 2024
#မက္ကဒေးမီးယားထွက်ရှိနှုန်း
#YMG/ NN #Yangon_Times
#Local_News
Published 25 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် လှိုင်မြစ် အတွင်း အမျိုးသား တစ်ဦးရေနစ်ေ-သဆုံးမှု ဖြစ်ပွားကြောင်း မေတ္တာပါရမီလူမှူကူညီရေးအသင်း(လှိုင်သာယာ)ထံ မှ သိရသည်။
▪️ အဆိုပါ အမျိုးသားမှာ ကုန်တင်သင်္ဘော ပေါ်တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး လှိုင်မြစ်အတွင်း သင်္ဘောရပ်ထားရာတွင် ဧပြီ ၂၃ ရက် ညပိုင်းက သင်္ဘောပေါ်မှ ရေထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ "ကုန်တင်သင်္ဘောမှာအလုပ်လုပ်တဲ့သူပါ ၂၃ရက် ညကသင်္ဘောပေါ်ကနေ ရေထဲပြုတ်ကျသွားတာ ရှာတာလဲမတွေ့ဘူး ဒီနေ့ကျမှ လှိုင်သာယာ ဒိုင်စုကျေးရွာ နားမှာ ပြန်တွေ့တာ"ဟု မေတ္တာပါရမီလူမှူကူညီရေးအသင်း(လှိုင်သာယာ)မှ ကိုအောင်ခိုင်က ပြောသည်။
▪️ ေ-သဆုံးသူ အမျိုးသားမှာl အသက်၄၇ နှစ် ခန့်ရှိပြီ ဖြစ်ပြီး မိသားစုများက သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်ကြောင်း သိရသည်။
▪️ ယင်း ေ-သဆုံး သူ အမျိုးသားကိုဒိုင်စုကျေးရွာမှ လှိုင်သာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
၂၅ ဧပြီ ၂၀၂၄
▪️အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် TikTok ၏ မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ကုမ္ပဏီအနေနှင့် အမေရိကန် မှာရှိတဲ့လုပ်ငန်းက သူ့ ရှယ်ယာထုတ်ရောင်းမှာလား သို့မဟုတ် တစ်နိုင်ငံလုံး အသုံးပြုခြင်းပိတ်ပင်ခံရမှာလား လမ်းနှစ်သွယ်ရွေးရမည့် TikTok ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့ ဧပြီ ၂၄ရက်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
⁉️ဘာကြောင့် ဒီကိစ္စအရေးကြီးရတာလဲ
▪️ထိုသို့ဥပဒေအဖြစ်လက်မှတ်ရေးထိုးလိုက်တဲ့အတွက် နာမည်ကျော် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း ဖြစ်တဲ့ TikTok က ငုံ့မခံဘူးလို့ပြောထားပါတယ်။အဲဒါကြောင့် TikTok ကံကြမ္မာအတွက် ဥပဒေပိုင်းဆိုင် ရာ တိုက်ပွဲတွေ အများကြီးတွေ့ကြရပါဦးမယ်။
⁉️TikTok ကိုဘာကြောင့်စိတ်ပူရတာလဲ
▪️ဗုဒ္ဓဟူးနေ့က ဥပဒေအဖြစ်လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေကြမ်းဟာ အချိန်ကြာကြီးကတည်းက ရှိခဲ့တာပါ။ ဘိုင်ဒင်အစိုးရက TikTok အနေနှင့် သူ့ရဲ့မိခင် ကုမ္ပဏီဖြစ်တဲ့ ByteDance အနေနှင့် အမေရိကန်နိုင်ငံသုံး အက်ပလီကေးရှင်းမှာရှိတဲ့ သူ့ရဲ့ရှယ်ယာတွေထုတ်မရောင်းရင် အပိတ်ခံရလိမ့်မယ် လို့ သတိပေးခဲ့ပါတယ်။
▪️TikTok ကိုဝေဖန်သူတွေက ကာလများစွာကပင် ယင်းအက်ပလီကေးရှင်းသည် အမေရိကန်သုံးစွဲသူတို့၏ အချက်အလက်များအတွက် အန္တရာယ်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ဥပဒေအရ တရုတ် ကုမ္ပဏီများသည် အစိုးရထံ သတင်းအချက်အလက်များ မျှဝေပေးရဖို့ လိုအပ်သောကြောင့်ဟုဆိုပါတယ်။
▪️TikTok ကတော့ သူတို့သည် အမေရိကန်တွင် လွတ်လပ်စွာ လုပ်ငန်းလုပ်ကိုင်နေပြီး အမေရိကန်သုံးစွဲသူများ၏ သတင်းအချက်အလက်များကိုလည်း မိတ်ဖက်ပြုထားသည့် Oracle မှတစ်ဆင့်ကာကွယ်ပေး ထားပြီး နိုင်ငံရပ်ခြားမှဝင်ရောက်၍မရအောင် firewalls ကာကွယ်မှုများပြုလုပ်ထားကြောင်း အမြဲ တုန့်ပြန်ထားပါတယ်။
⁉️နောက်ကြောင်းပြန်ကြည့်ခြင်း
▪️အမှန်တကယ်တော့ TikTok ကို ရှေ့ဆောင်တိုက်ပွဲစတင်ဝင်ခဲ့သူမှာ သမ္မတဟောင်း ထရမ့်ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ သူ့ကို ကြည့်ရတာ သူစခဲ့တဲ့ကိစ္စကို ပြောင်းပြန်လှန်လိုတဲ့သဘော တွေ့နေရ ပါတယ်။
⁉️ဥပဒေအသစ်ကဘာပြောထားလဲ
▪️ဥပဒေသစ်အရ TikTok ဟာ ချက်ခြင်းကြီး ပျောက်သွားစရာအကြောင်းမရှိပါ။ ByteDance ကုမ္ပဏီကို အတည်ပြုပြီးတဲ့ TikTok ဝယ်သူကိုရှာဖွေဖို့ တစ်နှစ်အထိ အချိန်ပေးထားတာကြောင့်ပါ။ အထူးသဖြင့် ByteDance ကုမ္ပဏီဟာ အရောင်းအဝယ်ကို (၉)လအတွင်းလုပ်ရမှာဖြစ်ပေမယ့် အရောင်းအဝယ်ဖြစ်လို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိတယ်ဆိုရင် နောက်ထပ် ရက်ပေါင်း (၉၀) ထပ်တိုးပေးထားလို့ ဖြစ်ပါတယ်။
▪️အဲဒီအချိန်မှာ မရောင်းနိုင်ခဲ့ရင်တော့ TikTok ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ အပိတ်ခံရမှာပါ။
⁉️TikTok ကနောက်တစ်ဆင့်ဘာလုပ်နိုင်သလဲ
▪️ByteDance ကနေပြီး TikTok ကို အတင်းအကြပ်ရောင်းချတာအားလုံးကို ပိတ်ဆို့ပစ်မယ်လို့ တရုတ် အစိုးရက အချက်ပြထားပြီးပါပြီ။အဲဒါဆိုရင်တော့ ဒါဟာ အဲဒီအက်ပလီကေးရှင်းကို အမေရိကန်မှာ ပိတ်ပစ်ဖို့ အခြေအနေဆိုက်သွားလိမ့်မယ်လို့ ဝေါစထရိဂျာနယ်ကသုံးသပ်ပါတယ်။
▪️TikTok စီအီးအို ရှောင်ချူးက သူတို့အနေနှင့် အဲဒီဥပဒေအသစ်ကို အမေရိကန်ရဲ့ First Amendment ကို အခြေခံပြီး စိန်ခေါ်သွားမယ်လို့သန္နိဋ္ဌာန်ချထားပါတယ်။ First Amendment ဆိုတာ အမေရိကန်အခြေခံ ဥပဒေမှာ လွတ်လပ်စွာပြောဆိုခွင့်ကိုဟန့်တားတဲ့မည်သည့်ဥပဒေကိုမျှပြဋ္ဌာန်းခွင့်မရှိလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
▪️အဲဒီအပြင် TikTok ဟာ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲကိုလည်းစောင့်နေပါတယ်။ ရွေးကောက်ပွဲမှာ မည်သည့်ပါတီနိုင်နိုင် ဒီကိစ္စကို ပြောင်းလဲပေးလိမ့်မယ်လို့ သူတို့ကမျှော်လင့်ထားပါတယ်။
▪️အကယ်၍ TikTok က အမေရိကန်ပိုင်ရှင်အသစ်ကို ရောင်းပေးလိုက်ရပြီး သူ့ကိုယ်ပိုင်စတော့ခ်နှင့် လွတ်လပ်သောကုမ္ပဏီတစ်ခုအဖြစ်တည်ထောင်ခဲ့ရင်တောင် မှ ByteDanceအနေနှင့် ရောင်းတဲ့အထဲမှာ TikTok ရဲ့ အယ်လ်ဂိုရီသမ် algorithm ကိုထည့်မရောင်းခြင်းဖြင့် အရောင်းအဝယ်ရဲ့ အရှိန်အာဏာကို လျော့ချပစ်လိုက်နိုင်ပါသေးတယ်။
▪️အမေရိကန် TikTok ဗားရှင်းမှာ အက်ပလီကေးရှင်းကို လူကြိုက်များအောင်လုပ်ပေးတဲ့ စွမ်းအားရှိတဲ့ algorithm မပါဘူးဆိုရင် ဒီကနေ့မြင်နေရတဲ့ TikTok နှင့် အမေရိကန်ဗားရှင်း TikTok တို့ လုံးဝခြားနားသွားမှာလည်းဖြစ်ပါတယ်။
▪️အဲသလိုဆိုရင် ကျယ်ပြန်တဲ့ ဈေးကွက်အတွက် ဘယ်လိုအဓိပ္ပါယ်ရှိတော့မှာလဲ။
▪️TikTokကို အတင်းအကြပ်ရောင်းခိုင်းတာပဲဖြစ်ဖြစ် ပိတ်ပစ်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်မယ််ဆိုရင် အမေရိကန်မီဒီယာတွေရဲ့ လိုက်လျောညီထွေစွာဖွဲ့တည်နေတဲ့ “ဂေဟ” စနစ်ကြီးကို ဖြတ်တောက်ပစ် လိုက်သလိုဖြစ်သွားလိမ့်မယ်လို့ Axios မီဒီယာ မှ ဆာရာဖစ်ရှာကရေးသားပါတယ်။
▪️အဲသလိုဆိုရင် အခြားနိုင်ငံတွေအနေနှင့်လည်း သူတို့ရဲ့ အမေရိကန်ကုမ္ပဏီတွေကို သူတို့ရဲ့အမေရိကန် လုပ်ငန်းတွေအတင်းရောင်းပစ်တာတွေ ဒါမှမဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခုခုကိုရောင်းပစ်လိုက်တာတွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ်။
▪️ဥပဒေအသစ်ရဲ့ကျယ်ပြန်တဲ့ ဘာသာဗေဒဟာ ByteDance ရဲ့ အခြား အက်ပလီကေးရှင်းတွေအပေါ်မှာ လည်း ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ပါတယ်။
Source : Axios ; What happens now that Biden has signed the TikTok bill
#Local_News
Published 25 April 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် အိမ်သာကျင်းပြိုကျပြီး အမျိုးသားတစ်ဦး ပိမိကာ ၄၅ မိနစ်ကြာ ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
▪️ ဧပြီ ၂၅ရက် မွန်းတည့် ၁၂နာရီ ၁မိနစ်က အမှတ်(၃)ရပ်ကွက်၊ ရုပ်ရှင်ရုံလမ်းနေအိမ်တွင် အိမ်သာကျင်းပြိုကျပြီး အမျိုးသားတစ်ဦးပိမိခဲ့ကြောင်း သိရသည်။
▪️ ထို့သို့ ပိမိနေကြောင်းသတင်းရရှိသဖြင့် ခရမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အမျိုးသားကို ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရာ မွန်းတည့်၁၂နာရီ ၄၆ မိနစ် ခန့် တွင် အသက်ရှင်လျက်ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 25 April 2024
▪️ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှ မြန်မာနိုင်ငံသို့ မီးသတ်ဝတ်စုံများ လှူဒါန်းခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
▪️ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ဧပြီ၂၄ရက် မွန်းလွဲပိုင်းတွင် ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီဒိုပြည်နယ်ရှိ မီးသတ်ပစ္စည်းများထားရှိသည့် ဗဟိုဌာန (Gyeonggi-do Firefighting Equipment Logistics Center) ဖွင့်ပွဲနှင့် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ တက်ရောက်၍ ဂုဏ်ပြုကျေးဇူးတင် မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
▪️ ယင်းနောက် ဂယောင်ဂီဒိုပြည်နယ်လွှတ်တော်၊ လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ Mr. AhnKyeil က မြန်မာနိုင်ငံသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးခဲ့ရာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။
▪️ ယင်းဗဟိုဌာနသည် ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် မီးငြိမ်းသတ်ရာတွင် အရေးပေါ်လိုအပ်သောပစ္စည်းများကို စနစ်တကျသိုလှောင်ထားသည့် ဗဟိုဌာနဖြစ်ပြီး မြန်မာ နိုင်ငံသို့ မီးသတ်အင်္ကျီ (၃၆၈) စုံ၊ မီးသတ်ဦးထုပ် (၆၄) လုံး၊ မီးသတ်လက်အိတ် (၇၈) စုံနှင့် မီးသတ်ဖိနပ် (၇၆) စုံတို့ကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသို့ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဗဟိုဌာနဖွင့်ပွဲနှင့် မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ ဂယောင်ဂီဒိုပြည်နယ် လွှတ်တော်လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ Mr. AhnKyeil၊ ကော်မတီအတွင်း ရေးမှူး Mr. YooGyunghyun၊ ဘူချွန်းမြို့ မီးသတ်ဌာနအကြီးအကဲ Mr. Ji Jun Ho နှင့် FLCM Foundation ဥက္ကဋ္ဌ Mr. Kim Sung Chor နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon-Times
Page 816 of 2058