#World_Science
Published 24 April 2024
▪️ စကြဝဠာအတွင်း အခြားဂြိုဟ်တွေမှာ သက်ရှိတွေကို ရှာဖွေခြင်းက နှစ်ပေါင်းများစွာ ကြာပြီဖြစ်သလို အယူအဆမျိုးစုံလည်း ပေါ်ထွက်ထားပါတယ်။
▪️ ယခုထက်ထိတော့ ဂြိုဟ်သားတွေကို မတွေ့ရှိသေးပေမယ့် တစ်စုံတစ်ခု ရှိနေမလားဆိုတဲ့ အတွေးကတော့ ရှိနေကြဆဲ ဖြစ်ပါတယ်။
▪️ ယခုအခါမှာ သုတေသနပြုလုပ်ပုံ ပြောင်းလဲလာပြီး ဂြိုဟ်သားသက်ရှိတွေက ဂြိုဟ်တစ်ခုကနေ အခြားဂြိုဟ်သို့ ဥက္ကာခဲတွေကနေတဆင့် သွားလာနိုင်တယ်ဆိုတဲ့ အယူအဆကို အဲရစ်ဆန်စမစ်နဲ့ လာနာဆီနာပိုင်ယန်ဆိုတဲ့ နက္ခတ္တပညာရှင်တွေက တင်ပြလာပါတယ်။
▪️ ထိုကဲ့သို့ ဂြိုဟ်ကူးပြောင်းသွားလာခြင်း သီအိုရီက ဂြိုဟ်သားရှာဖွေရေးကို အထောက်အကူ ဖြစ်လာနိုင်ပါတယ်။
နာဆာမှ ယနေ့ထက်ထိ တွေ့ရှိထားတဲ့ ပြင်ပဂြိုဟ်ပေါင်း ၅၀၀၀ ကျော်မှာ သက်ရှိတွေ ရှိနေနိုင်တာနဲ့ ပတ်သက်ပြီး အဆိုပါသီအိုရီက အရေးကြီးနေပါတယ်။
▪️ အခုထက်ထိတော့ ကမ္ဘာဂြိုဟ်အပြင် စကြဝဠာကြီးထဲမှာ အခြားသက်ရှိတွေ ရှိနေလား၊ ကမ္ဘာကြီးကပဲ သက်ရှိတွေနေထိုင်နိုင်တဲ့ တစ်ခုတည်းသော ဂြိုဟ်လားဆိုတာကို သိပ္ပံပညာရှင်တွေ သေချာမသိသေးပါဘူး။
▪️ ကမ္ဘာပေါ်က သက်ရှိတွေကြောင့် ပတ်ဝန်းကျင်အနေအထား ပြောင်းလဲသွားသလိုမျိုး ဂြိုဟ်သားတွေဟာလည်း ပြင်ပဂြိုဟ်ရဲ့ အနေအထားကို ပြောင်းလဲနိုင်ဖွယ် ရှိနေပါတယ်။
▪️ သုတေသီတွေရဲ့ ယူဆချက်အရ ဂြိုဟ်သားတွေသာ ထိုကဲ့သို့ ဂြိုဟ်ကူးပြောင်းသွားနိုင်ပါက ယင်းတို့သွားတဲ့ ဂြိုဟ်တိုင်းမှာ ပြောင်းလဲမှုတွေ လုပ်နိုင်ဖွယ်ရှိပါတယ်။
▪️ ဒီလိုသာဆိုရင် ပုံစံဆင်တူနိုင်တဲ့ ဂြိုဟ်တွေကို နီးစပ်စွာတွေ့နိုင်ပြီး ဂြိုဟ်သားသက်ရှိ တွေ့နိုင်တဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။
#Source: WION
#World_Science
Published 24 April 2024
လေကြောင်းလုပ်ငန်းကဏ္ဍဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် အဓိကထုတ်လွှတ်ရာ နေရာတစ်ခု ဖြစ်နေပါတယ်။
အမေရိကန်ရဲ့ လေကြောင်းကဏ္ဍဟာ လေယာဥ်ဆီပေါင်း ၂၂ ဘီလီယံဂါလံခန့် အသုံးပြုထားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ၁ ဘီလီယံတန်ချိန် ထုတ်လွှတ်ထားပါတယ်။
ဒါဟာ တစ်ကမ္ဘာလုံးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းရဲ့ ၃ ရာခိုင်နှုန်းမျှ ရှိနေပါတယ်။
စွန့်ပစ်ပစ္စည်းကနေ လောင်စာအဖြစ် သန့်စင်ထုတ်လုပ်ပေးမယ့် စက်ရုံတွေကိုသာ အဓိကသွားလာရေး နေရာများအနီး ဆောက်လုပ်နိုင်ပါက အမေရိကန်ဟာ စွန့်ပစ်ပစ္စည်းကနေ ရေရှည်တည်တံ့မြဲ လေယာဥ်လောင်စာများကို နှစ်စဥ် ၃ - ၅ ဘီလီယံဂါလံခန့် ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။
ဒါဟာ တိုင်းပြည်ရဲ့ နှစ်စဥ်လောင်စာဆီ ထုတ်လုပ်မှုရဲ့ ၁၅ - ၂၅ ရာခိုင်နှုန်းလောက် အစားထိုးနိုင်လိမ့်မယ်လို့ သုတေသီများက ဆိုပါတယ်။
ရေရှည်တည်တံ့မြဲ လေယာဥ်လောင်စာများ ထုတ်လုပ်မယ့် စက်ရုံတွေကို လေဆိပ်ကြီးတွေနားမှာ ဆောက်လုပ်နိုင်လောက်မယ့် နေရာတွေ တွေ့ရှိထားတယ်လို့ သိပ္ပံပညာရှင် တင်မိုသီဆစ်ပယ်လ်က ပြောပြသွားပါတယ်။
နည်းပညာပိုင်းကို ဘယ်လိုကျယ်ပြန့်စွာ အသုံးချမလဲဆိုတာနဲ့ စရိတ်သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ သုတေသီတွေ လေ့လာနေဆဲ ဖြစ်ပါတယ်။
ထုတ်လုပ်ဖို့အတွက် အဓိကပြဿနာကြီးတစ်ခုက ရရှိနိုင်မယ့် စွန့်ပစ်ပစ္စည်း ပမာဏပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ရေရှည်တည်တံ့မြဲ လေယာဥ်လောင်စာဆီသာ အသုံးပြုနေပါက အနာဂတ်မှာ ထိုလောင်စာအမျိုးအစား ထုတ်လုပ်ဖို့ ကာဗွန်မရရှိမှာကို စိုးရိမ်ရပါတယ်။
အဓိကလေဆိပ်ကြီးတွေနားမှာ စွန့်ပစ်ပစ္စည်းကနေ လောင်စာထုတ်လုပ်မယ့် စက်ရုံတွေကို ဆောက်လုပ်နိုင်ပါက တည်တံ့မြဲလောင်စာတွေ လေဆိပ်ကို ရောက်ရှိဖို့အတွက် နောက်ထပ် အခြေခံအဆောက်အအုံတွေ လိုအပ်ဖွယ်မရှိဘူးလို့ ဓာတုအင်ဂျင်နီယာချုပ် ကာသစ်ခ်ယန်ရာမာဆာမီက ပြောပြသွားပါတယ်။
#World_Science #လေယာဥ်လောင်စာထုတ်လုပ်နိုင်မည့်နည်းလမ်း #Source: WION
ဗြိတိန်ဆိုင်ခန်းငှားရမ်းခများမြင့်တက်လာကာ ဇိမ်ခံပစ္စည်းဝယ်လိုအား ကျဆင်းလာသဖြင့် ဖက်ရှင်ဆိုင်များပိတ်သိမ်းလာရ
ဗြိတိန်မှ ဇိမ်ခံအသုံးအဆောင်ပစ္စည်း ဝယ်သူများဟာ ယခင်ကလောက် မသုံးစွဲကြတော့ဘဲ ဝယ်လိုအားကျဆင်းသွားကာ ဗြိတိန်ပြည်ထောင်စုမှ ဇိမ်ခံပစ္စည်းဆိုင်တွေ ရုန်းကန်နေရပြီး တိုင်းပြည်မှာ လတ်တလော နည်းပညာပိုင်း ဆုတ်ယုတ်လာသဖြင့် အခြေအနေ ပိုဆိုးရွားလာပါတယ်။
#World_Economy
Published 23 April 2024
#ဗြိတိန်ဆိုင်ခန်းငှားရမ်းခများမြင့်တက် #ဇိမ်ခံပစ္စည်းဝယ်လိုအားကျဆင်း
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 23 April 2024
၁။ အခုနှစ်တွင် အယ်နီညိုရှိနေပေမယ့်လည်း မေလထဲမုတ်သုန်ပုံမှန်ဝင်နိုင်ဟုဆို
၂။ အောင်မြင့်မိုရ်အိမ်ရာရှိ အခန်းရာကျော်အား အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်
၃။ တရုတ်ပြည်နယ်စပ်သို့ သွားရောက်အလုပ်လုပ်ရန် မူဆယ်တွင် UID စမတ်ကတ်လျှောက်ထားဖို့ စာရင်းပေးထားသူ ဦးရေ ၇၀၀၀ ရှိဟုဆို
၄။ ဗြိတိန်ဆိုင်ခန်းငှားရမ်းခများ မြင့်တက်လာကာ ဇိမ်ခံပစ္စည်းဝယ်လိုအားကျဆင်းလာသဖြင့် ဖက်ရှင်ဆိုင်များပိတ်သိမ်းလာရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ စလင်းနဲ့ စကုတို့မှာ ကုလားပဲ စုပေါင်းရောင်းချပွဲကို တစ်လကြာပြုလုပ်ပေးခဲ့ ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တောင်သူတွေ လက်ဝယ်မှာ ရောင်းချဖို့အတွက် တင်းပေါင်း၂သောင်းကျော် ကျန်နေသေးတဲ့အတွက် စုပေါင်းရောင်းချပွဲကို ရက်ထပ်တိုးပြီး ဝယ်ယူပေးဖို့ တောင်သူတွေက တောင်းဆိုထားတယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေး အဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 23 April 2024
#ကုလားပဲစုပေါင်းရောင်းချပွဲ #မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေး
#YMG/LW #Yangon_Times
#Local_News
Published 23 April 2024
▪️ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ၆ဘီးယာဉ်နှင့်ထော်လာဂျီတိုက်မိသဖြင့် ယာဉ်ပေါ်ပါ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံက သိရသည်။
▪️ ဧပြီ ၂၃ ရက် နံနက် ၈နာရီ ၃၀မိနစ် ခန့်ကနောင်ချိုမြို့နယ်၊ နောင်ချို - ရပ်စောက်လမ်းမကြီး ရွှေမုဌောအုပ်စု ရေဖြူရွာအနီးတွင် ရပ်စောက်မှနောင်ချိုဘက်သို့အသွား (၆) ဘီးယာဉ်နှင့် သရက်ကုန်းရွာမှ ရွှေမုဌောသို့ ကြံခုတ်သွားသည့် ထော်လာဂျီတို့ တိုက်မိ ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ယာဉ် တိုက်မှုကြောင့် အမျိုးသား ၃ဦးနှင့် အမျိုးသမီး ၁၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းကံကြီးမှ အခင်းဖြစ်ပွားရာနေရာမှ နောင်ချိုပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Times
ကျိုက်ထီးရိုးကို မနှစ်ကဒီလိုအချိန်မှာ ဘုရားဖူး(၄)သိန်းကျော်ခန့် ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြား ဘုရားဖူးဝင်ရောက်သူ(၅)သိန်းကျော်ဝင်ရောက်ပြီး ဘုရားဖူးဝင်ရောက်မှုတစ်သိန်းကျော် ပိုခဲ့တယ်။ သင်္ကြန်တွင်းမှာ တစ်ရက်ကို (၄)ထောင်ကျော်၊(၅)ထောင်ကျော်အထိ ဝင်ရောက်ခဲ့တယ်။
(ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့၊တာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 23 April 2024
#ကျိုက်ထီးရိုး #ဘုရားဖူး(၅)သိန်းကျော်ဝင်
#tthl #Yangon_Times
#Local_News
Published_ 23 April 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ယနေ့တွင် Online Trading Platform မှ ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဧပြီ ၂၃ ရက်နေ့၊ ယနေ့၌ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရပါသည်။
▪️ ထို့အပြင် မတ်လ၁၅ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို Online Trading Platform မှ အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အဆင်ပြေစေရန် အမေရိကန်ဒေါ်လာနှင့်ထိုင်းဘတ်များအား ဆက်တိုက်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published_ 23 April 2024
▪️ စာကြည့်တိုက်များကိုလှူဒါန်းမည့် စာအုပ်များကို မြန်မာ့စာတိုက်လုပ်ငန်းမှ အခမဲ့ပေးပို့လှူဒါန်းနိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနမှဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့်တိုက်)များအတွက် စာအုပ်များပေးပို့လှူဒါန်းခြင်းကို မြန်မာ့စာတိုက်လုပ်ငန်းများတွင် အခမဲ့ပေးပို့လှူဒါန်းနိုင်အောင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများစာဖတ်နှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ တစ်ဘက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့် တိုက်)များအတွက် စာအုပ်များ ပေးပို့လှူဒါန်းခြင်းကို မြန်မာ့စာတိုက်လုပ်ငန်းများတွင် အခမဲ့ပေးပို့ လှူဒါန်းနိုင်ကြောင်း ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published_ 23 April 2024
▪️ ၂၀၂၃ ခုနှစ်နှင့် ယင်းမတိုင်မီနှစ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲ/အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဧပြီလ(၂၃)ရက်၌ထုတ်ပြန်လိုက်ကြောင်းသိရသည်။
▪️ နေပြည်တော်နှင့် ရန်ကုန်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးများတွင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း လျှောက်လွှာလက်ခံ၍ တိုက်ရိုက်ထုတ်ပေးလျက်ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ရုံးပိတ်ထားမည်ဖြစ်သည်။
▪️ အောင်လက်မှတ် ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ အမည်၊ ခုံအမှတ်၊အောင်မြင်သည့်ခုနှစ် ၊မွေးသက္ကရာဇ်၊ စာစစ်ဌာန၊ ဖြေဆိုဘာသာတွဲ၊အဖအမည်၊ အမိအမည်တို့ပါဝင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍လျှောက်ထားရမည်ဖြစ်သည်။
▪️ လျှောက်လွှာပုံစံတွင် အပြာနောက်ခံ (၁.၅" x ၂") ဆိုဒ်ဓါတ်ပုံ ၃ ပုံနှင့်နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တို့ဖြင့် ပူးတွဲ တင်ပေးရန်လိုအပ်သည်ဟုဆိုသည်။
▪️ ဓာတ်ပုံများကိုလည်း သတ်မှတ်အရွယ်အစား ဖြစ်ပြီး မျက်နှာ၊ နားရွက် ထင်ရှားပြတ်သားရမည်။ ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ရမည်။ မူလမျက်နှာသွင်ပြင်ပျောက်ကွယ်စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး လိမ်းခြယ်ထားမှုမဖြစ်စေရပါ။ အမြင်သင့်လျော်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုဖြစ်ရပါမည်။ ဓါတ်ပုံ နမူနာ ဖော်ပြပေးထားလည်းကြောင်းသိရသည်။
▪️ အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဓါတ်ပုံများဖြင့် လျှောက်လွှာတင်သွင်းပါက လက်ခံ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းလည်းဖော်ပြထားသည်။
▪️ အထူးသတိပြုရန် အချက်များလည်းရှိပြီး ပထမအကြိမ်ထုတ်သည့် အောင်လက်မှတ်(မူရင်း)များကို ကိုယ်တိုင်/ကိုယ်စား ထုတ်ယူနိုင်ကြောင်း၊ အောင်လက်မှတ်ကို ကိုယ်စားလျှောက်ထားထုတ်ယူခြင်းဖြစ်ပါက ကျောင်းသား/သူ၏ မှတ်ပုံတင်မိတ္တူနှင့် ထုတ်ယူသူ မှတ်ပုံတင်မိတ္တူ ပူးတွဲ တင်ရမည်ဖြစ်ကြောင်း၊
▪️ အောင်လက်မှတ်/အမှတ်စာရင်း ထုတ်ယူမှုအထောက်အထားစိစစ်ရန် မှတ်ပုံတင်မူရင်း ပြသရမည်ဖြစ်ကြောင်း အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို အတတ်နိုင်ဆုံး နေ့ချင်းပြီးရအောင် ဆောင်ရွက်ပေးကြောင်း၊ သို့သော်တစ်ရက်တာအတွင်း လျှောက်ထားသည့် စောင်ရေသည် နေ့ချင်းပြီးမရနိုင်ပါက ရနိုင်သည့် ရက်ကို ပြန်လည် ချိန်းဆိုပေးကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
▪️ လျှောက်ထားရန်နေရာများကတော့မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်https://goo.gl/maps/Kp9WZ73ghzRqni6p6နှင့် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန(ရုံးခွဲ)အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ https://goo.gl/ maps/ 5opUAFGGPequyw1J7တို့၌ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Publicshed 23 April 2024
▪️ ပြည်တွင်း၌ တစ်နှစ်လျှင်ဘိလပ်မြေတန်ချိန်ရှစ်သန်းကျော်ထုတ်လုပ်နေကြောင်း အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းမှ သိရသည်။
▪️ ထိုသို့ထုတ်လုပ်ရာတွင် လက်ရှိတွင် ဘိလပ်မြေစက်ရုံ(၁၁)ရုံလည်ပတ်ဆောင်ရွက်နေပြီး ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဘိလပ်မြေတန်ချိန် (၈ ဒသမ ၄၈၅)သန်း ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်း၌ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၉ ရုံတည်ဆောက်ထားရာ စက်ရုံ ၁၉ ရုံလုံးသာ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ခဲ့ပါက တစ်နှစ်လျှင် တန်ချိန် ၁၆ ဒသမ ၂၃ သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊၂၀၁၉ နှင့် ၂၀၂၀ နှစ်များ၏ ဘိလပ်မြေလိုအပ်ချက်ကိုအခြေခံ၍ စက်မှုဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေလိုအပ်ချက်မှာ တန်ချိန်ပေါင်း ၉ ဒသမ ၉ သန်းခန့် နှစ်စဉ်လိုအပ်လျက်ရှိနေရာ လတ်တလောတွင်ထုတ်လုပ်နေသည့် ပမာဏမှာလည်း ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။
#YMG/ NN #Yangon-Times
မေလ ၁ရက်ကစပြီး UID ကတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် TBP နဲ့ BP လက်မှတ်ထုတ်ပေးတော့မှာဆိုတော့ ၂၁ရက်နေ့တစ်ရက်ထဲကို မူဆယ်မှာ UID ကတ်လျှောက်ဖို့ စာရင်းပေးသူ ၇၀၀၀ ရှိတယ်။ လူအရမ်းများတော့ မူးလဲတာတွေ ထိခိုက်ဒဏ်ရာရတာတွေပါဖြစ်တယ်။ မူဆယ်မှာက အခုစာရင်းအရဆိုရင် ၇လပိုင်းလောက်အထိ စာရင်းပြည့်နေပြီ ဒါကြောင့်အခြားမြို့နယ်တွေက သူတွေအနေနဲ့ တရုတ်နယ်စပ်ကို ဝင်မယ်ဆိုရင် မိမိဒေသကလဝကရုံးမှာ UID ကတ် တစ်ခါတည်းလုပ်ပြီးမှ လာရင်ပိုအဆင်ပြေပါမယ်။
#Local_News
Published_ 23 April 2024
#စမတ်ကတ်လျှောက်ထား #ယာယီနယ်စပ်ဖြတ်သန်းခွင့်
#YMG/LW #Yangon_Times
Page 819 of 2058