၂၈ နိုဝင်ဘာ ၂၀၂၃
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်ရဲ့မြေပြင်တပ်တွေဟာ တရုတ်-မြန်မာနယ်စပ်တလျောက်မှာ နိုဝင်ဘာ ၂၅ရက်မှ ၂၇ ရက်အထိ တကယ့်စစ်မြေပြင်လက်တွေ့လေ့ကျင့်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
Source CCTV+
လက်မှုပညာတတ် တိုင်းရင်းသားများပြည်ပတွင် ရွေ့ပြောင်းလုပ်သားများဖြစ်နေ၍ လုပ်သားရှားပါးမှု ပြဿနာရှိလာနိုင်
"အရင်က လက်မှုပညာသင်ပေးထားတဲ့ တိုင်းရင်းသားလူငယ်တွေကလည်း ပြည်ပမှာလုပ်ခလစာ မြင့်စွာ အလုပ်လုပ်နေပြီဖြစ်တဲ့အတွက် ပြည်တွင်းကိုပြန်လာပြီး လစာနည်းနည်းပြန်လုပ်တော့မှာ မဟုတ်လို့ နောင်တစ်ချိန်မှာလုပ်သားရှားပါးမှု ပြဿနာတွေ ရင်ဆိုင်ရနိုင်ခြေရှိတယ်" မြန်မာနိုင်ငံလက်မှုအနုပညာအသင်း ဥက္ကဌ ဦးသာဓု
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
၂၀၂၃ -၂၀၂၄ ကြံကြိတ်ခွဲရာသီအတွင်း ဗီယက်နမ်သို့ မြန်မာ့သကြားဖြူ တန်ချိန်တစ်သိန်းဝန်းကျင်နဲ့ အဓိကတင်ပို့သွားမယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
မူဆယ် ၁၀၅မိုင်အနီးရှိ ဒေသခံပြည်သူများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ လူမှုကူညီရေးအသင်းတွေ စီစဉ်ဆောင်ရွက်နေဟုဆို
မူဆယ် ၁၀၅မိုင်အနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့နဲ့ နေထိုင်နိုင်ဖို့အတွက် မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းတွေက ကြိုတင်စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
Yangon_Times/
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်တွင် အဖြစ်များနေသည့် အသက်ရူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုနှင့် နမိုးရီးယားအဆုတ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်ရန်လို
"အေးတဲ့အချိန်တွေမှာ ကလေးငယ်တွေ အအေးပတ်တာ၊ ချောင်းဆိုး၊ ဖျားနာတာတွေ အဖြစ်များလေ့ရှိပြီး ဆောင်းတုပ်ကွေးနဲ့ နမိုးရီးယား အဆုတ်ရောင် ရောဂါတွေဖြစ်ပွားတတ်လို့ မဖြစ်ပွားအောင်ကာကွယ်ဖို့လိုတယ်"
ဝေဘာဂီဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထား
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published-28-November-2023
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့အနီး ရှိ ဧရာဝတီမြစ်အတွင်း (၁၇)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ရာ ယနေ့ နိုဝင်ဘာ (၂၈)နံနက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)ထံကသိရသည်။
အဆိုပါ ရေနစ်သည့်လူငယ်မှာ နိုဝင်ဘာ (၂၇)ရက် မွန်လွှဲပိုင်းအချိန်က ဧရာဝတီ မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"" မနေ့က ညနေကတည်းက ရေငုတ်ရှာဖွေရေး လုပ်ငန်းတွေစလုပ်တယ် ညပိုင်းအထိရှာတာမတွေ့ဘူး အခုမနက် ဆက်ပြီးရှာတော့ မှ တွေ့တယ်""ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (လက်ပန်လှ)မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ရေနစ်ပျောက်ဆုံးသူ အလောင်းကို ယမန်နေ့က ညနေ(၄)နာရီ အချိန်ခန့်ကစတင်ရှာဖွေခဲ့သော်လည်း ရေအနက်ပေ(၈၀)ခန့်ရှိခြင်း၊ ရေအောက်တွင် သဲကျင်းများ၊ဂလိုင်များ ရှိနေခြင်းတို့ကြောင့် ညအချိန်အထိ ကြိုးစားရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ ယနေ့ နံနက်ပိုင်းမှသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group

Published 28 November 2023
လာမည့် ၂၀၂၄ ခုနှစ် အတွက် တောင်ကိုရီးယား နိုင်ငံ မှ မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမား ၁၆၀၀၀၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း ကိုရီယားသတင်းဌာန များ၏ ဖေါ်ပြချက်အရ သိရသည်။
နိုင်ငံခြားသား လုပ်သား ၁၆၅၀၀၀ ဦး ခေါ်ဆိုသွားရန်အတွက် နိုဝင်ဘာ ၂၇ ရက်မှာ ကျင်းပသည့် ၄၀ ကြိမ်မြောက် နိုင်ငံခြားသား လုပ်သား မူဝါဒဆိုင်ရာအဖွဲ့ အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ခေါ်ယူမည့် လုပ်ငန်းများနှင့်လုပ်သားဦးရေ အရ ကုန်ထုတ်လုပ်ငန်းအတွက် ၉၅၀၀၀ ဦး၊စိုက်၊ ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းအတွက် ၁၆၀၀၀ ဦး၊ရေလုပ်ငန်းအတွက် ၁၀၀၀၀ ဦး၊ဆောက်လုပ်ရေးအတွက် ၆၀၀၀၀ ဦး၊သင်္ဘော လုပ်ငန်းအတွက် ၅၀၀၀ ဦး၊ ဝန်ဆောင်မှု လုပ်ငန်းအတွက် ၁၃၀၀၀ ဦးနှင့်အခြား လုပ်ငန်းများ အတွက် ၂၀၀၀၀ ဦးဖြစ်ကြောင်း သတင်းများတွင်ဖော်ပြထားသည်။
ယခင်နှစ်များ က တောင်ကိုရီးယား အနေဖြင့် နိုင်ငံ ခြားသား အလုပ်သမား ခေါ်ယူရာတွင် တစ်နှစ် အတွင် လုပ်သားဦးရေ တစ်သိန်း ၀န်းကျင်သာ လျာထားခဲ့ကာ လာမည့် ၂၀၂၄ ခုနှစ် အတွက် ခေါ်ယူမှု လျာ ထားချက် မှာတော့ ယခင်နှစ်တွေ ထက် များလာကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာအလုပ်သမားများ ကို တစ်နှစ်လျှင် လုပ်သား ၅၀၀၀ နီးပါးခေါ်ယူလေ့ရှိပြီး ယခု၂၀၂၃ ခုနှစ်မှာတော့ ၈၀၀၀နီးပါးအထိခေါ်ယူမူရှိခဲ့ကြောင်း ထုတ်ပြန်ချက် များ အရ သိရသည်။
Yangon_Times/LW
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
Published 28 November 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ်များခေါင်းဆောင်နှင့်အဖွဲ့ ရန်ကုန်မြို့ ၏အထင် ကရနေရာများကို လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ သီလဝါ ဆိပ် ကမ်းသို့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ ကျင့် ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ် ၃ စင်း ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ယင်းသင်္ဘောများမှာ ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့ဖြစ်ပြီး အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် လိုက်ပါလာကြကြောင်း သိရသည်။
ယင်းတို့အနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထား သည်။
စစ်ရေယာဉ်များဖြင့် လိုက်ပါလာကြသော Senior Captain Sun Bo ဦးစီး၍ အရာရှိ၊စစ်သည်စုစုပေါင်း ၇၀၀ ဦးခန့် ကို တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံ ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာ သာအသင်းတို့မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group

28 November 2023
စားအုန်းဆီဈေးအနည်းငယ်တက်နေပြီး ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးပင် တစ်ပိဿာကျပ် ၅၀၀၀ရှိလာပြီဖြစ်ကြောင်း စားသုံးရေးရာဦးစီးဌာနမှသိရသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅,၀၀၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာ ထားသည်ဟုဆို သည်။
အောက်တိုဘာလ၁၆ရက်က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီ တစ်ပိဿ၄၂၇၅ကျပ်သာရှိခဲ့ရာမှ ယခုနိုဝင်ဘာလ၂၈ရက်ရောက်ချိန်တွင် စားအုန်းဆီတစ်ပိဿ ၅၀၀၀ကျပ်အထိ တက်လာခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီများကို ယခုသတ်မှတ်ထားသည့်ရည်ညွှ်န်းဈေးနှုန်းအတိုင်းရောင်းချရမည်ဖြစ်ပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှအသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group
#World_Science
Published 28 November 2023
အာကာသမှာ တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်လာတဲ့ အမျိုးသား အာကာသယာဥ်မှူးတွေမှာ ကျားအင်္ဂါထောင်မတ်ခြင်း ပြဿနာများ ကြုံတွေ့ရနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ ပြောကြားလိုက်ပါတယ်။
ထိုပြဿနာ ဖြစ်နိုင်ခြေက အာကာသထဲမှာ ရှိနေစဥ်သာမကဘဲ ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် အချိန်အတော်ကြာတဲ့အထိ ဆက်လက်ခံစားနေရနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
အာကာသထဲရှိစဥ် ဂလက်တစ်ကော့စ်မစ်ရောင်ခြည် (GCR)စွမ်းအင်မှုန်များ ပမာဏမြင့်မားစွာ ထိတွေ့ခဲ့ကြပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတာ ဖြစ်ပါတယ်။
GCR ရောင်ခြည်တွေရဲ့ သက်ရောက်မှုက တာရှည်ပေမယ့် တစ်ရှူးတွေထဲက နိုက်ထရစ်အောက်ဆိုဒ်နဲ့ ရီဒေါက်စ်လမ်းကြောင်းတို့ကို ပစ်မှတ်ထားကုသခြင်းဖြင့် ကုသနိုင်ဖွယ်ရှိတယ်လို့ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ အာရုံကြောလမ်းကြောင်း ဆရာဝန် ဂျက်စတင်လာဖေဗာက ဆိုလိုက်ပါတယ်။
အာကာသယာဥ်မှူးတွေ အနာဂတ်မှာ အာကာသခရီးစဥ်ကနေ ပြန်လာတဲ့အခါ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်သင့်တယ်လို့ ဆိုပါတယ်။
လက်ရှိ အာကာသယာဥ်တွေဟာ GCR ရောင်ခြည်ကို မကာကွယ်ပေးနိုင်ဘဲ ဖြစ်နေပါတယ်။
GCR ရောင်ခြည်ထိတွေ့ခြင်းရဲ့ နောက်ဆက်တွဲတွေကို ဆေးကုသနည်းလမ်းများဖြင့် လျှော့ချနိုင်ဖွယ်ရှိပေမယ့် နောက်ထပ်သုတေသနတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
ဂလက်တစ်ကော့စ်မစ်ရောင်ခြည် သက်ရောက်မှုကြောင့်ဖြစ်တဲ့ ကျားအင်္ဂါ မထောင်မတ်ခြင်းပြဿနာကို ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျိုးမျိုးဖြင့် ကုသနိုင်တယ်လို့ သုတေသနမှာ ဖော်ပြထားပါတယ်။
#World_Science #အာကာသယာဥ်မှူးအမျိုးသား #ကျားအင်္ဂါမစွမ်းသန်ပြဿနာဖြစ်နိုင်ခြေများ #Source: WION
Published 28 November 2023
အစ္စရေးလ်နဲ့ ဟားမတ်စစ်သွေးကြွများ ဂါဇာကမ်းမြောင်မှာ ယာယီငြိမ်းချမ်းရေး ရယူထားတာဟာ အင်္ဂါနေ့ဆိုရင် ငါးရက်မြောက် ရှိလာပြီဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအရ အစ္စရေးလ်ဓားစာခံများနဲ့ ဖမ်းဆီးခံ ပါလက်စ်တိုင်းလူမျိုးများ လွှတ်ပေးရေးကို နှစ်ဖက်စလုံးမှ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြကာ နောက်ထပ်ပိုမို လွှတ်ပေးဦးမယ့်သဘော ရှိနေပါတယ်။
ဂါဇာကမ်းမြောင်မှ အစ္စရေးလ်ဓားစာခံ ၁၁ ဦး အစ္စရေးလ်သို့ ပြန်ရောက်သွားပြီလို့ အစ္စရေးလ်တို့က တနင်္လာနေ့က ပြောကြားခဲ့ကာ ၄ ရက်တာ ငြိမ်းချမ်းရေးကာလအတွင်း အစ္စလာမ် ပါလက်စ်တိုင်း ဟားမတ်စ်စစ်သွေးကြွတွေ လွှတ်ပေးခဲ့ရာမှာ အစ္စရေးလ်လူမျိုးနဲ့ နိုင်ငံခြားသားဓားစာခံ ၆၉ ဦး ရှိလာပြီဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့ဟာ အစ္စရေးလ်တောင်ပိုင်းသို့ ကျူးကျော်ပြီး လူပေါင်း ၁,၂၀၀ ကိုသတ်ဖြတ်ခဲ့ကာ အယောက် ၂၄၀ ကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အစ္စရေးလ်တို့က လက်တုန့်ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ကို တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးလ်နိုင်ငံ အိုဖာအကျဥ်းထောင်နဲ့ ဂျေရုဆလင်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုကနေ ပါလက်စ်တိုင်းအကျဥ်းသား ၃၃ ဦးကို တနင်္လာနေ့က လွှတ်ပေးခဲ့ကာ ပါလက်စ်တိုင်းလူမျိုး ၁၅၀ ခန့် ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ပါလက်စ်တိုင်း အကျဥ်းသားတွေ ပြန်လွှတ်မှာကို အိုဖာအကျဥ်းထောင် အပြင်ဘက်မှာ စုရုံးစောင့်ဆိုင်းနေကြတဲ့ ပါလက်စ်တိုင်း ဒါဇင်ခန့်နဲ့ အစ္စရေးလ်တပ်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။
ထိုနေရာမှာ ပါလက်စ်တိုင်းတစ်ဦး သေဆုံးခဲ့ပြီး ပါလက်စ်တိုင်းမီဒီယာတစ်ခုမှ ဖော်ပြချက်အရ သေနတ်ဖြင့် ပစ်သတ်ခံရတယ်လို့ ဆိုပါတယ်။
ကာတာနိုင်ငံနဲ့အတူ အီဂျစ်က ထိုနှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းခဲ့ရာမှာ တနင်္လာနေ့မှာ သတ်မှတ်ရက်ကုန်ဆုံးမယ့် အပစ်အခတ်ရပ်စဲရေး မူလ ၄ ရက်ကို ၂ ရက်ထပ်တိုးရန် သဘောတူညီမှု ရခဲ့တယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့မှာ လွှတ်ပေးသွားဖို့ စီစဥ်ထားတဲ့ ဓားစာခံစာရင်းကို အစ္စရေးလ်အစိုးရ လက်ခံရရှိထားတယ်လို့ သိရပါတယ်။
Source: Reuters
#World_News
#အစ္စရေးလ်ဓားစာခံများ #ပါလက်စ်တိုင်းအကျဥ်းသားများ #ထပ်မံလွှတ်ပေးသွားဖွယ်ရှိ
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#World_Health
Published 28 November 2023
ခရမ်းချဥ်သီးဟာ ဗိုက်တာမင် အေ၊ စီ၊ ကေနဲ့ ပိုတက်ဆီယမ်တို့ ကြွယ်ဝပြီး ကျန်းမာရေး အကျိုးကျေးဇူးဖြစ်စေတဲ့ လိုင်ကိုပင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ပါဝင်နေပါတယ်။
ခရမ်းချဥ်သီးကို ဖျော်ရည်အဖြစ် သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ခရမ်းချဥ်သီးတွေမှာ ဗိုက်တာမင် အေ၊ စီ၊ အီး၊ ကေအပြင် ပိုတက်ဆီယမ်နဲ့ ကယ်လ်စီယမ်တို့လို အရေးကြီးသတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။
(၂) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်တဲ့ လိုင်ကိုပင်းနဲ့ ဘီတာကယ်ရိုတင်းတို့က ရောဂါခုခံအားစနစ်ကို မြှင့်တင်ပေးကာ ရောဂါကူးစက်မှုများကို ကာကွယ်ပေးပါတယ်။
(၃) မကောင်းတဲ့ LDL ကိုလက်စ်ထရောလ် လျှော့ချခြင်း၊ သွေးပေါင်ချိန် ချပေးခြင်းတို့ကို အထောက်အကူ ဖြစ်စေကာ နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေပါတယ်။
(၄) ခရမ်းချဥ်သီးဖျော်ရည်က ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အစာခြေခြင်းကို ကူညီပေးပါတယ်။
(၅) လိုင်ကိုပင်းဓာတ်က ဆီးကျိတ်၊ ရင်သား၊ အဆုတ်၊ အစာအိမ် ကင်ဆာအမျိုးမျိုးဖြစ်ခြင်းဖြင့် ကာကွယ်ပေးပါတယ်။
(၆) ခရမ်းချဥ်သီးဖျော်ရည်မှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ရေဓာတ်ကိုထိန်းသိမ်းပေးပါတယ်။
(၇) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို လျှော့ချပေးကာ အရေပြားကို ကျန်းမာနုပျိုစေပါတယ်။
(၈) ဗိုက်တာမင်အေက အမြင်အာရုံကို ထောက်ပံ့ပေးကာ မျက်လုံးရောဂါပြဿနာများကို ကာကွယ်ပေးပါတယ်။
(၉) အသည်းမှ အဆိပ်စစ်ထုတ်ခြင်းကို ပြုလုပ်ပေးတဲ့ ဒြပ်ပေါင်းများပါဝင်ပြီး အန္တရာယ်ပြု အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးပါတယ်။
(၁၀) အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေခြင်းကို ကူညီပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကာ အစာခြေလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူ ပေးပါတယ်။
ခရမ်းချဥ်သီးကို ဖျော်ရည်အဖြစ် သောက်သုံးနိုင်သလို ဟင်းပွဲများ၊ ဆော့စ်များမှာလည်း အသုံးပြုကြပါတယ်။
#World_Health #ခရမ်းချဥ်သီးဖျော်ရည် #ကျန်းမာရေးအကျိုးကျေးဇူးများ #Source: DoctorNDTV
Page 820 of 1858