ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ(၃၂) ကြိမ်မြောက်ရွှေပညာဒါန(အခမဲ့)သင်တန်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၁၃)
ကို မေလအတွင်း ဖွင့်လှစ်သွားမယ်လို့ ယင်းအသင်းက သိရပါတယ်။
#Local_News
Published_ 24 April 2024
#ရွှေပညာဒါန(အခမဲ့)သင်တန်း #ငွေကြေးခဝါချမှု
#YMG/ NN #Yangon-Times
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြာရှည်အထားခံတဲ့ အရည်အသွေးကောင်းတဲ့ ခရမ်းချဉ်သီးတွေသာ တစ်ပိဿာကို ကျပ် ၁၀၀၀ ကျော်ရရှိပေမယ့် အခြားအရည်သွေးသိပ်မကောင်းတဲ့ ခရမ်းချဉ်သီးတွေကတော့ ဈေးရရှိမှုအလွန်နည်းသေးတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
#Local_News
Published_ 24 April 2024
#ခရမ်းချဉ်စိုက်တောင်သူ #အောင်ပန်းရှိကုန်စိမ်းပွဲရုံ
#YMG/LW #Yangon_Times
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)တွင် ကိုရီးယား EPS-TOPIK အတန်းကို ယခုလ ဧပြီ (၂၉) ရက်ကစတင်ပြီး လျှောက်ထားနိုင်ပြီလို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သိရပါတယ်။
#Local_News
Published_ 24 April 2024
#EPS_Topikအတန်းများ #ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
#YMG/ NN #Yangon_Times
#Local_News
Publicshed 24 April 2024
▪️ ပြည်ပနိုင်ငံများသို့ တစ်နှစ်တာအတွင်း ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်းပေါင်း ၁၄,၆၀၀ ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။
▪️ ၂ဝ၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂ဝ၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ တစ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄,၆၁၈ ဒသမ ၄၅၉ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့ရာတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန် ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်များတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပြည်ပမှတင်သွင်းခဲ့သောပစ္စည်းများမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်းနှင့် CMP တို့ကိုလည်း တင်သွင်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon-Times
ရေခဲတောင်တွေက ဇွန်လနဲ့ဇူလိုင်လအထိရှိနေဦးမှာဖြစ်တယ်။ ရေခဲတောင်ခရီးသွားရာသီမကုန်သေးလို့ ရေခဲတောင်တွေကို သွားချင်တဲ့သူတွေ ကျန်ရှိနေသေးပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သွားလာတဲ့သူတွေနည်းပါးနေတယ်။
(ပူတာအိုဒေသခံခရီးသွားလမ်းညွှန်တစ်ဦး)
#Local_News
Published_ 24 April 2024
#ပူတာအိုရှိရေခဲတောင် #လမ်းပန်းဆက်သွယ်ရေးအခက်အခဲ
#tthl #Yangon_Times
#Local_News
Publicshed 24 April 2024
▪️ အပူရှိန်ပြင်းမှုကြောင့် အဝေးပြေးယာဉ်ပေါ်တွင် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပါကအရေးပေါ်ကူညီစောင့်ရှောက်ရေးအဖွဲ့များ အပါအဝင် အမြန်လမ်းရဲတပ်ဖွဲ့နှင့်လည်းချိတ်ဆက်၍ အရေးပေါ်ကျန်းမာရေးကုသမှုပေးနိုင်သည့် နေရာများသို့ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း အောင်မဂ်လာ အဝေးပြေးယာဉ်လိုင်းများမှ သိရသည်။
▪️ ထို့အပြင် အပူချိန်မြင့်မားချိန်၌ အဝေးပြေး Express ယာဉ် စီးနင်းခရီးသည်များ ကျန်းမာရေး ပြဿနာ မခံစားရစေရေးအတွက် ယာဉ်အတွင်း အပူချိန်ထိန်းညှိဆောင်ရွက်ခြင်း၊ ထမင်းဆိုင်နှင့် ကျန်းမာရေးအပေါ့အပါးအတွက် ရပ်နားမည့်နေရာများသို့ ရပ်နားရာတွင်လည်း မရပ်နားမီကပင် ကားအဲကွန်းများအား ပြင်ပအပူချိန်နှင့် မကွာဟစေရန် အရှိန်လျော့ခြင်းစသည့်ဝန်ဆောင်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ထားကြောင်း သိရသည်။
▪️ လတ်တလောတွင် အပူချိန်မြင့်မားလျက်ရှိရာ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သည့် အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အပြင်ထွက်ပါက အပူဒဏ်ကို ကာကွယ်စေမည့် နေကာမျက်မှန်၊ ဦးထုပ်၊ ထီးတို့ကို ယူဆောင်သွားကြရန် စသည့်အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
၂၄ ဧပြီ ၂၀၂၄
တောင်ကိုးရီးယားနိုင်ငံသား ၁၀ ဦးတွင် ၆ ဦးသည် တစ်နှစ်ကို စာအုပ်တစ်အုပ်ထက်ပင် လျော့နည်းပြီး သာ စာဖတ်ရှုနေကြတယ်လို့ တောင်ကိုးရီးယားရဲ့ယဉ်ကျေးမှု၊အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လတ်တလော စစ်တမ်းများအရသိရပါတယ်။
အဆိုပါစစ်တမ်းအရ ၂၀၂၂ခုနှစ် စက်တင်ဘာမှ ၂၀၂၃ ဩဂုတ်လအတွင်း တောင်ကိုရီးယားလူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းသည် စာအုပ်တစ်အုပ်ထက် လျော့နည်းဖတ်ရှုနေကြတယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အလားတူ စစ်တမ်းနှင့်နှိုင်းယှဉ်ကြည့်ရင် ၄.၅ ရာခိုင်နှုန်းထပ်မံကျဆင်းသွားတာဖြစ်ပါတယ်။ ယခုတွေ့ရှိချက်ဟာ ၁၉၉၄ခုနှစ်ကတည်းက အစိုးရက ကောက်ယူတဲ့ စာဖတ်ရှုနှုန်းစစ်တမ်းတွေထဲမှာ ယခုတွေရှိချက်ဟာ ဖတ်ရှုမှုအနည်းဆုံးလို့ သိရပါတယ်။ ၁၉၉၄ခုနှစ်တုန်းက လူဦးရေရဲ့ ၈၆.၈ ရာခိုင်နှုန်းဟာ တစ်နှစ်ကို အနည်းဆုံးစာအုပ်တစ်အုပ်ဖတ်ခဲ့တာဖြစ်ပါတယ်။
ယင်းစစ်တမ်းကို အရွယ်ရောက်ပြီးသူ ၅၀၀၀ နှင့် ကျောင်းသူကျောင်းသား ၂၄၀၀ကနေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
ယခုနောက်ဆုံးကောက်ယူတဲ့စစ်တမ်းအရ တောင်ကိုရီးယားလူဦးရေရဲ့ ၃၂.၃ ရာခိုင်နှုန်းကသာ တစ်နှစ်ကို စာအုပ်တစ်အုပ် အနည်းဆုံးဖတ်ရှုနေတယ်လို့တွေ့ရှိခဲ့ပါတယ်။
စာဖတ်မှု အကျဆုံးအသက်အရွယ်အုပ်စုဟာ အသက် ၆၀နှင့်အထက်တွေဖြစ်ကြပြီး ယမန်နှစ်က စစ်တမ်းမှာ သူတို့ထဲက ၂၃.၈ရာခိုင်နှုန်းဟာ တစ်နှစ်ကိုစာအုပ်တစ်အုပ်အနည်းဆုံးဖတ်ခဲ့ကြရာမှ ယခု နောက်ဆုံးစစ်တမ်းမှာ ၁၅.၇ ရာခိုင်နှုန်းသို့ကျဆင်းသွားပါတယ်။
အသက်ငယ်ရွယ်သူ အသက် ၁၉နှစ်နှင့် ၂၉နှစ်အကြားဟာ စာအုပ်အဖတ်အများဆုံးဖြစ်ကြပြီး အဲဒီအသက်အုပ်စုထဲက ၇၄.၅ ရာခိုင်နှုန်းဟာ တစ်နှစ်ကို စာအုပ်တစ်အုပ်တော့ဖတ်ကြပါတယ်။ အသက် ၃၀ အရွယ်တွေရဲ့ ၆၈ ရာခိုင်နှုန်းနှင့် အသက် ၄၀အရွယ်တွေရဲ့ ၄၇.၉ ရာခိုင်နှုန်းဟာ တစ်နှစ်ကို စာအုပ် တစ်အုပ်ဖတ်ကြပါတယ်။
စစ်တမ်းအရ ဝင်ငွေနည်းတဲ့သူတွေဟာ စာဖတ်ဖို့သိပ်မရှိကြပါဘူး။ တစ်လကို ဝမ်၅သန်း (ဒေါ်လာ ၃၆၀၀) ရရှိသူတွေရဲ့ ၅၄.၇ ရာခိုင်နှုန်းခန့်ဟာ တစ်နှစ်ကိုစာအုပ်တစ်အုပ်လောက်ဖတ်ကြပေမယ့် လစဉ် ဝင်ငွေ ဝမ်နှစ်သန်းနှင့်အောက် ရသူတွေရဲ့ ၉.၈ ရာခိုင်နှုန်းကသာ တစ်နှစ်ကိုစာအုပ်တစ်အုပ်ဖတ်ကြတာ တွေ့ရှိရပါတယ်။ ပျှမ်းမျှအားဖြင့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးဟာ ၂၀၂၂မှာ တစ်နှစ်ကို ဝင်ငွေ ဝမ် ၄၂.၁ သန်းရရှိကြလို့ ပျမ်းမျှအားဖြင့် တစ်လကို ဝမ်၃.၆သန်းရရှိနေတာဖြစ်ပါတယ်။
ပျှမ်းမျှအားဖြင့်တော့ တောင်ကိုရီးယားတစ်ဦးဟာ တစ်နှစ်ကို စာအုပ် ၃.၉ အုပ်ဖတ်ကြတယ်လို့ လတ်တလောစစ်တမ်းအရသိရပြီး ဒါဟာ ၂၀၂၁ခုနှင့်ယှဉ်ရင် ၀.၆ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေဟာ တစ်နှစ်ကို စက္ကူစာအုပ်တစ်အုပ်နှင့် အီးလက်ထရွန်းနစ်စာအုပ် (အီးဘွတ်ခ်) ၁.၂ အုပ် ပျှမ်းမျှအားဖြင့် ဝယ်ယူနေကြပါတယ်။ အလုပ်ရက်တွေမှာ တစ်ရက်ကို ၁၈.၅ မိနစ် စာဖတ်ကြပြီး ရုံးပိတ်ရက် စနေ၊တနင်္ဂနွေတွေမှာတော့ ၂၅ မိနစ်ဖတ်နေကြပါတယ်။
ဘာကြောင့်စာမဖတ်ဖြစ်ကြရသလဲလို့စစ်တမ်းကောက်တဲ့အခါ ၂၄.၄ ရာခိုင်နှုန်းက အလုပ်လုပ်နေရလို့ စာဖတ်ဖို့အချိန်မရှိပါလို့ဖြေကြပြီး ၂၃.၄ ရာခိုင်နှုန်းက စမတ်ဖုန်းတွေနှင့် အခြား မီဒီယာတွေသုံးနေလို့ လို့ ဖြေကြပါတယ်။ ၁၁. ၃ ရာခိုင်နှုန်းကတော့ “စာဖတ်ဝါသနာမပါလို့” လို့ဖြေကြပါတယ်။
အရွယ်ရောက်သူတွေနှင့် မတူခြားနားစွာ ကျောင်းသူကျောင်းသားတွေရဲ့ ၉၀ရာခိုင်နှုန်းကျော်ကတော့ တစ်နှစ်ကို စာအုပ်တစ်အုပ်အနည်းဆုံးဖတ်နေကြပြီး အဲဒီရာခိုင်နှုန်းဟာ နှစ်အလိုက်အပြောင်းအလဲ သိပ်မရှိဘဲ ငြိမ်နေပါတယ်။’
ပျှမ်းမျှအားဖြင့် တောင်ကိုရီးယားကျောင်းသူကျောင်းသားတွေဟာ တစ်နှစ်ကို စာအုပ် ၃၆အုပ်ခန့်ဖတ် နေကြပြီး ၂၀၂၁ ရာခိုင်နှုန်းထက် ၁.၆ ရာခိုင်နှုန်းတက်လာပါတယ်။ သူတို့ဟာ တနင်္လာမှသောကြအထိ တစ်ရက်ကို ၈၂.၆ မိနစ်ခန့် စာဖတ်နေကြပါတယ်။စနေနှင့်တနင်္ဂနွေတွေမှာ တစ်ရက်ကို ၈၉ မိနစ်ဖတ်ရှုနေကြကြောင်း စစ်တမ်းအရသိရပါတယ်။ကျောင်းသူကျောင်းသားတွေဖတ်တဲ့စာအုပ်စာရင်း ထဲမှာ ပြဋ္ဌာန်းစာအုပ်တွေနှင့် လေ့လာသင်ယူရတဲ့ မဂ္ဂဇင်းတွေ၊ကာတွန်းတွေနှင့် အခြားစာအုပ်တွေ ကိုထည့်သွင်းတွက်ချက်မထားကြောင်း သတင်းမှာဖော်ပြထားပါတယ်။
Source: The Korea Herald
#Local_News
Published 24 April 2024
▪️ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီဘုရား ၁၇ ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များတပ်ဆင်ပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ၏ သတင်းများအရ သိရသည်။
▪️ Pagoda Digital Directory များ တပ်ဆင်ဆောင်ရွက်ပေးခြင်းဖြင့် အဆိုပါစေတီဘုရားများ၏ သမိုင်းအချက်အလက်များ၊ စေတီဘုရားများနှင့်ပတ်သက်သည့် အကြောင်းအရာများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း လေ့လာကြည်ညိုနိုင်စေရန်၊ ဘုရားဖူးလာရောက်မှု တိုးမြှင့်လာစေရန်၊ နိုင်ငံတကာဘုရားဖူးခရီးသွားများကို ဆွဲဆောင်နိုင်စေရန်နှင့် နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စေတီ ဘုရား ၁၇ ဆူမှာ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးဘုရား၊ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ ရွှေကျီးမြင်စေတီတော်၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ် အောင်တော်မူစေတီတော်၊ ကျောက်ဆည်မြို့နယ်ရှိ ရွှေသိမ်တော်ဘုရား၊ ပြင်ဦးလွင်မြို့နယ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားတို့အပြင် ညောင်ဦးခရိုင်အတွင်းရှိ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ တုရင်တောင်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ မနူဟာဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ဓမ္မရာဇကဘုရားတိုတွင် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 24 April 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။
▪️ ဧပြီ (၂၄)ရက်၊ နံနက် (၁)နာရီ (၅၇)မိနစ်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
▪️ မီးလောင်ချိန် မှာ နံနက်အစော ပိုင်း ဖြစ်သဖြင့် မီးငြှိမ်းသတ်ရာတွင် အဆင်ပြေစေရန်အတွက်"မဏီစလ"လူမှုကူညီရေးအသင်း(မန္တလေး)မှလည်း မီးအလင်းရောင် ရရှိရေး အရေးပေါ်ကယ်ဆယ်ရေးယာဉ် (Lighting)ဖြင့် ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် နံနက် (၂)နာရီ (၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ မီးလောင်သည့် အကြောင်းရာ နှင့်ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာကစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG/LW #Yangon_Times
၂၄ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ကမ်ပအန်ခရိုင်က ငှားနေတဲ့အိမ်တစ်အိမ်မှာ ဧပြီ ၂၃ရက် အင်္ဂါနေ့က မြန်မာ အမျိုးသားတစ်ယောက် ဇနီးနှင့် သားငယ်ကို သတ်ပစ်ပြီး သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တယ်လို့ ထိုင်း ပြည်တွင်းမီဒီယာတွေမှာ သတင်းရေးသားကြပါတယ်။
အဲဒီမြန်မာအမျိုးသားဟာ ဇနီးဖြစ်သူကို ဓားနှင့်ထိုးသတ်ပြီးနောက် သားကို ကြိုးဆွဲချသတ်ကာ နောက်ဆုံး မိမိကိုယ်မိမိကြိုးဆွဲချ အဆုံးစီရင်ခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။
ချင်းမိုင်က အဆိုပါ တစ်ထပ်အိမ်အတွင်းမှာ သေဆုံးနေတဲ့ မိသားစုဝင်(၃)ဦးရဲ့ အလောင်းတွေကို ယမန် နေ့ ဧပြီ ၂၃ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အသက်၂၉နှစ်အရွယ်ရှိမြန်မာအမျိုးသမီး နန်းအုန်းရဲ့အလောင်းကို လည်ပင်းပြတ်ရှဒဏ်ရာနှင့်အတူ သူမရဲ့အိပ်ရပေါ်မှာသေဆုံးနေတာတွေ့ကြရပါတယ်။ ခင်ပွန်းဖြစ်သူ အသက် ၃၈နှစ်အရွယ် စံသူအေး ကို တော့ အိပ်ခန်းတံခါးမှာ ကြိုးဆွဲချသေဆုံးနေတာတွေ့ရပြီး အသက် ၉နှစ်အရွယ် သားငယ် သန်နာပွန်ကို လည်း အခြားအိပ်ခန်းတစ်ခုက တံခါးမှာ ကြိုးဆွဲချသေဆုံးနေတာတွေ့ခဲ့ကြရပါတယ်။
အလောင်းတွေရှာမတွေ့ခင် (၈)နာရီနှင့် (၁၂)နာရီအကြားမှာ သူတို့သေဆုံးခဲ့တာဖြစ်မယ်လို့ ထိုင်းရဲက သတင်းပေးပို့ပါတယ်။မိသားစုဝင်တွေရဲ့ တန်ဖိုးရှိတဲ့အရာတွေဟာ မပျက်မယွင်းရှိနေပြီး တံခါးတွေကို လည်း အတွင်းက သော့ချထားတာကြောင့် စံသူအေးဟာ လူသတ်မှုနှင့်ကိုယ့်ကိုကိုယ်သတ်သေမှုတွေ ကျူးလွန်ခဲ့တာဖြစ်မယ်လို့ ရဲအရာရှိတွေက ယုံကြည်ထားကြပါတယ်။
နန်းအုန်းရဲ့ အလုပ်ရှင် အသက် ၃၈နှစ်အရွယ် ထိုင်းအမျိုးသမီး ပရင်ဒါ မန်နိုခမ်က သေဆုံးနေတဲ့သူတို့ကို ပထမဆုံးစတွေ့တာဖြစ်ပြီး သူမက ဆန်ကမ်ပအန်ရဲဌာနကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
နန်းအုံးဟာ သူမရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေပြီး အခင်းဖြစ်တဲ့နေ့က အလုပ်မလာဘူးလို့ ဆိုင်ရှင် ပရင်ဒါကပြောပါတယ်။အဲဒါကြောင့် ပရင်ဒါက သူ့အလုပ်သမားတွေကို နန်းအုန်းအိမ်သွားကြည့်ခိုင်းခဲ့ပါ တယ်။
အလုပ်သမားတွေက သူတို့ရဲ့အလုပ်ဖော်ဖြစ်တဲ့နန်းအုန်းက အပြင်ကနေ အော်ပြီးဆက်သွယ်ပါတယ်။ ဒါပေမယ့် အတွင်းက ဘာမှမတုန့်ပြန်လို့ ပရင်ဒါက စိတ်ပူပူနှင့် အကြောင်းကြားခဲ့ပါတယ်။ အဲဒါကြောင့်ပရင်ဒါကိုယ်တိုင်လိုက်လာပြီး အိမ်နောက်ဖက်တံခါးပေါက်ကနေ အတင်းဝင်ကြည့်တဲ့အခါ ကြောက်မက်စရာမြင်ကွင်းတွေကိုတွေ့လိုက်ရခြင်းဖြစ်ပါတယ်လို့သတင်းကရေးသားပါတယ်။
နန်းအုန်းကို အိမ်ငှားပေးခဲ့တာဖြစ်တယ်လို့ ပရင်ဒါကပြောပါတယ်။ ဒါပေမယ့် စံသူအေးကတော့ သူမရဲ့ အလုပ်သမားမဟုတ်ဘဲ အခြားစားသောက်ဆိုင်မှာအလုပ်လုပ်နေတာလို့လည်းဆိုပါတယ်။
ယခုလိုကိုယ့်ကိုကိုယ်သတ်သေမှုနှင့်လူသတ်မှုတွေဖြစ်ရတဲ့အကြောင်းရင်းဟာ သဝန်တိုမှုကြောင့်ဖြစ်မယ် လို့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေအရ ယုံကြည်ထားကြပါတယ်။ နန်းအုန်းဟာ နေ့စဉ်နီးပါး လူတစ် ယောက်နှင့် ဖုန်းအကြာကြီးပြောလေ့ရှိတယ်လို့သိရပြီး အဲဒါကြောင့် သူ့ယောကျ်ားဟာ သူ့မိန်းမကို လင်ငယ်ထားနေတယ်လို့ သံသယဖြစ်လာတာဖြစ်ကြောင်း သတင်းကရေးသားပါတယ်။
အရာရှိတွေက မှုခင်းဖြစ်တဲ့နေရာကို စစ်ဆေးနေစဉ်မှာပဲ နန်းအုန်းရဲ့မိုဘိုင်းလ်ဖုန်းကို ဖုန်းတွေ အဆက်မပြတ်ခေါ်နေတာတွေ့ရတယ်လို့ရဲတွေကဖြည့်စွက်ပြောပါတယ်။
Source: Thai Local News outlets




#Local_News
Publicshed 24 April 2024
▪️ ဒလမြို့နယ်၌ ဇုန် (၁၀) ရေပေးဝေရေးစခန်း တည်ဆောက်ရေးစီမံကိန်းကိုဆောင်ရွက်လျှက်ရှိရာ ယင်းဇုန် (၁၀) ရေပေးဝေရေးစခန်းမှ ဒလမြို့နယ်သို့ နေ့စဉ်ရေဂါလန် ၁ ဒသမ ၂ သန်းပေးဝေနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ ဇုန် (၁၀) ရေပေးဝေရေးစခန်းသည် ဒလမြို့နယ်၊ တာကြီးကျေးရွာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ဆောင်ရွက်နေခြင်းဖြစ်သည်။
▪️ လတ်တလောတွင် ဇုန် (၁၀) ရေပေးဝေရေးစခန်း တည်ဆောက်ရေးစီမံကိန်းအတွင်း (ပထမအဆင့်)ရေလှောင်ပမာဏရေဂါလန် ၁ ဒသမ ၅ သန်းဆံ့ ရေစုကန်နှင့် အလျား ၁၇ ဒသမ ၅၇ မီတာ၊ အနံ ၃၀ မီတာ၊ အမြင့် ၁၂ မီတာ အရွယ်အစားရှိ ရေတွန်းစက်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
▪️ ထို့အပြင် တွံတေးမြို့နယ်၊ တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ဒလမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းရှိကြောင်းသိရသည်။
▪️ အဆိုပါ ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းသည် အကျယ် ၁၀ ဒဿမ ၇ ဧကပေါ်၌ ၁၂ လက်မ အဝီစိတွင်း (၄) တွင်း၊ ၁၀ လက်မ အဝီစိတွင်း (၈) တွင်း၊ ၈ လက်မ အဝီစိတွင်း (၁) တွင်းနှင့် ၁၀ လက်မ မိုးရေစုတွင်း (၇) တွင်း၊ စုစုပေါင်းအဝီစိတွင်း(၂၀)တို့မှ ရေဂါလန် (၁) သိန်း ဆံ့ ရေစုကန်သို့ပေးပို့ပြီး ၎င်းမှတစ်ဆင့် ရေတွန်းစက် (၄) လုံးဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန် (၁) သန်းခွဲ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#World_News
Published 24 April 2024
▪️ ပါလက်စ်တိုင်းလိုလားတဲ့ ကျောင်းသားများက ဂါဇာသို့ အစ္စရေးလ်ကျူးကျော်တိုက်ခိုက်တာကို ဆန္ဒပြတဲ့အနေနဲ့ အမေရိကန်တဝှမ်းရှိ တက္ကသိုလ်ကျောင်းဝင်းတွေမှာ တဲထိုးစခန်းများဖြင့် ထပ်မံနေရာချလာကြပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း အရှေ့ ကမ်းရိုးတန်းကောလိပ်တွေမှာ အလားတူ ဆန္ဒပြမှုမျိုးတွေ ပြုလုပ်ခဲ့တဲ့အတွက် အများအပြား ဖမ်းဆီးခံခဲ့ရပါသေးတယ်။
▪️ အစ္စရေးလ်လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ဂျူးလူမျိုးအဖွဲ့ဝင်တွေပါ ပူးပေါင်းပါဝင်လာတဲ့ သပိတ်ပွဲတွေဟာ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် ချက်ခ်စခူမာနေထိုင်တဲ့ ဘရွတ်ကလင်းလမ်းကို ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
▪️ သောကြာနေ့ကတည်းက ကိုလံဘီယာ၊ ယေးလ်၊ နယူးယော့ခ်တက္ကသိုလ်နဲ့ အခြားကျောင်းများမှ ကျောင်းသားရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
▪️ အမေရိကန်ကွန်ဂရက်မှ ရီပတ်ဘလစ်ကန် အထင်ကရအမတ်များ အပါအဝင် ဆန္ဒပြပွဲများကို ဝေဖန်တဲ့သူတွေက ဆန္ဒပြသူအချို့ပြုလုပ်တဲ့ နှောင့်ယှက်မှု၊ ဂျူးမုန်းတီးရေး အမြင်တို့ကို ကိုးကားစွပ်စွဲလိုက်ပါတယ်။
▪️ ACLU အပါအဝင် ပြည်သူ့အခွင့်အရေး ထောက်ခံသူများကတော့ ဖမ်းဆီးမှုတွေ ပြုလုပ်တာနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်အပေါ် စိုးရိမ်ပူပန်မိကြောင်း ပြောကြားလာပါတယ်။
▪️ ယခုနောက်ထပ် စခန်းချကြရာမှာ ဘာ့ခ်ကလီ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ကျောင်းသားများက အခြားကျောင်းများမှ ဆန္ဒပြသူများနဲ့အတူ စည်းစည်းလုံးလုံး တဲထိုးစခန်းချနေကြပါတယ်။
▪️ ကယ်လီဖိုးနီးယားရှိ ကယ်လ်ပိုလီဟမ်းဘော့တ်ကျောင်းဝင်းကတော့ ဆန္ဒပြသူများ ဝင်ရောက်လာကြပြီးနောက် ပိတ်ပစ်လိုက်ပါတယ်။
▪️ မင်နီဆိုတာတက္ကသိုလ်ကတော့ ဆန္ဒပြသူများဟာ တက္ကသိုလ်မူဝါဒနဲ့ နယ်မြေကျူးကျော်မှု ဥပဒေတို့ကို ချိုးဖောက်တယ်ဆိုပြီး ရဲတွေကို အကူအညီတောင်းကာ စခန်းချခြင်းကို ရှင်းလင်းခဲ့ပါတယ်။
▪️ တနင်္လာနေ့နှောင်းပိုင်းမှာ နယူးယော့ခ်တက္ကသိုလ်ကျောင်းဝင်းရှိ ကျောင်းသား ၁၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ယခုနောက်ထပ် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
▪️ တက္ကသိုလ်အာဏာပိုင်တွေက နောက်ဆုံးအချိန်သတ်မှတ်ထားတဲ့အတိုင်း ဆန္ဒပြသူတွေက ဖယ်မပေးတဲ့အတွက် ရဲတွေကို အကူအညီတောင်းရတာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
▪️ ဂျူးလူမျိုးကျောင်းသားတွေကို ဆန္ဒပြသူအချို့က နှောင့်ယှက်နေကြတယ်လို့ ကွန်ဂရက်လွှတ်တော် အဖွဲ့ဝင်များ၊ အိမ်ဖြူတော်အရာရှိများက စွပ်စွဲထားပါတယ်။
▪️ တက္ကသိုလ်တွေနဲ့ ဆက်စပ်မှုမရှိဘဲ ဆန္ဒပြပွဲတွေမှာ ပြဿနာဖြစ်စေတဲ့ လူတွေကို အာဏာပိုင်များ ရှာတွေ့ထားတယ်လို့ နယူးယော့ခ်မြို့တော်ဝန် အဲရစ်အဒမ်စ်က ပြောပြပါတယ်။
▪️ ဂါဇာမှာ စစ်ပွဲဆင်နွှဲနေတဲ့ အစ္စရေးလ်ကို အမေရိကန်မှ လက်နက်ထောက်ပံ့နေတာတွေ ရပ်တန့်ဖို့ ဂျူးအမေရိကန်လူမျိုးဖြစ်တဲ့ အထက်လွှတ်တော် ရွေးချယ်ခံခေါင်းဆောင် စခူမာကို ဆန္ဒပြသူများက တိုက်တွန်းနေကြပါတယ်။


#Source: Reuters
Page 818 of 2058