Published 8 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းတွင် ယာဉ်(၁)စီး မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
မတ်လ ၈ရက် မနက် ၁၁နာရီ ၅၆မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂နာရီခန့်တွင်မီးငြိမ်းခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 08 March 2024
လွန်ခဲ့တဲ့ ၂ နှစ်က ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ အကြောင်းကြောင့် ဆွီဒင်နိုင်ငံဟာ နေတိုး(NATO)အဖွဲ့အစည်းထဲသို့ မတ်လ ၇ ရက်နေ့မှာ တရားဝင်ပူးပေါင်း ဝင်ရောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် အက်လ်ဖ်ခရစ္စတာဆန်က လိုအပ်တဲ့ စာရွက်စာတမ်းများ တင်သွင်းခဲ့ကာ မဟာမိတ်တွေရဲ့ ထောက်ခံမှုရယူတဲ့ လုပ်ငန်းစဉ်တွေ ပြီးမြောက်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ခရစ္စတာဆန်ထံမှ ဆွီဒင်နိုင်ငံ ဝင်ရောက်ပူးပေါင်းလိုတဲ့ စာရွက်စာတမ်းများကို လက်ခံရယူပြီးနောက် စောင့်ဆိုင်းနေသူတွေအတွက် နောက်ဆုံးတော့ လိုချင်တာရခဲ့ပြီဖြစ်ကြောင်း၊ ဆွီဒင်နိုင်ငံအတွက် နေတိုးအဖွဲ့အတွက် အတ္တလန္တိတ်ဖြတ်ကျော်သည့် ဆက်ဆံရေးအတွက် သမိုင်းဝင်အခိုက်အတန့် ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
ရုရှားနဲ့ ၁၃၄၀ ကီလိုမီတာ နယ်စပ်ထိစပ်နေတဲ့ ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ နေတိုးအဖွဲ့ထဲ ဝင်ရောက်လာခြင်းဟာ ဆယ်စုနှစ်များအတွင်း မဟာမိတ်အဖွဲ့ကြီး အသိသာဆုံး တိုးချဲ့မှုတစ်ခုဖြစ်လာပါတယ်။
ဒါ့အပြင် နေတိုးအဖွဲ့ကြီး နောက်ထပ်အင်အား တိုးချဲ့လာမှာကို နှောင့်ယှက်ရန် ကြိုးပမ်းနေတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် သတင်းဆိုးဖြစ်နေပါတယ်။
‘’ဒီကနေ့ဟာ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။ အခုဆိုရင် ဆွီဒင်ဟာ နေတိုးအဖွဲ့ဝင် ဖြစ်လာပါပြီ။ သင့်လျော်တဲ့ အင်အားဖြည့်တင်းမှု ဖြစ်ရတဲ့အကြောင်းအရင်းက နေတိုးရဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ ဥပဒေစည်းမျဉ်းများရဲ့ အဓိကဗဟိုချက်ကဏ္ဍများကို ဆွီဒင်က ကူညီရုပ်လုံးဖော်သွားမှာကြောင့် ဖြစ်ပါတယ်’’ လို့ ဘလင်ကန်က ဆိုပါတယ်။
အခုလိုဝင်ရောက်နိုင်ခြင်းကြောင့် မဟာမိတ်အဖွဲ့ကြီးရဲ့ အတူတကွ ကာကွယ်ရေး အာမခံချက်ကို ရရှိကာ အဖွဲ့ဝင်တစ်ဦးဦးကို တိုက်ခိုက်ပါက အဖွဲ့အစည်းတစ်ခုလုံးကို တိုက်ခိုက်တဲ့သဘော သက်ရောက်နေပါတယ်။
ဆွီဒင်ပါဝင်လာခြင်းက နေတိုးအဖွဲ့ကြီးရဲ့ တိုက်ရေးခိုက်ရေး စွမ်းရည်တွေ ပိုမိုအားကောင်းလာစေမှာဖြစ်ပြီး အတ္တလန္တိတ်နဲ့ ဘော်လ်တိတ်ဒေသတို့ကြား အဓိကချိတ်ဆက်ရေး ဖြစ်လာမှာပါ။
နေတိုးအဖွဲ့ထဲ ဝင်ရောက်ဖို့ ဆွီဒင်ဆုံးဖြတ်ခဲ့တဲ့အပေါ် ရုရှားက နိုင်ငံရေးနဲ့ စစ်နည်းပညာ တန်ပြန်ဆောင်ရွက်မှုများဖြင့် ခြိမ်းခြောက်လိုက်ပါတယ်။
ဆွီဒင်ဟာ ပြီးခဲ့တဲ့ ရာစုနှစ် ၂ ခုလောက်အထိ ကြားနေရေးကို လက်ကိုင်ထားခဲ့ပြီး စစ်ရေးပူးပေါင်းခြင်း မရှိခဲ့ပါဘူး။
၂၀၂၁ မှာ ဆွီဒင်ကာကွယ်ရေးဝန်ကြီးက နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို ငြင်းပယ်ခဲ့ပေမယ့် ဆိုရှယ်လ်ဒီမိုကရက်များ ဦးဆောင်တဲ့ နောက်တက်အစိုးရက ဖင်လန်နဲ့အတူ နေတိုးအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားခဲ့ပါတယ်။
Source: WION
#World_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 8 March 2024
ပုသိမ်မြို့အနီးအင်အား ရစ်ခ်တာစကေး(၄.၃) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပုသိမ်နှင့် ငပုတောတွင် သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။
"၁၀နာရီ၁၈မိနစ် ငလျှင်လှုပ် တော်တော်လေးပြင်းပြင်းပဲ အနောက်ကနေ အရှေ့ဘက်လှုပ်တယ်"ဟု ပုသိမ်ဒေသခံများမှ ဖော်ပြထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၁၇)မိနစ်၊ (၄၅) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၇၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပုသိမ်မြို့၏ အရှေ့မြောက်ဘက် (၁၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၀)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိကြောင်းထုတ်ပြန်ထားသည်။
ငလျင်သည်ခန့်မှန်း၍မရသည့်သဘာဝဘေးအန္တ ရာယ်ဖြစ်ပြီး ပြတ်ရွေ့ကြောပေါ်ရှိ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ပဲခူးစတဲ့ ဒေသများကတော့ ငလျင်အန္တရာယ်ကို အထူးသတိထားဖို့လိုအပ်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦး၏သတိပေးချက်အရသိရသည်။
Yangon Times/tthl
#Local_News
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 8 March 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စုတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရသိရသည်။
ယနေ့ မတ်လ (၈)ရက်၊ နံနက် (၁)နာရီ (၄၀)မိနစ် အချိန်ခန့်က ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စုတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီ (၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှု ကြောင့် နေအိမ် အချို့ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုများကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးတွက်ချက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 08 March 2024
ညဘက်အိပ်မပျော်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အစားအစာတွေရဲ့ ကဏ္ဍတွေလည်း ပါဝင်နေတယ်လို့ ပညာရှင်များက ဆိုပါတယ်။
အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် အနည်းဆုံးတော့ ညအိပ်ချိန်မတိုင်မီ ရှောင်ရှားသင့်တဲ့အရာများကို ဆရာဝန်အချို့က ဖော်ပြခဲ့ကြပါတယ်။
ညစာစားတဲ့အခါ အပူအစပ်များ စားသုံးခြင်းက အစာအိမ်အက်ဆစ် လျှံတက်စေပြီး ဦးနှောက်နိုးကြားနေစေပါတယ်။
ခရမ်းချဥ်သီးပါတဲ့ အစားအစာများ၊ ဆိုဒီယမ်နဲ့ ပြည့်ဝဆီပါဝင်တဲ့ စားစရာများကို အိပ်ရာဝင်ချိန်နဲ့ အနည်းဆုံး ၃ နာရီခွာပြီး စားသုံးသင့်ပါတယ်။
အမဲသားဟမ်ဘာဂါတွေဟာ အစာခြေဖို့ ကြာမြင့်ပြီး အက်ဆစ်လျှံတက်နိုင်တာကြောင့် ညဘက်မှာ သက်သက်လွတ်လို အစားအစာမျိုးသာ ရွေးချယ်သင့်ပါတယ်။
သကြားဓာတ်ပါဝင်မှု မြင့်မားတဲ့ ရေခဲမုန့်လို စားစရာတွေဟာ သွေးတွင်းသကြားဓာတ်ကို အတက်အကျဖြစ်စေပြီး အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။
အိပ်ရာမဝင်ခင်မှာ ကလေးတွေနို့သောက်တာက လက်တို့စ်ဓာတ်ကြောင့် ဖြစ်ပေမယ့် လူကြီးတွေမှာတော့ အက်ဆစ်လျှံတက်ခြင်း ဖြစ်နိုင်ပါတယ်။
အားဖြည့်အချိုရည်တွေ၊ ဗိုက်တာမင်ရည်တွေ၊ အမှုန့်ဖျော်ရည်တွေမှာ ကဖင်းဓာတ် ပါဝင်တတ်တာကိုလည်း သတိပြုရပါမယ်။
ညမအိပ်ခင်မှာ ပူရှိန်းအကြမ်းရည်သောက်သုံးခြင်းက အက်ဆစ်လျှံတက်နိုင်တာကို မသိကြတာများပါတယ်။
အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ဆန်ညို၊ ပဲနီလေး၊ ပေါင်မုန့်ကြမ်း၊ ကြက်သား၊ ငါးတို့က အစာခြေစနစ်အတွက် သင့်လျော်ကာ ပိုမိုအိပ်ကောင်းစေပါတယ်။
ညအိပ်ချိန်နဲ့နီးလေ ပိုမိုလျှော့ချပြီး စားသောက်ရမှာ ဖြစ်ပါတယ်။
Source: New York Post.
#World_Health
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 08 March 2024
အီတလီနိုင်ငံမြောက်ပိုင်း ဆန်ဂျော်ဂျီယိုဘီဂါရယ်လိုမှာ ကြေးနီခေတ်သုဿာန်တစ်ခုကို သုတေသီများ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။
ကမ္ဘာ့မြေမျက်နှာပြင်အောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကျောက်ခေတ်သစ်နဲ့ ကြေးခေတ်ကြား အရေးကြီးတဲ့ အကူးအပြောင်းကာလကို သိရှိနိုင်ကာ ရှေးဟောင်းမြှုပ်နှံခြင်း အလေ့အထတွေနဲ့ လူမှုတည်ဆောက်ပုံများကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
ထိုနေရာမှာ အုတ်ဂူ ၂၂ လုံးနဲ့အတူ လူသားရုပ်ကြွင်းများ၊ လက်နက်များကိုလည်း တွေ့ရှိရကာ ထင်ထားတာထက် ကျယ်ပြန့်နေတာကြောင့် အံ့အားသင့်ကြရပါတယ်။
အတ်ဂူတွေကို တူးဖော်လေ့လာရာမှာ ကြေးနီခေတ် အသုဘပွဲအလေ့အထများကို တွေ့ရှိခဲ့ကြပါတယ်။
ထိုထဲမှာမှ မီးခတ်ကျောက်လက်နက်များ၊ ဓားမြှောင်များ၊ မြှားခေါင်းများ၊ ဓားများကိုလည်း တွေ့ရှိခဲ့ရာ ထိုခေတ်အသိုင်းအဝိုင်းမှာ လက်နက်များနဲ့ မြှုပ်နှံခြင်းတို့ကြား နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေလိမ့်မယ်လို့ ယူဆရပါတယ်။
အုတ်ဂူတွေကို ပြောင်မြောက်စွာ ထိန်းသိမ်းထားတာတွေက ယင်းခေတ်က သုံးခဲ့တဲ့ နည်းပညာတွေကို လေ့လာခွင့်ရစေပါတယ်။
အထင်ရှားဆုံးတစ်ခုက အရိုးငြမ်းအများစုကြား မြှုပ်နှံထားရှိရာ အလေ့အထပဲ ဖြစ်ပါတယ်။
အလောင်းရဲ့ လက်ဝဲဘက်အခြမ်းမှာထားကာ ခြေထောက်တွေကို ရင်ဘတ်သို့ ကွေးထားပြီး ဦးခေါင်းတွေက အနောက်မြောက်ဘက်သို့ လှည့်ထားတဲ့ ပုံစံတွေက ရာမာဒယ်လို ယဥ်ကျေးမှုနဲ့ ဆင်တူတာတွေ ရှိနေပါတယ်။
ရုပ်ကြွင်းတွေကြားမှာ လက်နက်တွေတွေ့ရှိတာက ယဥ်ကျေးမှု၊ စစ်ရေး၊ မြှုပ်နှံခြင်းပွဲတို့ကြား ဆက်စပ်နေပုံကို သိရှိလာစေပါတယ်။
Source: WION.
#World_Archaeology
#Published_ 8 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
တရုတ်ပြည်အစိုးရရဲ့ အကြီးမားဆုံး အဖွဲ့အစည်းယန္တရားဖြစ်တဲ့ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ကွန်ဂရက်(NPC)က ဒုတိယအစည်းအဝေးကို အင်္ဂါနေ့နံနက်ပိုင်းက ပေကျင်းရှိ ပြည်သူ့ခန်းမကြီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ ဗဟိုတပ်မတော်ကော်မရှင် ဥက္ကဌဖြစ်သူ သမ္မတရှီကျင့်ဖင်၊ အခြားသော တရုတ်ခေါင်းဆောင်များနဲ့ အတူ NPC ပုဂ္ဂိုလ်ပေါင်း ၂၈၇၂ ဦးတို့ ဖွင့်ပွဲအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။
#Asia_Politics
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 7 March 2024
၁။ ပြည်ပ ဝယ်လိုအားနည်းလာကာ ကုန်အဝင်နည်းနေသော နှမ်းဈေးကွက် ဈေးတည်ငြိမ်နေဟုဆို
၂။ ရွှေဈေးကစားသူများ၊ ရည်ညွှန်းဈေးထက် ပိုရောင်းသူများကို ထိရောက်စွာ အရေးယူပြီး ထိန်းကျောင်းတော့မည်ဟုဆို
၃။ ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှု နည်းပါး၊ ဆန်ဈေးထပ်မကြီးနိုင်
၄။ (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်၏ ဒုတိယအစည်းအဝေး အင်္ဂါနေ့၌ စတင်ဖွင့်လှစ်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 7 March 2024
နွေရာသီအားလပ်ရက်တွင်ကလေးငယ်များအတွက် ဘာသာစကားလေ့လာမှုအဖြစ် ဂျာမန်ဘာသာ စကားသင်တန်းကိုGoethe-Institut Myanmarမှ ဖွင့်လှစ်ရန်ရှိကြောင်းသိရသည်။
Goethe-Institut Myanmar ကနေ ဖွင့်လှစ်မည့် ကလေးများအတွက်ဂျာမန်စာသင်တန်း A1.1.1 တွင် အသက်အရွယ်ဖြင့်ကိုက်ညီမည့် အတန်းတွင်းပျော်ပျော်ရွှင်ရွှင်စာလိုက်နိုင်မည့် သင်ကြားမှုပုံစံမျိုး ဖြစ်စေဖို့လည်း စီစဉ်ထားသည်ဟုဆိုသည်။
ဂျာမန်စာအခြေခံမရှိသေးသည့်ကလေးများအတွက်လည်း အဆင်ပြေနိုင်မည့်အတန်းမျိုးဖြစ်ပြီး ကျောင်းကိုလာရောက်သင်ယူနိုင်သလို အိမ်ကနေလည်း သင်ယူနိုင်မယ့် Hybrid class အတန်းမျိုးဖြစ်သည်။
အသက်အရွယ်- ၁၁ နှစ်မှ ၁၅ နှစ်အတွင်း၊ သင်တန်း level - A1.1.1၊သင်တန်းကာလ -16.03 - 07.07.2024၊သင်တန်းချိန် - တစ်ပတ်လျှင် နှစ်ကြိမ် (တစ်ကြိမ်လျှင် နှစ်ယူနစ်)၊သင်တန်းရက် - စနေ၊ တနင်္ဂနွေ (မနက် ၉:၀၀ မှ ၁၀:၃၀ ထိ)၊သင်တန်းကြေး - 440,000MMKသတ်မှတ်ထားသည်။
စိတ်ဝင်စားသူများသူများတက်ရောက်နိုင်ပြီး ဖေဖော်ဝါရီလ (၂၇) ရက်နေ့ကနေ မတ်လ (၁၁) ရက်နေ့အတွင်း
ဂျာမနီနိုင်ငံတွင် ပညာတော်သင်သွားလိုသူများ၊ တက္ကသိုလ်သွားတက်လိုသူများအနေဖြင့် ငယ်စဉ်ကတည်းကပင် ဂျာမန်ဘာသာစကားကို သင်ကြား လေ့လာထားသင့်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 7 March 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၆၆x ၆၇)ကြား (၃၆)လမ်း၊ ရေနီမြောင်းဘေးတွင် မီးလောင်မှုဖြစ်ပွားရာ လူတစ်ဦးေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံပရဟိတအသင်းများထံကသိရသည်။
မတ်လ ၇ ရက် မွန်းလွဲ ၁နာရီ ခန့်က လောင်ကျွမ်းခဲ့ ခြင်း ဖြစ်ပြီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ၁၀ မိနစ် ခန့်က မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အဆောက်အဦးလိုင်းခန်းတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရသည့်အပြင် လူတစ်ဦးေ-သဆုံးခဲ့ရကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published-7 March 2024
ရန်ကုန်မြို့ ၌ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ဆေးရုံစာဖြေဌာန (၄)ခု ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
ထိုသို့ဖွင့်လှစ်ရာတွင် ဆေးရုံတတ်ရောက် ကုသနေရသည့် ကျောင်းသားကျောင်းသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဆေးရုံများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် စာစစ်ဌာနဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကျောင်းသာကျောင်းသူများအနေဖြင့်ဆေးလူမှုဆက်ဆံရေးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်တွင် မြန်မာစာ၊ မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃)ရက်တွင် သင်္ချာ၊ မတ်လ (၁၄)ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို (၆) ဘာသာလုံးနားရက်မရှိဆက်တိုက် ဖြေဆိုရမည်ဖြစ်ပြီး မတ်လ(၁၇ ) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေး သိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည် ဖြစ်သည်။
တိုင်းဒေသကြီး၊ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် ၎င်းတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ (၂၇ ) ရက်မှစတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကလည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း ပြောကြားထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 7 March 2024
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ နှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ခြင်း၊ဈေးကစားရန်သိုလှောင်ခြင်းပြုလုပ်လျှင် အများဆုံးထောင်ဒဏ် ၃ နှစ်အထိချနိုင်ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။
အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကိုဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုကြရန် ယမန်နေ့ကသတိပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိရပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီပြစ်မှုကြောင်းအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ သတ်မှတ်ချက်တွင် အရေးကြီးကုန်စည်များနှင့် ပတ်သက်၍အမိန့်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူအားအနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်ပြီးကျပ် ၅ သိန်းထက် မပိုသောငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားကြောင်းသိရသည်။
အထက်ပါ ပစ္စည်းများကိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ဖြင့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီးယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် ၂ တွင် အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 822 of 2004