#Local_News
Published_ 25 April 2024
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန်အတွက် မြို့နယ်အလိုက်သတ်မှတ်မြေဈေးနှုန်းများတွင်ကမာရွတ်မြို့နယ် ပြည်လမ်းရှိ အခွန်နှုန်းထားမှာအမြင့်ဆုံးဖြစ်နေကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ သိရသည်။
▪️ အဆိုပါကဲ့သို့ သတ်မှတ်ရာတွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းရှိမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားကြောင်း သိရသည်။
▪️ ရန်ကုန်-အင်းစိန်လမ်းမ၊ဦးဝိစာရလမ်း၊တက္ကသိုလ်ရိပ်သာလမ်းများတွင် တစ်စတုရန်းပေအတွက် ကျပ် ၄၀၀,၀၀၀ ဖြင့် အများဆုံး သတ်မှတ်ထားသည်။
▪️ သံလွင်လမ်း၌ တစ်စတုရန်းပေအတွက် ကျပ် ၃၅၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားပြီး လှည်းတန်းလမ်း၌တစ်စတုရန်းပေအတွက် ကျပ် ၃၀၀,၀၀၀ ဖြင့်အများဆုံး၊ ဘုရင့်နောင်လမ်း၌တစ်စတုရန်းပေအတွက် ကျပ် ၂၂၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားသည်။
▪️ ထို့အပြင် ရပ်ကွက်အတွင်း လမ်းတွင်လမ်းမကြီးနှင့် လမ်းသွယ်ကွာခြားမှုပေါ်မူတည်၍ ၁၂,၀၀၀ကျပ်မှ ၂၅၀,၀၀၀ကျပ်အထိရှိကြောင်း သိရသည်။
#YMG/ NN #Yangon-Times
#Local_News
Published_ 25 April 2024
▪️ ရှေးဟောင်း CLASSIC မော်တော်ယာဉ်များပြန်လည် မှတ်ပုံတင်ခြင်းများကို ခြောက်လအတွင်းဆောင်ရွက်ပေးနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်အရ သိရသည်။
▪️ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များကို တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ် များအဖြစ် တရားဝင်မှတ်တမ်းတင် ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံ တင်ထားရှိပြီးဖြစ်သော သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် ၁၉၈၀ Model နှင့် ၎င်းမတိုင်မီ ယာဉ်များကို ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံ တင် ဆောင်ရွက်ပေး နေခြင်းဖြစ်သည်။
▪️ ထိုသို့ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာတိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ခြောက်လကာလအတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။
▪️ အဆိုပါ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သောယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ယာဉ်အမှတ်ကို ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးသွားမည် ဖြစ်ကာ ယခင်မှတ်ပုံတင် ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များကို မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်း သိရသည်။
▪️ အသေးစိတ်အချက်အလက်များကို www. motc.gov.mm, www.myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
၂၅ ဧပြီ ၂၀၂၄
ထိုင်းနိုင်ငံ ပတ္တရားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲကပြောပါတယ်။ ချွန်ပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲဌာန ဒုတိယရဲမှူးကြိး ဝီရာချိုင်း သင်ခါမွတ်ဦးဆောင်တဲ့ ရဲတွေကဆွိုင်ခိုဖိုင်းမှာရှိတဲ့ အငှားချထားတဲ့အိမ်တွေကို ယမန်နေ့ ဧပြီ ၂၄ရက်က ဝင်ရောက်စီးနင်းရှာဖွေရာမှာ တရားမဝင်မြန်မာနိုင်ငံသား ၂၁ ဦးဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေက သူတို့ရဲ့အိမ်နီးချင်းမြန်မာတွေ ရဲ့ နှောက်ယှက်တဲ့ အပြုအမူတွေအပေါ် တိုင်တန်း တဲ့အတွက် ယခုလိုစီးနင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
စီးနင်းရှာဖွေမှုများအတွင်းမှာ မြန်မာအမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကိုတွေ့ရှိရပြီး သူတို့အားလုံးဟာ နိုင်ငံကူးလက်မှတ်မပါသူတွေ ဗီဇာမပါသူတွေဖြစ်ကြတယ်လို့သိရပါတယ်။
စီးနင်းခံရတဲ့အိမ်တွေအနီးနေထိုင်တဲ့ ဒေသခံ သီရာပေါင် ချွန်နာဘော့က သူ့အနေနှင့် အဲဒီလူတွေရဲ့ ညလုံးပေါက် ဆူဆူညံညံ အသံတွေကြောင့် စိတ်အနှောက်အယှက်အမြဲဖြစ်နေရတာကနေ အခုသက်သာသွားပြီးလို့ပြောတယ်လို့ သတင်းမှာဖော်ပြထား ပါတယ်။
အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဆမ်ဖိုးချီယာဘလမ်က သူ့အနေနှင့် နိုင်ငံကူးလက်မှတ်နှင့်ဗီဇာကိုင်ထားတဲ့ မြန်မာ အုပ်စုတစ်စုကို အိမ်ငှားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ တစ်လကို အိမ်ခန်းခ ဘတ် ၂၀၀၀နှင့် စပေါ် ဘတ်၁၀၀၀ ယူခဲ့တယ်လို့ ပြောပါတယ်။အိမ်ငှားတွေဟာ မကြာခဏဆိုသလို လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ သူတို့သူငယ်ချင်းတွေကို အိမ်ကို ဖိတ်လေ့ရှိပြီး အိမ်မှနေတတ်ကြတယ်လို့လည်းသူကပြောပါတယ်။သူ့အနေနှင့် တရားမဝင်နေတဲ့သူတွေ ဝင်တာထွက်တာကို စောင့်ကြည့်နိုင်စွမ်းမရှိဘူးလို့ သူကဝန်ခံတဲ့အကြောင်း ပတ္တရား သတင်းဌာနကရေးသားပါတယ်။
အိမ်ပိုင်ရှင်ကိုတော့ နိုင်ငံခြားသားတွေအိမ်အငှားချထားတာကို၂၄နာရီအတွင်းအကြောင်းကြားဖို့ပျက်ကွက်မှုနှင့်ဒဏ်ငွေရိုက်မှာ ဖြစ်ပြီး ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ပတ္တရားရဲဌာနကိုပို့ပေးမှာဖြစ်ပြီး အဲဒီနောက် မြန်မာနိုင်ငံကို ပြန်ပို့ပေး မယ်လို့ ဒုတိယရဲမှူးကြီးကပြောပါတယ်။
@ymg/knl
ဂျပန်မှာပညာသွားသင်တဲ့ မြန်မာလူငယ်တွေအနေနဲ့ အချိန်ပိုင်းအလုပ်တွေနဲ့ပိပြီး စာမေးပွဲတွေ မအောင်မှာစိုးရိမ်တယ်။
ဂျပန်မှာ အလုပ်အတွက်သီးသန့်သွားသူတွေအနေနဲ့ကတော့ အလုပ်ကြိုးစားဖို့လိုအပ်ပြီး အားလပ်ချိန်တွေမှာ ဂျပန်စာကိုသင်ကာ ဂျပန်နိုင်ငံမှာပဲ စာမေးပွဲတွေဝင်ဖြေပြီး မိမိတိုဘဝကိုမြှင့်တင်ဖို့လိုအပ်တယ်။
(New Pathway Institute သင်တန်းကျောင်းမှ ဒေါက်တာမင်းညို)
#Local_News
Published_ 25 April 2024
#ဂျပန်သွားမည့်မြန်မာများ #အချိန်ပိုင်းအလုပ်တွေ
#tthl #Yangon_Times
#World_Health
Published 25 April 2024
▪️ မိုက်ခရိုပလတ်စတစ်တွေက လူသားတွေနဲ့ သတ္တဝါတို့ရဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးလာတာကို စိုးရိမ်နေကြရပါတယ်။
▪️ သေးငယ်တဲ့ ပလတ်စတစ်အမှုန်တွေက လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ ဦးနှောက်ထဲသို့ ရောက်ရှိလာပုံကို မကြာသေးမီက လေ့လာခဲ့ကြပါတယ်။
▪️ သုတေသီများ ဖော်ပြချက်အရ ဝင်ရောက်လာတဲ့ မိုက်ခရိုပလတ်စတစ်အမှုန်တွေဟာ အူလမ်းကြောင်းကနေ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်များသို့ ပျံ့နှံ့သွားကြပါတယ်။
▪️ ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်ပုံကတော့ အရေပြားဖြင့် ထိတွေ့ခြင်း၊ ရှုသွင်းမိခြင်း၊ စားမိခြင်းတို့ဖြင့် ဝင်ရောက်နိုင်ပါတယ်။
▪️ ၅ မီလီမီတာထက် သေးငယ်တာကို ပလတ်စတစ်အမှုန်လို့ခေါ်ပြီး မြေကြီး၊ အစားအစာ၊ ရေတို့မှာ ပါဝင်နေပါတယ်။
ကြွက်တွေနဲ့ စမ်းသပ်ရာမှာ သွေးရည်ကြည်၊ ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ အူမကြီးတစ်ရှူးတို့မှာ မိုက်ခရိုပလတ်စတစ်များ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒါကြောင့် မိုက်ခရိုပလတ်စတစ်တွေဟာ အစာအိမ်အူလမ်းကြောင်းကို ကျော်လွန်ပြီး ဝေးလံတဲ့ အင်္ဂါတွေဆီ ရောက်ရှိသွားတယ်လို့ ယူဆရပါတယ်။
▪️ မိုက်ခရိုပလတ်စတစ်နဲ့ ထိတွေ့တဲ့အခါ အူမကြီး၊ အသည်း၊ ဦးနှောက်တို့မှာ ဇီဝကမ္မဖြစ်စဥ်များ ပြောင်းလဲသွားတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ မိုက်ခရိုပလတ်စတစ်အပြင် ဒီထက်သေးငယ်တဲ့ ပလတ်စတစ်တွေက ဦးနှောက်ထဲကို ရောက်တဲ့အခါ လုပ်ဆောင်ချက်တွေကို နှောင့်ယှက်တဲ့အပြင် ဦးနှောက်ပြဿနာများပါ ဖြစ်လာနိုင်စေပါတယ်။
▪️ အယ်လ်ဇိုင်းမားလိုမျိုး ရောဂါများ ပိုမိုဆိုးရွားလာခြင်း၊ ကလေးတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ခြင်းတို့ပါ ဖြစ်လာနိုင်ပါတယ်။
#Source: WION
#World_News
Published 25 April 2024
▪️ အာကာသနေရာမှာ လက်နက်ပြိုင်ဆိုင်မှု မဖြစ်စေရန် နိုင်ငံအများကို တောင်းဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်မှ မူကြမ်းရေးဆွဲထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စည်းမျဥ်းတစ်ခုကို ရုရှားက ဗုဒ္ဓဟူးနေ့မှာ ဗီတိုအာဏာသုံးပယ်ချလိုက်ပါတယ်။
▪️ ဒီအတွက် ရုရှားဟာ တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလားလို့ အမေရိကန်က မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါတယ်။
▪️ ရုရှားဟာ အာကာသမှာ ထားရှိဖို့ ဂြိုဟ်တုဆန့်ကျင် နျူကလီးယားလက်နက်တစ်မျိုး ထုတ်လုပ်နေတယ်လို့ အမေရိကန်က စွပ်စွဲပြီးနောက် ယခုလို မဲပေးဆုံးဖြတ်ချက် ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုစွပ်စွဲချက်ကို ရုရှားက ငြင်းဆန်ထားပါတယ်။
▪️ အာကာသမှာ နျူကလီးယားလက်နက် ထားရှိခြင်းကို ရုရှားက ဆန့်ကျင်တယ်လို့ သမ္မတ ဗလာဒီမာပူတင်က မိန့်ကြားထားပါတယ်။
▪️ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ‘’ဒီလိုဗီတိုအာဏာသုံးတာက မေးခွန်းထုတ်ချင်စရာပါ။ အကယ်၍ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတယ်ဆိုရင် ဒါတွေကို ထပ်မံအတည်ပြုမယ့် စည်းမျဥ်းဆုံးဖြတ်ချက်တစ်ခုကို ဘာကြောင့် မထောက်ခံတာလဲ’’ လို့ ကောင်စီမှာ ပြောကြားသွားပါတယ်။
▪️ အမေရိကန်ဟာ ရုရှားကို နာမည်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆလီနီဘင်ဇီယာက စွပ်စွဲလိုက်ကာ အာကာသနယ်ပယ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ရည်ရွယ်ပြီး ရုရှားက ကောင်စီအဖွဲ့ဝင်များနဲ့ မကြာမီ ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကာ ကိုယ်တိုင်မူကြမ်း ရေးဆွဲသွားမယ်လို့ ဆိုလိုက်ပါတယ်။
▪️ အမေရိကန်နဲ့ ဂျပန်တို့မှ ၆ ပတ်ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် စည်းမျဥ်းမူကြမ်းကို မဲပေးဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ထောက်ခံမဲ ၁၃ မဲရခဲ့ကာ တရုတ်က ကြားနေမဲ၊ ရုရှားက ဗီတိုအာဏာသုံးခဲ့ပါတယ်။
▪️ ၁၉၆၇ အာကာသ ငြိမ်းချမ်းရေး သဘာတူညီချက်အရ ကမ္ဘာဂြိုဟ်ပတ်လမ်းနားမှာ နျူကလီးယားလက်နက် တင်ဆောင်ထားတဲ့ အရာဝတ္ထုများ၊ အခြားဖျက်ဆီးရေးလက်နက် တင်ဆောင်ထားတဲ့ အရာမှန်သမျှ ထားရှိခြင်းကို တားမြစ်ထားပါတယ်။
▪️ အမေရိကန် ထောက်လှမ်းရေး အရာရှိများရဲ့ အချက်အလက်များအရ အာကာသအခြေစိုက် နျူကလီးယားဗုံးဖြင့် လှမ်းဖောက်ခွဲလိုက်ပါက လျှပ်စစ်သံလိုက်ရောင်ခြည်တွေက ဂြိုဟ်တုကွန်ရက်ကြီးကို ပြတ်တောက်သွားစေမယ့် စွမ်းရည်မျိုး ရုရှားမှာရှိမယ်လို့ ယူဆနေကြပါတယ်။
#Source: Reuters
#Local_News
Published_ 25 April 2024
▪️ တရုတ်နိုင်ငံ၏ နည်းပညာအကူအညီဖြင့် (၃)လအတွင်း ရန်ကုန်ရှိအထင်ကရ ဘုရားစေတီ(၁၀)ဆူမှာ ဘုရားဖူးသမိုင်းနှင့်လမ်းညွှန်စနစ်များ တပ်ဆင်သွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောကြားချက်အရ ဧပြီလမှစ၍ ၃ လအတွင်း ရန်ကုန်ရှိ အထင်ကရ စေတီဘုရား ၁၀ ဆူမှာ တရုတ်နိုင်ငံနည်းပညာဖြင့် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) စနစ်ကို တပ်ဆင်ပေးသွားမည်ဖြစ်သည်ဟုဆိုသည်။
▪️ ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) စနစ်တပ်ဆင်မည့်စေတီဘုရား ၁၀ ဆူမှာ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ လောကချမ်းသာအဘယလာဘမုနိ ကျောက်တော်ကြီးဘုရား၊ မယ်လမုစေတီ၊ ကျိုက်ကလော့စေတီ၊ ကျိုက္ကဆံစေတီ၊ ကမ္ဘာအေးစေတီ၊ ရွှေဘုန်းပွင့်စေတီ၊ သန်လျင်ကျိုက်ခေါက်စေတီနှင့် တွံတေးရွှေဆံတော်စေတီတော်တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
▪️ Pagoda Digital Directory သည်ခရီးသွားများအတွက် ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်အသေးစိတ်အချက်အလက်များကို လေ့လာကြည်ညိုနိုင်စေဖို့ ကူညီပေးနိုင်မည် ဖြစ်သည့်အတွက် ပြည်ပခရီးသွားအရေအတွက်မြင့်တက်လာနိုင်စေနိုင်မည်ဖြစ်သည်။
▪️ ရန်ကုန်မြို့တွင် အထင်ကရစေတီဘုရားပေါင်း အဆူ ၃၀ ရှိပြီး ကနဦးဆောင်ရွက်မည့် စေတီဘုရား ၁၀ ဆူမှာ Pagoda Digital Directory များတပ်ဆင်ပြီးနောက် ကျန်ရှိသောစေတီဘုရားများ၍ ဆက်လက်တပ်ဆင်သွားမည်ဖြစ်သည်။
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာဂေါပကတွေနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထင်ကရဘုရားစေတီတွေမှာ Pagoda Digital Directory တွေ တပ်ဆင်ဖို့ကြိုးပမ်းဆောင် ရွက်နေပြီး ဧပြီလ ၁ ရက်နေ့ထိ ရွှေတိဂုံစေတီတော်၏ အရပ်လေးမျက်နှာမှာ Pagoda Digital Directoryများတပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#World_Health
Published 25 April 2024
▪️ အချိုဓာတ်ပါတဲ့ အချိုရည်တွေ သောက်သုံးခြင်းဖြင့် ကလေးအစောပိုင်း ကာလတွေမှာ အဝလွန်ခြင်း ဖြစ်လာနိုင်တယ်လို့ လူအများသိရှိထားကြပါတယ်။
▪️ အခုအခါမှာတော့ ငယ်ရွယ်သေးတဲ့ကလေးတွေကို ထိုကဲ့သို့ အချိုရည်များ သောက်သုံးစေခြင်းက အရွယ်ရောက်လာတဲ့အခါ အဝလွန်နိုင်ခြေ အလွန်များတယ်လို့ ဆွမ်ဆီးတက္ကသိုလ်မှ သုတေသီများ တွေ့ရှိထားပါတယ်။
▪️ မွေးကင်းစမှ အရွယ်ရောက်စ ဗြိတိန်ကလေး ၁၄၀၀၀ ခန့်ရဲ့ စားသောက်မှုပုံစံများကို လေ့လာခဲ့ကြပါတယ်။
▪️ ကိုလာနဲ့ အချိုပါတဲ့ သောက်စရာတွေကို သောက်သုံးတဲ့ အသက် ၂ နှစ်အောက် ကလေးတွေဟာ အသက် ၂၄ နှစ်ခန့် ရောက်တဲ့အချိန်မှာ အခြားသူတွေထက် ကိုယ်အလေးချိန် ပိုများလာပါတယ်။
▪️ အသက် ၃ နှစ်အရွယ်ဖြင့် ကိုလာသောက်တဲ့ ကလေးတွေဟာ ကယ်လိုရီ၊ အဆီ၊ ပရိုတိန်း၊ သကြားဓာတ်တို့ ပိုမိုများပြားနေပြီး အမျှင်ဓာတ်တော့ ပိုနည်းနေပါတယ်။
▪️ ပန်းသီးဖျော်ရည်စစ်စစ် သောက်သုံးသူတွေကတော့ အဆီနဲ့ သကြားဓာတ်ပိုနည်းပြီး အမျှင်ဓာတ် များနေပါတယ်။
အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားတဲ့ အစားအစာတွေကို စားသုံးသူတွေက အချိုရည်တွေ အချိုပါတဲ့ အစားအစာတွေ ပိုမိုစားသုံးဖြစ်ပါတယ်။
▪️ အချိုရည်သောက်ခြင်းနဲ့ လူမှုရေးချို့တဲ့ခြင်းတို့ကြား ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ကလေးတွေမှာ အဆီနဲ့ အချိုဓာတ်နည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ဖြစ်အောင် အလေ့အကျင့် လုပ်ပေးသင့်တယ်လို့ စိတ်ကျန်းမာရေးပညာရှင် ပရော်ဖက်ဆာ ဒေးဗစ်ဘင်တန်က ဆိုပါတယ်။
▪️ အဝလွန်ခြင်းက စိုးရိမ်စရာ ကျန်းမာရေးတစ်မျိုး ဖြစ်ပြီး အခြားရောဂါများလည်း ဖြစ်စေကြောင်း ဒေါက်တာဟာလေယန်းက ပြောပြသွားပါတယ်။
#Source: The Jerusalem Post
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အကူအညီဖြင့် ဂါဇာမှမုန့်ဖုတ်ဆိုင်အများအပြား စတင်လည်ပတ်
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာပရိုဂရမ် (WFP)ရဲ့ အကူအညီဖြင့် ဂါဇာမြို့မှ မုန့်ဖုတ်ဆိုင်အများအပြားဟာ ၆ လအတွင်း ပထမအဆုံးအနေဖြင့် ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
#World_News
Published 24 April 2024
#ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ #ဂါဇာမှမုန့်ဖုတ်ဆိုင်
#YMG_News #Yangon_Times #Yangon_Media_Group
၂၄ ဧပြီ ၂၀၂၄
ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး တီမူအိုင်ဗန်နော့တ်ကို အဂတိလိုက်စားမှု သံသယနှင့် ရုရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက ဧပြီ ၂၃ ရက် အင်္ဂါနေ့က ဖမ်းဆီးလိုက်တယ်လို့ ကြေညာလိုက်ကြောင်း RTသတင်းဌာနကသတင်းဖော်ပြပါတယ်။
အဲသလိုဖမ်းဆီးခဲ့တာနှင့်ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂူ တို့ကို အစီရင်ခံခဲ့ပြီးဖြစ်တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှားမီဒီယာတွေကိုပြောပါတယ်။
အင်္ဂါနေ့စောစောပိုင်းမှာပဲ အိုင်ဗန်နော့တ်ဟာ ကာကွယ်ရေးဝန်ကြီး ရှိုင်ဂူဦးဆောင်တဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက်ခဲ့ပါသေးတယ်။ အဲဒီအစည်းအဝေးမှာ ရုရှားရဲ့အကြီးတန်းအရာရှိတွေနှင့် ထိပ်တန်းစစ်တပ် တပ်မှူးတွေတက်ရောက်ခဲ့ကြတာပါ။
စုံစမ်းစစ်ဆေးရေးကော်မရှင်က ကာကွယ်ရေးဒုတိယဝန်ကြီးကို ဖမ်းဆီးခဲ့တာနှင့်ပတ်သက်လို့ အသေး စိတ်အချက်အလက်မထုတ်ပြန်ပါဘူး။ ဒါပေမယ့် အိုင်ဗန်နော့တ်ဟာ ကြီးကြီးမားလား လာဘ်ယူမှုတွေ ရှိခဲ့တယ်လို့သံသယရှိတယ်လို့တော့ ကော်မတီကပြောပါတယ်။ ရုရှားနိုင်ငံမှာ အဲသလိုမျိုး ရုရှားငွေ အနည်းဆုံး ရူဘဲလ်တစ်သန်း လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခဲ့မိလျှင်တော့ အိုင်ဗန်နော့တ်ဟာ ထောင်ဒဏ် ၁၅နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။
အိုင်ဗန်နော့တ်ဟာ ရုရှားရဲ့ စွမ်းအင်နှင့်ဆောက်လုပ်ရေးကဏ္ဍတွေမှာ ကာလရှည်ကြာပါဝင်ပတ်သက်ခဲ့ ပြီး နိုင်ငံပိုင် နာမည်ကျော် ကုမ္ပဏီတော်တော်များများမှာလည်း အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ၂၀၁၃မှ ၂၀၁၆ အထိ ရုရှားစစ်တပ်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီ အိုဘိုရိုစထရွိုင်းကိုဦးဆောင်ခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီဟာ ရုရှားစစ် သည်တွေအတွက် လူနေအိမ်တွေ အဓိကဆောက်လုပ်ပေးရတဲ့ ကုမ္ပဏီဖြစ်ပါ တယ်။ အဲဒီနောက်သူဟာ ရုရှားစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ဆောက်လုပ်ရေးတွေဦးဆောင်ဖို့ ယခု လက်ရှိ ဒုတိယကာကွယ်ရေးဝန်ကြီးတာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်လို့သတင်းမှာဖော်ပြထားပါတယ်။
Source : RT
#Daily_News
Published_ 24 April 2024
၁။ ပူတာအိုရှိ ရေခဲတောင်များ ဇွန်၊ ဇူလိုင်လအထိရှိနေဦးမှာဖြစ်ပြီး ခရီးသွားရာသီမကုန်သေးဟုဆို
၂။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ဖွင့်လှစ်မည့် EPS TOPIK အတန်းများအတွက်စတင် လျှောက်ထားနိုင်
၃။ ခရမ်းချဉ်သီးဈေးပြန်မြင့်လာသော်လည်း အရည်အသွေးကောင်းမှသာ ဈေးရရှိသဖြင့် ခရမ်းစိုက်တောင်သူများ ဆက်လက်အရှုံးပေါ်နေ
၄။ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အကူအညီဖြင့် ဂါဇာမှမုန့်ဖုတ်ဆိုင်အများအပြား စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်တွေမှာရှိတဲ့ ပဲနှမ်းစိုက်ပျိုးတဲ့တောင်သူတွေကို ချေးငွေကျပ်သိန်း ၇၀၀၀ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 24 April 2024
#ချေးငွေနှစ်ခုစာရ #မြေပဲ နှမ်း နှစ်မျိုးလုံးစိုက်ပျိုး
#YMG/LW #Yangon_Times
Page 817 of 2058