Published_ 13 Jun 2024
စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင် ရွက်ရေး မြန်မာနှင့် အိန္ဒိယတပ်မတော်တို့ ယနေ့ ဇွန်လ ၁၂ ရက် တွင် ဆွေးနွေးခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် အိန္ဒိယတပ်မတော်မှ တွဲဖက် ထောက် လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ စစ်ဘက်ဆိုင် ရာများ ပိုမိုပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးသည့်အပြင်သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေး နှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၊နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင် ရွက်ရေး တို့ကိုလည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယတပ်မတော်မှ တွဲဖက် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှအရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 13 June 2024
#YMG #Yangon_Times #Yangon_Media_Group