#Local_News
Published 16 September 2025

▪️ တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် CHINA - ASEAN Esports Competition: 2025 ပြိုင်ပွဲတွင်မြန်မာ Esports အသင်းနှစ်သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) မှ သိရသည်။

▪️ ထိုသို့ ဝင်ရောက်ယှဥ်ရန်အတွက် မြန်မာကိုယ်စားပြု Esports အသင်းများသည် စက်တင်ဘာ လ၁၅ရက်က နန်နင်းမြို့သို့ ထွက်ခွာသွားခဲ့ပြီကြောင်း သိရသည်။

▪️ အဆိုပါ ပြိုင်ပွဲအား တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Mobile Legends နှင့် Valorant တို့တွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ Mobile Legends ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Ai Esports ကလည်းကောင်း၊ Valorant ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုTeam Ferox အသင်းကလည်းကောင်း ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

▪️ CHINA - ASEAN Esports Competition: 2025 (CAEC) ပြိုင်ပွဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ တီမော၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ အသင်းများဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times