#Local_News
Published_ 28 June 2024


▪️ ၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲကို ဇူလိုင်လနှောင်းပိုင်းမှစတင်၍ လေးလကြာကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ သိရသည်။

 

▪️ အဆိုပါပြိုင်ပွဲအားလာမည့် ဇူလိုင်(၂၃)ရက်မှ စတင်၍ နိုဝင်ဘာ(၂၇)ရက်အထိ (၄)လကျော်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်း ၊ယင်း ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် (၈) သင်းပါဝင်မည့် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားကိုဇွန်(၂၇)ရက်တွင် အသိပေးထုတ်ပြန်လိုထား‌ကြောင်း သိရသည်။

 

▪️ ပြိုင်ပွဲဝင်အသင်းရှစ်သင်းမှာ  ကချင်ယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ယူနီဗာစတီ၊ Glory Goal၊ ရွှေပြည်သာယူနိုက်တက်၊ ငွေကြယ်ပွင့်လေးများအသင်း၊ ရာမည ယူနိုက်တက်(ရိန်းဘိုးအက်ဖ်စီ)နှင့် ဧရာဝတီရိန်းဂျား(ရိန်းဂျားအက်ဖ်စီ) အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times