#Local_News
Published 25 June 2024


▪️ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားကာအမျိုးသမီး တစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ဇွန်လ ၂၅ရက် မနက် ၁ဝနာရီခွဲ အချိန်က ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ မနော်ဟရီ(၆)လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ မြေပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့သောင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေအဏ္ဏဝါနာရေးကူညီမှုအသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီး(၁)ဦး(သေဆုံး)အား ရွှေအဏ္ဏဝါနာရေးကူညီမှုအသင်းယာဉ်ဖြင့် (၂)မိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times