#Local_News
Published_ 26 June 2024


▪️ MPT ဆင်းမ်ကတ်သုံးစွဲသူများအား Physical SIM Card  မှ eSIM သို့  ဩဂုတ်လကုန်အထိ အခမဲ့ ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

▪️ eSIM ဝန်ဆောင်မှု ဆိုသည်မှာ သုံးစွဲသူများအနေဖြင့် ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) ထည့်သွင်းအသုံးပြုရန် မလိုအပ်ဘဲ ၎င်းတို့၏ မိုဘိုင်းဖုန်းစနစ်ထဲတွင် digital နည်းဖြင့် တိုက်ရိုက် ဖြည့်သွင်းအသုံးပြုနိုင်သည့် ဒီဂျစ်တယ် ဆင်းမ်ကတ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ eSIM ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့က MPT ကထုတ်ပြန်လိုက်ပြီး  ယင်း ဝန်ဆောင်မှုနှင့်ပတ်သက်၍ သုံးစွဲသူများအား  ပရိုမိုးရှင်းကာလဖြစ်သည့်  ဩဂုတ်လ (၃၁) ရက်အထိ ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) မှ eSIM သို့ အခမဲ့ ပြောင်းလဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ MPT eSIM ကို အသုံးပြုရန် eSIM အသုံးပြုနိုင်သော မိုဘိုင်းဖုန်း လိုအပ်သဖြင့် eSIM ပြောင်းလဲအသုံးမပြုမီ မိမိတို့၏ မိုဘိုင်းဖုန်းသည် eSIM အသုံးပြုနိုင်ခြင်း ရှိမရှိကို ကြိုတင်စစ်ဆေးထားရန် လိုအပ်သကဲ့သို့  သုံးစွဲသူများအနေဖြင့် *#06# ကိုခေါ်ဆိုပြီး မိမိတို့၏ဖုန်းသည် eSIM ဝန်ဆောင်မှုသုံးစွဲနိုင်မှု ရှိ/မရှိ ကို အလွယ်တကူ စစ်ဆေးနိုင်ကြောင်း သိရသည်။

 

▪️ ထိုသို့စစ်ဆေးရာတွင်   ဖုန်းမျက်နှာပြင်တွင် ပြသထားသည့် EID ဘားကုတ်ကို မြင်ရပါက သုံးစွဲသူများက eSIM ကို ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊

 

▪️ eSIM ဝန်ဆောင်မှုတွင် အကျိုးကျေးဇူးများစွာ ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော ကြိုးမဲ့ဆက်သွယ်ရေးစနစ်(mobile) သုံးစွဲမှု အတွေ့အကြုံကို ရရှိခံစားနိုင်ပြီး ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) များမလိုအပ်ဘဲ နိုင်ငံရပ်ခြားတွင် အဆင်ပြေ ချောမွေ့စွာ  ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် eSIM ဝန်ဆောင်မှု အသုံးပြုခြင်းအားဖြင့် ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) များကဲ့သို့   ပျောက်ဆုံးပျက်စီးနိုင်ခြေ နည်းပါးသည့်အတွက် သုံးစွဲသူများအနေဖြင့် စိတ်သက်သာမှု ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ MPT သုံးစွဲသူများသည်  မိုဘိုင်းဖုန်း၏ SIM manager settings ရှိ Add eSIM menu သို့သွားကာ စကန်ဖတ်နိုင်သည့် QR ကုတ် မှတစ်ဆင့် eSIM ကို ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် eSIM လဲလှယ်နိုင်သည့် QR ကုတ်ကတ်ကို လတ်တလောတွင် သတ်မှတ်ထားသော MPT အရောင်းဆိုင်များ၌ ရရှိနိုင်ပြီး MPT အနေဖြင့် သုံးစွဲသူများ ဒီဂျစ်တယ် QR ကုတ် အသုံးပြုနိုင်ရန်အတွက် ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ကာ eSIM အကြောင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို လူမှုကွန်ရက်မီဒီယာချန်နယ်များမှ တစ်ဆင့်  ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ဒီဂျစ်တယ် QR ကုတ်သည် အသုံးပြုသူများအတွက် ပိုမိုအကျိုးရှိပြီး သုံးစွဲသူများသည် ဆိုင်ကိုသွားစရာ မလိုဘဲ အင်တာနက်ရသည့်နေရာများမှ eSIM လဲလှယ်ခြင်းကို လုပ်ဆောင်နိုင်မည် ဖြစ်သကဲ့သို့  MPT eSIM ဝန်ဆောင်မှုနှင့် အသေးစိတ် အချက်အလက်များကို သုံးစွဲသူများနှင့် အနီးဆုံး MPT အရောင်းဆိုင်များကို သွားရောက်၍ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း၊  MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ် သော www.mpt.com.mm သို့လည်းကောင်း 106 Call Center သို့ ခေါ်ဆို မေးမြန်းခြင်းဖြင့် လည်းကောင်း မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်းနှင့် MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရသည်။

 

#YMG/NN #Yangon_Times