#Local_News
Published_ 26 June 2024


▪️ ပြည်ပခရီးသွားများအတွက် One Tourist One Tree အစီစဉ်ကို လာမည့် ဇူလိုင်လတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါ One Tourist One Tree အစီအစဉ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီးကနဦးအနေဖြင့် ပြည်တွင်းရှိခရီးစဉ်ဒေသများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်နှင့် ချောင်းသာ စသည့် ဒေသများတွင် ဇူလိုင်လမှ အောက်တိုဘာလအထိ ၄ လကြာ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

 

▪️ One Tourist One Tree အစီအစဉ်ဖော်ဆောင်ရာတွင် အဖွဲ့လိုက်လာရောက်မည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၊ ခရီးသွားကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး လာရောက်ကြမည့် ခရီးသွားဧည့်သည်များကို  ၎င်းတို့သွားရောက်ကြမည့် ခရီးစဉ်ဒေသများတွင် သစ်ပင်စိုက်ပျိုးနိုင်ကြောင်း အသိပညာပေး စည်းရုံးမည့်အပြင် တစ်ဦးချင်းစီ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များကိုလည်း ၎င်းတို့ဆန္ဒအလျောက် One Tourist One Tree အစီစဉ်တွင်ပါဝင်ကာ သစ်ပင်စိုက်ပျိုးလိုပါက သက်ဆိုင်ရာမှ လိုအပ်သည်များ  စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times