#Local_News
Published 24 June 2024

▪️ တွံတေးမွေးမြူရေးဇုန်၌ လုပ်ငန်းရှင် (၆၈) ဦးမှ ကြက်၊ ဝက်၊ ဘဲများ အပါအဝင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်ရေးကော်မတီမှ သိရသည်။

 

▪️ အဆိုပါ တွံတေးမွေးမြူရေးဇုန်အတွင်းလုပ်ငန်းရှင် (၆၈) ဦးက အသားတိုးကြက် ၄၂၇၀၀ ကောင်၊ အသားတိုးဘဲ  ၃၉၀၀ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ ဆိတ်အကောင်ရေ ၃၄၃၅ ၊ ဒေသကြက်၂၀၄၁၆  ကောင်၊ ဥစားကြက် ၇၉၀၀ ကောင်၊ ဥစားဘဲ ၄၀၆၈ ကောင်၊ နို့စားနွား ၂၂၁ ကောင်၊ ငုံးအကောင်ရေ ၁၄၃၇၀ ကောင်မွေးမြူထား ကြောင်းသိရသည်။

 

▪️ ထိုသို့မွေးမြူမှုများမှ ဇွန်လ ၂၃ ရက်အထိ ကြက်ပိဿာချိန် ၁၃၄၉၀၀ ပိဿာ၊ ဝက်ပိဿာချိန် ၉၄၃၆ ပိဿာ၊ ဘဲပိဿာချိန် ၉၅၇၀ ပိဿာ၊ အမဲသားပိဿာချိန် ၃၂၀၀ ပိဿာ၊ ဆိတ်သားပိဿာချိန် ၅၉၈၃ ပိဿာ၊ ဘဲဥအလုံးရေ ၄၄၃၇၉၈ လုံး၊ ကြက်ဥအလုံးရေ ၃၉၄၈၈၅ လုံး၊ ငုံးဥအလုံးရေ ၄၀၄၂၆၂  လုံးနှင့် နွားနို့ပိဿာချိန် ၄၅၃၈၈၅  ပိဿာထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times