၈ ဇန်နဝါရီ ၂၀၂၄
ဦးစီးချုပ်(ရေ)အဖြစ်မှ နစက ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄)ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်ကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။
ယနေ့ ဇန်နဝါရီ (၈)ရက်ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၄/၂၀၂၄အရ ယင်းကဲ့သို့တာဝန်ပေးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့ အား အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်အကြံပြုနိုင်ရန်အတွက်ခန့်အပ်ခြင်းဖြစ်တယ်လို့လည်း အမိန့်မှာဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်ကြီးမိုးအောင်ကို လက်ရှိအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးတာဝန်ယူထားတဲ့ နစကအဖွဲ့ဝင်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နေရာတွင် အစားထိုးခန့်အပ်လိုကတာဖြစ်တယ်လို့လည်း အမိန့် အရသိရပါတယ်။
-ymg/knl
တရုတ်ပြည်မှ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Magic City ဟာ ပထမဆုံးခရီးဦးအနေဖြင့် ရှန်ဟိုင်းဆိပ်ကမ်းတစ်ခုကနေ တနင်္လာနေ့က စတင်ထွက်ခွာခဲ့ပြီဖြစ်ပြီး တရုတ်နိုင်ငံဟာ ဇိမ်ခံအပျော်စီးသင်္ဘောစီးပွားရေးသို့ ဝင်ရောက်လာပြီဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
#Asia_Industry
Published_8 January 2024
#အပျော်စီးသင်္ဘော #Adora Magic City
#Yangon_Times #YMG_News #Yangon_Media_Group
၈ ဇန်နဝါရီ ၂၀၂၄
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်တယ်လို့သိရပါတယ်။
၂၀၂၄ခုနှစ် ဇန်နဝါရီ (၈)ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန်တဲ့ နစကရဲ့ အမိန့်အမှတ်၃/၂၀၂၄မှာ ဗိုလ်ချုပ်ကြီးမိုးအောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၍ဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ်ခန့်အပ်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။
အဆိုပါအမိန့်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)တို့တွင် ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။
ဦးကိုကိုလှိုင်နှင့် ဦးအောင်နိုင်ဦးတို့ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးများအဖြစ်မှ နစကဥက္ကဋ္ဌ ရုံး ဝန်ကြီးဌာန ဝန်ကြီးများအဖြစ်ပြောင်းရွှေ့တာဝန်ပေးအပ်ခံရခြင်းဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြည်ထောင်စုဝန်ကြီးတွေနေရာမှာ အစားထိုးခန့်အပ်မှုကိုတော့ မတွေ့ရှိရ သေးဘဲ ရှိပါတယ်။
ဦးစီးချုပ်(ရေ)နေရာကိုလည်းလက်ရှိစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကိုခန့်ထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး တပ်ရာထူးအပြောင်းအလဲများကို သတင်းထုတ်ပြန်ကြေညာလေ့မရှိကြောင်းသိရပါတယ်။
-ymg/knl
#Daily_News
Published_8 January 2024
၁။ ကျိုက်ထီးရိုးကို (၇)ရက်တာအတွင်း ပြည်တွင်းပြည်ပမှ ဘုရားဖူး( ၄)သောင်းတစ်ထောင်ကျော်ဝင်ရောက်
၂။ အဝယ်ပြန်သွက်လာသဖြင့် ပဲတီစိမ်း ဈေးပြန်တက်လာ
၃။ မတ်ပဲနှင့်ပဲစင်းငုံတန်ချိန်သုံးသိန်းခွဲတင်ပို့ရန် MOUရေးထိုးထားသည့်အပြင် ၂၀၂၄_၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လွတ်လပ်စွာတင်သွင်းခွင့်ကို အိန္ဒိယထပ်မံသက်တမ်းတိုးမြှင့်
၄။ တရုတ်ပြည်၏ပထမဆုံးပြည်တွင်းထုတ်အပျော်စီးသင်္ဘောကြီး ခရီးဦးစတင်ထွက်ခွာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မြွေကတော့သဘာဝသားရဲတိရစ္ဆာန်ဖြစ်တဲ့အတွက် သူကတော့နေရာတိုင်းမှာရှိတာပါပဲ၊ ပူလို့ရှိရင်တော့ပိုထွက်တာပေါ့၊ မြွေဆိုတဲ့အမျိုးကလေ ဒီကာလဆိုရင်တော့မြွေပွေး၊ မြွေဟောက်ပေါတဲ့ကာလပေါ့၊ ဘယ်လိုတွေသတိထားရမလဲဆိုတော့ ညရေးညတာသွားလာတဲ့အခါကျရင်တော့ လက်နှိပ်ဓာတ်မီးတို့ဘာတို့နဲ့မျက်လုံးလျင်လျင်သွားရမှာပေါ့၊ နေ့ခင်းနေ့လယ်ကျတော့လည်းကျွန်တော်တို့သစ်ရွက်ခြောက်တွေများတဲ့နေရာတွေ၊ အမှိုက်သရိုက်များတဲ့နေရာတွေ၊ခြုံနွယ်ပိတ်ပေါင်းထူထပ်တဲ့နေရာတွေကို ရှောင်ပေါ့၊
#Local_News
Published_8 January 2024
#မြွေပွေး၊မြွေဟောက်ပေါများ #အထူးဂရုပြုကြရန်လို
#YMG/NN #Yangon_Times
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄,၉၅၅ ကျပ်နဲ့ရောင်းချရမယ်။ စားသုံးသူရေးရာဦးစီးဌာန
#Local_News
Published_8 January 2024
#စားအုန်းဆီဈေးအတက်အကျမရှိ #ဆီဂါလံ၈၈၄၇ရောင်းချပေး
#tthl #Yangon_Times
#Local_News
Published_8 January 2024
ချင်းပြည်နယ်၊ ဟားခါးတွင် ရေခဲအမှတ်သုညဒီဂရီအောက်ရောက်ရှိနေပြီးချင်း၊ကချင်၊ရှမ်းတို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ရောက်ရှိကာအရင်နှစ်များထက်ပို အေးနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (-၂)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ ကျောက်မဲမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီနှင့် ပင်လောင်းမြို့၊ ဟဲဟိုးမြို့၊ လွိုင်လင်မြို့၊ မိုင်းယန်းမြို့၊ တီးတိန် မြို့နှင့် မိုးကုတ်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီတို့ ရှိခဲ့သည်။
မနက်ဖြန်ဇန်နဝါရီလ၉ရက်နေ့အထိခန့်မှန်းချက် အနေဖြင့် ဟားခါး(-၂ဒီဂရီ)၊ကျိုင်းတုံ၊တောင်ကြီး၊မြစ်ကြီးနား၊လားရှိုးတို့မှာ(၁၀)ဒီဂရီစင်တီဂရိတ် အောက်၌ရှိပြီး အအေးပိုမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော(၂၄)နာရီအတွင်းညအပူချိန်များမှာ ချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃)ဒီဂရီစင်တီဂရိတ်နှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ ကရင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၄)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။
#Local_News #ရေခဲအမှတ်သုညဒီဂရီအောက်ရောက် #အရင်နှစ်များထက်ပိုအေးနေ #tthl #Yangon_Times
#Local_News
Published 8 January 2024
ဗိုလ်တစ်ထောင်မြို့နယ်ရှိ ကွန်ဒိုတစ်လုံး၌မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်းမှာဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်ဒေသခံများထံမှ သိရသည်။
'condo အသစ်ကုန်သည်လမ်းဘက်က အဲ့တိုက်ဘက်ကမီးခိုးတွေတွေ့တယ်၊ ကုန်သည်လမ်းမနဲ့ ၅၁ လမ်းထောင့် ကွန်ဒိုမြေညီထပ်ဆိုင်သစ်မှာလောင်နေတာပါ' ဟု ဒေသခံတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၈ရက်နေ့၊ မနက် ၁၁နာရီ ၅၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းအကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကို ကျောက်တံတားမြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်းနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး နေ့လယ်၁၂ နာရီ အချိန်၌ မီးထိန်းပြီး ၁၂ နာရီ ၁၄ မိနစ်အချိန်၌ မီးငြိမ်းသွားကြောင်းသိရသည်။
ယင်းမီးလောင်မှုမှုဖြစ်စဉ်နှင့်ပတ်သက်၍ဆက်လက်စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။
#Local_News #ကွန်ဒိုတစ်လုံး #မီးလောင်မှုဖြစ်ပွား #YMG/NN #Yangon_Times
'အိန္ဒိယနိုင်ငံကို မတ်ပဲနဲ့ပဲစင်းငုံတန်ချိန်သုံးသိန်းခွဲတင်ပို့ဖို့ နှစ်နိုင်ငံ MOUရေးထိုးထားတာတယ်၊ ဒါ့အပြင် ၂၀၂၄ခုနှစ်ဧပြီ၁ရက်ကနေ ၂၀၂၅ခုနှစ်မတ်လ ၃၁ ရက်အထိ လွတ်လပ်စွာတင်သွင်းခွင့်ကို အိန္ဒိယကထပ်မံသက်တမ်းတိုးမြှင့်ပေးလာတယ်၊ အိန္ဒိယပဲလိုအပ်ချက်ကြောင့် MOUရေးထိုးထားတဲ့ မတ်ပဲနဲ့ပဲစင်းငုံတန်ချိန်သုံးသိန်းခွဲထက်ကျော်လွန်ပြီး ဝယ်သွားမယ့်အခြေအနေမှာရှိတယ်၊ ကျော်လွန်ပြီးဝယ်တာကိုလည်း လွတ်လပ်စွာတင်သွင်းခွင့်ပေးလိုက်တာပါ'
#Local_News
Published_8 January 2024
#မတ်ပဲနဲ့ပဲစင်းငုံ #လွတ်လပ်စွာတင်သွင်းခွင့်
#YMG/NN #Yangon_Times
"ကျိုက်ထီးရိုးစေတီကို ပြည်တွင်းဘုရား ဖူး( ၄၁၁၂၉)ဦးနဲ့ နိုင်ငံခြားသားဧည့်သည်(၃၉)ဦးဝင်ရောက်ခဲ့တယ်။နိုင်ငံခြားသားအများစုဟာ ထိုင်းခရီးသွားအဖွဲ့လိုက်နဲ့ ဗီယက်နမ်တွေက အများဆုံးလာရောက်နေပြီး ရုရှား၊တရုတ်နဲ့ အခြားအနောက် နိုင်ငံသားခရီးသွားအချို့လည်း လာရောက်တယ်"ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_8 January 2024
#ကျိုက်ထီးရိုးဘုရားဖူး #နိုင်ငံသားခရီးသွား
#tthl #Yangon_Times
ဥရောပနိုင်ငံ စျေးကွက်တချို့ကို တင်ပို့နိုင်ဖို့အတွက် အဝယ်လိုက်နေတာကြောင့် ပဲတီစိမ်စျေးကွက် ပြန်ကောင်းလာတယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။
#Local_News
Published_8 January 2024
#ပဲတီစိမ်းဈေးပြန်တက်
#YMG/LW #Yangon_Times
#Local_News
Published 8 January 2024
ရန်ကုန်မြို့တွင်း ပြေးဆွဲဝန်ဆောင်မှုပေးနေသည့် စီးတီးတက္ကစီအငှားယာဉ်များနှင့် နယ်တက္ကစီအငှားယာဉ်များတွင်ဘေးအဝါရောင်လိုင်း စတေကာများ မတပ်ဆင်ပါက ပညာပေးကာလကျော်လွန်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ဒဏ်ကြေးငွေသတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က သိရသည်။
အဆိုပါ တက္ကစီအငှားယာဉ်များတွင် ဘေးနှစ်ဖက်အဝါရောင်စတေကာများ တပ်ဆင်ရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သတ်မှတ်ပေးထားသည်။
လက်ရှိစီးတီးတက္ကစီယာဉ်များ နည်းတူရန်ကုန်မြိုတွင်း၌ ပဲခူးနှင့် ဧရာဝတီ၊ တိုင်းဒေသကြီး မွန်နှင့် ကရင်ပြည်နယ်တို့မှ နယ်တက္ကစီအငှား ယာဉ်များမောင်းနှင်မှုများကို တွေ့ရှိနေရသောကြောင့် ၎င်းတို့ကိုလည်းဘေးနှစ်ဖက်ဘေးအဝါရောင်စတေကာ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။
အထက်ပါ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီယာဉ်များအနေဖြင့် ပညာပေးကာလကျော်လွန်ပြီး အဝါရောင်လိုင်း စတေကာမတပ် ဆင်ထားပါက ဒဏ်ကြေးငွေအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ဘီးခွန်ပါ ကောက်ခံသွား မည်ဖြစ်သည်။
YRTC အနေဖြင့်၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့အထိစာရင်းများအရ ဘေး အဝါရောင် လိုင်းစတေကာတပ်ဆင် ပြီးစီးမှု ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းအစီး ရေ ၄၂၀၀၀ ခန့် တပ်ဆင်ပြီးစီးကြောင်းသိရပြီး လက်ရှိတွင် စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၅၈,၄၈၁ စီးရှိရာ YRTC တွင် မှတ်ပုံတင်ထားသည့် စီးတီးတက္ကစီ ၅၅,၂၂၇ စီးရှိကြောင်း သိရသည်။
#Local_News #အဝါရောင်လိုင်းစတေကာ #ဒဏ်ကြေးကောက်မည် #YMG/LW #Yangon_Times
Page 674 of 1772