#Local_News
Published 11 November 2024
▪️ မြန်မာ့ငွေစက္ကူများဖျက်သိမ်းရန်နှင့်ဘဏ်များပိတ်သိမ်းရန်လည်းမရှိသလို ငွေစက္ကူအသစ်များထုတ်ဝေခြင်းများပြုလုပ်ရန်အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ လူမှုကွန်ရက်ပေါ်ရှိ Facebook Group များတွင် မြန်မာ့ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ်ရှိနေကြောင်း၊ အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ် ဈေးကစားရန်၊ ကုန်ဈေးနှုန်းကြီးမြင့်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည့်အပြင် အခြေအမြစ်မရှိသည့် သတင်းမှားများဖြင့်လည်း ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် မကြာခဏလုပ်ကြံ ရေးသားလျက်ရှိကြောင်းလည်း တွေ့ရှိရသည်ဟု ဗဟိုဘဏ်ကဖော်ပြထားသည်။
▪️ သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ပြင်ပမှဖြန့်ဝေလျက်ရှိသည့် ကောလာဟလ သတင်းများအား ယုံကြည်မှုမရှိကြရန် နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်ဝေထားသည့် ငွေစက္ကူများအား ယုံကြည် စိတ်ချစွာသုံးစွဲနိုင်ပါကြောင်းနှင့်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများထံတွင် ငွေကြေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများဖြစ်သည့် ငွေအပ်နှံခြင်း၊ ငွေလွှဲပြောင်း/လက်ခံခြင်း စသည့် ငွေကြေး ဝန်ဆောင်မှုများအား ယုံကြည်စိတ်ချစွာရယူနိုင်ကြောင်း အသိပေးထားသည်။
▪️ သတင်းတု၊သတင်းမှား၊သတင်းယောင်ရေးသားဖြန့်ဝေသည့် လူပုဂ္ဂိုလ်၊Page, Group များ၏ Admin များအားတည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times