#World_Health
Published 12 November 2024
▪️ နေ့စဉ်လမ်းလျှောက်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျှော့ချနိုင်ပြီး သွေးဖိအားနဲ့ မကောင်းတဲ့ ကိုလက်စ်ထရောလ် လျှော့ချပေးခြင်း၊ ဖိစီးမှု လျှော့ချပေးခြင်း၊ ကိုယ်ခံအားနဲ့ အစာခြေစနစ် မြှင့်တင်ပေးခြင်းတို့ ပါဝင်ပါတယ်။
▪️ နောက်ထပ်လေ့လာချက်တစ်ခုမှာ တစ်ပတ်ကို မိနစ် ၃၀ ကြာဖြင့် ၅ ကြိမ်လျှောက်ပေးပါက ခါးကိုက်ခါးနာခြင်းကို လျော့ပေးစေကာ ဆေးခန်းသွားရောက်ခြင်း နည်းပါးသွားပါတယ်။
▪️ လေ့လာချက်အရ ခါးကိုက်ခါးနာခြင်းမှ သက်သာလာသူ ၁၀ ဦးမှာ ၇ ဦးလောက်က နောက်တစ်နှစ်အတွင်း ပြန်ဖြစ်တတ်ကြပါတယ်။
▪️ လမ်းလျှောက်သူတွေက ခါးကိုက်ဝေဒနာ အပြီးမှာ နာကျင်မှုမရှိတော့တာကိုလည်း တွေ့ရပါတယ်။
▪️ ခါးကိုက်ခါးနာခြင်းက ၂၀၂၀ မှာ ကမ္ဘာတဝှမ်းရှိ လူပေါင်း ၆၁၉ သန်းမှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ပြီး ၂၀၅၀ အရောက်မှာ ၈၄၃ သန်း ရှိလာနိုင်ပါတယ်။
▪️ ခါးကိုက်ခါးနာခြင်း ကာကွယ်ဖို့အတွက် အရေးကြီးတာက အလေးအပင် ပစ္စည်းများ ကောက်ယူခြင်းနဲ့ ကလေးများ ချီပွေ့ခြင်းတို့ကို သတိထားရမယ်လို့ နော့သ်ဝဲလ်ဟဲ့လ်ဆေးရုံမှ ကျောရိုးဆေးပညာ အကြီးအကဲ ဒေါက်တာဂျေဆန်လီပက်ဇ်က ပြောပါတယ်။
▪️ ခါးပေါ်မှာ ကွေးညွတ်ခြင်းက ကျောရိုးဆစ်တွေအပေါ် ဖိအားဖြစ်စေပြီး နာကျင်စေရကြောင်း၊ စက်ဘီးထိုင်ခုံ နိမ့်လွန်းခြင်း၊ ကားပေါ် အတက်အဆင်း ပြုလုပ်ခြင်းတို့က ဒူးကိုအလွန်မြှောက်ရတာကြောင့် ကျောရိုးကို ဖိအားသက်ရောက်ကာ ခါးကိုက်ခါးနာရကြောင်း ပြောပါတယ်။
▪️ အထိုင်များတဲ့သူတွေ၊ ဖုန်းတွေ ကွန်ပျူတာတွေ အကြည့်များတဲ့သူတွေဟာ ထိုဝေဒနာ ပိုမိုခံစားရတတ်ပါတယ်။
▪️ လမ်းလျှောက်ခြင်းဟာ ပြေးလွှားခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခြင်းတို့လို မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး လုပ်နိုင်ပြီး သက်ရှည်ကျန်းမာစေမှာပါ။
▪️ လမ်းလျှောက်တဲ့အခါ ခပ်သွက်သွက်လျှောက်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။
Source: New York Post.