#World_Health
Published 12 November 2024

▪️ အသက်ကြီးသူတွေမှာ နှစ်ခြိုက်စွာ အိပ်စက်ချိန် လျော့နည်းခြင်းနဲ့ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်နေပုံကို လေ့လာတွေ့ရှိထားပါတယ်။

▪️ အသက် ၆၀ ကျော်လူတွေဟာ နှစ်စဉ် နှစ်ခြိုက်စွာအိပ်စက်ချိန် ၁ ရာခိုင်နှုန်း နည်းလာတာတဲ့အမျှ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း ပိုများနေတယ်လို့ တွေ့ရပါတယ်။

▪️ နှစ်ခြိုက်စွာ အိပ်စက်မှုဆိုတာက အငြိမ်သက်ဆုံး အိပ်ပျော်နေချိန်ဖြစ်ပြီး ဦးနှောက်လှိုင်းများ၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်တို့ ကျဆင်းနေပါတယ်။

▪️ လူတွေရဲ့ မိနစ် ၉၀ အိပ်စက်စက်ဝန်းမှာ တတိယအဆင့်ဖြစ်ပြီး မိနစ် ၂၀ မှ ၄၀ လောက် ကြာမြင့်ပါတယ်။

▪️ ၁၉၉၅ နဲ့ ၁၉၉၈ ခုနှစ်ကြား၊ ၂၀၀၁ နဲ့ ၂၀၀၃ ခုနှစ်ကြားတို့မှာ လူပေါင်း ၃၄၆ ဦး လေ့လာခဲ့ရာမှာ တစ်နှစ်ကို နှစ်ခြိုက်စွာ အိပ်စက်ချိန် ၁ ရာခိုင်နှုန်းကျဆင်းတိုင်း ဒီမန်ရှာဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း ပိုများလာပါတယ်။

▪️ အမေရိကန်မှာ ၂၀၂၂ က အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုက ၃၂ ရာခိုင်နှုန်း ပိုများလာပါတယ်။

▪️ အသက် ၇၅ နှစ်မှ ၈၀ ကြားလူတွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်မှုက လျော့နည်းလာပြီး နှလုံးသွေးကြောရောဂါများ ဖြစ်ပွားကာ သုံးစွဲရတဲ့ ဆေးများကြောင့် အိပ်စက်မှုကို ထိခိုက်စေပါတယ်။

▪️ အိပ်ရေးပျက်တဲ့အခါ အဝလွန်ခြင်း၊ ဆီးချို၊ အခြားနှလုံးသွေးကြောရောဂါများလည်း ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။

▪️ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းဟာ ဦးနှောက် သန့်ရှင်းရာမှာ ပါဝင်ပြီး ဦးနှောက်အိုမင်းခြင်းကို လျှော့ချပေးပါတယ်။

▪️ အိပ်နေစဉ် အသက်ရှူရပ်ပြီး နိုးတတ်တဲ့သူတွေမှာလည်း ဒီမန်ရှာဖြစ်နိုင်ခြေ များပါတယ်။

▪️ ဘာကြောင့်လဲဆိုတော့ ထိုအခြေအနေဟာ ဦးနှောက်သို့ အောက်ဆီဂျင်ရောက်ရှိမှု လျော့ကျသွားပြီး ဦးနှောက်ထဲက သွေးကြောများ၊ ဆဲလ်များကို ထိခိုက်စေပါတယ်။

▪️ ဒါ့အပြင် အိပ်စက်ချိန် များလွန်းတာကလည်း ဒီမန်ရှာဖြစ်နိုင်ခြေ များစေတာနဲ့ ဆက်စပ်နေပါတယ်။

▪️ အိပ်စက်မှုပြဿနာတွေနဲ့ ဦးနှောက်စွမ်းရည်တို့ကြား ဆက်စပ်မှုတွေကို ထပ်မံသုတေသန ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

▪️ တစ်ညကို အိပ်ချိန် ၇ နာရီမှ ၉ နာရီကြားရှိဖို့ ဦးစားပေးသင့်တယ်လို့ ပညာရှင်များ ဖော်ပြထားပါတယ်။

Source: The Jerusalem Post.