#Daily_News
Published_ 7 March 2024
၁။ ပြည်ပ ဝယ်လိုအားနည်းလာကာ ကုန်အဝင်နည်းနေသော နှမ်းဈေးကွက် ဈေးတည်ငြိမ်နေဟုဆို
၂။ ရွှေဈေးကစားသူများ၊ ရည်ညွှန်းဈေးထက် ပိုရောင်းသူများကို ထိရောက်စွာ အရေးယူပြီး ထိန်းကျောင်းတော့မည်ဟုဆို
၃။ ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှု နည်းပါး၊ ဆန်ဈေးထပ်မကြီးနိုင်
၄။ (၁၄)ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်၏ ဒုတိယအစည်းအဝေး အင်္ဂါနေ့၌ စတင်ဖွင့်လှစ်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 7 March 2024
နွေရာသီအားလပ်ရက်တွင်ကလေးငယ်များအတွက် ဘာသာစကားလေ့လာမှုအဖြစ် ဂျာမန်ဘာသာ စကားသင်တန်းကိုGoethe-Institut Myanmarမှ ဖွင့်လှစ်ရန်ရှိကြောင်းသိရသည်။
Goethe-Institut Myanmar ကနေ ဖွင့်လှစ်မည့် ကလေးများအတွက်ဂျာမန်စာသင်တန်း A1.1.1 တွင် အသက်အရွယ်ဖြင့်ကိုက်ညီမည့် အတန်းတွင်းပျော်ပျော်ရွှင်ရွှင်စာလိုက်နိုင်မည့် သင်ကြားမှုပုံစံမျိုး ဖြစ်စေဖို့လည်း စီစဉ်ထားသည်ဟုဆိုသည်။
ဂျာမန်စာအခြေခံမရှိသေးသည့်ကလေးများအတွက်လည်း အဆင်ပြေနိုင်မည့်အတန်းမျိုးဖြစ်ပြီး ကျောင်းကိုလာရောက်သင်ယူနိုင်သလို အိမ်ကနေလည်း သင်ယူနိုင်မယ့် Hybrid class အတန်းမျိုးဖြစ်သည်။
အသက်အရွယ်- ၁၁ နှစ်မှ ၁၅ နှစ်အတွင်း၊ သင်တန်း level - A1.1.1၊သင်တန်းကာလ -16.03 - 07.07.2024၊သင်တန်းချိန် - တစ်ပတ်လျှင် နှစ်ကြိမ် (တစ်ကြိမ်လျှင် နှစ်ယူနစ်)၊သင်တန်းရက် - စနေ၊ တနင်္ဂနွေ (မနက် ၉:၀၀ မှ ၁၀:၃၀ ထိ)၊သင်တန်းကြေး - 440,000MMKသတ်မှတ်ထားသည်။
စိတ်ဝင်စားသူများသူများတက်ရောက်နိုင်ပြီး ဖေဖော်ဝါရီလ (၂၇) ရက်နေ့ကနေ မတ်လ (၁၁) ရက်နေ့အတွင်း
ဂျာမနီနိုင်ငံတွင် ပညာတော်သင်သွားလိုသူများ၊ တက္ကသိုလ်သွားတက်လိုသူများအနေဖြင့် ငယ်စဉ်ကတည်းကပင် ဂျာမန်ဘာသာစကားကို သင်ကြား လေ့လာထားသင့်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 7 March 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၆၆x ၆၇)ကြား (၃၆)လမ်း၊ ရေနီမြောင်းဘေးတွင် မီးလောင်မှုဖြစ်ပွားရာ လူတစ်ဦးေ-သဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်ဒေသခံပရဟိတအသင်းများထံကသိရသည်။
မတ်လ ၇ ရက် မွန်းလွဲ ၁နာရီ ခန့်က လောင်ကျွမ်းခဲ့ ခြင်း ဖြစ်ပြီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ၁၀ မိနစ် ခန့်က မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အဆောက်အဦးလိုင်းခန်းတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရသည့်အပြင် လူတစ်ဦးေ-သဆုံးခဲ့ရကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published-7 March 2024
ရန်ကုန်မြို့ ၌ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ဆေးရုံစာဖြေဌာန (၄)ခု ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
ထိုသို့ဖွင့်လှစ်ရာတွင် ဆေးရုံတတ်ရောက် ကုသနေရသည့် ကျောင်းသားကျောင်းသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဆေးရုံများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် စာစစ်ဌာနဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကျောင်းသာကျောင်းသူများအနေဖြင့်ဆေးလူမှုဆက်ဆံရေးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်တွင် မြန်မာစာ၊ မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃)ရက်တွင် သင်္ချာ၊ မတ်လ (၁၄)ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို (၆) ဘာသာလုံးနားရက်မရှိဆက်တိုက် ဖြေဆိုရမည်ဖြစ်ပြီး မတ်လ(၁၇ ) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေး သိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည် ဖြစ်သည်။
တိုင်းဒေသကြီး၊ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် ၎င်းတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ (၂၇ ) ရက်မှစတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကလည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း ပြောကြားထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 7 March 2024
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ နှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ခြင်း၊ဈေးကစားရန်သိုလှောင်ခြင်းပြုလုပ်လျှင် အများဆုံးထောင်ဒဏ် ၃ နှစ်အထိချနိုင်ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။
အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကိုဈေးနှုန်းမြှင့်တင်ခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုကြရန် ယမန်နေ့ကသတိပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းဆောင်ရွက်ကြောင်းစိစစ်တွေ့ရှိရပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီပြစ်မှုကြောင်းအရအရေးယူခြင်းခံရမည် ဖြစ်ကြောင်း၊အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ သတ်မှတ်ချက်တွင် အရေးကြီးကုန်စည်များနှင့် ပတ်သက်၍အမိန့်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခံရပါက ထိုသူအားအနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်ပြီးကျပ် ၅ သိန်းထက် မပိုသောငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားကြောင်းသိရသည်။
အထက်ပါ ပစ္စည်းများကိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရထုတ်ပြန်ခဲ့သော ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ဖြင့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီးယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် ၂ တွင် အဆိုပါအရေးကြီးကုန်စည်များကိုဈေးကွက် အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းသို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာ့သရက်သီး တရုတ်သို့တင့်ပိုရန် ဈေးကွက်မသေချာ၍ ခြံပြုစုစောင့်ရှောက်မှု ၂၀ရာခိုင်နှုန်းခန့်သာရှိ
' အခုတင်ပို့နေတဲ့ဖရဲ၊ သခွှားမွှေး ကုန်စိမ်းတွေလည်း တင်ပို့ရက် အရမ်းကြာတော့ အနည်းနဲ့အများ အရည်အသွေးကျဆင်းသွားတာကိုး၊ သရက်ကလည်း တရုတ်နယ်စပ်လိုင်းက အဓိကတင်ပို့ရတာ၊ အခုလမ်းကြောင်းတွေက မဖွံဖြိုး၊မပွင့်လင်းသေးတော့လေ၊ ဒါကြောင့် သရက်ခြံပိုင်ရှင်တွေက အရည်အသွေးကောင်းဖို့ နည်းပညာထည့်တာ၂၀% လောက်အထိ နည်းသွားတယ်၊ ကျန်တာက သဘာဝအတိုင်း ဘုရားပေးသလောက်ပဲ '
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နည်းပြချုပ် ယူကီတက်ဆုရိုအနေနဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကို အခုနှစ်အတွင်း နိုင်ငံတကာခြေစမ်းပွဲတွေ၊ လေ့ကျင့်ရေးခရီးစဉ်တွေ သွားရောက်ဖို့ စီစဉ်လျက်ရှိပါတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဆန်လျော့ဈေးများဖြင့် ရောင်းချပေးနေသော်လည်း စိတ်ဝင်စားမှုနည်းပါး ၊ဆန်ဈေးထပ်မကြီးနိုင်
' လက်လီဆိုင်တွေမှာ အသင်းကချတဲ့ဆန်တွေကို စားသုံးသူတွေက သိပ်ဟက်ဟက်ပက်ပက်မဝယ်ဘူး၊ ဈေးကွက်ကိုတော့ ထိန်းသွားသလိုဖြစ်တယ်၊ ဆန်ဈေးတော့ ဒီထက်ထပ်မကြီးနိုင်ဘူးဆိုပြီး စားသုံးသူတွေ စိတ်ပူစရာတော့ မရှိဘူး၊
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုတပတ်နှမ်းဈေးကွက် အနေထားမှာတော့ တရုတ်ဝယ်လက်နည်းလာပြီး ကုန်အဝင်မှာလဲ အလွန်နည်းလာတဲ့အတွက် ဈေးအတတ်အကျ အနည်းငယ်သာရှိကာ ယခင်ဈေးတန်းမှာပဲ ငြိမ်နေတယ်လို့ နှမ်းအရောင်းဝယ် ပြုလုပ်သူတွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်အရေးယူသွားမှာဖြစ်တယ်။ ရည်ညွှန်းရွှေဈေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူတွေကို အရေးယူနိုင်မယ့်နည်းလမ်း တွေကိုဆောင်ရွက်ဖို့လိုတယ်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 7March 2024
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြည်တွင်းအလုပ်အကိုင်အခွင့်လမ်းပေါင်း၁၃၆၈ဦး ဖန်တီးပေးနိုင်မည့်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် ၇ခု ကို ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
မတ်လ ၆ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး တွင် ခွင့်ပြုခု့ခြင်း ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ် ၇ ခု ကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၂၂၂ သန်းနှင့် ကျပ် ၉၉,၆၈၃ ဒသမ ၁၂၂ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၃၆၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းအစည်းဝေးကို နေပြည်တော်ရှိ ရုံးအမှတ် (၁၈)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်းသိရသည်။
စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံ ထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 07 March 2024
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံအနောက်ဘက်ဒေသရှိ အဓိကစစ်အခြေစိုက်စခန်းသို့ သွားရောက်ခဲ့ပါတယ်။
ထို့နောက် ဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် စစ်ရေးပြင်ဆင်မှုများကို အမြင့်ဆုံးအသင့်ပြင်ထားရန် ညွှန်ကြားချက်များ ထုတ်ပြန်ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA မီဒီယာက ကြာသပတေးနေ့မှာ ဖော်ပြလိုက်ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ တင်ပြချက်အရ အခြေစိုက်စခန်းတည်ရှိရာ နေရာကို မသိရှိရပေမယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဥ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီး စတင်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ယခုနှစ် အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုဟာ ယမန်နှစ်က ပါဝင်ခဲ့တဲ့ တပ်သားအရေအတွက်ထက် နှစ်ဆပိုများနေပါတယ်။
စစ်စခန်းသို့ရောက်ရှိစဥ် ကင်မ်ဂျုံအန်းက ဘယ်လိုဖြစ်ရပ်မျိုးအတွက်မဆို အပြည့်အဝ ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ကြုံတွေ့လာရမယ့် အခြေအနေတွေအတွက် လိုအပ်ချက်များနဲ့အညီ စစ်ရေးပြင်ဆင်မှုကို အမြင့်ဆုံးအသင့်ပြင်ထားရမှာဖြစ်ကြောင်း အလေးပေးပြောကြားသွားပါတယ်။
စစ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ပြီး တိုက်ရည်ခိုက်ရည် အလျင်မြန်ဆုံး တိုးတက်ဖို့ရည်ရွယ်ကာ လက်တွေ့စစ်ရေး လေ့ကျင့်မှုတွေကို အပြင်းအထန် လုပ်ဆောင်သွားသင့်တယ်လို့ ဆိုလိုက်ပါတယ်။
တကယ့်စစ်ပွဲပုံစံဖော်ဆောင်ကာ တပ်မတော်သားများ တကယ့်စစ်ရေးဆောင်ရွက်ပုံများကို ကင်မ်ဂျုံအန်းက ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
Source: WION
#World_Military
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 677 of 1859