#Local_News
Published 29 January 2024
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ မကြာသေးမီက ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ထားသည့်အတွက် ဘုရားဖူးခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော်ဆောင်နိုင်မည်ဖြစ်သောကြောင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ ခရီးသွားကုမ္ပဏီများအနေနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များအတွက် ပြည်တွင်း၌သွားရောက်လည်ပတ်သော ခရီးစဉ်များရေးဆွဲရာတွင် ခရီးစဉ် ဒေသတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကပြောကြားသည်။
အဆိုပါ ပြောကြားမှုကို ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့်နေပြည်တော်ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (နေပြည်တော်ဇုန်)၊ နေပြည်တော်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိ သူများအား တွေ့ဆုံရာတွင် ပြောကြားခြင်းဖြစ်သည်။
စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ (၃၈) နေရာ သို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ကြသည်ကို တွေ့ရှိရကြောင်း သိရသည်။
နေပြည်တော်အနေဖြင့်လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ခရီးသွားအဆောက် အအုံများရှိနှင့်ပြီးဖြစ်သည့်အတွက် ပြည်တွင်း/ ပြည်ပခရီးသွားဈေးကွက်ရရှိရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ဒုဝန်ကြီးကဆက်လက်ပြောကြားသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် ဆောင်ရွက်သွားသင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြကြောင်း သိရသည်။
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #YMG/LW #Yangon_Times
'ဆင်သရုပ်ပြပွဲမှာ ဆင်စီးခရီးတိုနဲ့၊ ခရီးရှည်က စခန်းတည်ထားတဲ့ သစ်နဲပုတ်ချောင်းကနေအထက်ဘက်တက်သွားရင် မကျဉ်းကိုးပင်ဘုရားလေးဆီကို ဆင်စီးပြီးသွားတာပါ'
#Local_News
Published 29 January 2024
#ဝါးနက်ဆင်စခန်း #တောတွင်းဆင်စီးခရီးစဉ်
#YMG/ NN #Yangon_Times
အေးသည့်အချိန် လှည်းကူး၊ သူဌေးကျွန်းနှင့် Resort များတွင် အပန်းဖြေသူများနေ
"လှည်းကူး၊ သူဌေးကျွန်းရဲ့ ကြေညာကောင်းမှုကြောင့် လှည်းကူးကို ခရီးသွားတွေ ဝင်ရောက်မှုများသလို ၊ Resort တွေမှာလည်း အပန်းဖြေနားနေသူတွေ များတယ်" လှည်းကူးဒေသခံလည်းဖြစ်၊ ခရီးသွားလမ်းညွှန်တစ်ဦးလည်း ဖြစ်သည့် ဦးသက်လွင်
#Local_News
Published_ 29 January 2024
#သူဌေးကျွန်း #Resortတွင်အပန်းဖြေသူများ
#tthl #Yangon_Times
#Local_News
Published_ 29 January 2024
2024 ခုနှစ် SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး၏ ချန်ပီယံအသင်း(၃)သင်းထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
အမျိုးသားသုံးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်း၊ အမျိုးသမီးသုံးယောက်တွဲ ချန်ပီယံအဖြစ် - Apple အသင်း၊ အမျိုးသားလေးယောက်တွဲ ချန်ပီယံအဖြစ်- Late Thone Kaung အသင်းတို့မှ အသီးသီးအနိုင်ရရှိခဲ့ကြသည် ဟုဆိုသည်။
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှကြီးမှူးပြီး SKY NETကစီစဥ်ကျင်းပသည့် SKY NETပိုက်ကျော်ခြင်းပြိုင်ပွဲ 2024 ဗိုလ်လုပွဲစဥ်များကို ဇန်န၀ါရီ၂၈ ရက်ညတွင် ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲစဉ် ပထမပွဲစဉ်တွင် အမျိုးသား ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်၌ Late Thone Kaungအသင်းက Khit Kyaung Tharအသင်းကို (၈-၁၅)၊ (၁၇-၁၆)၊ (၁၄-၁၇)ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊
ဒုတိယပွဲစဥ်ဖြစ်သည့် အမျိုးသမီး ၃ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင် Apple အသင်းက Huamei Myanmarအသင်းကို (၁၇-၁၄)၊ (၁၅-၆)ရလဒ်ဖြင့်နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ကြောင်း၊
တတိယပွဲစဥ်ဖြစ်သည့် အမျိုးသား ၄ ယောက်တွဲ ဗိုလ်လုပွဲစဥ်တွင် Late Thone Kaungအသင်းက Kyaung Sayarအသင်းကို (၁၃ -၁၅)၊ (၁၅- ၁၂)၊ (၁၅- ၁၉)ဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိ ဗိုလ်စွဲသွားကြောင်း သိရသည်။
ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ကတာ၀န်ရှိသူများနှင့်SKY NETမှ တာ၀န်ရှိသူများမှဆုရရှိသည့်အသင်းများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#Local_News #ပိုက်ကျော်ခြင်းပြိုင်ပွဲ #ချန်ပီယံအသင်း(၃)သင်းထွက်ပေါ် #tthl #Yangon_Times
#Local_News
Published-29 January 2024
YBS ယာဉ်လိုင်း၄၀ခန့်၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်း YPS မှ သိရသည်။
အဆိုပါ အသုံးပြုနိုင်သည့် YBS ယာဉ်လိုင်း များမှာ12,13, 19, 24, 21, 22, 25, 27 ,30, 38, 39, 42, 55, 57, 63, 64, 65, 66, 76, 79. 80, 81, 84, 85, 100, 103, 111, 127, 128,130, 131, 132, 133, 134, 135, 136, 138, 139, 142 တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် YPS QR Code ကို အသုံးပြုရန် MPyps + အက်ပ်(Android Version)ကို install လုပ်ထားရန် လိုအပ်ပြီး Google Playstore မှာ Download ရယူနိုင်ကြောင်း သိရသည်။
ထို့အပြင် YBS စီးလျှင် YPS Card ကို ဖြစ်စေ၊ YBS QR Code ကိုဖြစ်စေ အသုံးပြုနိုင်ပြီး YPS card Services များ နှင့် YPS QR Code Top Up Service ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ(KIOSK)၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များနှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်းသိရသည်။
အဆိုပါ YPS QR Code ကို အသေးစိတ် သိရှိလိုပါက Call Center(Hotline) 09969990905 သို့ တနင်္လာမှ သောကြာအထိ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#Local_News #YBSယာဉ်လိုင်း၄၀ #YPS_QR_Codeအသုံးပြုနိုင် #YMG /NN #Yangon_Times
#World_News
Published 29 January 2024
ဆီးရီးယားနယ်စပ်နား ဂျော်ဒန်အရှေ့မြောက်ပိုင်းမှာ စခန်းချထားတဲ့ အမေရိကန်တပ်တွေကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်တပ်သား ၃ ဦး သေဆုံးခဲ့ကာ ဒါဇင်များစွာခန့် ဒဏ်ရာရရှိနိုင်တယ်လို့ သမ္မတဂျိုးဘိုင်ဒင်နဲ့ တာဝန်ရှိသူများက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်-ဟားမတ်စ် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်တပ်တွေကို ပထမဆုံးအကြိမ် ထိခိုက်သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ကာ အရှေ့အလယ်ပိုင်းတလျှောက် ရိုက်ခတ်မှု ပေါ်ပေါက်လာခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် အီရန်နောက်ခံပြုအဖွဲ့တွေကို ဘိုင်ဒင်က အပြစ်တင်လိုက်ပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေဆဲဖြစ်ပေမယ့် ဆီးရီးယားနဲ့ အီရတ်တို့မှာရှိနေတဲ့ အီရန်နောက်ခံပြုအဖွဲ့တွေ လုပ်တယ်ဆိုတာကို သိနေပါတယ်လို့ ဘိုင်ဒင်က ပြောကြားသွားပါတယ်။
ဒီနောက် ကျဆုံးသွားတဲ့ စစ်မှုထမ်း ၃ ဦးအတွက် အသံတိတ်ဂုဏ်ပြုဖို့ ဘိုင်ဒင်က တောင်းဆိုလိုက်ပြီး တုန့်ပြန်သွားမယ်လို့ ဆိုလိုက်ပါတယ်။
တိုက်ခိုက်မှုကြောင့် အနည်းဆုံး တပ်သား ၃၄ ဦး ဒဏ်ရာရထားကာ အရေအတွက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။
အမေရိကန် စစ်တန်းလျားအနီးမှာ နံနက်ပိုင်းက ဒရုန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များရတာ ဖြစ်တယ်လို့ အရာရှိ ၂ ဦးက ပြောလိုက်ပါတယ်။
အီရန်အခိုင်အမာ နောက်ခံပြုထားတဲ့ အစ္စလာမ် အတိုက်အခံစစ်သွေးကြွအဖွဲ့က စခန်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
အစ္စရေးလ်နဲ့ ပါလက်စ်တိုင်းတို့ရဲ့ ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုမြင့်နေရာကနေ ယခုလိုတိုက်ခိုက်မှုကြောင့် ပိုမိုဆိုးရွားလာဖွယ် ရှိနေပါတယ်။
အီရတ်နဲ့ ဆီးရီးယားတို့မှာ အီရန်နောက်ခံပြုအဖွဲ့တွေ အကြိမ် ၁၅၀ ကျော် တိုက်ခိုက်ထားတာကို အမေရိကန်တပ်တွေ ကြုံတွေ့ထားပြီး အနည်းဆုံး အယောက် ၇၀ ထိခိုက်ထားပါတယ်။
အမေရိကန် စစ်သင်္ဘောတွေကလည်း ယီမင်မှ ဟူသီအဖွဲ့တွေကို ပစ်ခတ်နေပါတယ်။
အမေရိကန်တပ်တွေ တိုက်ခိုက်ခံနေရတာကို အခွင့်ကောင်းယူပြီး ဘိုင်ဒင်ရဲ့ပြိုင်ဘက် ရီပတ်ဘလစ်ကန်တွေက သမ္မတဟာပျော့ညံ့နေတယ်လို့ ဝေဖန်လိုက်ကြပါတယ်။
ဂါဇာမှာ အပြစ်မဲ့တွေကို သတ်ဖြတ်နေတာတွေ မရပ်မချင်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဟားမတ်စ်အဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
#World_News #အီရန်နောက်ခံပြုအဖွဲ့ #တပ်သား(၃)ဦးသေဆုံး #ဒါဇင်များစွာဒဏ်ရာရ #Source: Reuters
#Local_News
Published_ 29 January 2024
ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေး အနက်ထားပြီး ကြားဝင် ဖြေရှင်းပေးနိုင်ရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တိုက်တွန်းလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ပြန်သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေး ကြေညာချက် တွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။
ယင်းအပြင် RCSSအနေဖြင့် သက်ဆိုင် ရာ အဖွဲအစည်းများနှင့် တွေ့ဆုံညှိနှိင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်း လမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
RCSS ထိန်းချုပ်သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်း ငွေကြေးလိမ်လည်ခြင်း(ကျားဖြန့်) ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အစည်းအဝေးသို့အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC)များ၊ ဗဟိုဦးစီးကော်မတီဝင်(CLC)များ၊ ဗဟိုကော်မတီဝင်(CC)များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၂၅၆)ဦး တက်ရောက်ခဲ့ကြောင်း၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ၂၀၂၃ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ (၂၆ ရက်နှင့် ၂၈)ရက်တွင် ဗဟိုဌာနချုပ် ရှိရာလွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #အာဆီယံကြားဝင်ဖြေရှင်းပေး #RCSSတိုက်တွန်း #Yangon_Times/PP
#Local_News
Published-29 January 2024
၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး GDP ၂ ရာခိုင်နှုန်း နှင့် ၃ဒသမ ၂ ရာခိုင်နှုန်းကြား တိုးတက်နိုင်ရန်မျှော်မှန်းထားကြောင်း ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev က ပြောသည်။
မော်စကို၌ ကျင်းပသည့် ဒုတိယအကြိမ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် ကုန်သွယ်မှုကိုယ်စားလှယ် Mr.Vladimir Kazadaev မှမိန့်ခွန်း၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
၎င်း၏မိန့်ခွန်းတွင် ၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး ဖွံ့တိုးတက်မှု ရလဒ်များကို တင်ပြခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ၊မြန်မာ့စီးပွားဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် အကြံပြုချက်များပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံသည်နိုင်ငံတကာနှင့် နှိင်းယှဉ်လျှင်အနုတ်လက္ခဏာများ ရှိနေသော်လည်း မြန်မာ့စီးပွားရေးသည် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် GDP သည် ၁ရာခိုင်နှုန်းမှ၂ဒသမ ၈ ရာခိုင်နှုန်းကြားတိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်မှာ GDP ၏ ၂ ရာခိုင်နှုန်းနှင့် ၃ဒသမ၂ ရာခိုင်နှုန်းကြား တိုးတက်မှုတွင်တည်ငြိမ်ရေးဖြစ်ကြောင်း သိရသည်။
၎င်းအပြင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အလားအလာ အလွန်ကြီးမားသော နိုင်ငံဖြစ်ပြီး America ၊EU နှင့် UK နိုင်ငံများကဲ့သို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံတွင် ၄င်းတို့၏လုပ်ငန်းများကို အရှိန်မလျှော့ကြောင်း၊ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၉၅ဒသမ၃ ဘီလီယံ (+ဝ.၇%) တိုးလာကြောင်း သိရသည်။
စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ICT၊ ပြည်တွင်းစက်မှုလုပ်ငန်းများ (ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်း) သည်အလားအလာကောင်းများဖြစ်ပြီး အောင်မြင်မှုသော့ချက်မှာ ရေရှည်စီးပွားရေးအတွက် ကစားလိုစိတ် - ရေရှည်စီမံကိန်းများ ရင်းနှီးမြှုပ်နှံခြင်း၊ မိမိထုတ်ကုန်နှင့် ဖြေရှင်းချက်များကို မှန်ကန်စွာနေရာချနိုင်စွမ်း - ဒေသတွင်းဈေးကွက်နှင့်လိုအပ်ချက်များကို စဉ်းစားခြင်း၊ 'one-time supply' paradigm မှ ဖယ်ခွာခြင်း - မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော နိုင်ငံခြား ပြိုင်ဘက်များသည် Training ၊ soft power ၊ သီးခြားသတ်မှတ်ထားသော block များပါဝင်သည့် ဆက်မပြတ်အကောင်အထည်ဖော်နိုင်သော စီမံကိန်းကြီးများမှတဆင့် ၎င်းတို့၏ အကျိုး စီးပွါးအတွက်လုပ်ဆောင်ချက်များ သင်ယူခဲ့ကြကြောင်းသိရသည်။
ကုန်သွယ်မှုအလားအလာများမှာလည်း လယ်ယာထွက်ကုန် တင်သွင်းမှုတိုးမြှင့်ရေးသည် ဦးစားပေး ကဏ္ဍဖြစ်ကြောင်း၊ EAEU General System of Preferences သည် ဖွံ့ဖြိုးမှုနှေးသောနိုင်ငံမှသွင်းကုန်အမျိုးမျိုးပေါ်တွင် သွင်းကုန်အကောက်ခွန်များကို ဖယ်ရှားပေးသည့် မြန်မာနိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များကို ကူညီပေးသော စနစ်ဖြစ်
ကြောင်းနှင့် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့နိုင်သည့် ပင်လယ်စာ၊ ဆန်၊ ကော်ဖီနှင့် အခြားထုတ်ကုန်များစွာပါဝင်ကြောင်းသိရသည်။
#Local_News #မြန်မာ့စီးပွားရေး #တိုးတက်နိုင်ရန်မျှော်မှန်း #YMG/ NN #Yangon_Times
#Local_News
Published 29 January 2024
ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူ -ရန်ကုန် ကားလမ်းမိုင်တိုင်အမှတ်(၁၄/၂)နှင့်(၁၄/၃)ကြားတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း ဖြစ်သူ တစ်ဦးေ-သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဇန်န၀ါရီ ၂၉ ရက် နံနက် ၆နာရီ ၄၀ခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိချက်အရ ဓနုဖြူမြို့နယ် မီးသတ်စခန်းမှ သန္ဓေ မီးသတ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့စည်းများနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
"ဓနုဖြူမြို့တောင်ဘက် ၄ မိုင်ခန့်အကွာညောင်ချောင်းရွာအနီးမှာဖြစ်တာ ကုန်တင်ကားက ဆန်အိပ်တွေ သယ်လာတဲ့ ကား မျက်နှာချင်းဆိုင်လာတဲ့ ဆီဘောက်ဆာ ကားနဲ့တိုက်မိသွားတာ မနက်ပိုင်းက ရာသီဥတုက အုပ်မှိုင်းမှိုင်း ဆိုတော့မြင်ကွင်းမရှင်းဘဲ ဖြစ်သွားတာ ထင်တယ်ေ-သဆုံးသွားတဲ့ ယာဉ်မောင်းက ကားအောက်မှာညှပ်နေလို့ မီးသတ်တပ်ဖွဲ့တွေ အကူညီနဲ့ ထုတ် ကသေးတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်မှ ယာဉ်မောင်း ဖြစ်သူ မှာေ-သဆုံးပြီး ယာဉ်အကူဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိသဖြင့် ဓနုဖြူပြည်သူ့ဆေးရုံသို့ ပုဏ္ဏမာပရဟိတအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကုန်တင်ယာဉ်နှင့်ဆီဘောက်ဆာယာဉ် #မျက်နှာချင်းဆိုင်တိုက်မိ #ယာဉ်မောင်းဖြစ်သူေ-သဆုံး #YMG/LW #Yangon_Times
Published 29 January 2024
သွားတိုက်တာနဲ့ ပတ်သက်ပြီး တစ်နေ့ ၂ ခါအနည်းဆုံး တိုက်သင့်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပေမယ့် အတိုက်သင့်ဆုံးအချိန်တွေကို စဥ်းစားထားသင့်ပါတယ်။
နံနက်ခင်းမှာ တိုက်မယ်ဆိုရင် မနက်စာစားပြီးနောက် သွားတိုက်ဖို့ အကြံပြုချင်ပါတယ်။
ဒါဟာ တစ်ညလုံး စုပြုံလာတဲ့ ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ခံတွင်းသန့်ရှင်းစေပါတယ်။
တစ်နေ့လုံး စားသောက်ထားတဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားဖို့ ညဘက်မှာ သွားတိုက်ဖို့ အထူးတလည် အရေးကြီးပြီး သွားတွေမှာ အက်ဆစ်တွေ စုလာတာကို ဖယ်ရှားဖို့နဲ့ သွားပိုးစားခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။
လူအများစုဟာ သွားတိုက်ခြင်းနဲ့ ပတ်သက်ပြီး အမှားတွေပြုလုပ်နေကာ သွားနဲ့ သွားဖုံးတွေကို ထိခိုက်စေပါတယ်။
ပထမဆုံးအမှားက သွားကို အလျင်အမြန် တိုက်ကြတာပါပဲ။
သွားတိုက်ရာမှာ အနည်းဆုံး ၂ မိနစ်ကြာအောင် တိုက်ဖို့အကြံပြုထားပြီး သွားမျက်နှာပြင်တွေ သေချာစွာ သန့်ရှင်းစေမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က အားနဲ့ဖိတိုက်ရာမှာ သွားနဲ့ ကြွေလွှာများ တိုက်စားခြင်း ယိုယွင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒီအတွက် စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း ညင်သာစွာ တိုက်ရမှာ ဖြစ်ပါတယ်။
နောက်ထပ်အမှားက ပါးစပ်ထဲက အချို့နေရာတွေဆီ မရောက်တာပဲ ဖြစ်ပါတယ်။
သွားတွေရဲ့ အတွင်းပိုင်း၊ အနောက်ပိုင်းတွေကိုပါ ထိရောက်စွာ တိုက်ပေးရမှာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်က သွားတိုက်တံတွေကို မလဲဘဲ ကြာရှည်စွာ အသုံးပြုတာပါ။
သွားတိုက်တံကို အနည်းဆုံး ၃ လတစ်ကြိမ်လဲပေးသင့်ပြီး ဒါမှသာ သွားကြားတွေထဲကို ထိရောက်စွာ သန့်ရှင်းနိုင်မှာ ဖြစ်ပါတယ်။
သွားနှင့်ခံတွင်းကျန်းမာရေးအတွက် တိုက်ပုံတိုက်နည်းနဲ့ အချိန်တို့က မရှိမဖြစ် အရေးကြီးသလို အထက်ဖော်ပြပါ အမှားတွေကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Published_ 29 January 2024
#YMG #Yangon_Times #Yangon_Media_Group
၂၈ ဇန်နဝါရီ ၂၀၂၄
လာအိုမှာကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်တက်ရောက်နေပါတယ်။
မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကို စေလွှတ်ဖို့ အာဆီယံကဆုံးဖြတ်ထားတဲ့အပေါ် မြန်မာနိုင်ငံနစကမှ လာအိုမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပထမဆုံးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဒေါ်မာလာသန်းထိုက်ကို စတင်စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့်အခြား သံတမန်အရင်းအမြစ်နှစ်ခုကလည်း ဒေါ်မာလာသန်းထိုက် တက်ရောက်နေတာကို အတည်ပြုတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
“အာဆီယံရဲ့မူဝါဒမပြောင်းလဲဘူး။ မြန်မာဟာ အာဆီယံရဲ့ ဆုံးဖြတ်ချက်လုပ်ဆောင်ရာမှာ အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး” လို့ ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun ဟာ ရာထူးလက်ခံပြီးသိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံ နေပြည်တော်ကိုလာရောက်ပြီး နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စများဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ လွမ်ဖရာဘန်မြို့မှာ ယနေ့ ဇန်နဝါရီ ၂၈ ရက်မှာကျင်းပနေတာဖြစ်ပါတယ်။
@ymg/knl
Published 29 January 2024
အမျိုးသမီးတစ်ဦးဟာ အသားဖြူဝင်းခရင်မ်တစ်ခု အသုံးပြုပြီးနောက် မျက်နှာက ညိုပြာရောင်ပြောင်းသွားခဲ့ပါတယ်။
အိန္ဒိယမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဟာ ထိုအခြေအနေကို တစ်နှစ်လောက် ခံစားခဲ့ရတာဖြစ်တယ်လို့ နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
သူမဟာ ပါးပေါ်က အညိုကွက်တွေကို ပြုပြင်ချင်တာကြောင့် အရေပြားချွတ်ဆေး ဟိုက်ဒရိုကွီနုန်းပါတဲ့ အသားဖြူဝင်းဆေးကို လိမ်းခဲ့ရာမှာ အခုဆိုရင် ညိုပြာရောင်ပြောင်းသွားပါတော့တယ်။
သူမကို စစ်ဆေးခဲ့ရာမှာ ပါး၊ နှာတံ၊ ပါးစပ်နားတဝိုက်တို့မှာ အရေပြားနီမြန်းခြင်း၊ သွေးကြောကျယ်ခြင်းတို့ တွေ့ရှိခဲ့ကြောင်း ဗာဒိုဒါရာ အစိုးရဆေးပညာကောလိပ်မှ နီကီတာပေတယ်လ်နဲ့ ဟီရယ်လ်ရှားတို့က ဖော်ပြခဲ့ပါတယ်။
ဒီလိုအခြေအနေဟာ ဟိုက်ဒရိုကွီနုန်း ဒါမှမဟုတ် ဖီနောလ်တို့ကို အရေပြားပေါ်လိမ်းတဲ့အခါ ဖြစ်တတ်ပါတယ်။
မိုက်ခရိုစကုပ်နဲ့ကြည့်တဲ့အခါ အဝါရောင်သမ်းပေမယ့် သာမန်မျက်စိနဲ့တော့ ညိုပြာရောင် ဖြစ်နေပါတယ်။
အရောင်ခြယ်အနည်တွေ တစ်ရှူးတွေထဲမှာ စုပြုံလာတာဖြစ်ပြီး ကုသဖို့ခက်ခဲတတ်ပါတယ်။
အချို့လေ့လာချက်များအရ Q-swiched alexandrite (၇၅၅ နာနိုမီတာ)လေဆာဖြင့် ကုသနိုင်ပါတယ်။
၂ လကြာပြီးတာတောင်မှ အရေပြားအရောင်ပြောင်းတာက အနည်းငယ်သာ သက်သာခဲ့ပြီး နောက်ပိုင်းမှာလည်း သိပ်ပြီးမထူးခြားပါဘူး။
ဟိုက်ဒရိုကွီနုန်းက ဘေးထွက်ဆိုးကျိုး အများအပြားရှိပြီး နေနဲ့ထိတဲ့နေရာတွေကို ပိုဆိုးစေပါတယ်။
ထိုပစ္စည်းကို ဥရောပသမဂ္ဂက ၂၀၀၀ ခုနှစ်ကတည်းက ပိတ်ပင်ထားပြီး အမေရိကန်မှာလည်း ၂၀၀၆ ခုနှစ်မှာ ပိတ်ပင်လုနီးပါး ဖြစ်ခဲ့ပါတယ်။
ကမ္ဘာတဝှမ်းမှာ အသားဖြူဝင်းထုတ်ကုန်များ နှစ်စဥ်ရောင်းချရမှုက ၁၅ သန်းခန့်ရှိနေပြီး ဂျပန်က အကြီးမားဆုံးဈေးကွက်တွေထဲ အပါအဝင် ဖြစ်ပါတယ်။
Source: WION.
#World_Health
#Published_ 29 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 676 of 1803