Published_8 Nov 2024
စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးနှင့် အခြား နယ်ပယ်ပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေ ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမ အကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီး အစည်းအဝေး 8th Greater Mekong Subregion (GMS ) အပါအဝင်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ခဲ့ပြီး ချုံချင့်မြို့ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်း မိသားစုများ အား သွားရောင်တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်။
ယနေ့ နိုဝင်ဘာလ ၈ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား သွား ရောက်တွေ့ဆုံအမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့နိုဝင်ဘာလ ၇ ရက်ညနေပိုင်းတွင် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ချုံချင့်မြို့သို့သွားရောက် စဉ် တရုတ်ကွန်မြူနစ်ပါတီ၊ အမြဲ တမ်းကော်မတီအဖွဲ့ဝင် Mr. Yang Yalin နှင့် တာဝန်ရှိသူများ၊ တရုတ်ရိုးရာ ယဉ်ကျေးမှု အဖွဲ့များက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍ ရိုးရာယဉ်ကျေးမှုအကအလှများ ကပြကာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း ၊ချုံချင့်မြို့၊ ကျန်းပေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr. Shang Kui နှင့် အဖွဲ့ဝင်များ၊ ချုံချင့်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ် ဝန်ချုပ်ဦးကျော်ဇေယျာလင်းနှင့်တာဝန်ရှိသူများ က ပန်းစည်းကမ်း၍ ကြိုဆိုနှုတ် ဆက်ကြကြောင်း သိရ သည်။
ယင်းအပြင် ကောင်စစ် ဝန်ချုပ်ရုံးတွင် နိုင်ငံ့တာဝန်ထမ်း ဆောင်နေသူများအနေဖြင့် သံတမန်ရေးရာဆိုင်ရာ ဆက်ဆံရေးသာမက အခြားကဏ္ဍများ၌လည်း အောင်မြင် အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ နှစ်နိုင်ငံ အကြား အကျိုးတူစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန် သွင်း ကုန်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များဆောင်ရွက် နိုင်ရန် အခွင့်အလမ်းများ ဖော် ဆောင်ပေးနိုင်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှု ၏အခြေခံအုတ်မြစ်သည် လူသား သားအရင်း အမြစ် များ အများအပြားမွေးထုတ်ပေး နိုင်ခြင်းပင်ဖြစ်သည့် အတွက် ပညာရေးမြှင့်တင်မှု အခန်းကဏ္ဍအတွက် လည်း သံတမန်ဝန်ထမ်းများအနေဖြင့် ဖော်ဆောင်ပေးကြရ မည် ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာ တွင် မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်း၊ လုပ်ငန်း တာဝန်များကိုကျေပွန်အောင်ဆောင်ရွက်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ့၏ဂုဏ်ကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန်လို ကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အဓိက အထောက်အကူပြုသည့် နေရာတစ်ခုအဖြစ် ရောက်ရှိအောင် ဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ် ကို မြှင့်တင်နိုင်ပါ စေကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP