Published_11 March 2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးသို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်လာ သောငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅ဝ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရသည်။
မတ်လ ၆ ရက်ကမန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း စက်တပ်လှေငယ် ၂ စီးဖြင့် မီးသွေး အိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၅၀ နှင့် သယ်ဆောင်လာသူများ ဖြစ်သော ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ) ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေး နှင့် မယမင်းသူ(ခ) မင်းမင်း တို့ ၆ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရစောင့်ဆိုင်းဖမ်းဆီးမိခဲ့ခြင်းလည်း ဖြစ်သည်။
၎င်းအပြင်သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသည့် စိုင်းမင်းသူ နှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်း တို့အား မတ်လ ၇ ရက် က မတ္တရာမြို့နယ်၊ ဆည်တော်ကျေး ရွာတွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ ကြောင်း၊ယခုအခါ ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ ငွေကြေးအရှုပ်တော်ပုံမှာ ပါဝင်နေတဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)မှ အဖွဲ့ဝင်များကို တိကျမြင်သာစွာ စုံစမ်းစစ်ဆေးပေးစေလိုတဲ့အတွက် ဆန္ဒပြသူများဟာ တိုကျိုရှိ ဘဏ္ဍာရေးဝန်ကြီးဌာနရှေ့မှာ စုရုံးခဲ့ကြပါတယ်။
#World_Government
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 11 March 2024
၁။ မော်တင်စွန်းဘုရားပွဲတော်စတင်၊ နဂါးစာ အာဟာရဒါနပြုလုပ်သူများပြား
၂။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုနေ၊ မြန်မာစာမေးခွန်းလွယ်ဟုဆို
၃။ ဆိတ်မွေးမြူရေးဈေးကွက် လာမည့် သင်္ကြန်နှစ်ကူး ပြီး ကာလမှသာ ပြန်လည်ကောင်းမွန်နိုင်မည်ဟုဆို
၄။ ငွေကြေးရန်ပုံငွေအရှုပ်တော်ပုံတွင် ပါဝင်သည့် လွှတ်တော်အဖွဲ့ဝင်များကို စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးပေးရန် ဂျပန်ပြည်သူများဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၁ မတ် ၂၀၂၄
ဘူဒါပက်စ် , မတ် ၁၁ (ရိုက်တာ) - အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနေဖြင့် သမ္မတအဖြစ် ထပ်မံအရွေးခံရပါက ယူကရိန်းကို ရုရှားနှင့်တိုက်ခိုက်ရန် ငွေကြေးထုတ်ပေးတော့မည်မဟုတ်ကြောင်းနှင့် ယင်းကြောင့် စစ်ပွဲကို မြန်မြန်အဆုံးသတ် သွားစေလိမ့်မည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ထရမ့်နှင့်တွေ့ဆုံအပြီး ပြောကြားလိုက်ပါတယ်။
ဟန်ဂေရီရဲ့ အမျိုုးသားရေးဝါဒီ အော်ဘန်ဟာ သူ့ရဲ့ ကာလရှည်ကြာမဟာမိတ်တစ်ဦးဖြစ်တဲ့ ထရမ့်ကို အိမ်ဖြူတော်ပြန်လာစေဖို့ ထောက်ခံအားပေးနေသူဖြစ်ပြီး သူဟာ ထရမ့်နှင့် သောကြာနေ့က ဖလော်ရီဒါမှာတွေ့ဆုံခဲ့ပါတယ်။
“ သူဟာ ယူကရိန်း-ရုရှားစစ်ပွဲထဲသို့ ပိုက်ဆံတစ်ပြားတစ်စေ့တောင် ထုတ်ပေးတော့မှာမဟုတ်ဘူး။ အဲဒါကြောင့် စစ်ပွဲလည်း ပြီးသွားလိမ့်မယ်” လို့ အော်ဘန်က တနင်္ဂနွေညတွင် ဟန်ဂေရီနိုင်ငံပိုင်ရုပ်သံမှာပြောကြားပါတယ်။
“ ယူကရိန်းဟာ သူ့ခြေထောက်ပေါ်သူ မရပ်တည်နိုင်ဘူးဆိုတာ သိပ်ထင်ရှားတယ်” လို့သူကပြောပါတယ်။
“ တကယ်လို့ အမေရိကန်ကသာ ပိုက်ဆံနှင့်လက်နက်တွေ မပေးဘူးဆိုရင် ၊ ဥရောပကလည်း အလားတူပဲဆိုရင် စစ်ပွဲက ပြီးသွားလိမ့်မယ်။ အကယ်၍ အမေရိကန်တွေက ဥရောပသားတွေကိုပိုက်ဆံမပေးရင် သူတို့ကလည်း သူတို့ပိုက်ဆံနှင့်သူတို့ စစ်ပွဲကိုထောက်ပံ့နိုင်မှာမဟုတ်ဘူး။ အဲသလိုဆိုလည်း စစ်ပွဲပြီးမှာပဲ” လို့ သူကဆက်ပြောပါတယ်။
အော်ဘန်ဟာ ကိဗ်ကို လက်နက်တွေပေးပို့ဖို့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ပြီး ကတည်းက ဟန်ဂေရီဟာ မော်စကိုနှင့် စီးပွားရေးအရ နီးနီးကပ်ကပ်ဆက်ဆံနေပါတယ်။ ဥရောပသမဂ္ဂက မော်စကိုကို ဝိုင်း ကြဉ်ဖို့ကြိုးပမ်းအားထုတ်နေတဲ့ကြားက အော်ဘန်ဟာ အောက်တိုဘာလတုန်းက ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်နှင့် တရုတ်မှာ တွေ့ဆုံခဲ့ပါတယ်။
စစ်ပြေငြိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်အတူ စစ်ပွဲက ဘယ်လိုပြီးသွားမလဲဆိုတာနှင့် တည်ငြိမ်လုံခြုံတဲ့ ဥရောပကို ဘယ်လိုဖန်တီးမလဲဆိုတာတွေက နောက်ထပ်ကိစ္စတစ်ခုဖြစ်ပြီး ပထမဆုံးငြိမ်းချမ်းရေးရဖို့ပဲဖြစ်တယ်။ ထရမ့်ကလည်း အဲသလိုမျိုးသဘောပေါက်ထားတယ်” လို့ သူကဆက်ပြောပါတယ်။
ထရမ့်ရဲ့ မဲဆွယ် အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ သူတို့နှစ်ဦးဟာ နှစ်နိုင်ငံကိစ္စတွေနှင့် နယ်စပ်လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့သာဖော်ပြထားပြီး ယူကရိန်းကို ဖော်ပြထားခြင်းမရှိပါဘူး။
ထရမ့်သာ လာမယ့်သမ္မတဖြစ်ရင် ယူကရိန်းနှင့် နေတိုးရဲ့ အတ္တလန်တစ်ဖြတ်ကျော်စစ်ရေးမဟာမိတ်တွေကို အမေရိကန်ရဲ့ ထောက်ခံအားပေးမှုတွေ မှေးမှိန်လျော့ပါးသွားမှာကို ဥရောပခေါင်းဆောင်တွေက သောကပွေနေကြပါတယ်။
Source Reuters
အခုလကုန်ကစပြီး မလေးရှား calling visa က ပိတ်ပြီဆိုတော့ ပွဲစားတွေက အမြန်သွားရမယ် ဘာညာနဲ့လိမ်တာတွေ ဖြစ်လာနိုင်တယ် ဒီလိုတွေမဖြစ်ဖို့ မလေးရှားကိုသွားမယ်ဆိုရင် အခုလမကုန်ခင်မှာ တရားဝင်အေဂျင်စီတွေမှာ တိုက်ရိုက်သွားပြီး သေချာစုံစမ်းပြီးမှသာ လုပ်ဆောင်ဖို့ သတိပေးချင်ပါတယ်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၁ မတ် ၂၀၂၄
ဩစတြေလျနိုင်ငံ ပြည်တွင်းခရီးစဉ်ပျံသန်းတဲ့ လေယာဉ်တစ်စီးဟာ ပျံသန်းနေရင်း နည်းပညာပြဿနာကြောင့် ပြင်းထန်လှတဲ့ ရွေ့လျားမှုကြီး တစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက် ခရီးသည်တွေ ရုတ်တရက်ကြီး လွင့်စဉ်ကုန်တဲ့အတွက် ဆင်းသက်အပြီးမှာ ခရီးသည် ၅၀ ဦးကို အရေးပေါ်လူနာတင်ယာဉ်တွေက ပြုစုစောင့်ရှောက်လိုက်ရပြီး ကျန်ခရီးသည် ၁၃ ဦးကိုတော့ ဆေးရုံပို့ဆောင်လိုက် ရပါတယ်။
ဟတိုးဟုန်းစိန့်ဂျွန်းအရေးပေါ်လူနာတင်ယာဉ်အဖွဲ့က“သူတို့အဖွဲ့ဟာ အောက်ကလန်နိုင်ငံတကာလေဆိပ်မှာပြည်တွင်းခရီး သည်တင်လေယာဉ်တစ်စီး မတော်တဆမှုတစ်ခုရှိတယ်လို့ တနင်္လာနေ့ ညနေ ၃ နာရီ ၅၈ မိနစ်မှာ သိရှိရပြီး သွားရောက်ကူ ညီ ခဲ့တယ်” လို့ပြောပါတယ်။
အဲဒါကြောင့် အရေးပေါ်လူနာတင်ယာဉ် (၅)စီး၊ အကြီးစားမတော်တဆမှု ကူညီထောက်ပံ့ရေးအဖွဲ့ကားတစ်စီးနှင့် လျင်မြန် တုန့်ပြန်ယာဉ်(၂)စီးတို့ဟာ အကြီးတန်းအရာရှိများနှင့်အတူ လေဆိပ်ကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။
အရေးပေါ်စောင့်ရှောက်ရေးသမားတွေဟာ လူနာ ၅၀ခန့်ကို ကုသမှုတွေပေးခဲ့ရပါတယ်။ တစ်ဦးကတော့ ပြင်းထန်တဲ့ အခြေ အနေမှာရှိပြီး အများစုကတော့ အတန်အသင့်နှင့်အနည်းငယ်ဒဏ်ရာရရှိကြသူတွေဖြစ်ပါတယ်။ ခရီးသည် ၁၃ ဦးကိုတော့ မစ်ဒဲလ်မိုး ဆေးရုံကြီးကို လူနာတင်ယာဉ်နှင့်ပို့ဆောင်ပေးခဲ့ရပါတယ်။
လေယာဉ်ဟာ ရုတ်တရက်ကြီး ကောင်းကင်ပေါ်က ပြုတ်ကျသွားတာလို့ ခရီးသည်တစ်ဦးကပြောပါတယ်။ သုံးနာရီကြာခရီးမှာ လေယာဉ်က နှစ်နာရီခန့်ပျံသန်းအပြီး ယခုလိုဖြစ်ခဲ့တာပါ။ ခရီးသည်တွေဟာ ထိုင်ခုံပေါ်ကနေ ဆွဲလွှင့်ပစ်ခံရသလို လွင့်ထွက် ကုန်ပြီး အချို့ဆို လေယာဉ်မျက်နှာကျက်နှင့် သွားရိုက်မိကြပါတယ်လို့အဆိုပါ ခရီးသည်ကပြောပါတယ်။
“ လေယာဉ်တစ်စီးလုံး အော်ဟစ်ငိုယိုကုန်ကြတယ်။ အဲဒီနောက် လေယာဉ်ဟာ နိမ့်ဆင်းလာတယ်။ကျွန်တော်တို့တော့ပြီး သွားပြီလို့ ကျွန်တော်တွေးမိနေလိုက်တယ်” လို့ ခရီးသည် ဘရီယန်ဂျိုကက်က ပြည်တွင်းမီဒီယာ တစ်ခုကိုပြောပါတယ်။
နောက်တစ်ဦးကလည်း လေယာဉ်ဟာ လေထဲမှာ ပြုတ်ကျသွားတာလို့ပြောပါတယ်။ လူတွေထိခိုက်ဒဏ်ရာရကြတယ်။ ခရီး သည် တော်တော်များများက အဲဒီအချိန် ထိုင်ခုံခါးပတ် ပတ်မထားကြဘူး” လို့ သူကဆက်ပြောပါတယ်။
လူတွေက အတော့်ကို တုန်လှုပ်သွားကြတယ် လို့သူကပြောပါတယ်။
အဆိုပါလေယာဉ်ဟာ လက်တမ်လေကြောင်းလိုင်းပိုင်လေယာဉ်ဖြစ်ပြီး ဆစ်ဒနေမှ အောက်ကလန်သို့ ပျံသန်းစဉ် ပြင်းထန်တဲ့ ရွေ့လျားမှုဖြစ်ပေါ်စေတဲ့ “ နည်းပညာ ပြဿနာ” နှင့်ကြုံတွေ့ရတာဖြစ်ကြောင်း တောင်အမေရိကန်လေကြောင်းလိုင်းတစ်ခု ဖြစ်တဲ့ လက်တမ်လေကြောင်းက သတင်းထုတ်ပြန်ပါတယ်။
“လက်တမ်အနေနှင့် ခရီးသည်တွေ အဆင်မပြေမှုတွေနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှုတွေအတွက် ဝမ်းနည်းပါတယ်။ လေကြောင်းလိုင်းရဲ့ပျံသန်းမှုဆိုင်ရ စံချိန်စံညွှန်းမူဘောင်များအတွင်းမှာ ဘေးကင်းလုံခြုံရေးကို ဦးစားပေးအဖြစ်ထားရှိတာကို လည်း ထပ်လောင်ကတိပြုပါတယ်” လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source: The Guardian
MFFမှ ဘောလုံးပညာတွေကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ နံနက် ၇ နာရီ ၃၀မိနစ် မှ ၉ နာရီအထိ လူငယ်ဘောလုံးသင်တန်း သားတွေကို သင်ကြားပေးနေတယ်။
Yangon Times/tthl
#မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 11 March 2024
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အထက(၂) စာစစ်ဌာနမှ ဖြေဆိုခွင့်ကတ်ကျန်ခဲ့သူ ကျောင်းသူ(၁) ဦး အား အမှတ် (၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ နေအိမ်သို့ ကူညီ၍ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး ဖြေဆိုခွင့်ကတ်ပြန်ယူကာကျောင်းသို့ ပြန်လည်ပို့ဆောင်ဖြေဆိုစေခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြောင်းကို အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့) East Shan State Traffic Police Facebook page၌ ဖော်ပြထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက် နံနက် (၉) နာရီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကျင်းပနေပြီဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့ မတ်လ (၁၁) ရက်မှ စတင်ကာ မတ်လ (၁၉) ရက်အထိ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးသုံးခုမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်၅၇စီးအား ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ(လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီ) ၏ ထုတ်ပြန်ချက်အရသိရသည် ။
အဆိုပါကဲ့သို့ရောင်းချရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထိန်းသိမ်းထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် များအား ရောင်းချသွားမည်ဖြစ်ပြီး ရေယာဉ်တွေကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချသွားရန်စီစဉ်ထားကြောင်း ဆသိရသည်။
ထိုကဲ့သို့ ရောင်းချသွားမည့် ရေယာဉ်များမှာ ကော့သောင်းခရိုင်မှ (၇) စီး၊ ဘုတ်ပြင်းခရိုင်မှ (၅) စီး၊ မြိတ်ခရိုင်မှ (၁၅) စီး၊ ဖျာပုံခရိုင်မှ (၂၃) စီးနှင့် ရန်ကုန်တိုင်းဒေသကြီး၌ (၂) စီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ လျှောက်လွှာများကို မတ်လ ၈ ရက်မှ ၂၅ ရက်အထိ ရောင်းချသွားမည် ဖြစ်ပြီး နေ့စဉ်ရုံးဖွင့်ချိန်ဖြစ်သည့် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ နေပြည်တော်က ရုံးအမှတ် (၃၆)၊ ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊ ဝယ်ယူလိုသူများ အနေဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများသို့ သွားရောက်ဆက်သွယ်ပြီး ရေယာဉ်များ၏ မျက်မြင်အခြေအနေများကို ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လျှောက်လွှာ တစ်စောင်လျှင် ကျပ် ၅၀၀၀ ကျသင့်မည် ဖြစ်ပြီး မတ် ၂၉ ရက်၊ ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်၌ လေလံတင်ရောင်းချသွားမည် ဖြစ်သည် ။လေလံဆွဲသူသည် ဝယ်ယူမည့် ရေယာဉ် (၁) စီးချင်းအတွက် စဘော်ငွေကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၌ Payment Order Cheque (P.O) ဝယ်ယူပြီး လေလံပွဲမတိုင်မီ မတ်လ ၂၆ ရက် နောက်ဆုံးထားပြီး လေလံတင်ရောင်းချရေးကော်မတီကို တင်ပြရမည်ဖြစ်ကြောင်း၊အသေးစိတ်သိရှိလိုပါက၀၆၇-၄၁၈၅၃၁၊၀၆၇-၄၀၈၄၇၇ ကို ဆက်သွယ်နိုင်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published-11 March 2024
ဗီဇာကြေးအပါအဝင်သတ်မှတ်အခွန်အခများအားပေးသွင်းသည့်အခါ ငွေပမာဏ အတိအကျကိုသာ ပေးသွင်းကြရန်ဂျပန်နိုင်ငံ၊ တိုကျိုမြို့က မြန်မာသံရုံးကထပ်မံ အသိပေးထားသည်။
ဂျပန်နိုင်ငံသားများနှင့်ဂျပန်နိုင်ငံတွင်ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာသံရုံး၌ကောင်စစ်ရေးရာကိစ္စများနှင့်ပတ်သက်၍ပေးသွင်းရသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီ၂၂ရက်ကအသိပေးစာထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယနေ့နေ့စွဲဖြင့်ထပ်မံအသိပေးစာထုတ်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပေးစာ၌ ဗီဇာကြေး၊ နိုင်ငံကူးလက်မှတ်စာအုပ်ကြေး၊ ပျောက်ဆုံးဒဏ်ကြေး၊ ဝင်ငွေခွန် စသည်တို့ပါဝင်ပြီး ၎င်းတို့အား ပေးသွင်းရာတွင် ငွေပမာဏ အတိအကျကိုသာ ပေးသွင်းကြရန်ဆိုထားသည်။
ထို့အပြင် မှားယွင်းပြီး ငွေပိုမိုပေးသွင်းခဲ့သည့် ကိစ္စရပ်များတွင် ငွေပြန်လည်ထုတ်ပေးရေးအတွက် အခက်အခဲရှိသဖြင့် သံရုံးငွေစာရင်းများအား ငွေမှားယွင်းပြီး ပိုမိုပေးသွင်းခြင်း မပြုမိစေရန် အထူးဂရုပြုဆောင်ရွက်ကြရန် လည်းသတိပေးထားသည်။
ထို့ကြောင့် မိမိပေးသွင်းရမည့် ငွေပမာဏထက် ပိုမိုပေးသွင်းမှုများနှင့် ပတ်သက်ပြီး ငွေပြန်လည်ထုတ်ပေးမည်မဟုတ်ကြောင်းလည်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 11 March 2024
ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ ချစ်ကြည်ရေး ဘိုးလင်းပြိုင်ပွဲအား Bao Long Bowling and Golf Sport Bar ၌ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက မတ် ၉ ရက်၌ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဆိုပါပြိုင်ပွဲ၌ မြန်မာသံအမတ်ကြီးက မြန်မာသံရုံးမှ ACB အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ချစ်ကြည်ရေးဘိုးလင်းပြိုင်ပွဲကို တာဝန်ယူကျင်းပရသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာနအတွင်းရေးမှူးချုပ်ရုံး (ACC) တို့အကြား ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု မြှင့်တင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံ-တရုတ် တူညီသည့် အနာဂတ်အသိုက်အဝိုင်း အကောင်ထည်ဖော်ဆောင် နိုင်ရေးကိုရှေးရှု၍ ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ ပိုမိုခိုင်မြဲသည့် ဆက်ဆံရေးကို ရရှိစေနိုင်မယ်လို့ ဆိုပါတယ်။
ACB Bowling ပြိုင်ပွဲသို့ မြန်မာသံအမတ်ကြီးအပါအဝင် ဘရူနိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ် ဗဟိုဌာန၊ အတွင်းရေးမှူးချုပ်ရုံး (ACC) တို့မှ အဆင့်မြင့်အရာရှိကြီများ နှင့် တာဝန်ရှိသူများက တစ်သင်းလျှင် ကစားသမား (၄)ဦးစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လာအိုနိုင်ငံမှ ပထမဆု၊ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယဆု၊ ဖိလစ်ပိုင်နိုင်ငံမှ တတိယဆု ရရှိခဲ့ ကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 March 2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ တုရင်တောင်စွယ်တော်မြတ် စေတီအတက်/အဆင်းလမ်း တွင် ဘုရားဖူး ယာဉ်(၁)စီး တိမ်းမှောက်ကာ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက် အရသိရသည်။
မတ်လ ၁၁ရက် ၁၁နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာသတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းမှ ယာဉ်(၂)စီး၊ Bagan Rescue အသင်းမှ အဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးယာဉ်မှာ စွယ်တော်မြတ်စေတီအားဖူးမျှော်ပြီး ပြန်ဆင်းလာရာ ယာဥ်ကြံ့ခိုင်မှု အားနည်းမှုကြောင့် ဘရိတ်ပေါက်ပြီး လမ်းဘေးတိမ်းချော်ပြီး ကားမှောက်သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဥ်ပေါ်တွင် ယာဥ်မောင်းအပါအဝင် ဘုရားဖူခရီးသည် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး၊ ပေါင်း ၁၃ ဦးပါရှိပြီး ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၁ ဦး အမျိုးသမီး ၄ ဦး ပေါင်း ၅ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများအား ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ အမှတ် ၅ အရန်မီးသတ်မှ လူမှုကူညီရေးယာဥ် ၂ စီးနှင့် Bagan Rescue အသင်းပိုင် Ambulance ယာဥ် ၁ စီးတို့ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 11 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


Page 672 of 1859