#Local_News
Published-12 October 2023
မကွေးတိုင်း၊ မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်တွင် ယနေ့ နံနက်က ဆိုင်ကယ် (၂) စီးတိုက်မိခဲ့ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၁၂ရက်နံနက် ၉ နာရီကျော်အချိန်က ဆိုင်ကယ်၂စီးတိုက်မိ၍ အမျိုးသားတစ်ယောက်က ပြင်းထန်ဒဏ်ရာရရှိ၍ စိုးရိမ်ဒဏ်ရာရရှိကာ ကျန်၁ဦးမှာ ဘယ်ဘက်လက်တွင်ပွန်းပဲ့ဒဏ်ရာသာရရှိကြောင်း လူမှုကူညီရေးအသင်းက သိရသည်။
ထိခိုက်ဒဏ်ရာရသူ (၂) ဦးအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#Local_News #မကွေး #ဆိုင်ကယ်(၂) စီးတိုက်မိ #ဒဏ်ရာရသူ၂ဦး #Yangon_Times/PP
"မိုးတွင်းမှာကလေးတွေမှာ ရာသီတုပ်ကွေးနဲ့ သွေးလွန်ကွေးအဖြစ်များတတ်တယ်။သွေးလွန်တုပ်ကွေးအဆင့်၁ကတော့ ကလေးကိုအဆင့်၂၊ ၃မရှိရင်အိမ်မှာနေလို့ရတယ်။ ပြင်းထန်သွေးလွန်တုပ်ကွေးကတော့ ဆေးရုံတက်ပြီးကုသမှုခံယူရမယ်။ ကလေးတွေဟာရိုးရိုးဖျားပြီးတက်တာမျိုးရှိတတ်သလို(မျက်နှာတစ်ခြမ်းစောင်း၊ခြေလက်ကုတ်တာ၊ သတိမရတော့တာ)စတဲ့စိတ်ပူရတဲ့အချက်တွေကြောင့်လည်းတက်တတ်ပါတယ်။ မိုးအကုန်ဆောင်းအကူးမှာ ကလေးငယ်တွေမှာဝမ်းပျက်ဝမ်းလျှောတာတွေပိုဖြစ်တတ်တယ်။ကာကွယ်ဆေးတွေလည်းရှိတယ်။ ဆောင်းကာလအဆုတ်လေပြွန်ရောင်တာတွေဖြစ်တတ်တယ်။ဗိုင်းရပ်စ်ကြောင့်ပေါ့။ နောက်ပကျိတ်ရောင်ဝာာနဲ့ ရေကျောက်ဖြစ်တာတွေလည်း ရှိပါတယ်"
Published_ 12 October 2023
#Health
#ကလေးအထူးကုဆရာဝန်ကြီး
#ဒေါက်တာရဲမျိုးသိန်း(ကန်သာယာနိုင်ငံတကာ အဆင့်မီအထူးကုဆေးရုံ)
#Yangon_Times
‘သဘင်မိသားစုတွေ စုပေါင်းပြီး လှည်းကူးမြို့နယ်ကို သွားရောက်ကာ စားနပ်ရိက္ခာ ဆန်အိတ်၊ ခေါက်ဆွဲခေါက်၊ ရေသန့်ကတ်နဲ့ Royal D တွေ လှူဒါန်းခဲ့သလို ပဲခူးမြို့မှာတော့ လူသုံးထောင်စာ ထမင်းထုတ်တွေ၊ ငါးနီတူကြော်တွေ၊ ဆန်အိတ်၊ ခေါက်ဆွဲခြောက် ၊ရေသန့်၊ Royal Dတို့ကိုလှူဒါန်းခဲ့တယ်’ နှလုံးသားကိုအလှဆင်မည့်အငြိမ့်မင်းသမီးများအဆိုအကအဖွဲ့မှ အငြိမ့်မင်းသမီးကျားလေးစိန်
Published_ 12 October 2023
#Local_News
#ရေဘေးသင့်ပြည်သူများ #သဘင်မိသားစုဝင်များ #စုပေါင်းပြီးလှူဒါန်း
#tthl #Yangon_Times
#Local_News
Published 12 October 2023
ရေကြီးနစ်မြုပ်မှု ဒဏ်အဆိုးရွားဆုံးခံခဲ့ရသည့် ပဲခူးမြို့နယ်အတွင်း ပြန်လည်ထူထောင်ေရးလုပ်ဆောင်ရာမှာ ရေဘေးသင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေရှိလာမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံ ကသိရသည်။
အောက်တိုဘာ ၈ရက် ကတည်းက ရေကြီးခဲ့သည့် ပဲခူးမြို့ဟာ လက်ရှိမှာတော့ လမ်းမကြီးများနှင့် မြို့တွင်းကုန်းမြင့် နေရာများတွင် ရေများကျဆင်းသွားပြီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်များမှာတော့ရေများ ကျန်ရှိနေသေးကြောင်း သိရသည်။
''ရေကမြို့တွင်းလမ်းမကြီးနဲ့ နေရာအချို့မှာတော့ ရေပြန်ကျပြီ မြေနိမ့်နေရာတွေကတော့ ဒူးလောက်၊ ပေါင်လောက်အထိ ရေရှိတဲ့နေရာတွေ ကျန်သေးတယ်၊ လက်ရှိတော့ ကယ်ဆယ်ရေးစခန်းတွေ ရှိတဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက်က အဖက်ဖက်ကလှူဒါန်းထောက်ပံတဲ့အတွက် အဆင်ပြေတယ်၊ ပြန်လည်ထူထောင်ရေးမှာတော့ လိုအပ်ချက်တွေ ရှိလာမှာ၊ အခု ကျွန်တော်တို့အနေနဲ့ အဝတ်အထည်တွေ ဆန် ဆီ ဆား စတဲ့ စားသောက်ကုန်တွေ စပြီး စုနေတယ်၊ သူတို့တွေ ရေကျလို့ အိမ်ပြန်တဲ့အခါ သန့်ရှင်းရေးလုပ်ရမှာတွေနေထိုင်ဖို့ ပြင်ဆင်ရတာတွေ ရှိလာမှာဆိုတော့ သူတို့အတွက် စားဝတ်နေရေး လိုအပ်ချက်တွေ ရှိလာမှာပဲ''ဟုမဇ္ဇိုမ သုခ ဖောင်ဒေးရှင်း လူမှုကူညီရေး အသင်းဥက္ကဌ ကိုသန့်ဇင်မောင်က ပြောသည်။
လက်ရှိတွင် ရေပြန်ကျဆင်းလာပြီး နုန်းများတင်ကျန်နေသည့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး ၊အ ထ က ၁ စာသင်ကျောင်းနှင့် မြို့မဈေးကြီးတို့တွင် ပဲခူးတိုင်းဒေသကြီး မီးသတ်စခန်းများမှ မီးသတ်ယာဉ် များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
လမ်းပန်ဆက်သွယ်ရေး အနေနဲ့ ပဲခူးမြို့တွင် ယာဉ်အသေး အကြီးသွားလာလို့ ရနိုင်ပြီဖြစ်သော်လည်း ပဲခူးမြို့ဝင်ဂိတ်နားရှိ လမ်းမကြီးပေါ်တွင် ရေ ၃ပေခန့်ရှိတာကြောင့် ယာဉ်အသေးများ သွားလာလို့ မရသေးကြောင်း သိရသည်။
ပဲခူးမြို့နယ်သည် နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရတာကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ခဲ့ပြီး လူသေဆုံးမှုလည်းရှိခဲ့ကြောင်း သိရသည်။
#Local_News #ရေဘေးသင့်ပြည်သူများ #ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရ
#YMG/LW #Yangon_Times
အခြေခံကုန်ကားစီးရေ 100 ကျော်ဝင်နေ
Published_ 12 October 2023
#Local_News
#ဘုရင့်နောင်ကုန်စည်ဒိုင် #အခြေခံစားကုန်အဝင်များ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းလက်ကားဈေးကြီးမှာ ရှမ်းပြည်ထွက် အသီးအနှံတွေ အဓိက ရောင်းချနိုင်မည့်ဈေးရုံကြီး ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ တညင်းကုန်းလက်ကားဈေးကြီးရှိ လုပ်ငန်းရေးရာဌာနက သိရပါတယ်။
Published_ 12 October 2023
#Local_News
#တညင်းကုန်းလက်ကားဈေးကြီး #လျှောက်လွှာများစတင်လက်ခံ
#YMG/LW #Yangon_Times
‘မြေထည်ဆီမီးခွက်တွေကိုအရင်ဈေးအတိုင်း ဆီမီးခွက် (၁၁၀၀)ခွက်ကို ကျပ်၂၅၀၀၀နှုန်းဖြင့်ရောင်းချ ပေးနေတာဖြစ်ပြီး ရွှေဆေး၊ငွေဆေးသုတ်ထားတဲ့ ဆီမီးခွက်တွေကတော့ ဆေးဈေးနှုန်းတက်တဲ့အတွက် ဈေးအနည်းငယ်တက်ပါတယ်’
စစ်ကိုင်းအခြေစိုက်မြေထည်ဆီမီးခွက်အရောင်းဒိုင်
Published_ 12 October 2023
#Local_News
#မြေထည်ဆီမီးခွက် #ဈေးအနည်းငယ်တက်
#tthl #Yangon_Times
#Local_News
Published-12 October 2023
မကွေးမြို့ရှိ ဧက (၅၀၀)ခန့်မြေပေါ်တွင် တည်ဆောက်မည့် စက်မှုဇုန်သစ်အတွက် လျှောက်လွှာ (EOI) များ စတင်ခေါ်ယူနေကြောင်း သိရသည်။
စက်မှုဇုန်အကောင်အထည်ဖော်မည့် စီမံကိန်းတည်နေရာသည် မကွေး-တောင်တွင်းကြီးကားလမ်း၏ တောင်ဘက် (၁)မိုင် ခန့်၊ မကွေးမြိုမှ အရှေ့ဘက်သို့ (၃)မိုင်ခန့်အကွာတွင် ရှိသော (၄၆၁ ဒသမ ၁၄)ဧက ကျယ်ဝန်းသည့် မြေနေရာဖြစ်ပြီး ရင်းနှီးတည်ဆောက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့် မကွေးမြို့စက်မှုဇုန်ကို Developer အနေဖြင့် အကောင်အထည်ဖော်ရန် စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ(EoI)ကို တင်ပြလျှောက်ထားနိုင်ကြောင်း မကွေးတိုင်းအစိုးရ အဖွဲ့က ကြေညာထားသည်။
အဆိုပါ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့ပြီး EoI အဆိုပြုလွှာကို မကွေးတိုင်းအစိုးရအဖွဲ့ရုံးသို့ နိုဝင်ဘာလ ၁၆ ရက်တွင် အရောက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #မကွေးမြို့ #စက်မှုဇုန်သစ် #Yangon_Times/PP
#Local_News
Published-12 October 2023
၉လအတွင်း ယာဉ်တိုက် မှုပေါင်း (၃၆၀၀) ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၁၈၀၀) ကျော်ရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၆၃၄)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၈၆၄)ဦးနှင့် ဒဏ်ရာရရှိသူ (၄၉၉၃)ဦး ရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက် မှုများအနက် ရန်ကုန်တိုင်းသည် ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုပေါင်း (၆၄၁)ကြိမ်နှင့် သေဆုံးသူပေါင်း (၃၁၉)ဦးရှိခဲ့ကြောင်း သိရပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း(၁၂၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ(၇၀)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခင်နှစ် ၂၀၂၂ ခုနှစ်၊ အလားတူကာလ၌ ယာဉ်တိုက် မှုပေါင်း (၄၂၈၄)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း (၂၁၀၂)ဦးရှိခဲ့၍ ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ယာဉ်တိုက် မှုပေါင်း (၆၅၀)ကြိမ်လျော့ကျခဲ့ပြီး သေဆုံးသူအနေဖြင့် (၂၃၈)ဦး ကျဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
Photo-MFSD
#Local_News #ယာဉ်တိုက်မှုပေါင်း(၃၆၀၀) ကျော် #သေဆုံးသူ(၁၈၀၀)ကျော်ရှိခဲ့
#Yangon_Times/PP
#Local_News
Published_ 12 October 2023
ရေတိုက်စားမှုကြောင့်ပဲခူးမြို့အနောက်မြို့ရှောင်လမ်းပိုင်း(၄)နေရာလမ်းပိုင်းပြတ်တောက်ပျက်စီးမှုရှိခဲ့ကြောင်းနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ထိခိုက်ပျက်စီးမှုကို ပေ(၆၀)အရှည်နှစ်လွှာထပ်ဘေလီတံတားထိုးခြင်းလုပ်ငန်းသုံးနေရာနှင့် ကျောက်ဖြည့်ခြင်းလုပ်ငန်းတစ်နေရာဆောင်ရွက်ခဲ့ရာယခုဆိုရင် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်း(၂)နေရာတွင် ပြန်လည်အသုံးပြု၍ရရှိနေပြီဖြစ်သည်ဟုဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့အနောက်မြို့ရှောင်လမ်းပေါ်ရှိ မိုးရေတိုက်စားမှုကြောင့် လမ်းတာဘောင်ပြတ်သွားသည့်နေရာကို ဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက် နေမှု၊ ပဲခူးမြို့အနောက်မြို့ရှောင်လမ်းပေါ်ရှိ အရှည်ပေ(၃၀)တံတားချဉ်းကပ်လမ်း ရေတိုက်စားသည့်နေရာကို ရေကာတုတ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပဲခူးမြို့အနောက်မြို့ရှောင်လမ်းပေါ်ရှိရေတိုက်စားမှုကြောင့် ပြတ်တောက်သွားသည့်တံတားအမှတ်(၉/၂)၊ Box Culvertနေရာများကိုကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းလမ်းပိုင်းများအပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်(၁၁)/(၁၂)၊(၁၂)/(၁၃)ကြားရှိငမိုးရိပ်တံတား ကြံ့ခိုင်မှု၊တိုးဂိတ်လ်၌ယာဉ်များပိတ်ဆို့မှုမရှိစေရေး၊ ဘုရားကြီး-ဘောနတ်ကြီးလမ်းပိုင်း၌ယာဉ်များပိတ်ဆို့မှုမရှိ စေရေး၊ကုန်တင်ယာဉ်များ၊ဆီသယ်ယာဉ်များအမြန်လမ်းမှတစ်ဆင့်သွားလာနိုင်ရေးကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ဒုဝန်ကြီးနှင့်အဖွဲ့ဝင်များမှစီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ရေတိုက်စားမှု #ပဲခူးမြို့အနောက်မြို့ရှောင်လမ်း #tthl #Yangon_Times
#World_News
Published 12 October 2023
အစ္စရေးလ် -ပါလက်စ်တိုင်း တိုက်ခိုက်မှုကနေ ဒေသတွင်း ပိုမိုကြီးမားကျယ်ပြန့်တဲ့ ပဋိပက္ခများ ဖြစ်လာမှာ စိုးရိမ်ရတဲ့အတွက် အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ရဲ့ ပဋိပက္ခကြား ဝင်ရောက်ပတ်သက်ခြင်း မပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အီရန်ကို သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလ်တို့ လေကြောင်းမှ တိုက်ခိုက်နေတာကြောင့် လူပေါင်းသိန်းချီဟာ နေရပ်မှ စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က ဟားမတ်စ်စစ်သွေးကြွတွေဟာ ပိတ်ဆို့ထားတဲ့ နယ်စပ်ကို ချိုးဖောက်ဝင်ရောက်ပြီး အစ္စရေးလ်မြို့တွေ ရွာတွေကို ဝင်ရောက်သောင်းကျန်းခဲ့ကာ လူ ၁,၂၀၀ ကျော်သေဆုံးစေခဲ့ပြီး ၂,၇၀၀ ကျော် ဒဏ်ရာရစေခဲ့တဲ့အပြင် ဓားစာခံအချို့ကိုလည်း ခေါ်ဆောင်သွားခဲ့တဲ့အတွက် လက်တုန့်ပြန်တဲ့အနေဖြင့် အစ္စရေးလ် တိုက်လေယာဥ်တွေက ဂါဇာကို တိုက်ခိုက်နေတာ ဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က ပြောကြားခဲ့ပါတယ်။
အစ္စရေးလ်အပေါ် အမေရိကန်ရဲ့ အခိုင်အမာ ရပ်တည်ထောက်ခံမှုကို ပြသရန်၊ အမေရိကန်လူမျိုးများ ပါဝင်တဲ့ ဓားစာခံများ ဘေးကင်းစွာ လွတ်မြောက်စေရန်၊ စစ်ပွဲအခြေအနေ ပိုမိုကျယ်ပြန့်မလာစေရန် ဘိုင်ဒင်က ထိပ်သီးသံတမန် အန်တိုနီဘလင်ကန်ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်လိုက်ပါတယ်။
အစ္စရေးလ်အနီးသို့ အမေရိကန် စစ်သင်္ဘောများနဲ့ လေယာဥ်များ နေရာချထားခြင်းက အစ္စလာမ်အဖွဲ့ဝင်များဖြစ်တဲ့ ဟားမတ်စ်နဲ့ လက်ဘနွန်မှ ဟက်ဇ်ဘိုလာတို့ကို ထောက်ပံ့နေတဲ့ အီရန်ကို သတိပေးလိုက်တာဖြစ်ကြောင်း ဘိုင်ဒင်က ဝါရှင်တန်ရှိ ဂျူးအဖွဲ့အစည်း ခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲမှာ ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်ကို တိုက်ခိုက်ရန် ဟားမတ်စ်တို့ စစ်ဆင်ရေး စီစဥ်နေတာတွေကို အီရန်တို့ သိရှိခဲ့လောက်တယ်လို့ ထင်ရပေမယ့် အမေရိကန် ထောက်လှမ်းရေးတွေရဲ့ ကနဦးတင်ပြချက်များအရ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုအပေါ် အီရန်ခေါင်းဆောင်အချို့ အံ့အားသင့်ခဲ့ကြတယ်လို့ အမေရိကန် သတင်းရင်းမြစ်များက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘိုင်ဒင်က ကြာသပတေးနေ့မှာ အစ္စရေးလ်သို့ ရောက်ရှိရန် ခန့်မှန်းထားပြီး ဂျော်ဒန်သို့လည်း သွားရောက်မှာ ဖြစ်ပါတယ်။
အစ္စရေးလ်ခေါင်းဆောင်များက ပြည်တွင်းနိုင်ငံရေး ကွဲလွဲမှုများကို ခေတ္တဘေးဖယ်ထားကာ ဟားမတ်စ်ကို အတူတကွ တိုက်ခိုက်ရန် စည်းလုံးညီညွတ်တဲ့ အစိုးရတစ်ရပ်ကို ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းလိုက်ပါတယ်။
ဒီလိုပူးပေါင်းဆောင်ရွက်တာဟာ နိုင်ငံရေးအရမဟုတ်ဘဲ ပြည်ပရန်ကို အတူတိုက်ခိုက်တဲ့ သဘောဖြစ်ပြီး ဒီအချိန်မှာတော့ အားလုံးဟာ အစ္စရေးလ်စစ်မှုထမ်းများ ဖြစ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဟောင်း အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်က အစ္စရေးလ်ရုပ်သံကနေ တိုက်ရိုက်ပြောကြားလိုက်ပါတယ်။
ဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ယခုရက်ပိုင်းအတွင်း ၄ ကြိမ်မြောက် စကားပြောဆိုခဲ့ကာ အစ္စရေးလ်အနေဖြင့် ဟားမတ်စ်ကို လက်တုန့်ပြန်ရာမှာ စစ်ပွဲစည်းမျဥ်းများနဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့ မှာကြားခဲ့ပါတယ်။
ဂါဇာမှ အရပ်သားပြည်သူတွေအတွက် ဘေးကင်းစိတ်ချရတဲ့ လမ်းကြောင်း ဖန်တီးပေးဖို့နဲ့ စားနပ်ရိက္ခာ ပံ့ပိုးဖို့အတွက် အစ္စရေးလ်၊ အီဂျစ်တို့နဲ့ ဆွေးနွေးနေတယ်လို့လည်း အမေရိကန်က ဆိုပါတယ်။
#World_News #ဂါဇာပဋိပက္ခ #အီရန်အားဘိုင်ဒင်သတိပေး #အစ္စရေးလ်ဖွဲ့စည်း
#Source: Reuters
#World_Health
Published 12 October 2023
ပုံမှန်လေ့ကျင့်ခန်းတွေကို ပိုပြီးအချိန်ပေးပြုလုပ်လေ အခြားနေ့စဥ် လှုပ်ရှားသွားလာမှုတွေမှာ ပိုပြီးမလုပ်ချင်လေဖြစ်ကြောင်း မကြာသေးမီက လေ့လာတွေ့ရှိထားပါတယ်။
ဝိတ်ချချင်တဲ့သူတွေဆိုရင် လေ့ကျင့်ခန်းမဟုတ်တဲ့ အခြားသော လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ သတိထားသင့်တယ်လို့ ကိုပင်ဟေဂင် တက္ကသိုလ်မှ စာတမ်းပြုစုသူ ဂျူလီမာဗယ်မန်စ်ဖဲ့လ်က ပြောပြခဲ့ပါတယ်။
ထိုလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်မယ်ဆိုရင် တစ်နေ့တာ အားအင်သုံးစွဲမှုက ထင်ထားတာထက် လျော့နည်းသွားပြီး ကိုယ်အလေးချိန်ကလည်း ထင်သလောက် ကျမှာမဟုတ်ပါဘူး။
လူတွေရဲ့ နေ့စဥ်လှုပ်ရှားမှု အတိုင်းအတာနဲ့ လေ့ကျင့်ခန်းအမျိုးမျိုး ပြုလုပ်ပုံတို့ပါဝင်တဲ့ လေ့လာချက် ၂၄ ခုကို သုံးသပ်ခဲ့ကြပါတယ်။
အချိန်မှန် လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိသူတွေဟာ ပိုပြီးတော့ ပျင်းရိလွယ်ကြပြီး အခြားလှုပ်ရှားမှုတွေကို ရှောင်ရှားချင်လာကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုမျိုး ပြုမူခြင်းက လေ့ကျင့်ခန်းအစီအစဥ်ကနေ ကိုယ်အလေးချိန်ကျဆင်းဖို့ မျှော်မှန်းထားတာထက် ၂၂ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
နည်းလမ်းအရဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်လျော့နည်းသွားပြီး ကိုယ်အလေးချိန် ကျသွားစေတာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်လို့ ပင်ပန်းခဲ့တာကို နေ့စဥ်လှုပ်ရှားမှုတွေမှာ လျှော့ချခြင်းဖြင့် အစားထိုးတာဖြစ်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ကြပြီးနောက် ပိုမိုပင်ပန်းသွားကာ ပျင်းရိလာကြပြီး အခြားလှုပ်ရှားမှုတွေ မပြုလုပ်ကြတာ ဖြစ်နိုင်ပါတယ်။
လေ့ကျင့်ခန်းတွေ ပိုမိုပြုလုပ်ပြီး အားအင်ပြန်ဖြည့်တဲ့အနေနဲ့ ပိုမိုစားသောက်ဖြစ်တာလည်း ရှိပါတယ်။
ကိုယ့်ရဲ့ လေ့ကျင့်ခန်းကို အမှန်တကယ် လုပ်ချင်စိတ်ရှိသူတွေကတော့ ဒီလိုအနားယူပျင်းရိတာမျိုးတွေ မပြုလုပ်ကြဘူးလို့ ယူဆလို့ရပါတယ်။
လေ့ကျင့်ခန်းကို အချိန်မှန်ပြုလုပ်ခြင်းက အကျိုးကျေးဇူးတွေရှိပေမယ့် ဒီတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးလို့ ပြင်ပပညာရှင်များက ဆိုပါတယ်။
တစ်နေ့တာလုံးမှာ လှုပ်ရှားတက်ကြွမနေဘူးဆိုရင် ဇီဝကမ္မဖြစ်စဥ်က အမြင့်ဆုံးရောက်ပြီးမှ ပြန်ကျသွားကာ အားအင်ကိုထိရောက်စွာ အသုံးမပြုနိုင်တော့ဘူးလို့ ဆိုပါတယ်။
ကိုယ်အလေးချိန်ကျရန်နဲ့ ကြံ့ခိုင်သန်စွမ်းနေစေရန် စိတ်ပါပါနဲ့ စဥ်ဆက်မပြတ် ပြုလုပ်သွားဖို့ကလည်း အရေးကြီးပါတယ်။
အိပ်စက်မှု၊ စိတ်ဖိစီးမှု၊ စိတ်ကျန်းမာရေး၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အာဟာရစားသောက်ခြင်းတို့က အတူတကွ သက်ရောက်နေစေပါတယ်။
လူတွေက လေ့ကျင့်ခန်းလုပ်ပြီးရင် မိမိကိုယ်ကို ချီးမြှင့်လေ့ရှိတာကို ဒီလေ့လာချက်က ဖော်ပြနေပါတယ်လို့ အသိအမှတ်ပြု လေ့ကျင့်ရေးဆရာမ အဲလိဇဘက်ဘာနက်စ်က ပြောပြသွားပါတယ်။
#World_Health #လေ့ကျင့်ခန်း #ဆရာမ အဲလိဇဘက်ဘာနက်စ်
#Source: New York Post
Page 668 of 1638