၁၆ ဇန်နဝါရီ ၂၀၂၄
၂၀၂၃ခုနှစ်မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုတွေကို တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနက အာရုံစိုက်နှိမ်နှင်းမှုတွေပြုလုပ်ခဲ့ပြီး လိမ်လည်အုပ်စုကြီးတွေရဲ့ အဓိကအဖွဲ့ဝင် ၇၈ ဦးနှင့် ရာဇဝတ်မှူကျူးလွန်းသူ ၄၁,၀၀၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအပြင် ယင်းအမှုကိစ္စတွေနှင့်သက်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၄၈၈.၃သန်းခန့်နှင့်ညီမျှတဲ့ တရုတ်ယွမ်ငွေ ၃.၅ ဘီလျံကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းကပြောပါတယ်။
Source CCTV+
#Daily_News
Published_ 16 January 2024
၁။ အစ်မတော်မြနန်းနွယ်၏ (၁၁၇) နှစ်မြောက်မွေးနေ့(၃)ရက်တိုင်တိုင် ကျင်းပမည်
၂။ ဇန်နဝါရီအတွင်းရောင်းချရမည့် ဆန်ဈေးနှုန်းများ ယခင်လထက်အမြင့်ဆုံး တစ်အိတ်လျှင်ကျပ်လေးသောင်းအထိမြင့်တက်လာ
၃။ ဝါးနက်ဆင်စခန်း၏ ပထမဆုံးဆင်လေးငြိမ်းချမ်းဦးမွေးဖွားပြီး ကျန်းမာရေးကောင်းမွန်
၄။ ပြည်တွင်းဈေးကွက်တွင်ဝယ်လိုအားတက်လာသည့် လူလုပ်တရုတ်ကျောက်မျက်ရတနာတုများ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 16 January 2024
၂၀၀၂၄ခုနှစ်ဘောလုံးရာသီအတွက်ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်နှင့် ဒုတိယမြောက်အားဖြည့်မှုအဖြစ်မြန်မာ့လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းမှ ဝေလင်းအောင် ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူခဲ့ကြောင်းယင်းအသင်းမှသိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ်ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းသို့ ခေါ်ယူထားပြီးဖြစ်ကြောင်းသိရသည်။
“ဆောက်သမ်းမြန်မာအသင်းမှာ ကတည်း ရန်ကုန်ယူနိုက်တက်မှာ ကန်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ အသင်းကြီးတစ်သင်းမှာ ကန်ခွင့်ရဖို့နဲ့ AFC မှာ ကန်ချင်တာ က ကျွန်တော်ရဲ့ ရည်မှန်းချက်ပါ။ အသင်းနဲ့အတူ ပွဲတိုင်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး ချန်ပီယံ ရရှိအောင် ကြိုးစားချင်ပါတယ်” ဟုပြည့်ဖြိုးအောင်ကဆိုသည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင် သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ်ထွန်းခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်ကစားသမားဘဝကို ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ် လိဂ် ပြိုင်ပွဲ စတင်ကျင်းပချိန်ကတည်းက ဆောက်သမ်းမြန်မာ အသင်း တွင် ကစားခဲ့သူဖြစ်သည်။ ဆောက်သမ်းမြန်မာ အသင်း၌ ကစားခဲ့စဉ်ကာလအတွင်း မြန်မာယူ-၁၇၊ ၁၉၊ ၂၀၊ ၂၃ စသည့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများတွင် ရွေးချယ်ခံခဲ့ရသလို ၂၀၁၁ ခုနှစ်တွင်လည်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ် ခြင်းခံခဲ့ရသူဖြစ်ကြောင်းသိရသည်။
ဆောက်သမ်းမြန်မာအသင်းနှင့် ၁၁ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဟံသာဝတီယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၃) နှစ် ပါဝင်ကစားခဲ့ကာ ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း ကွင်းလယ်ခံစစ် ကစားသမား ဝေလင်းအောင် ကို တစ်ရာသီစာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီ ဖြစ်ကြောင်းသိရသည်။
“ရန်ကုန်ယူနိုက်တက်အသင်းလို အသင်းကြီးမျိုးကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အရင်ကတည်းကလည်း ရန်ကုန်အသင်းမှာ ကစားချင်ခဲ့တာပါ။ အသင်းနဲ့အတူလည်း အောင်မြင်မှုတွေယူချင်ပါတယ်” ဟု ဝေလင်းအောင် ကဆိုသည်။
လူငယ်ကစားသမားတစ်ဦးဖြစ်သည့် ဝေလင်းအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)တွင် ဘောလုံးပညာကိုလေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင်စတင်ကစားခဲ့ ကြောင်းသိရသည်။ ထိုအသင်းနှင့်အတူ ယူ-၂၀၊ ယူ-၂၁ စသည့် လူငယ်အသင်းတွင်ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်-၂ တွင်သို့ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံ အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် သို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။
ခြေစွမ်းကောင်းပြသနေသည့် ဝေလင်းအောင်သည် ၂၀၂၂ ခုနှစ်တွင် ဒဂုံစတားယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်ဆက်ကစားပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့ဇာတိဖြစ်သည့် ဝေလင်းအောင် သည် ၂၀၂၂ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်းရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ကြောင်းသိရသည်။
#Local_News #ဝေလင်းအောင်ကို ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ #YMG/ NN #Yangon-Times
"၂၀၂၃ ရုံတင် ၃၅ ကားထဲ ဒုတိယအဆင့် ၁၂ကားတက်လာပြီး အမှတ်ပေးရွေးချယ်ထားပါတယ်။ အဲ့မှာ ကောင်းတဲ့သူတွေနဲ့ အပြိုင်တွေများလို တတိယအဆင့်ထပ်ကြည့်ရွေးချယ်ပြီး စာအိတ်တွေ ချိတ်ပိတ်ထားပြီးကျွန်တော်တို့ ဆီရောက်လာပါပြီ။ ပွဲနေ့ကျသိရတော့မှာပါ" ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့ ဥက္ကဌဦးဇော်မြင့်ဦး
#Local_News
Published_ 16 January 2024
#အကယ်ဒမီ #ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့
#tthl #Yangon_Times
#Local_News
Published_ 16 January 2024
လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုင်းဆတ်မြို့နှင့် နေပြည်တော်(ဇမ္ဗူသီရိမြို့နယ်)တို့တွင် (၀.၁၆) လက်မစီ၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)နှင့် နေပြည်တော်(ဇေယျာသီရိမြို့နယ်)တို့တွင် (၀.၁၂) လက်မစီနှင့် ကျိုင်းတုံမြို့နှင့် ဧလာမြို့တို့တွင် (၀.၀၄)လက်မစီတို့ ရှိခဲ့သည်ဟုဆိုသည်။
ဇန်နဝါရီလ(၁၇)(၁၈)ရက်တို့တွင်ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။
ညအပူချိန်များ အနေဖြင့် ချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် နေပြည် တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်လ(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီ လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄) ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (-၁)ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့နှင့် တီးတိန်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ ကျောက်မဲမြို့၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)၊ မိုင်းယန်းမြို့၊ မတူပီမြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီတို့ ရှိခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း #ညအပူချိန်ကျနိုင် #tthl #Yangon_Times
ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာကို ကျပ် ၁၂၀၀မှ ၂၅၀၀ ကျပ်၀န်းကျင်ရှိပြီး မိုးကြက်သွန်နီအသစ်တွေ စတင်ဝင်ရောက်တဲ့ ဒီဇင်ဘာလပိုင်းက စတင်ပြီး ဈေးတဖြည်းဖြည်းကျဆင်းခဲ့ရာ ပြည်ပ၀ယ်လိုအား အေးတဲ့အပြင် ပြည်တွင်းဝယ်လိုအားပါ မရှိတဲ့အတွက် ဈေးဆက်လက်ကျဆင်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
#Local_News
Published_ 16 January 2024
#ရန်ကုန်ဈေးကွက် #ကြက်သွန်နီစျေးကျဆင်း
#YMG/LW #Yangon_Times
'လွတ်လပ်ရေးနေ့မှာ မွေးလို့ငြိမ်းချမ်းဦးလို့နာမည်ပေးထားပါတယ်၊ ဆင်လေးက ငြိမ်းစောလေးရဲ့သားဦးလေးဖြစ်သလို ဝါးနက်အပန်း ဖြေဆင်စခန်းရဲ့သားဦးလည်းဖြစ်ပါတယ်။ ဆင်တွေကမွေးပြီးအထီးအမခွဲခြားရခက်ပေမယ့်သူကတော့ မွေးပြီးနာရီပိုင်းမှာပဲ အထီးမှန်းသိသိသာသာပေါ်လွင်ထင်ရှားလာတယ်၊ အရပ်အမောင်းကောင်းတယ်၊နိုမှီတယ်၊ ကြန်အင်လက္ခဏာကလည်းနှာမောင်းရှည်တယ်၊ သွယ်တယ်၊ လက်ဆံလက်ဆံတုတ်တယ်အမြှီးသွယ်တယ်၊ရှည်တယ်၊ နောက်အမြှီးတံခါးဖွင့်ပါ၊ ဉီးခေါင်းဘက်နဲ့အမြှီးဘက်ကို ရှေ့နောက်အမြှီး ပေါက်ပါတယ်၊ ခြေသည်းအနေနဲ့ရှေ့လက်တစ်ဖက်ငါးချောင်းစီပါပါတယ်၊ နောက်ခြေနှစ်ဖက်မှာငါးချောင်းစီပါပါတယ်၊ ဒါလေးတွေကလှတဲ့လက္ခဏာလေးတွေပါ၊ ကျန်းမာရေးလည်းကောင်းမွန်ပါတယ်'
#Local_News
Published_ 16 January 2024
#ဝါးနက်ဆင်စခန်း #ထမဆုံးဆင်လေးငြိမ်းချမ်းဦးမွေးဖွား
#YMG/ NN #Yangon_Times
#Local_News
Published 16 January 2024
MG EV ကား မီးလောင်ကျွမ်းမှု ကူးစက်မီးကြောင့်ဖြစ်ကြောင်း MG Myanmar က ယနေ့ ထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်း ၉နာရီကျော်ဝန်းကျင်ခန့်တွင် ကူးစက်မီးလောင်မှု ဖြစ်စဉ်အတွင်း MG Myanmar မှ တရားဝင်တင်သွင်းရောင်းချပေးခဲ့သော MG EV ကားတစ်စီးသည် တဆင့်ကူးစက်မီး လောင်ကျွမ်းခံခဲ့ကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမူ ဖြစ်စဉ်အတွင်း MG EV ပိုင်ရှင်သည် MG Myanmar ၏ သက်ဆိုင်ရာဝန်ထမ်းထံသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားခဲ့ရာ သတင်းရရှိသည်နှင့်တပြိုင်နက် မီးလောင်မှုဖြစ်ပွားရာနေရာသို့ သွားရောက်၍ မီးကူးစက်လောင်ကျွမ်းခံရသော MG EV ကား၏ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်ပေးပြီး အခြားလိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းဆိုသည်။
အဆိုပါ MG EV ယာဉ်ပိုင်ရှင်၏အတည်ပြုချက်နှင့် မြေပြင်စစ်ဆေးမူအရ MG EV ကား လောင်ကျွမ်းခံရမှုသည် ကူးစက်မီးကြောင့်သာဖြစ်ပြီး MG EV ကား၏ အားသွင်းစနစ်နှင့် နည်းပညာချို့ယွင်းချက်တို့ကြောင့် လောင်ကျွမ်းခဲ့ခြင်းမဟုတ်ကြောင်း MG Myanmar မှ ဆိုသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ MG EV ကြောင့် မီးလောင်ကျွမ်းသည်ဟူ၍ လူမှုကွန်ယက် Social Media များတွင် မဟုတ်မမှန်သတင်းများရေးသားပြောဆိုနေကြသည်မှာ (လုံးဝ) မှန်ကန်မှုမရှိပါကြောင်း အသိပေးပြောကြားလိုသည်ဟု MG Myanmar မှ ထုတ်ပြန်ထားသည်။
#Local_News #MG_EVကား #မီးလောင်ကျွမ်းမှုဖြစ် #MG_Myanmarထုတ်ပြန် #YMG /NN #Yangon-Times
'ဇန်နဝါရီလအတွက် ဆန်အရည်အသွေးပေါ်မူတည်ပြီး အနည်းဆုံးဧည့်မထတစ်အိတ်ကို ကျပ်၇၀,၀၀၀ ကနေ ကျပ်၇၈,၀၀၀အထိ ဧရာမင်း၊ ဧရာပဒေသာ၊ ရက်၉၀၊ ပခန်း၊ အညာသား၊ အထူးဧည့်မထအုပ်စုတွေကိုမူ ဆန်အရည်အသွေးပေါ်မူတည်ပြီး ဆန်တစ်အိတ်ကို အနည်းဆုံးကျပ်၈၀၀၀၀က ၁၀၀,၀၀၀ထိနဲ့ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၁၂၅,၀၀၀က ၁၃၅,၀၀၀ကျပ်အထိ သတ်မှတ်ထားပြီး ဧရာဝတီပေါ်ဆန်းအုပ်စုကတော့ အနည်းဆုံးကျပ်၉၀,၀၀၀က နေအများဆုံးကျပ်၁၀၀,၀၀၀အထိသတ်မှတ်ထားပါတယ်။'
#Local_News
Published_ 16 January 2024
#ဆန်အရည်အသွေးပေါ်မူတည် #ဇန်နဝါရီအတွင်းရောင်းချရမည်
#YMG/ NN #Yangon_Times
"အစ်မတော်မြနန်းနွယ်ရှေ့ မွေးနေ့ကိတ်ခတ္တကပ်လှူနိုင်ပေမယ့် မွေးနေ့ကိတ်ခွဲခွင့်မပြုထားဘူး။ ဗိုလ်တထောင် စေတီတော်ရင်ပြင်တော်ပေါ်နဲ့အစ်မတော်မြနန်းနွယ်ရဲ့ကျောင်းဆောင်အတွင်း သီဆိုတီးမှုတ်ကခုန်တာတွေလုံးဝခွင့်မပြုထားဘူး"ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့
#Local_News
Published_ 16 January 2024
#အစ်မတော်မြနန်းနွယ် #ဗိုလ်တထောင်စေတီတော်
#tthl #Yangon_Times
#Local_News
Published 16 January 2024
၂၀၂၄ ခုနှစ် နိုင်ငံတကာ အိမ်မွေးတိရစ္ဆာန် အလှအပရေးရာအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် အိမ်မွေးတိရစ္ဆာန်ပွဲတော် (International Grooming Certification & Pet Fair Myanmar 2024) ကို ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏ မြို့နယ်၊ Zawana Stadium ၌ ဖေဖေါ်ဝါရီ ၃ ရက်နှင့် ၄ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွား မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ထံက သိရသည်။
အဆိုပါ အိမ်မွေးတိရစ္ဆာန် အလှအပရေးရာအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့်အိမ်မွေး တိရစ္ဆာန်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပွဲတော်အတွင်းခွေးနှင့်ကြောင်များသာ ခေါ်ယူလာခွင့်ရှိပြီး ကိုက်တတ်သော၊ ရန်မူတတ်သော ခွေး၊ ကြောင်လေး များကို ခေါ်ယူလာခြင်းမပြုရန် မေတ္တာရပ်ခံထားကာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက emergency vet corner ထားရှိ၍ အရေးပေါ်ကုသနိုင်ရန်စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
International Grooming Certification ဝင်ရောက်ဖြေဆိုသူ Groomer များအနေဖြင့် စာမေးပွဲဖြေဆိုမည့် ခေါင်းစဉ် များကို International Groo-ming Certification & Pet Fair Myanmar Facebook Page တွင် ဝင်ရောက်လေ့လာနိုင်သည်။
အဆိုပါပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် SuperGroom International Grooming Certification ပေးအပ်မည့်ပွဲဖြစ်ပြီး Malaysia နိုင်ငံအခြေစိုက် SuperGroom အဖွဲ့အစည်းအနေဖြင့် နိုင်ငံတကာ၌ ၁၂ ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
Main Orga-nizer ဖြစ်သည့် Mandalay Pet Shop, Hotel, Spa & Clinic နှင့် Co-organizer အဖြစ် ဘိုမ, Bo Ma Pet Grooming and Spa တို့မှ ပူးပေါင်းစီစဉ်မှု၊ SuperGroom အဖွဲ့အစည်း ကူညီပံ့ပိုးမှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #နိုင်ငံတကာအိမ်မွေးတိရစ္ဆာန်ပွဲတော်ကျင်းပ #YMG/LW #Yangon_Times
#Local_News
Published 16 January 2024
ဂျပန်နိုင်ငံရှိစက်ရုံနှင့် အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၅၉၀ကျော်ကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ ဇန်နဝါရီလ (၁)ရက်မှ ဇန်နဝါရီလ (၁၅)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၁၉၀) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဂျပန်ကုမ္ပဏီများက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတဆင့်ကမ်းလှမ်းလာသည့် အလုပ်ကမ်းလှမ်းစာ(၁၉၀) ခုအတွက် အလုပ်သမား (၅၉၂) ဦး ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံး အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#Local_News မြန်မာလုပ်သား ၅၉၀ကျော်ထပ်မံခေါ်ယူ #YMG/LW #Yangon_Times
Page 663 of 1773