#Local_News
Published 22 November 2024
▪️ မွန်လူမျိုးတစ်ဦးဖြစ်သူ ဒေါက်တာ မင်းတင်မွန်အပါအဝင် စာရေးဆရာကြီး ၆ဦး ကို ၂၀၂၃ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရရှိ ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီမှ နိုဝင်ဘာ (၂၁) ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
▪️ အဆိုပါ ၂၀၂၃ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရရှိသူများသည် ဒေါက်တာ မင်းတင်မွန် (ပါရဂူမင်းနန္ဒာ) ၊ ဆရာကြီး ဒေါက်တာ တိုးလှ၊ ဆရာကြီး ဦးညွန့်ဆွေ( မောင်ဆွေသက်)၊ ဆရာကြီး ဒေါက်တာ ကျော်ဝင်း (သမိုင်း)၊ ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ ထားဝယ်) နှင့် ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ ကြို့ပင်ကောက်) တို့ဖြစ်ကြကြောင်း သိရသည်။
▪️ အမျိုးသားစာပေတစ်သက်တာဆုရှင်များကို မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသား ပြုစုခဲ့သည့် ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့် အနေဖြင့်ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အမျိုးသားစာပေဆု ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ (ဂန္တဝင်)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆု၊ ကလေး စာပေဆု၊ လူငယ်စာပေဆု၊ ဘာသာပြန်(သုတ)၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပွံ)၊ သုတပဒေသာ (အသုံးချသိပ္ပံ)၊ နိုင်ငံရေး စာပေဆု၊ အင်္ဂလိပ်ဘာသာ (သုတ)ဆု၊ ရသစာတမ်း(အက်ဆေး)ဆု၊ ရည်ညွှန်းစာပေဆု ရရှိသူများကိုလည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
▪️ ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများဖြစ်သည့် ဝတ္ထုရှည်၊ ဝတ္ထုတို (ပေါင်းချုပ်)၊ ကဗျာ (ပေါင်းချုပ်) ၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပွံ) နှင့် (အသုံးချသိပ္ပံ)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာ စာပေဆု၊ လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ ပြဇာတ်စာပေဆု၊ ဘာသာပြန်စာပေဆု၊ အင်္ဂလိပ်စာမူဆု ရရှိသူများကိုလည်း ထုတ်ပြန် ကြေညာထား ကြောင်းသိရသည်။
▪️ အဆိုပါ အမျိုးသားစာပေတစ်သက်တာဆုရှင်များ အနေဖြင့် တစ်ဦး လျှင် ကျပ်သိန်း (၁၀၀)ချီးမြှင့်သွားမည် ဖြစ်ကာ အမျိုးသား စာပေဆုများအတွက် တစ်ဆုလျှင် ကျပ်သိန်း (၃၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times