Published_ 21 March 2024
လာမည့် မတ်၂၄ ရက်(တပေါင်းလပြည့်နေ့)တွင် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၌ ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော်(၈၄) နှစ်ပြည့်မွေးနေ့ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် ကုသိုလ်ကို မတ် ၂၄ ရက်(တပေါင်းလပြည့်နေ့)တွင် ပြုလုပ်မည်ဖြစ် သည်။
မွေးနေ့အလှုအဖြစ် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်း တိုက်တွင် သံဃာအပါး (၅၀၀)၊ သီလရှင် အပါး (၅၀၀)တို့ကို ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများ သံဃဒါန လောင်းလှူမည်ဖြစ် ပြီး နံနက် ၉ နာရီတွင် ပါမောက္ခချုပ်ဆရာတော်ကြီးက အနုမောဒနာတရား ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 March 2024
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ စွယ်တော် မြတ်စေတီတော် မင်္ဂလာကန် တော်အတွင်း (လူလျှောက်လမ်း) တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံ က သိရသည်။
အဆိုပါ မင်္ဂလာကန် တော်အတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရန် RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား (လူလျှောက်လမ်း) အရှည် ၇၇၀ ပေ၊ အကျယ် ၇ ပေ တည်ဆောက် နေကြောင်း သိရသည်။
ယင်းတည်ဆောက် နေ မှု ကို ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင် များ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေး၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ် နိုင်ရေး၊ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင် ရွက်ရန်၊ ကန်ဘေးပတ်ဝန်းကျင် အလင်းရောင်ကောင်းစွာရရှိရေး လျှပ်စစ်မီးများ ထွန်းရန်နှင့် လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နွေခရမ်းချဉ်သီးဈေး ကျဆင်းနေ၍ တောင်သူများကိုယ်တိုင် နီးစပ်ရာဈေးများ၌ လိုက်ရောင်းချ
' အဲ့တာကြောင့် ခရမ်းချဥ်သီးတောင်သူတွေကိုယ်တိုင် ဈေးမှာကိုယ်တိုင်လာရောင်းနေတာကို တွေ့ရတယ်၊ အရင်တုန်းက ကုန်သည်တွေနဲ့ သူတို့အလုပ်လုပ်ကြတာ၊ '
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 21 March 2024
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် မဲပေါက်ထားသူများကို ငှားရမ်းနေထိုင်ခွင့်အတွက် မကြာမီကာလ အတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည် ။
အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တွင် အိမ်ငှားရမ်းခွင့်အတွက် မီတာများတပ်ဆင်နိုင်ရေး ဆောင်ရွက်နေပြီး မီတာများတပ်ဆင်ပြီးပါက စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် အိမ်လခများပေးသွင်းနိုင်ရေး ဆက်လက်အသိပေး သွားမည်ဖြစ်ကြောင်း သိရသည် ။
ပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ၊ယင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသည့် ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်း များနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီး ဖြစ်ကြောင်းသိရသည်။
ထို့အပြင်သုခဒဂုံပြည်သူ့အငှားအိမ်ရာ ပထမအဆင့် မဲပေါက်နေထိုင်ခွင့် ရရှိသူများအတွက် အိမ်လခ စပေါ်ငွေလက်ခံခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မှ ၃၀ ရက်အထိ လက်ခံ ဆောင်ရွက်ထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် အိမ်ခန်းပေါင်း ၄၅၀ ကို သော့များထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည် ။
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Publiashed 21 March 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရသိရသည်။
မတ်လ ၂၁ရက် ၂နာရီ ၂၅ မိနစ် အချိန်ခန့် က တိမ်းမှောက်ခဲ့ကာသတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ် တိမ်းမှောက် မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိ မှု မရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်တွင်းအုန်းသီးဈေးကွက် ဟာငါးနှစ်အတွင်း ဈေးအမြင့်ဆုံးကို ရောက်ရှိလာတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရှိ အုန်းသီးအရောင်းဝယ် လုပ်သူတွေထံက သိရပါတယ်။ ပြည်တွင်း ပြည်ပ ဝယ်လိုအားကောင်းနေတဲ့အပြင် လက်ရှိ ကာလဟာ အုန်းသီးရှားတဲ့အချိန် ဖြစ်တဲ့အတွက် ဈေးမြင့်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မိုးစပါးကုန်ပြီး နွေဆန်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်
နယ်ဒေသတွေမှာ မိုးစပါးတွေကုန်နေပြီဖြစ်ပြီး နွေဆန်တွေ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်နေပြီလို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
သင်္ကြန်တွင်း ခရီးသွားခါနီးမှကားငှားရင် ဈေးအဆမတန်ကြီးမြင့်တာရော၊ Pageအတုတွေကခရီးသွား package တွေဝယ်ပြီး အလိမ်ခံရတာတွေပါ ကြုံတွေ့နိုင်တယ်။ ကားစီးလုံးငှားဝန်ဆောင်မှုလုပ်ငန်းတွေကို ကြိုတင်ဘိုကင်တင်ကာ မိမိစိတ်ကြိုက်ကားတွေကို ရွေးချယ်ကာ စရန်ငွေတွေလွှဲကာ စီစဉ်ထားသင့်တယ်။ ကားစီးလုံးငှားဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၁ မတ် ၂၀၂၄
ဗီယက်နမ်လွှတ်တော်က သမ္မတဗိုဗန်သွန်းရဲ့ နှုတ်ထွက်စာကို မတ်၂၁ရက် ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပါ တယ်။ အာဏာရ ဗီယက်နမ်ကွန်မြူနစ်ပါတီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရှိန်မြှင့်တင်ဆောင်ရွက်နေရာမှာ သမ္မတ နှုတ်ထွက်လိုက်ရခြင်းဟာ ထိပ်တန်းအရာရှိကြီးတွေ နှုတ်ထွက်ရတာတွေထဲက နောက်ဆုံးဖြစ်ပါတယ်။
အသက်၅၃နှစ်အရွယ်ရှိ သွန်းဟာ ဗီယက်နမ်မှာ တစ်နှစ်အတွင်း ဒုတိယမြောက်နှုတ်ထွက်လိုက်ရတဲ့ သမ္မတဖြစ်ပါတယ်။ ဗီယက်နမ်မှာ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအစီအစဉ်မှာ ယခုတလော ခေါင်းဆောင်တွေအပြောင်းအလဲတွေ ရှိနေပါ တယ်။
သွန်းနေရာမှာ ဘယ်သူဆက်ခံမလဲဆိုတာ နိုင်ငံပိုင်မီဒီယာက မကြေညာပေမယ့် ဗီယက်နမ်အခြေခံဥပဒေအရ ဒုတိယ သမ္မတဗိုသီအန်ရှန်ဟာ သမ္မတနေရာ တာဝန်ယူရမှာဖြစ်ပါတယ်။
ဗီယက်နမ်သမ္မတဟာ နိုင်ငံရဲ့ ပွဲတက်ရာထူးကြီးတစ်ခုမျှသာဖြစ်ပေမယ့် နိုင်ငံရဲ့ စတုတ္ထမြောက် ထိပ်ဆုံးနိုင်ငံရေရာထူးတော့ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ဗီယက်နမ်ရဲ့ အမျိုးသားလွှတ်တော်က သွန်ရဲ့ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး သူ့ကို ထိပ်ဆုံးအဆုံး အဖြတ်ပေးတဲ့အဖွဲ့ဖြစ်တဲ့ ပေါလစ်ဗျုရိုနှင့် နိုင်ငံရဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအကြီးအကဲရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဗီယက်နမ်ပါတီဗဟိုကော်မတီက သွန်းဟာ ပါတီစည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှု တွေဟာ ပြည်သူတွေရဲ့ အမြင် မှာ ဆိုးရွားစေပြီး ပါတီရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် ဘာအမှားလုပ်ခဲ့တယ်ဆိုတာကိုတော့ အတိအကျပြောမသွားပါဘူး။
ဒုသမ္မတရှန်ဟာဗီယက်နမ်နိုင်ငံရေးမှာ အကြီးတန်းရာထူးရထားတဲ့ အနည်းငယ်မျှသော အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူမဟာ တစ်နှစ်မပြည့်ခင်ကလေးမှာပဲ သမ္မတတာဝန်ရယူရမှာဖြစ်ပါတယ်။ သူမဟာ မနှစ်က စည်းကမ်းဖောက်ဖျက်မှုနှင့် အမှားလုပ်မှုကြောင့် သမ္မတ ဂုယင်ရှန်ဖူး နှုတ်ထွက် ပေးလိုက်ရကတည်းက ဒုသမ္မတဖြစ်လာခဲ့သူပါ။
သွန်းဟာ အိုမင်းနေပြီဖြစ်တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ငုယင်ဖူသရွန်းနှင့် နီးကပ်သူလို့ သိထားခံခဲ့ရသူဖြစ်ပါတယ်။ ငုယင်ဖူသရွန်းဟာ ဗီယက်နမ်ရဲ့ အာဏာအရှိဆုံးသူဖြစ်ပြီး လက်ရှိ အဂတိကိစ္စတွေကို ပြင်းပြင်ထန်ထန်ကိုင်တွယ်ကာ အကြီး တန်းအရာရှိတော်တော်များများကို ဖြုတ်ပစ်နေသူဖြစ်ပါတယ်။
@Source Reuters
@knl/ymg
Published 21 March 2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
မတ်လ ၂၁ရက် မနက် ၄နာရီ ၄၅မိနစ်ခန့် က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကွယ်လွယ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မြောင်းမြခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၆ နာရီ ၁၀ မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group


Published 21 March 2024
အရူနာချယ်လ်ပရာဒစ်ရှ်ဒေသကို အိန္ဒိယနိုင်ငံ အစိတ်အပိုင်းအဖြစ် အမေရိကန်အစိုးရက အသိအမှတ်ပြုလိုက်ကာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းရှိ နယ်စပ်ကို ပိုင်ဆိုင်တယ်ဆိုတဲ့ သဘောဖြင့် တစ်ဖက်သတ် ကြိုးပမ်းနေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို အပြင်းအထန် ကန့်ကွက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
နျူကလီးယားလက်နက်ပိုင် တရုတ်နဲ့ အိန္ဒိယတို့ဟာ ၃၀၀၀ ကီလိုမီတာလောက်အထိ နယ်နိမိတ်ထိစပ်နေပြီး အများစုက နယ်မြေသေချာ ပိုင်းခြားထားခြင်း မရှိပါဘူး။
တရုတ်က အရူနာချယ်လ်ပရာဒစ်ရှ်ကို တိဘက်တောင်ပိုင်းနယ်မြေအဖြစ် ပြောဆိုသတ်မှတ်လိုက်ကာ ဒါကိုအိန္ဒိယက ငြင်းဆန်လိုက်ပြီး အရူနာချယ်လ်ပရာဒစ်ရှ်ဟာ အရင်ကတည်းက အိန္ဒိယနယ်မြေ ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
အရူနာချယ်လ်ပရာဒစ်ရှ်နဲ့ ပတ်သက်ပြီး တရုတ်က ပိုင်ဆိုင်တယ်လို့ မဟုတ်မမှန် ဆိုနေကြောင်း၊ ထိုနယ်စပ်က အိန္ဒိယကနေ ခွဲထုတ်လို့မရတဲ့ တစ်သားတည်းနယ်မြေအဖြစ် အမြဲတမ်းရှိနေခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
၂၀၂၀ ခုနှစ်က ဟိမဝန္တာအနောက်ဘက် နယ်စပ်တလျှောက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး အိန္ဒိယစစ်သား အယောက် ၂၀ နဲ့ တရုတ်စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
ထိုတိုက်ပွဲများနောက်ပိုင်း နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံစစ်တပ်မှ နေရာအခိုင်အမာချထားပြီး တပ်သားများ လက်နက်များ ပိုမိုဖြန့်ကျက်ထားခဲ့ပါတယ်။
ယင်းတို့နှစ်နိုင်ငံဟာ ၁၉၆၂ ခုနှစ်က နယ်စပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
လတ်တလောနှစ်တွေမှာ အာရှနဲ့ အင်ဒိုပစိဖိတ်ဒေသတွေမှာ တရုတ်လွှမ်းမိုးမှု မြင့်မားလာတာကို တုန့်ပြန်တဲ့အနေဖြင့် အမေရိကန်နဲ့ အိန္ဒိယတို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လာတယ်လို့ သုံးသပ်ရပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးအခွန်၊ ကိုဗစ်ကပ်ရောဂါ မူရင်းဇာစ်မြစ်၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေး၊ ဟောင်ကောင်ရှိ တရုတ်အမျိုးသားလုံခြုံရေး ဥပဒေတို့နဲ့ ပတ်သက်ပြီး ဆက်ဆံရေးတင်းမာနေတာ နှစ်တွေကြာနေပြီ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပွဲအစကို ဂိုးမရှိရလဒ်နဲ့ စရတာမို့ အသင်းတိုင်းမှာ အခွင့်အရေး ရှိစမြဲပါ။ မြောက်ကိုရီးယားနဲ့ ကစားတဲ့ပွဲမှာ ကျွန်တော်တို့ ပထမပိုင်း မိနစ် ၃၀ လောက်အထိ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ အဲဒီလိုမျိုး ဆီးရီးယားနဲ့ပွဲမှာလည်း လုပ်နိုင်မယ်လို မျှော်လင့်ထားပါတယ်။ မြန်မာအသင်းနည်းပြချုပ် Miachel Feichtenbeiner
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 658 of 1859