အဝင်မုခ်ဦး၊ ရွှေရင်ထိုးတပ်ဆင်ပေးမယ့်နေရာ၊ Fashion Booth ၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာတွေ၊ အခမ်းအနားကျင်းပမယ့် ကျောက်စိမ်းခန်းမ မှာ အကယ်ဒမီဆုပေးပွဲ စင်မြင့်တည်ဆောက်နေမှု၊ LED ဘုတ်တွေ တပ်ဆင်နေမှု၊ ဖျော်ဖြေရေးစင်မြင့် တည်ဆောက်မယ့် နေရာ၊ အသံစနစ်နဲ့မီးစနစ်တွေ တပ်ဆင်ပြီးစီး နေမှု၊ နေရာထိုင်ခင်းတွေ စီစဉ် ဆောင်ရွက်ထားရှိမှု၊ မီဒီယာဇုန် သတ်မှတ်ထားမှုတွေကို ကြည့်ရူစစ်ဆေးခဲ့တယ်။
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 23 January 2024
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၃ရက် နေ့လည် ၁၂နာရီခွဲခန့်ကစပြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိချက်အရ မြို့နယ်မီးသတ်စခန်း၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းနှင့်ရွှေလင်ဗန်းသီးသန့်မီးသတ်စခန်းတို့က ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကို နေ့လည် ၁၂နာရီ ၅၈မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မိနစ် ၃၀နီးပါးကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
‘‘ဇန်နဝါရီလ(၂၅)ရက်အထိ ရာသီဥတုအေးနေဦးမှာဖြစ်ပြီး လကုန်ပိုင်းမှာတော့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေကို လေနွေးတွေတိုးဝင်လာဖို့ ရှိလာ အအေးပေါ့တာ၊ ညအပူချိန်တွေပြန်တက် လာနိုင်သလို လေအေးနဲ့ လေနွေးထိတွေ့မှုကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေလည်း ဖြစ်ပေါ်နိုင်တယ် ’’မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 23 January 2024
ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မက်ဒူရိုကို လုပ်ကြံသတ်ဖြတ်ရန် အမေရိကန် ကျောထောက်နောက်ခံပြု ပူးပေါင်းကြံစည်မှုမှာ အရပ်သားများနဲ့ စစ်သား ၃၂ ဦး ပါဝင်တယ်လို့ စွပ်စွဲထားတဲ့ကိစ္စကို လပေါင်းများစွာတိုင်အောင် စုံစမ်းစစ်ဆေးပြီးနောက် ဗင်နီဇွဲလားအာဏာပိုင်များက ယင်းတို့ကို ဖမ်းဆီးလိုက်ကြောင်း အစိုးရရှေ့နေရုံးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
တရားခံအားလုံးက ကြံစည်မှုအစီအစဥ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ဝန်ခံခဲ့ကြောင်း ရှေ့နေချုပ် တာရက်ခ်ဝီလျံဆက်ဘ်က ကရာကက်စ်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ယင်းတို့ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွပ်စွဲလိုက်ပြီး ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ပြောပြခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုကိုလည်း ပစ်မှတ်ထားကြံစည်မှုမှာ ပါဝင်ခဲ့တဲ့ အခွင့်အရေးလှုပ်ရှားသူများ၊ ဂျာနယ်လစ်များ၊ နယ်နှင်ဒဏ်ပေးထားတဲ့ စစ်သားများအပါအဝင် အခြား ၁၁ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
ပူးပေါင်းကြံစည်မှု အသေးစိတ်အကြောင်းအရာများကို မနှစ်က စတင်စုံစမ်းခဲ့တာဖြစ်ပြီး မက်ဒူရိုနဲ့ အမေရိကန်တို့ကြား အကျဥ်းသားလဲလှယ်ရေး ပြောဆိုဆွေးနွေးမှုများနဲ့ တိုက်ဆိုင်နေတာကြောင့် လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။
မက်ဒူရိုက လုပ်ကြံမှုကြီးကို လက်ယာစွန်းရောက်လွန်းတယ်လို့ အပြစ်တင်လိုက်ကာ ယင်းအစိုးရက အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ(CIA)နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (DEA)တို့ရဲ့ ထောက်ပံ့မှုရနေတဲ့ အတိုက်အခံအဖွဲ့ကို ရည်ညွှန်းလေ့ရှိပါတယ်။
လုပ်ကြံမှုထဲမှာ အတိုက်အခံခေါင်းဆောင် မာရီယာကော်ရီနာမာခါဒို ဆက်စပ်ပါဝင်နေတယ်လို့ ယူဆရတဲ့ ဗီဒီယိုကို အာဏာပိုင်များက ထုတ်လွှင့်ခဲ့ပြီး အမည်မဖော်ဘဲ နောက်ထပ်ဖမ်းဆီးမှုများ ပြုလုပ်သွားဦးမယ်လို့ ဆက်ဘ်က အခိုင်အမာဆိုလိုက်ပါတယ်။
မက်ဒူရိုဟာ ၂၀၁၈ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရပေမယ့် နိုင်ငံအချို့က အသိအမှတ်မပြုသလို ဒဏ်ခတ်ပိတ်ဆို့မှုများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်မှာ စောင့်ကြည့်မှုများဖြင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပရန် သဘောတူညီခဲ့ပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြေလျော့ခဲ့ပါတယ်။
မာခါဒိုကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ အကြိုမဲပေးမှုမှာ ထောက်ခံမှုအများအပြား ရခဲ့ပေမယ့် ရွေးကောက်ပွဲဝင်ဖို့ တားမြစ်ခံထားရဆဲ ဖြစ်ပါတယ်။
သူမဟာ အကျင့်ပျက်ခြစားမှုလို့ စွပ်စွဲခံထားရတဲ့ ကိစ္စနဲ့ ကရာကက်စ်ကို ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် ထောက်ခံတဲ့ကိစ္စတို့ကြောင့် အာဏာပိုင်များက ရွေးကောက်ပွဲယှဥ်ပြိုင်ရန် အရည်အချင်းမမီဘူးလို့ ဆိုပါတယ်။
ဗင်နီဇွဲလားမှာ သဘောထားကွဲလွဲသူများကို နှိပ်စက်ညှင်းပန်းခြင်း၊ ဂျာနယ်လစ်များ လူ့အခွင့်အရေး ကာကွယ်သူများ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Source: France24
#World_Politics
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
လက်ရှိဈေးကွက် အခြေနေအရ ပဲစဉ်းငုံဈေးကွက်ဟာ တစ်ရက်ထဲကို ဈေးသုံးကြိမ်ခန့် အပြောင်းလဲရှိပြီး အခြားပဲဈေးကွက်တွေလို အရည်သွေးပေါ် မူတည်ပြီး ဈေးကွဲပြားမှုမရှိတဲ့အတွက် လာမယ့်နှစ်တွေမှာတော့ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ အရည်သွေးပေါ်လိုက်ပြီး ဈေးခွဲခြားတာမျိုး လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
လုပ်ကိုင်ခွင့် လက်မှတ် ပုံစံ ၃ ရရှိပြီးတဲ့ လယ်သမားတွေက သူတိုရဲ့ စမ်းကြီးဝကွင်းလယ်မြေတွေကို ခြံစည်းရိုး ခတ်တဲ့ကိစ္စ နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အကြီးအကဲတွေက ကူညီဖြေရှင်းပေးစေလိုနေကြတယ်လို့ သိရပါတယ်။
Yangon Times/PP
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 23 January 2024
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပိသားတစ်ဦးမှာ အိပ်မက်ဂဏန်းကို ထီထိုးခဲ့ရာမှ ပထမဆုပေါက်ကာ မြန်မာကျပ်ငွေ သိန်း (၂၇၀) ကျော် ရရှိခဲ့ကြောင်းမလေးရှားရှိမြန်မာလူမှုကူညီရေးအသင်းဖြစ်သည့်နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံက သိရသည်။
အဆိုပါ ကံထူးရှင် သည် အိပ်နေရင်းအိမ်မက်ထဲတွင် အော်ပရာစီဖမ်းမိရာ... ရဲမှ ရင်းဂစ် ( ၅၀၀၀ )ပေးရင်ပြန်လွှတ်မယ်ပြောသည့်အတွက် လန့်နိုးသွားခဲ့ရာ ယင်းဂဏန်းက်ုထီထိုးခဲ့ရာမှ ထီပေါက်ခြင်း ဖြစ်ကြောင်းသိရသည်။
အိပ်မက်ထဲတွင် ရဲကတောင်းသည့် ရင်းဂစ် (၅၀၀၀)ကို အတိတ်ကောက်ယူပြီး၊ (၅၀၀၀) ဂဏန်းကို (၁၅)ရင်းဂစ် ဖိုးထိုးခဲ့ရာမှ ပထမဆုပေါက်ခဲ့ပြီး ဆုငွေ ရင်းဂစ် (၃၇၅၀၀)၊ မြန်မာကျပ်ငွေ သိန်း (၂၇၀) ကျော်ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထီဆုပေါက်သူ ကိုမြင့်ဇော်သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မလေးရှားနိုင်ငံကို လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ထီဆုငွေထုတ်ယူရာတွင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့်နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ကိုလည်း ကိုမြင့်ဇော်က ပရဟိတလုပ်ငန်းများလုပ်ဆောင်ရာမှာအသုံးပြုဖို့ ရင်းဂစ် (၃၀၀၀)ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 January 2024
လတ်တလောတွင် နိုင်ငံတော်၏ဓာတ်ငွေ့လိုအပ်ချက်(၅၀)ရာခိုင်နှုန်းသာဖြည့်ဆည်းပေးနိုင်သည့် အတွက်၂၀၂၅ခုနှစ်မှစပြီးဘုရားကုန်းဒေသ၌သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့်အတူ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့် ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ယခုအချိန်တွင် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ၅၀ ရာခိုင်နှုန်း ခန့်သာ ဖြည့်ဆည်းပေးနိုင်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် သဘာဝဓာတ်ငွေ့လိုအပ်မှု၏ ၂၀ ရာခိုင်နှုန်း ခန့်သာ ဖြန့်ဖြူးပေးနိုင်နေသည်ဖြစ်ရာ တိုးတက်သုံးစွဲလာနိုင်မှုများကို မျှော်မှန်း၍ ၂၀၂၈ တွင် ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး ငါးနှစ်တာကာလအတွက် နှစ်အလိုက်အကောင်အထည်ဖော်မည့် အစီအမံပြု လုပ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်လျက်ရှိရာတွင် အဖျောက်သဘာဝဓာတ်ငွေ့မြေ၌အောင်မြင်မှုရရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ် ရည်မှန်းချက်ကို ပထမလမှာပင်ပြည့်မီ သွားကြောင်း၊
ထို့ကြောင့် ၂၀၂၅ ခုနှစ်ရည်မှန်းချက် ပြည့်မီရေးအတွက် ယခုတိုင်းတာရေးပြုလုပ်နေသည့် ဘုရားကုန်းဒေသ၏ လုပ်ငန်းစဉ်များသည် အရေးကြီးကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနသည် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝဓာတ်ငွေ့ထုတ်ယူရန် အလားအလာရှိသည့် ဘုရားကုန်းဒေသတွင် ၂၀၁၉ ခုနှစ်မှ ရပ်ဆိုင်းထား သည့် ဆိုက်စမစ်လုပ်ငန်းများကို ယခုအခါပြန်လည်စတင်လျက်ရှိပြီး ၂၀၂၄ ခုနှစ် မတ်လအတွင်းအပြီး ဆောင်ရွက်ကာ ၂၀၂၅ ခုနှစ်မှစတင်၍ သဘာဝဓာတ်ငွေ့များ စမ်းသပ်ထုတ်လုပ်နိုင်ရေး စီမံဆောင် ရွက်လျက်ရှိကြောင်းထည့်သွင်းပြောခဲ့ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published 23 January 2024
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ် များ ညအိပ်ရပ်နားနိုင်ရန် အတွက်ယာဉ်ရပ်ကွင်း ၁၅ ကွင်းကို ၂၀၂၄ ခုနှစ် အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီထံက သိရသည်။
YBS ယာဉ်များ ညအိပ်ရပ်နားသည့်အခါ မြို့နယ်အလိုက်ပြေး ဆွဲလျက်ရှိသည့် ဂိတ်ရင်း၊ ဂိတ်ဖျားများရှိသည့် လမ်းပေါ်တွင် ညအိပ်ရပ်နားရသည့်အခါ ကားပစ္စည်းများ ဖြုတ်ခိုးခံရခြင်း ၊လမ်းပိတ် ခြင်းများရှိသည့်အတွက် YBS ယာဉ်များ ရပ်နားရန် ကားကွင်းတည် ဆောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီက သိရသည်။
အဆိုပါ YBS ယာဉ် ညအိပ်ရပ်နားကွင်းများကို ၂၀၂၃ ခုနှစ်က မြို့နယ်ရှစ်ခုတွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး လက်ရှိ တွင် ကျန်ရှိနေသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အိုးအိမ်ဦးစီး ဌာနက ခွင့်ပြုချပေးထားသည့် သုခဒဂုံအိမ်ရာဝင်းရှိ ငါးဧက အကျယ်ရှိသော မြေပေါ်တွင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ယာဉ်ရပ်နားကွင်းများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ သာကေတ ၊မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ မြို့သစ် ၊ မင်္ဂလာဒုံ ၊ ထောက်ကြန့်နှင့်လှိုင်သာယာမြို့နယ်များတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 January 2024
ယခုနှစ်အတွင်း ကျန်းမာရေးဆိုင်ရာသုတေသနလုပ်ငန်းများအတွက် သုတေသနစီမံချက် (၂၀၁)ခု ဆောင်ရွက်ရန်အတွက် ကျပ်သန်းပေါင်း(၁၁၀၀)ကျော်ခွဲဝေချထားပေးကြောင်း (၅၂)ကြိမ်မြောက် မြန်မာ နိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံမှသိရသည်။
ယင်းကဲ့သို့ သုတေသနစီမံချက်များအတွက် ဘဏ္ဍာငွေခွဲဝေချထားပေးကြောင်းကို အဆိုပါ ညီလာခံဖွင့် ပွဲအခမ်းအနားတွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခု(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်နှီးနွှယ်ဝန်ကြီးဌာနများမှ သုတေသီ များအား သုတေသနစီမံချက် (၂၀၁)ခု ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုငွေကျပ်သန်း (၁၁၀၀)ကျော် ခွဲဝေချထားပေးပြီး သုတေသနများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် ကိုဗစ်-၁၉ မျိုးကွဲဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း (၃၀၀) ကျော်ကို ဆေးသုတေသန ဦးစီးဌာနတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး မှတ်တမ်းမှတ်ရာများ နောင်လာနောက်သားများသိရှိစေဖို့အတွက် ရည်ရွယ်ကာ ကျန်းမာရေးဝန်ကြီး ဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများပူးပေါင်းပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဲဒီသုတေသနလုပ်ငန်းကထွက်ပေါ် လာတဲ့ သုတေသန ရလဒ်စာတမ်းများကို ယခု ညီလာခံမှာ တင်သွင်းဖတ်ကြားမယ်ဆိုတာ သိရှိရတာ ကြောင့်မို့လို့ ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားသည်။
ယင်းအပြင် အရေးပါသော ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ တီဘီရောဂါနဲ့ပတ်သက်ပြီး ဆေးယဉ်ပါး တီဘီရောဂါအတွက် ကုထုံးသစ်တစ်မျိုးကို သုတေသနပြုလုပ်ပြီး လူနာများတွင် လက်တွေ့ အသုံးပြု ကုသမှုများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရကြောင်း၊ အဆိုပါဆေးယဉ်ပါးတီဘီအတွက် သုတေသန တွေ့ရှိချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံမှ သုတေသနပညာရှင်များ ပါဝင်ဆွေးနွေးမယ့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပသွားမှာလို့ လည်း သိရှိရကြောင်းလည်း ပြောကြားခဲ့သည်။
(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၅)ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး သုတေသနစာတမ်း (၅၈) စောင်နှင့် သုတေသနပိုစတာ (၅၁) စောင်တို့ကို တင်သွင်းဖတ်ကြားမည်ဖြစ်ပြီး ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်/ကျောင်းများတွင် အရည်အသွေးအာမခံမှုစနစ် တိုးမြှင့်အကောင်အထည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အရည်အသွေးအာမခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ထည့်သွင်းထားကြောင်းလည်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 January 2024
#YMG #Yangon_Times #Yangon_Media_Group
#World_Science
Published 23 January 2024
ဂြိုဟ်သားတွေဟာ အလွန်အဆင့်မြင့်တဲ့ တယ်လီစကုပ်များ အသုံးပြုပြီး အလင်းနှစ်ပေါင်းထောင်ချီဝေးတဲ့ နေရာကနေ ကမ္ဘာမြေပေါ်က အဓိကနေရာတွေကို စောင့်ကြည့််နေနိုင်ဖွယ် ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
တစ်ခုရှိတာကတော့ လက်ရှိအချိန်အတိုင်း မဟုတ်ဘဲ အလင်းက အာကာသကိုဖြတ်ပြီး သွားရတဲ့အချိန်ကြောင့် အနည်းဆုံး နှစ်ပေါင်း ၃၀၀၀ လောက် နောက်ကျနေနိုင်ပါတယ်။
ဒါကြောင့် အဖြစ်နိုင်ဆုံးက ရောမခေတ်၊ ဂရိခေတ်၊ အိန္ဒိယခေတ်၊ အီဂျစ်ခေတ်တို့က အဆောက်အအုံတွေကို ဂြိုဟ်သားတွေ အခုတွေ့မြင်နိုင်လောက်ပါတယ်။
ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိအဖွဲ့အစည်းကနေ ကမ္ဘာမြေပေါ်ရှိ လှုပ်ရှားမှုတွေကို မြင်နိုင်တဲ့ အဝေးဆုံးအကွာအဝေးက အလင်းနှစ် ၃၀၀၀ ခန့်ရှိတယ်လို့ ရူပဗေဒသဘောတရားအပေါ် အခြေခံပြီး ခန့်မှန်းတွက်ချက်ထားပါတယ်။
ဆိုလိုတာက ဂြိုဟ်သားတွေဟာ ကြီးမားပြီး အဆင့်မြင့်တဲ့ တယ်လီစကုပ်များ အသုံးပြုပြီး ယခင်ခေတ်တွေက အထင်ကရနေရာတွေကို ကြည့်နေနိုင်ပါတယ်။
ဂြိုဟ်သားတွေရဲ့ အဆင့်မြင့်နည်းပညာများအပေါ် အခြေခံပြီး ဂြိုဟ်သားအဖွဲ့အစည်းတွေကို ပိုင်းခြားလေ့လာထားပါတယ်။
ပထမအမျိုးအစားက ယင်းဂြိုဟ်မှစွမ်းအင်များကို သုံးစွဲခြင်း၊ ဒုတိယတစ်မျိုးက ဂြိုဟ်ရဲ့ စွမ်းအင်အားလုံးကို အသုံးချခြင်း၊ တတိယတစ်မျိုးကတော့ ဂြိုဟ်စွမ်းအင်တစ်ခုလုံးကို အသုံးချခြင်းဖြစ်ပါတယ်။
ကြည့်ရှုမယ့် အရာဝတ္ထုတွေကနေ ပြန်လာတဲ့အလင်းကို အာရုံစိုက်ပြီး ဒီအတွက် မြင်သာမယ့်တယ်လီစကုပ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
#World_Science #ဂြိုဟ်သားများ #ကမ္ဘာမြေကိုစောင့်ကြည့်နေနိုင်ဖွယ်ရှိ #Source: WION
#World_Health
Published 23 January 2024
ခရမ်းချဥ်သီးဟာ သတ္တုဓာတ်နဲ့ ဗိုက်တာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာအဖြစ် သတ်မှတ်ထားကြပါတယ်။
ဒါ့အပြင် သွေးပေါင်ချိန်ကိုလည်း အကျိုးရှိစေတယ်လို့ မကြာသေးမီက လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။
သွေးပေါင်ချိန် မြင့်မားလို့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေရှိတဲ့ သက်ကြီးရွယ်အိုတွေမှာ ခရမ်းချဥ်သီး စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ကို ဘယ်လိုသက်ရောက်သလဲဆိုတာကို ရည်ရွယ်ပြီး လေ့လာခဲ့ကြပါတယ်။
စမ်းသပ်ချက်ရလဒ်များအရ ခရမ်းချဥ်သီးကို ဘယ်လိုပဲစားစား သွေးတိုးခြင်းကို ထိန်းချုပ်ကာကွယ်နိုင်တယ်လို့ တွေ့ရပါတယ်။
နေ့စဥ် ခရမ်းချဥ်သီးကို အတန်အသင့် စားသုံးခြင်းဖြင့် သွေးပေါင်ချိန်တက်နိုင်ခြေ ၃၆ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကာ သွေးတိုးအဆင့် ၁ ဖြစ်နေသူများမှာ သွေးပေါင်ချိန် လျှော့ပေးပါတယ်။
နေ့စဥ် ခရမ်းချဥ်သီး မြင့်မားစွာ စားသုံးသူများမှာ အောက်သွေး သိသိသာသာ ကျသွားတာကို သုတေသီများ မှတ်သားခဲ့ကြပါတယ်။
သွေးပေါင်ချိန်ကျခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ကာကွယ်ပေးတဲ့ သက်ရောက်မှုက ခရမ်းချဥ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကြောင့် ဖြစ်တယ်လို့ ဘာစီလိုနာတက္ကသိုလ်မှ အာဟာရဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ရိုဆာမာရီယာ လာမွယ်လာရေဗန်တိုစ်ရိုဆာက ရှင်းပြသွားပါတယ်။
ခရမ်းချဥ်သီးကို အစိမ်းစားတာထက်စာရင် ချက်ပြုတ်စားသောက်ခြင်းက အကျိုးအာနိသင် ပိုရှိစေတယ်လို့ သုတေသီများ ယူဆထားပါတယ်။
ချက်ပြုတ်ခြင်းဖြင့် ခရမ်းချဥ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ကယ်ရိုတင်နွိုက်စ်တို့ရဲ့ အာနိသင်တွေ ပိုကောင်းစေတယ်လို့ ရှင်းပြထားပါတယ်။
#World_Health #ခရမ်းချဥ်သီး #ကျန်းမာရေးအထောက်အကူပြု #Source: The Jerusalem Post
Page 654 of 1773