#World_Health
Published 1 December 2024
▪️ ဘင်ဂူရီယန်တက္ကသိုလ်မှ ဦးဆောင်ပြီး နိုင်ငံတကာ လေ့လာချက်တစ်ခု ပြုလုပ်ရာမှာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းနဲ့ ဦးနှောက်ကျန်းမာရေးတို့ကြား ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ Diet စားသောက်မှုပုံစံအချို့က အသက်အရွယ်ကြောင့် ဦးနှောက်အသိဉာဏ် ကျဆင်းလာခြင်းကို လျော့ပါးစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ အသက်ကြီးတာနဲ့အမျှ ဦးနှောက်ကျုံ့လာပြီး စွမ်းရည်တွေကျဆင်းလာတာဟာ မလွှဲမရှောင်သာ ဖြစ်ပေမယ့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ဒါကိုလျှော့ချနိုင်ပါတယ်။
▪️ ပရော်ဖက်ဆာ အိုင်းရစ်ရှိုင်နဲ့ ဘွဲ့ရကျောင်းသား ဒက်ဖ်နာပက်ချ်တာတို့က ဦးနှောက်ကာကွယ်ဖို့အတွက် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ဖို့ အရေးကြီးပုံကို ဖော်ပြလိုက်ပါတယ်။
▪️ အထူးသဖြင့် မက်ဒီတာရေးနီးယန်း စားသောက်ပုံစံက အသက်အရွယ်ကြောင့် ဦးနှောက်ကျုံ့ခြင်းကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ရှိုင်က ရှင်းပြပါတယ်။
▪️ ဒီလိုလျှော့ချဖို့အတွက် သွေးတွင်းသကြားဓာတ် ထိန်းချုပ်ဖို့က အဓိကဖြစ်တယ်လို့ ဆိုပါတယ်။
▪️ သွေးတွင်းသကြားဓာတ်က ကျန်းမာတဲ့သူတွေမှာပင် အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းတက်လာတာ ဖြစ်ပါတယ်။
▪️ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပြီး လှုပ်လှုပ်ရှားရှားနေဖို့က အလွန်အရေးကြီးကာ အချို့လျှော့စားဖို့ အရေးကြီးတယ်လို့ ပက်ချ်တာက ပြောပါတယ်။
▪️ သွေးတွင်းသကြားဓာတ် နည်းလေလေ ဦးနှောက်ကျန်းမာရေးအတွက် ပိုကောင်းလေဖြစ်ပြီး ပုံမှန်ပမာဏ ရှိရုံဖြင့်ပင် ဦးနှောက်ကို တိုးတက်စေနိုင်တယ်လို့ ပြောထားပါတယ်။
▪️ မက်ဒီတာရေးနီးယန်း စားသောက်မှုပုံစံထဲမှာ ဟင်းရွက်များ၊ အသီးများ၊ အခွံမာသီးများ၊ သံလွင်ဆီ၊ လက်ဖက်စိမ်း၊ အစေ့အဆံများ၊ ထောပတ်သီးတို့ ပါဝင်ပြီး အချိုဓာတ်နဲ့ သားကြီးငါးကြီး နည်းပါးတဲ့ ပုံစံဖြစ်ပါတယ်။
▪️ မှတ်ဉာဏ်ချို့ယွင်းလာခြင်းက ဦးနှောက်ကျန်းမာရေး ကျဆင်းလာခြင်းရဲ့ အစောဆုံး လက္ခဏာတွေဖြစ်ပြီး သွေးတွင်းသကြားဓာတ်က ကျန်းမာရေးကဏ္ဍ အမျိုးမျိုးအပေါ် သက်ရောက်နေတယ်လို့ ဆိုပါတယ်။
▪️ စားသောက်မှုပုံစံက အရေးကြီးသလို ကိုယ်လက်လှုပ်ရှားမှုကလည်း မေ့ထားလို့မရပါဘူး။
▪️ ဆေးဘက်ဆိုင်ရာ နည်းပညာတွေကြောင့် အသက်ရှည်လာကြပေမယ့် ဦးနှောက်ကျန်းမာရေးကိုလည်း ပိုမိုထိန်းသိမ်းသင့်ကာ ငယ်စဉ်ကတည်းက နေထိုင်စားသောက်မှုပုံစံကို ဂရုပြုသင့်တယ်လို့ ပြောသွားပါတယ်။
#Source: The Jerusalem Post