#World_Health
Published 1 December 2024


▪️ ကမ္ဘာတဝှမ်းမှာ စိတ်ဓာတ်ကျရောဂါ ပြဿနာက အဖြစ်များနေပြီး လူ ၆ ဦးမှာ ၁ ဦးနှုန်းက ဘဝမှာ စိတ်ကျရောဂါ ဖြစ်ဖူးကြကာ တွေ့ကြုံသမျှအများဆုံး စိတ်ရောဂါတစ်ခု ဖြစ်နေပါတယ်။

▪️ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဦးနှောက်ထဲမှာ ဖြစ်ပျက်တာတွေကို သုတေသနရှာဖွေနေကြပေမယ့် မသိသေးတာတွေ အများကြီး ရှိပါသေးတယ်။

▪️ ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ်မှ စိတ်ကျန်းမာရေး ပညာရှင်များက ရောင်ရမ်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

▪️ ကိုယ်ခံအားစနစ် မညီမျှခြင်းက စိတ်ကျလက္ခဏာများ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိလာပါတယ်။

▪️ ဒီသုတေသနကနေ ရောင်ရမ်းခြင်းအတွက် ကုသနည်းအသစ်တွေ ဖြစ်လာနိုင်ပါတယ်။

▪️ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေဖြစ်တဲ့ ဆယ်ရိုတိုနင်၊ နော်အက်ပီနက်ဖရင်တို့လို အရာတွေ ချို့တဲ့လာတဲ့အခါ စိတ်ကျဝေဒနာ ဖြစ်လာပါတယ်။

▪️ သမားရိုးကျ စိတ်ကျဆန့်ကျင်ကုသမှုတွေက လူနာအများစုမှာ အလုပ်မဖြစ်တာ တွေ့ရပါတယ်။

▪️ ဒီအတွက် သုတေသီတွေက ရောင်ရမ်းခြင်းကြောင့်လို့ ပြောနေကြပါတယ်။
စိတ်ကျဝေဒနာ ခံစားရသူတွေဟာ ကိုယ်ခံအားပြဿနာလည်း ဖြစ်တတ်ကြတာကို တွေ့ထားပါတယ်။

▪️ ကင်ဆာနဲ့ အသည်းရောင်ရောဂါတို့အတွက် ကိုယ်ခံအားမြှင့်ပေးတဲ့ ကုသမှုတွေက လူနာတွေမှာ စိတ်ကျလက္ခဏာ ပြင်းထန်စေတာကို တွေ့ရှိရပါတယ်။
ခန္ဓာကိုယ်မှာ တုံ့ပြန်တဲ့ပရိုတိန်း (CRP)က နည်းသင့်ပေမယ့် စိတ်ကျဝေဒနာ ခံစားရသူတွေမှာတော့ မြင့်မားနေပါတယ်။

▪️ CRP များတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းခြင်းတွေ ဖြစ်လာပြီး ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ပါတယ်။

▪️ သက်ကြီးရွယ်အိုတွေ၊ စိတ်ကျန်းမာရေး မကောင်းသူတွေဟာ ရောင်ရမ်းခြင်းကြောင့် စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

▪️ ဒါကြောင့် ယခုတွေ့ရှိချက်တွေက လူနာတွေရဲ့ ရောင်ရမ်းခြင်းအခြေအနေကို အရင်ရှာဖွေကုသကာ ရောဂါရင်းမြစ်ကို ကုသရာရောက်တယ်လို့ ပရော်ဖက်ဆာ ရက်ဇ်ယာမီယာက ပြောသွားပါတယ်။

#Source: The Jerusalem Post