22 February 2024
ပြည်တွင်းစက္ကူလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူများထုတ်လုပ်ရန်ဆောင်ရွက်ရန်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။
စပါး၏ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကမြန်မာနိုင်ငံစက္ကူနှင့်ပျော့ဖတ် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက "မိမိတို့နိုင်ငံ၌ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ၍ ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် ထပ်မံလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးခြင်းဖြစ်ကြောင်း၊ ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူ များထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်"ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုပ်ငန်းများ စတင်ဆောင်ရွက်စဉ် အခက်အခဲများစွာရှိသလို အခွင့်အလမ်းလည်း များစွာရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အကြီးစား စက်မှုလုပ်ငန်းများကိုသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published- 22 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုယနေ့တွင် ဖြစ်ပွား ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ရက်နေ့၊ နေ့လယ် ၁နာရီ ၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲကျေးရွာအနီး၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။
' မီးသတ်ယာဉ်နှစ်စီးနဲ့ ရေဖြန်းနေတယ်၊ ကျွန်တော်တွေ့တာ မီးတော့ ဟိုလိုလောင်နေတာမဟုတ်ဘူး၊ မီးခိုးလေးတွေတော့တွေ့ရတယ်၊ ကားသမားတော့ ဆေးရုံပို့လိုက်ကြတယ်။' ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာ၍ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
စပျစ်လှိုင်ချိန်ဖြစ်သော်လည်း ဝယ်လိုအားများ၍ ဈေးတက်ရိပ်ပြလာ
'နေပူလာတော့ အရောင်းသွက်လာတယ်၊ စပျစ်ရာသီလည်းရောက်လာတော့လေ၊ လက်ရှိတောင်ကြီးအလှုချိန်ဆိုတော့ အဲ့ဒီဘက်ကပိုမှာနေတယ်၊ နောက်ပိုင်းအသီးလှရင် ရှစ်ထောင်၊တစ်သောင်းဖြစ်ဦးမယ်'
စပျစ်တစ်ပိသာ ပျှမ်းမျှကျပ်၈၀၀ အထိဈေးတက်လာ
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲမှာဗိုလ်တထောင်စေတီရှိ ဌာန(၇)ခုမှ ဝန်ထမ်းတွေပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး လာမယ့် တပိုတွဲလပြည့်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်မှာတော့ နှမ်းမနဲစတုဒိသာလှူဒါန်းမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ် ဂေါပကအဖွဲ့
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 22 February 2024
CTBTO Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ) အစည်းအဝေးသို့ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း သိရပါတယ်။
The Comprehensive Nuclear-Test-Ban Treaty Organization (CTBTO) Preparatory Commission ၏ (၆၂) ကြိမ်မြောက်လုပ်ငန်းအဖွဲ့(ဘီ)အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ Vienna International Centre ၌ hybrid format ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကျင်းပလျက်ရှိရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ ဒေါ်စုစုဝင်းနှင့် ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးတို့ တက်ရောက်နေကြတာ ဖြစ်ပါတယ်။
အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုဆိုင်ရာ စောင့်ကြည့်စစ်ဆေးသည့် အစီအစဉ်များ အကောင်အထည် ဖော်ခြင်းနှင့်ပတ်သက်သော အတွင်းရေးမှူးရုံး၏ အစီရင်ခံစာများအား ပြန်လည်သုံးသပ်ကြမှာ ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်တွင်ပါရှိတဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခြင်း နှင့် International Monitoring System (IMS) Station ဆိုင်ရာ တည်နေရာအညွှန်း၊ အမည်နာမနှင့် code များကို ထပ်မံပြင်ဆင်ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အတွင်းရေးမှူးရုံး၏ အဆိုပြုချက်များအပေါ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနိုင်ညီညီအောင် က အွန်လိုင်းစနစ်ဖြင့် တက်ရောက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published-22 February 2024
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတားတွင် ရေပိုက်လိုင်းသွယ်တန်းပြီးသောက်သုံးရေအခက်အခဲရှိသည့် မြို့နယ်များသို့ ပေးဝေသွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(လမ်း၊တံတားဌာန)မှ သိရသည် ။
ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ် တို့တွင် သောက်သုံးရေအတွက် စက်ရေတွင်းများ တူးဖော်ရာတွင် ရေငန်သာထွက်ရှိခြင်းကြောင့် သောက်သုံးရေ အခက်အခဲ များရှိနေသဖြင့် နွေရာသီကာလတွင် ရေသယ်ယာဉ်များ၊စက်တပ်လှေငယ်များဖြင့်သောက်သုံးရေဖြန့်ဝေမှုများ ပြုလုပ်ရလေ့ရှိကြောင်းသိရသည်။
ထို့ကြောင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတား တည်ဆောက်ရာတွင် ရန်ကုန်မြစ်တစ်ဖက် ကမ်းရှိမြို့နယ်များ သောက်သုံးရေရရှိရန် ရေပိုက်လိုင်းများသွယ်တန်းခြင်းကိုပါထည့်သွင်းဆောင်ရွက်နေကြောင်း၊ဒလမြစ်ကူးတံတားပေါ်မှတစ်ဆင့်သုည ဒသမ ၅ မီတာ (၁ဒသမ ၅ပေ)အချင်းရှိသောရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအားရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည် ရေး (ဒလ) တံတားကြီးကို နိုင်ငံ တကာတံတားသတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီတည် ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ တံတား ပုံစံထုတ်လုပ်ရာ၌ ရန်ကုန်မြို့ သို့ ဝင်၊ ထွက်သွားလာမည့် တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ် ကူးသင်္ဘောကြီးများဖြတ်သန်း နိုင်ရေးအတွက် တံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာအထိ ထားရှိခဲ့ရသဖြင့် ဆင်ခြေလျှောတံတား(Ramt P Bridges) ကို အတက်အဆင်း (Gradient) ပြေပြစ်စေရေးနှင့် ကမ်းနားလမ်း ဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရေးအတွက် ချဉ်းကပ်တံတားနှင့်ဆင်ခြေ လျှောတံတား အရှည်တို့တို တွက်ချက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့အတူ မြန်မာနိုင်ငံတွင် တည်ဆောက် ပြီး တံတားများအနက် ရေလမ်း ကင်းလွတ်အမြင့် အများဆုံးဖြစ် ပြီး တံတားကြမ်းခင်းအမြင့်ဆုံး တံတားတစ်စင်းဖြစ်၍ မော်တော် ယာဉ်များ ဖြတ်သန်းမောင်းနှင် ရာတွင် ယာဉ်အန္တရာယ်ကင်း ရှင်းရေးအတွက် ပင်မတံတားနှင့် ချဉ်းကပ်တံတားတို့တွင် တစ် နာရီလျှင် ၅၀ ကီလိုမီတာနှုန်းဖြင့် ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ၃၀ ကီလိုမီတာနှုန်း တို့ဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်း ပုံစံထုတ်၍ တည်ဆောက်ထား ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group


22 February 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလ ၂၂ရက်၊နံနက် (၁၁:၄၀) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းYESC မှ သိရသည်။
ယင်းကဲ့သို့ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်နေပါ ကြောင်းနှင့် ဓာတ်အားပြန်လည် ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တာမွေမြို့နယ် YESCမှလည်း မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း (၂၂.၂.၂၀၂၄)ရက်နေ့ (၁၁:၄၀)ခန့်အချိန်တွင် SystemBreakdown ဖြင့် တာမွေတစ်မြို့နယ်လုံး ဓာတ်အားပြတ်တောက်နေပါကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
သင်္ဃန်းကျွန်းမြို့နယ် YESCမှလည်း22-2-24 (11:40)SYSTEMချို့ယွင်းမှု ဖြစ်၍သင်္ဃန်းမြို့နယ်အတွင်းရှိခွဲရုံများအားလုံး ယာယီဓာတ်အားပြတ်တောက်နေကြောင်း အသိပေးထားပြီး မြို့နယ်အသီးသီးတွင် လျှပ်စစ်ဓာတ်အားများယာယီပြတ်တောက်နေကြောင်းနှင့်အချိန်မီ ပြုပြင်သွားမည်ဖြစ်ကြောင်း YESC၏ထုတ်ပြန်ချက်အရ သိရသည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပုံမှန်တစ်ရက်ကို(၃)(၄)ကြိမ်မှ အခုရက် ပိုင်းမှာ တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင် ကျွမ်းသည့်အထိ ကြုံလာတယ်။
ပူပြင်းခြောက်သွေ့လာတဲ့အတွက် မီးကြွင်းမီးကျန်တွေကနေတစ်ဆင့် နေအိမ်လောင်ကျွမ်းတာ အများဆုံးဖြစ်ပြီး ကားမီးလောင်တာ၊ ဂိမ်းစက်၊ ခြင်ဆေးခွေ၊ ကိုင်းတောနဲ့ စက်ရုံမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရှမ်းတောင်ရှိ အရှူံးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
'ဒီနှစ်က အောင်ပန်းဈေးကွက်က ဈေးမရတာကြောင့် တစ်ချို့အခင်းတွေဒီတိုင်းပဲပစ်လိုက်ရတာ တွေ့ရတယ်၊တစ်ချို့ကားလေးတွေနဲ့ တစ်အိတ်လောက်ဖြစ်ဖြစ် လိုက်ရောင်းတာရှိတယ်၊ ထွက်တဲ့ကုန်ချိန်နဲ့ဆိုရင် ဈေးကွက်ကြီးတစ်ခုကိုသွားမှဖြစ်မယ်ဆိုပြီး နောက်ဆုံး ဈေးကွက်နဲ့ချိတ်ဆက်ပေးတာပါ'
Yangon Times/NN
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကောင်စစ်ဆိုင်ရာ လျှောက်ထားသူများအနေနဲ့ လျှောက်ထားမှုအလိုက် သံရုံးငွေ စာရင်းသို့ ငွေပေးသွင်းရာမှာ မိမိပေးသွင်းရတဲ့ ငွေပမာဏ အတိ အကျကိုသာ ပေးသွင်းကြဖို့ လိုအပ်တယ်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 February 2024
ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးလ်က အပြင်းအထန် တိုက်ခိုက်နေရာ လူတစ်ဒါဇင်ကျော်ရှိတဲ့ မိသားစုကြီးတစ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများ ပြောကြားလိုက်ပါတယ်။
စစ်ပွဲကြောင့် ယခုအချိန်ထိ ပါလက်စ်တိုင်းဘက်မှ ၂၉၃၁၃ ဦးသေဆုံထားကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနမှ ကြေညာထားပါတယ်။
စစ်ပွဲရပ်ဆိုင်းရေးအတွက် အမေရိကန်၊ အီဂျစ်၊ ကာတာတို့ ဆွေးနွေးမှုများပြုလုပ်နေရာ ဂါဇာမှာ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေး အစောပိုင်းတိုးတက်မှု အရိပ်အယောင်များ မြင်တွေ့လာရတယ်လို့ အစ္စရေးလ် စစ်ပွဲဝန်ကြီးများအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ပြောကြားလိုက်ပါတယ်။
ရာဖာမြို့မြောက်ဘက်ရှိ ခန်းယူနစ်မှာ အစ္စရေးလ်စစ်တပ်က စစ်ဆင်ရေးများ မြှင့်တင်လုပ်ဆောင်နေတယ်လို့ ဆိုလိုက်ကာ ရာဖာကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး မဖော်ပြထားပါဘူး။
ရာဖာမြို့ထဲ လူပေါင်း ၁ သန်းခွဲခန့် ရောက်နေတယ်လို့ ခန့်မှန်းရကာ အများစုက အစ္စရေးလ်စစ်တပ် သတ်ဖြတ်တာတွေကနေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
အီဂျစ်ကနေ ဂါဇာကိုဝင်လာတဲ့ အကူအညီတွေဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ကုန်ခမ်းလာပြီး ဘေးကင်းလုံခြုံမှုလည်း မရေရာတာကြောင့် စားနပ်ရိက္ခာဖြန့်ဝေရန် ပိုမိုခက်ခဲလာကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။
ရာဖာမြို့ခံတွေက စာမက်ဆေ့ချ်ဖြင့် သတင်းပေးပို့ရာမှာ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှု များစွာဖြစ်နေပြီး ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်နေကြောင်း ကမ်းခြေတွေမှာလည်း ရေတပ်သင်္ဘောတွေက ပစ်ခတ်နေကြကြောင်း ဆိုကြပါတယ်။
တိုက်ခိုက်မှုပြီးဆုံးပြီးနောက် ရာဖာရှိ အယ်လ်နိုအာမိသားစုနေအိမ်ကို ရိုက်တာသတင်းထောက်များ ဗီဒီယိုရိုက်ကူးကြကာ အပျက်အစီးများကြားထဲ အလောင်းတစ်ဒါဇင်ကျော် ထုပ်ပိုးထားတာတွေကို မြင်တွေ့ရပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေက လူနေအိမ်တွေမှာ အကာအကွယ်ယူထားကြတယ်လို့ အစ္စရေးလ်တို့က ပြောထားပေမယ့် ဟားမတ်စ်တို့က ငြင်းဆန်ထားပါတယ်။
တင့်ကားတွေက ကမ်းရိုးတန်းလမ်းမကြီးကို ရောက်ရှိလာကာ ခန်းယူနစ်နဲ့ ရာဖာမြို့ကို ဂါဇာကမ်းမြောင်ကနေ ပိုင်းခြားလိုက်ခဲ့ပေမယ့် ခဏအကြာမှာ ဆုတ်ခွာသွားတယ်လို့ ဒေသခံများက ဆိုပါတယ်။
ဓားစာခံလွတ်မြောက်ရေးမှာ သဘောတူညီချက်အသစ် မရဘူးဆိုရင် မွတ်ဆလင်ဥပုသ်လမှာပင် ဆက်လက်တိုက်ခိုက်နေမယ်လို့ ဘင်နီဂန့်ဇ်က သတိပေးလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 February 2024
အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ရန် ခက်ခဲခြင်းတို့ဟာ အဖြစ်များတဲ့ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများ ဖြစ်နေပြီး ဘာကြောင့်ဖြစ်ရလဲဆိုတာကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ဟန်ရှိပါတယ်။
အချို့လက္ခဏာတွေဆိုရင် ပိုမိုကြာရှည်ဆိုးရွားလာကာ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခန္ဓာကိုယ်မှာ ဇီဝပြောင်းလဲမှု ဖြစ်လာတာတွေကို တွေ့ရှိလာရပါတယ်။
ကြွက်သားတွေမှာ ပြောင်းလဲလာတာတွေကို မြင်လာရတယ်လို့ အမ်စတာဒမ်မှ ပရော်ဖက်ဆာ မိုက်ကယ်ဗန်ဗက်ဂ်က ပြောပြသွားပါတယ်။
လေ့လာချက်အရ ကိုဗစ်နောက်ဆက်တွဲ ခံစားနေရတဲ့ လူနာတွေမှာ အလွန်အမင်း နွမ်းနယ်ခြင်း၊ ကြွက်သားတည်ဆောက်ပုံ ပြောင်းလဲခြင်း၊ ကြွက်သားထိခိုက်ခြင်းတို့ ခံစားနေရပါတယ်။
လှုပ်ရှားလေ့ကျင့်ခန်း အနည်းငယ် ပြုလုပ်ပြီးနောက် ပင်ပန်းနုံးချည့်သွားတဲ့ လူနာ ၂၅ ဦးနဲ့ ကျန်းမာတဲ့သူ ၂၁ ဦးတို့ကို ၁၅ မိနစ်ကြာ စက်ဘီးစီးခိုင်းခဲ့ပါတယ်။
ထိုလူနာတွေဟာ အထုပ်သယ်ယူခြင်း၊ သွားတိုက်ခြင်းတို့ ပြုလုပ်လျှင်ပင် ပင်ပန်းနေကြပါတယ်။
သူတို့ရဲ့ သွေးနဲ့ ကြွက်သားတစ်ရှူး နမူနာများကို ဆန်းစစ်ကြည့်ရာ ကြွက်သားတစ်ရှူးတွေမှာ အမျိုးမျိုးသော မူမမှန်ပုံများကို တွေ့ရှိခဲ့ကြပါတယ်။
ကြွက်သားတွေထဲက စွမ်းအင်သိုလှောင်ရာ ဆဲလ်တွေဟာ ပုံမှန်အလုပ်မလုပ်တော့ဘဲ စွမ်းအင်ထုတ်လုပ်မှု လျော့ကျသွားကြောင်း လက်ထောက်ပရော်ဖက်ဆာ ရော့ဘ်ဝက်စ်က ရှင်းပြသွားပါတယ်။
သူတို့ရဲ့ ကြွက်သားမျှင်တွေက စွမ်းအင်ကုန်ဆုံးတာ မြန်ဆန်ပြီး အလျင်အမြန် အားကုန်သွားပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးမှာလည်း ကြွက်သားထိခိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခဲခြင်းတို့ ဖြစ်ကြပါတယ်။
ယခုလို တွေ့ရှိလာခြင်းက ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားနေရသူများ အတွက် သင့်လျော်တဲ့ကုသမှုများ ပေါ်ထွက်လာနိုင်ဖွယ် ရှိပါတယ်။
Source: New York Post.
#World_Health
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 655 of 1817