#World_Health
Published 22 May 2024
▪️ ပိုးသတ်ဆေး ဆောင်ရွက်ချက်ကွန်ရက် (PAN)ရဲ့ သုံးသပ်ချက်များအရ လတ်ဆတ်တဲ့ အသီးအနှံများနဲ့ ဟင်းရွက်တွေမှာ ပိုးသတ်ဆေးများ တွေ့ရှိထားပြီး အဲဒီထဲမှာမှ တာရှည်ခံဓာတုဆေးများလည်း ပါဝင်နေပါတယ်။
▪️ ယခုနှစ်အတွင်း ပိုးသတ်ဆေးအများဆုံး ပါဝင်နေတဲ့ အသီးအနှံနဲ့ ဟင်းရွက် ၁၂ မျိုးထဲမှာ ပန်းသီး၊ တရုတ်ဆီးသီး၊ မက်မွန်သီး၊ စပျစ်သီး၊ စတော်ဘယ်ရီ၊ ချယ်ရီသီး၊ ဟင်းနုနွယ်၊ ပဲပင်ပေါက်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ပဲတောင့်တို့ ဖြစ်နေပါတယ်။
▪️ ဒါပေမဲ့ နှစ်စဉ်စာရင်းကောက်ယူချက်များအရ အပြောင်းအလဲရှိနိုင်ပါတယ်။
▪️ နောက်ထပ်ပြဿနာတစ်ခုက ပိုးသတ်ဆေးရောစပ်တာတွေ ဖြစ်ပြီး ဓာတုပစ္စည်းများ အမျိုးမျိုးပါဝင်နေနိုင်ပြီး အန္တရာယ်လည်း ပိုများနိုင်ပါတယ်။
▪️ ခန္ဓာကိုယ်ထဲ ဓာတုပစ္စည်းတွေ ရောက်ရှိစေတာဟာ ဟင်းသီးဟင်းရွက်များသာမကဘဲ ကြက်ဥ၊ ငါး၊ ပင်လယ်စာ၊ အသားတို့ကလည်း အဓိကပါဝင်နေပါတယ်။
▪️ အော်ဂဲနစ်မြေအများစုက တာရှည်ခံဓာတုပစ္စည်းများ ပါဝင်နိုင်ပေမယ့် ပမာဏက အနည်းငယ်မျှသာ ဖြစ်ပါတယ်။
▪️ အသီးအနှံတွေရဲ့ အစေ့ထဲမှာပင် တာရှည်ခံဓာတုပစ္စည်းများ ပါဝင်နေတာကြောင့် အသီးအနှံတွေကို ရေဆေးလည်း သိပ်ပြီးမထူးခြားလှပါဘူး။
▪️ စားစရာတွေကို သိမ်းဆည်းပို့ဆောင်တာတွေကလည်း မှိုလိုမျိုးအရာတွေ ကူးစက်နိုင်တာကြောင့် ဖြစ်နိုင်ရင် ပြည်တွင်းဖြစ် စိုက်ပျိုးခြင်း၊ အိမ်အပြင်ဘက် စိုက်ပျိုးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
▪️ ငါးကြီးတွေက ငါးသေးတွေကို စားတဲ့အခါ ဓာတုပစ္စည်းများ အကြွင်းအကျန်များကို ပိုမိုစုပြုံလာနိုင်တာကြောင့် အစာကွင်းဆက်ရဲ့ အောက်ဆုံးမှာရှိတဲ့ ငါးသေးလေးတွေကို ရွေးချယ်သင့်ပါတယ်။
▪️ အသင့်စားစားစရာတွေကို ထုပ်ပိုးတဲ့ စက္ကူတွေ၊ ပလတ်စတစ်အိတ်တွေမှာလည်း ဓာတုပစ္စည်းများ ပါဝင်နိုင်တာကြောင့် ထိုအစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။
▪️ တာရှည်ခံဓာတုပစ္စည်းတွေမှာ လူလုပ်ဓာတုပစ္စည်းပေါင်း ၁ သောင်းကျော်ပါဝင်ပြီး ပိုးသတ်ဆေးများမှာလည်း ပါဝင်ကာ ပတ်ဝန်းကျင်က အရာတွေကို ကူးစက်လာကြပါတယ်။
▪️ ထိုဓာတုတွေဟာ လူသားတွေထံ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အစားအစာတွေကနေ တဆင့်ဝင်ရောက်တတ်ပါတယ်။
▪️ အမေရိကန်လူမျိုး ၉၅ ရာခိုင်နှုန်းလောက်ရဲ့ သွေးထဲမှာ ထိုဓာတုပစ္စည်း အစအနများ တွေ့ရှိထားပြီး ကိုယ်ခံအာကျဆင်းခြင်း၊ ဇီဝကမ္မရောဂါများ၊ ကင်ဆာ စတဲ့ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်ပါတယ်။
#Source: The Telegraph
တွေ့ရှိဖူးသမျှထဲတွင် အပြည့်စုံဆုံးသော ပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်မြောက်ပိုင်းမွန်ဂိုလီးယားတွင်တွေ့ရှိ
တရုတ်မြောက်ပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၅ သန်းခန့်က ပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းကို သုတေသီများ တွေ့ရှိခဲ့ပြီး ဒါဟာတွေ့ဖူးသမျှထဲမှာ အပြည့်စုံဆုံးသော ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ပါတယ်။
#World_Discovery
Published_ 21 May 2024
#ပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်း #တရုတ်မြောက်ပိုင်းမွန်ဂိုလီးယား
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 21 May 2024
၁။ ပြောင်းဈေးတက်လာသော်လည်း တောင်သူလက်ထဲတွင် ရောင်းချရန် ပြောင်းမရှိသည့်အချိန်ဖြစ်နေ
၂။ မေရီချက်ပ်မင်းနားမကြားသော ကလေးငယ်များကျောင်းတွင် KG မှ Grade7အထိ ကျောင်းအပ်လက်ခံပြီ
၃။ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ၈၅ ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲ နေပြည်တော်၌ပြုလုပ်မည်
၄။ တွေ့ရှိဖူးသမျှထဲတွင် အပြည့်စုံဆုံးသောပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်မြောက်ပိုင်းမွန်ဂိုလီးယားတွင်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၁ မေ ၂၀၂၄
လန်ဒန်မှပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင်ခရီးသည်တင်လေယာဉ်သည် အလွန် ပြင်းထန်တဲ့လေတွေကြောင့် ယနေ့ မေလ ၂၁ရက် ညနေပိုင်းက ဘန်ကောက်ကိုအရေးပေါ်ဆင်းသက်စဉ် ခရီးသည်တစ်ဦး သေဆုံးပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိသွားခဲ့ပါတယ်။
သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုတွေ ဘယ်အချိန်မှာဖြစ်ခဲ့တာလဲဆိုတာတော့ မသိကြရသေးပါဘူး။
ထိခိုက်ဒဏ်ရာရရှိသူ ၃၀ရှိတယ်လို့ ထိုင်းမီဒီယာတွေကရေးသားကြပေမယ့် စင်ကာပူလေကြောင်းလိုင်းက ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာ ထုတ်မပြောပါဘူး။
ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်အရာရှိတစ်ဦးကလည်း သေဆုံးသူတစ်ဦးရှိတယ်လို့အတည်ပြုပေမယ့် ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာကိုတော့ အတည်ပြုမပေးပါဘူး။
စင်ကာပူလေကြောင်းလိုင်း ဘိုအင်း 777-300ER လေယာဉ်ဟာ ခရီးသည် ၂၁၁ ဦး ၊လေယာဉ်အမှုထမ်း၁၈ဦးနှင့် အတူ လန်ဒန်မှပျံသန်းလာတာဖြစ်ပြီး စင်ကာပူသို့ ဦးတည်ပျံသန်းနေရင်း ဘန်ကောက်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
“ ကျွန်ုပ်တို့ရဲ့ ဦးစားပေးက လေယာဉ်ပါ ခရီးသည်တွေနှင့်လေယာဉ်အမှုထမ်းတွေကို အတတ်နိုင်ဆုံး အကူအညီပေးဖို့ဖြစ်တယ်” လို့ စင်ကာပူလေကြောင်းက သတင်းထုတ်ပြန်ပါတယ်။
“လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဘန်ကောက်အာဏာပိုင်တွေနှင့်အလုပ်လုပ်နေပါတယ်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စင်ကာပူလေကြောင်းလိုင်းရဲ့ နောက်ဆုံးမတော်တဆမှုဟာ ၂၀၀၀ပြည့်နှစ် အောက်တိုဘာလတုန်းက တိုင်ဝမ်ကနေ ပျံအတက်ပျက်ကျခဲ့ပြီးလူပေါင်း ၈၃ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
Source Reuters
တရုတ်နိုင်ငံအတွင်းသို့ အလုပ်ရမည်ဆိုကာ သွားရောက်ရာမှ လူကုန်ကူးခံရသဖြင့် ဆက်သွယ်အကူညီတောင်းခံသူတွေထဲမှာ လူကုန်ကူးခံရသူကိုယ်တိုင် လူကုန်ကူးမှုတပ်စီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံကို ဆက်သွယ်အကူအညီတောင်းခံတာရှိသလို လူကုန်ကူးခံရတဲ့ သူရဲ့မိသားစုဝင်တွေကတစ်ဆင့် အကူအညီတောင်းခံတာတွေရှိတယ်လို့ လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့ဝင်ထံက သိရပါတယ်။
#Local_News
Published_ 21 May 2024
#YMG/LW #Yangon_Times
#ဆက်သွယ်အကူညီတောင်းခံသူ #လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့
မွန်ပြည်နယ်က ထွက်ရှိတဲ့ကြက်မောက်သီး တွေဈေးကောင်းရနေတယ်လို့ ကြက်မောက်သီးစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published_ 21 May 2024
#ကြက်မောက်သီးဈေးကောင်းရ #မွန်ဒေသထွက်ကြက်မောက်သီး
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ ၈၅ကီလိုမီတာခရီးရှည် မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲကိုနေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published_ 21 May 2024
#ခရီးရှည်မြင်းစီးအားကစား #၂၀၂၅ဆီးဂိမ်းပြိုင်ပွဲ
#NN #Yangon_Times
#Local_News
Published_ 21 May 2024
▪️ မလေးရှားနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲISTAF SEPAKTAKRAW WORLD CUP တွင် မြန်မာအသင်းက အိန္ဒိယအသင်းကို အနိုင်ယူကာ ဆီးမီးဖိုင်နယ်တက်ရောက်သွားကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။
▪️ Myanmar အသင်းနှင့် India အသင်းတို့ပွဲတွင် Myanmar အသင်းမှ နှစ်ပွဲပြတ်အနိုင်ယူ၍ Semi Final သို့တက်ရောက်သွားပြီဖြစ်သည်ဟု ဆိုသည်။
▪️ မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီမှာ အားဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက်တို့၏ Double Event ပွဲအဖြစ် India အသင်းနှင့်ယှဥ်ပြိုင်သည့်ပွဲ၌ အနိုင်ရခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာစံတော်ချိန်နေ့လည် ၂း၀၀ နာရီမှာဇင်ကို၊ ထူးအောင်ကျော်၊ ရှိန်းလေး၊ မင်းသန့်၊ ဖေငြိမ်းချမ်း တို့ပါဝင်သည့် REGU Event ပွဲအဖြစ် Indonesia အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

#tthl #Yangon_Times
#Local_News
Published-21 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာ၊ရန်ကုန်စက်မှုဇုန်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ မေလ၂၁ရက်နေ့၊ နေ့လယ်၁နာရီ ၂၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာ၊ ရန်ကုန်စက်မှုဇုန်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
'အမိုးနီးယားယိုစိမ့်မှုဖြစ်ပွာတာပါ'ဟုပုလဲမီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF 60 ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရွှေပေါက္ကံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ထွက်ခွာလျက်ရှိကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 21 May 2024
▪️ YBS ယာဉ်များစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်ရန် စစ်ဆေးရေးအဖွဲ့များနှင့် ယာဉ်ကြောရှုပ်ထွေးတဲ့ မှတ်တိုင် ၁၆ ခုမှာ ခရိုင် ၃ ခရိုင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
▪️ ထို့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများပေါ်၌ အများပြည်သူကြုံတွေ့နေရသည့် ခါးပိုက်နှိုက်အန္တရာယ် ကာကွယ်နိုင်ရန်“ခါးပိုက်နှိက် သတိပြု” သတိပေးစတေကာများကိုလည်း မေလ ၁၆ ရက်နေ့ကတည်းက စတင် ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။
▪️ YBS စီးနင်းခရီးသွားပြည်သူများအတွက် ကြိုတင်ကာကွယ် သတိပြုမိစေရန် ခါးပိုက်နှိုက် သတိပြု စတေကာများကို YBSယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏အနောက်ဖက်တွင် စတေကာ(၁)ခု၊ ယာဉ်၏ အနောက်ဘက်ခြမ်းတွင် စတေကာ(၁)ခု၊ လှေကားအဆင်းတံခါးပေါက်တွင် စကေတာ(၁)ခုနှင့် Mini Bus ယာဉ်များအတွက် လှေကားအတက် ယာဉ်မောင်း၏ အနောက်၌ စတေကာ(၁)ခု၊ ယာဉ်၏ ဘေးဘယ်/ညာ၌ စတေကာ(၁) ခုစီ တပ်ဆင်သွားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် YBS ကုမ္ပဏီများအားလုံးကို လာမည့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ YBS ယာဉ်များ၌ CCTV တပ်ဆင်ရန်လည်းညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းစုစု ပေါင်း ၁၃၁ လိုင်း၊ ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၆ သိန်းကို သယ်ယူပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
မေရီချက်ပ်မင်း နားမကြားသောကလေးငယ်များကျောင်းမှာ ကျောင်းသားဟောင်းတွေကိုမေလ (၂၇ရက်မှ၃၀)ရက်အထိ ဦးစွာလက်ခံပြီး ကျောင်းသားသစ်တွေကို မေ ၃၁ မှ ဇွန် ၂ရက် နေ့အထိ ထပ်မံလက်ခံသွားမှာ ဖြစ်တယ်။အဆောင်နေ (၂၀၀)ဦးနဲ့ နေ့တက်ဦးရေ အကန့်အသတ်မရှိလက်ခံဖို့ရှိပါတယ်။
(မေရီချက်ပ်မင်းနားမကြားသောကလေးငယ်များကျောင်း၊ကျောင်းအုပ်ဆရာမကြီး)
#Local_News
Published_ 21 May 2024
#မေရီချက်ပ်မင်းကျောင်း #ကျောင်းအပ်လက်ခံပြီ
#tthl #Yangon_Times
ပြောင်းစျေးမြင့်တက်လာချိန်မှာတော ပွဲရုံတွေနဲ့ကုန်သည်တွေလက်ထဲမှာပဲ ပြောင်းအများဆုံးရှိနေပြီး တောင်သူတွေလက်ထဲမှာတော့ အနည်းငယ်သာရှိတော့တယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published_ 21 May 2024
#ပြောင်းစျေးမြင့်ချိန် #ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ
#YMG/LW #Yangon_Times
Page 651 of 1929