တရုတ်နိုင်ငံဟာ e commerce ကဏ္ဍတိုးချဲ့ရန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရှန်ဟိုင်းမှာ ပိုးသားလမ်းမကြီး e commerce ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့ပြေးဇုန်တစ်ခု တည်ဆောက်သွားမှာဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှ ပြောကြားလိုက်ပါတယ်။
#Asia_Business
Published_ 28 October 2023
#ပိုးသားလမ်းမကြီး #Ecommerce #ရှေ့ပြေးဇုန်တစ်ခု
#Daily_News
Published_ 28 October 2023
၁။ ယခုနှစ်ထန်းရည်ထွက်ရှိမှုနှုန်းများသည့်အတွက် ရာသီကုန်ချိန်ဖြစ်သော်လည်း ထန်းလျက်ကုန်အဝင်များနေသေး
၂။ သီတင်းကျွတ်လပြည့်နေ့တွင် လကြတ်မည်၊ ကံဇာတာအညံ့ရှိသော နေ့နာမ်(၃)ခု လကြတ်ချိန်မကြည့်သင့်ဟုဆို
၃။ လားရှိုး_ ချင်းရွှေဟော်_လောက်ကိုင်လမ်းကြောင်းများ ပိတ်ထားပြီး မြန်မာ_တရုတ်ကုန်သွယ်ရေးများ ယာယီရပ်တန့်
၄။ ဒီဂျစ်တယ် စီးပွားရေးကဏ္ဍတိုးချဲ့ရေးအတွက် ရှန်ဟိုင်းတွင် ပိုးသားလမ်းမကြီး Ecommerce ပူးပေါင်းဆောင်ရွက်ရေးရှေ့ပြေးဇုန်တစ်ခုကို တရုတ်တည်ထောင်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ကုန်သွယ်ရေးက မနေ့ကပိတ်တယ်လေ။ လမ်းတွေကလည်းသွားလို့မရလို့ ဆက်မသွားဘူး။ ဒီနေ့လည်းသွားတော့ မသွားရသေးဘူး။ အဝင်အထွက်က မနေ့ကစပြီးတော့ တိုက်ပွဲဖြစ်တော့ အကုန်လုံးထိန်းထားတယ်
#Local_News
Published_ 28 October 2023
#လားရှိုး #ချင်းရွှေဟော် #လောက်ကိုင်
#YMG/ NN #Yangon Times
"သီတင်းကျွတ်လပြည့်နေ့ လကြတ်ချိန်မှာ ကံဇာတာအညံ့ရှိတဲ့တနင်္ဂနွေ၊ အင်္ဂါ၊ စနေ သားသမီးတွေ လကြတ်တာကို ထွက်မကြည့်သင့်သလို ကြည့်မိရင်လည်းနောက်နေ့ အမွှေးနံသာနဲ့ခေါင်းဆေးလျှော်တာတွေပြုလုပ်သင့်တယ်" မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်းအုပ် ၊နက္ခတ်ပညာရှင် ဒေါက်တာကြည်ကြည်စိန်
#Local_News
Published_ 28 October 2023
#သီတင်းကျွတ်လပြည့်နေ့ #လကြတ်ချိန်
#tthl #Yangon_Times
အထက်အညာဒေသတွေမှာ မိုးရွာသွန်းမှုများခဲ့တဲ့အတွက် ထန်းရည်ထွက်ရှိမှုနှုန်းများတာကြောင့် ရာသီကုန်ချိန် ဖြစ်ပေမယ့် ဈေးကွက်အတွင်း ထန်းလျက်ကုန်အဝင်များနေသေးတယ်လို့ ညောင်ဦးဒေသရှိထန်းလျက် အရောင်းအဝယ်လုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 28 October 2023
#ထန်းရည်ထွက်ရှိမှုနှုန်း #ညောင်ဦးဒေသ #ထန်းလျက်
#YMG/LW #Yangon_Times
#Local_News
Published_ 28 October 2023
မြန်မာနိုင်ငံရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးဝါးစက်ရုံများက နိုင်ငံ၏ဆေးဝါး လိုအပ်ချက်များရဲ့ ၁၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်တယ်လို့ စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။
ထို့ကြောင့် ဆေးဝါးများပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးအင်ဂျင်နီယာ ပညာရပ်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်းစိန်)၌ ဆေးဝါးအင်ဂျင်နီယာ ပညာရပ်အရာရှိအဆင့်သင်တန်း သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ပါတယ်။
သင်တန်းတွင် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုအင်ဂျင်နီယာပညာရှင်များက ၎င်းတို့၏ လုပ်ငန်းခွင်နယ်ပယ်အတွေ့အကြုံ၊ ပညာရပ်များကို သင်ကြားပို့ချပေးပြီးဖြစ်၍ ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းများကို ပိုမိုသိရှိလာမယ်လို့ ဆိုပါတယ်။
လုပ်ငန်းများဆောင်ရွက်နေတဲ့ ပညာရှင်များအနေဖြင့် နားလည်တတ်ကျွမ်းတဲ့ နယ်ပယ်အတွင်း၌ ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမယ်လို့လည်း ဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။
#Local_News #ပုဂ္ဂလိကဆေးဝါးစက်ရုံများ #ဆေးဝါးလိုအပ်ချက်
#ymg_mnn #Yangon_Media_Group
#Local_News
Published-28 Oct 2023
တရားဝင်ဘဏ်လမ်းကြောင်းမှ တစ်ဆင့် ငွေလွှဲပို့သူများကို ကန်ဒေါ်လာနှစ်သိန်းအစား ကန်ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ်လိုက်ပြီး၊ တစ်ဉီးချင်းတင်သွင်းမှုအပြင် ယာဉ်တန်ဖိုးမပြည်မီပါက စုပေါင်းတင်သွင်းရန်လည်းခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ကြေညာချက်တွင် ပုံမှန်လစာရရှိသူများ သင်္ဘောသားများအပါအဝင် အခြားဝင်ငွေရရှိသူများအနေဖြင့် တစ်နှစ်အတွင်းအမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက်လွှဲပို့ပါက စုစုပေါင်းလွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့်ညီမျှသောလျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တစ်နှစ်လျှင်တစ်စီးနှုန်းကို အောက်တိုဘာ ၁၆ ရက်နေ့မှစတင်ရေတွက်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့လျှပ်စစ်သုံးမော်တော်ယာဉ်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအား တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်းတင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းတင်သွင်းရန်ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်း၍တင်သွင်းမှုကိုလည်းကောင်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်များအသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စအား အထောက်အကူပြုရန်ရည်ရွယ်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများကမိမိတို့ရရှိသည့် လစာငွေသို့မဟုတ်အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ဘဏ်လမ်းကြောင်းမှ တဆင့်ပြန်လည်လွှဲပို့ခြင်းအပေါ်အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်တင်သွင်းခွင့်ကို ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Local_News #ကန်ဒေါ်လာနှစ်သိန်းအစား #စုပေါင်းတင်သွင်း #ဒေါ်လာ ၅ သောင်းပြင်ဆင်သတ်မှတ် #Yangon Times
#World_News
Published 28 October 2023
ပါလက်စ်တိုင်း ဟားမတ်စ်စစ်သွေးကြွများ အုပ်စိုးနေတဲ့ ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်တပ်များက မြေပြင်တိုက်ခိုက်မှုများ ပိုမိုချဲ့ထွင်ပြုလုပ်လာရာ ဂါဇာဒေသဟာ အပျက်အစီးဒဏ်တွေ ဆက်လက်ပြီး ခံစားနေရပါတယ်။
ဂါဇာသို့ တင့်ကားများဖြင့် နှစ်ညဆက်တိုက် ကျူးကျော်တိုက်ခိုက်ပြီးနောက် မြေပြင်တပ်တွေဟာ ဒီညမှာ စစ်ဆင်ရေးတိုးချဲ့ လုပ်ဆောင်နေပါတယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီက မနေ့က ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်ရဲ့ ရန်လိုတိုက်ခိုက်မှုမှန်သမျှကို ဟားမတ်စ်တို့က အင်ပြည့်အားပြည့် ရင်ဆိုင်တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်လိုက်ကာ အယ်လ်ကာဆမ် တပ်ဖွဲ့များနဲ့ ပါလက်စ်တိုင်း အတိုက်အခံတပ်များက လုံးဝအဆင်သင့် ဖြစ်နေပြီလို့ ယနေ့ဆိုလိုက်ပါတယ်။
အစ္စရေးလ်က ဂါဇာမှာ အပြင်းထန်ဆုံး ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကမ်းမြောင်တလျှောက်ရှိ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်သွားပါတယ်။
ဒီလိုမျိုး ဆက်သွယ်ပြတ်တောက်သွားတာဟာ လူအများအပြား ဆုံးရှုံးပျက်စီးမှုကို ဖုံးကွယ်ထားသလို ဖြစ်နေမှာ စိုးရိမ်တယ်လို့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုလိုက်ပါတယ်။
ဒါဟာ သေကြေပျက်စီးမှုများကို ခြယ်လှယ်လုပ်ကိုင်ချင်လို့ ယခုကဲ့သို့ ဖြတ်တောက်လိုက်တာ ဖြစ်တယ်လို့ ဟားမတ်စ်တို့က အစ္စရေးလ်တို့ကို စွပ်စွဲလိုက်ပါတယ်။
ဟားမတ်စ်တို့က အကြီးဆုံးဆေးရုံကြီးကို ယင်းတို့စစ်ဌာနချုပ်အဖြစ် အသုံးပြုနေကာ အခြားဆေးရုံတွေကိုလည်း စစ်ဘက်ဆိုင်ရာအရ အသုံးချနေတယ်လို့ အစ္စရေးလ်တို့က စွပ်စွဲထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုလိုက်ပြီး ဟားမတ်စ်တို့က လက်ခံပေမယ့် အစ္စရေးလ်နဲ့ အမေရိကန်တို့ကတော့ ဝေဖန်လိုက်ပါတယ်။
ထိုအဆိုပြုချက်ဟာ ကုလအဖွဲ့ဝင်တွေထဲမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၁၄ မဲ ၊ ကြားနေ ၄၅ နိုင်ငံ ပေါ်ထွက်ခဲ့ပါတယ်။
သောကြာနေ့က နယူးယော့ခ်ရှိ ဂရန်းစင်ထရယ်ဂိတ်မှာ ဆန္ဒပြသူရာချီ စုဝေးပိတ်ဆို့ခဲ့ကြပြီး အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး အလိုရှိကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
ကူညီထောက်ပံ့ရေးပစ္စည်းများ ဂါဇာသို့ရောက်ရှိရန်နဲ့ အရပ်သားများ လွတ်မြောက်ရေးအတွက် အပစ်အခတ်ရပ်စဲရေးကို အမေရိကန်က ထောက်ခံကြောင်း အိမ်ဖြူတော်က ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်တို့ဟာ အစ္စရေးဘက်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး လူပေါင်းထောင်ချီကို သတ်ဖြတ်ကာ ဓားစာခံများကို ပြန်ပေးဆွဲရာကနေ စစ်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးလ်ဘက်က အလျင်အမြန်ပဲ စစ်ကြေညာခဲ့ပြီး ဂါဇာကမ်းမြောင်ကို ဆက်တိုက်ပစ်ခတ်နေခဲ့ပါတယ်။
#World_News #အင်တာနက်ဖြတ်တောက် #မြေပြင်တိုက်ခိုက်မှု #အစ္စရေးလ်တိုးချဲ့ #Source: NDTV
#Local_News
Published_ 28 October 2023
ရန်ုကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဥ်မြို့တော်တွင် မိန်းကလေးငယ်တစ်ဦး မိုးကြိုးထိမှန်ပြီးသေဆုံးသွားကြောင်း ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ သိရသည်။
မိုးကြိုးပစ်ခံရသော လူနာသမီးငယ်အားအချိန်မီပို့ဆောင်နိုင်ရေးကူညီပေးနေစဥ် ဆေးခန်းမရောက်ခင်သေဆုံးခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာလ၂၇ ရက် ညနေ ၄ နာရီကျော်မှာ မိုးကြိုးပြင်းထန်စွာပစ်ခဲ့ပြီး ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်သူမိန်းကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။
မိုးကြိုးထိမှန်သေဆုံးသူမှာ မိနီမ(ခေါ်)မပွင့်ဝတီကျော်၊ အသက်၁၁နှစ်၊ ၁၄လမ်း C ထိပ် ကျွန်းရွှေဝါလမ်းမကြီးပေါ်(ယုဇနဥယျာဥ်မြို့တော်) နေထိုင်သူတစ်ဦးဖြစ်ပြီး ယုဇနဥယျာဉ်အခြေစိုက် ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ အချိန်မီ ဆေးကုသနိုင်ရန် ကူညီပို့ဆောင်ခဲ့သော်လည်း လမ်းမှာပင်ကွယ်လွန်သွားကြောင်း သိရသည်။
#Local_News #မိုးကြိုးထိမှန် #မိန်းကလေးငယ်တစ်ဦးသေဆုံး #tthl #Yangon_Times
#Local_News
Published 28 October 2023
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ညမထွက်ရ အချိန်ကို အနည်းငယ်စီဖြေလျော့ သတ်မှတ်ပေးလိုက်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများထံက သိရသည်။
ယခင်က ညမထွက်ရ အချိန်ကို ည ၁၂နာရီမှ နံနက် ၄နာရီအထိ သတ်မှတ်ထားခဲ့ကာ အောက်တိုဘာ ၂၇ ရက်မှစပြီး ညမထွက်ရ အချိန်ကိုနံနက် ၁နာရီမှ ၃နာရီအထိ ဖြေလျော့လိုက်ကြောင်း သိရသည်။
''ညမထွက်ရအချိန် ဖြေလျော့လိုက်တာကောင်းပါတယ်၊ အကုန်ပယ်ဖျက်ရင်တော့ ပိုအဆင်ပြေတာပေါ့ အရေးပေါ်အပြင်ထွက်ရတဲ့အခါမျိုးမှာ အချိန်စောင့်စရာ မလိုတော့ဘူး၊ အခု နံနက်၁နာရီ ကနေ ၃နာရီအထိ ပြောင်းလိုက်တော့ ဈေးရောင်းထွက်ချိန် နည်းနည်းပိုစောထွက်လို့ရသွားတယ် အရင်ထက်တော့ အဆင်ပြေသွားပါတယ်'' ဟုရန်ကုန် မြို့နေပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ညမထွက်ရအချိန် ဖြေလျော့ကြောင်း ထုတ်ပြန်ချက်ကို မြို့နယ်အုပ်ချုပ်ရေးရုံးများကို အောက်တိုဘာ ၂၇ ရက်က ပေးပို့ထားပြီး ယင်းထုတ်ပြန်ချက်တွင် မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့် အပြုအမှုတစ်စုံတစ်ခုမှ မပြုလုပ်ရန် နှင့်မြို့နယ်အတွင်းရှိ လမ်းမကြီး၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြားနှင့်ဥယျာဉ်သို့မဟုတ်အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် လူ ၅ ဦးနှင့် ၅ ဦးအထက် ပိုသူများ စုဝေးခြင်း မပြုရန် တားမြစ်ထားကြောင်းကို ထုတ်ပြန်ချက်တွင်ပါရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်တိုင်း #ညမထွက်ရ #အချိန်အနည်းငယ်ဖြေလျော့ #YMG/LW #Yangon_Times
#World_Science
Published 28 October 2023
ယခုနောက်ဆုံး လေ့လာချက်အရ နဂါးငွေ့တန်း ဂလက်ဆီအတွင်း ကြွေကျလာတဲ့ ကြယ်နှစ်ခု ရှားရှားပါးပါး ပွတ်တိုက်မိတယ်ဆိုပါက ကမ္ဘာမြေကို အကာအကွယ် ပေးထားတဲ့ အိုဇုန်းလွှာ ပျက်စီးသွားနိုင်ပြီး ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါ အများအပြား မျိုးသုဥ်းပျောက်ကွယ်နိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။
အခုထက်ထိတော့ ကီလိုနိုဗာစ်လို့ခေါ် နျူထရွန်ကြယ် ပွတ်တိုက်ခြင်းဖြစ်စဥ်မျိုးသာ နက္ခတ္တပညာရှင်တွေ တွေ့ရှိထားပါတယ်။
ဒီလိုအဖြစ်မျိုး ကမ္ဘာမြေရဲ့ အနီးပတ်ဝန်းကျင်မှာ ဖြစ်မယ်ဆိုရင် သက်ရှိတွေအတွက် အန္တရာယ်ကျရောက်လာနိုင်ကြောင်း အီလီနွိုက်စ်အာဘာနာကမ်ပိန်း တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဆိုပါတယ်။
ကြယ်တွေတိုက်မိတဲ့အခါ အန္တရာယ်အပေးနိုင်ဆုံး အချက်က ထွက်လာတဲ့ ရောင်ခြည်တွေဖြစ်ပါတယ်။
ဒီရောင်ခြည်တွေက အလွန်နီးကပ်တဲ့အခါ ကမ္ဘာမြေလိုမျိုး ဂြိုဟ်တွေမှ သက်ရှိတွေအတွက် အန္တရာယ်ရှိနေပါတယ်။
ဒီလိုပေါက်ကွဲမှုကနေ ၂၉၇ အလင်းနှစ်အတွင်း ရှိတဲ့ ဘယ်သက်ရှိမဆို အားပြင်းထန်တဲ့ ဂမ်မာရောင်ခြည်ကြောင့် လောင်ကျွမ်းသွားနိုင်ပါတယ်။
ဒီလိုရောင်ခြည်တွေကြောင့် ကမ္ဘာကြီးရဲ့ လေထုအပေါ်လွှာ အိုဇုန်းပျက်စီးသွားနိုင်ပြီး ပြန်လည်ဖြစ်ပေါ်ဖို့ နှစ်အတော်ကြာမှာ ဖြစ်ပါတယ်။
ကီလိုနိုဗာရဲ့ အိတ်စ်ရောင်ခြည်တွေက ဂမ်မာရောင်ခြည်တွေထက် ပိုမိုကြာရှည်တာကြောင့် ပိုပြီးအသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။
အဆိုပါတွေ့ရှိချက်တွေက မရေရာမှု များစွာရှိနေသေးပြီး ကြည်တဲ့ရှုထောင့်၊ ထွက်လာတဲ့ ပမာဏ၊ ပေါက်ကွဲမှုပြင်းအားတို့အပေါ် မူတည်နေပါတယ်။
#World_Science #နဂါးငွေ့တန်းဂလက်ဆီ #ကမ္ဘာပေါ်ရှိသက်ရှိများ #Source: WION
#World_Health
Published 28 October 2023
လူကြိုက်အများဆုံး ငှက်ပျောသီးတစ်မျိုးဟာ ရောဂါပျံ့ပွားမှုတစ်ခုကြောင့် မျိုးသုဥ်းပျောက်ကွယ်လုနီးပါး ဖြစ်နေပြီလို့ သိပ္ပံပညာရှင်များ သတိပေးလိုက်ပါတယ်။
လူတွေစားသုံးနေတဲ့ ငှက်ပျောသီးတွေထဲက တဝက်ခန့်နီးပါးရှိတဲ့ ကေဗင်ဒစ်ရှ်ငှက်ပျောသီးတွေဟာ ပနားမားရောဂါ သမပိုင်း ၄ လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုး တိုက်ခိုက်ခံနေရပါတယ်။
အပင်ရဲ့ အမြစ်ကနေ အစပြုကာ ကျန်တဲ့အစိတ်အပိုင်းအားလုံးကို ထိခိုက်စေပြီး အစာနဲ့ရေ ပြတ်တောက်အောင် ပြုလုပ်လိုက်ပါတယ်။
TR4 ကို ထိုင်ဝမ်မှာ ၁၉၈၉ ခုနှစ်က ပထမဆုံးတွေ့ရှိခဲ့ပြီး ဒီနောက် ကမ္ဘာပေါ်မှာ ငှက်ပျောသီး အများဆုံးထုတ်လုပ်တဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယတို့အပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကိုပါ ကူးစက်ပျံ့နှံ့လာပါတယ်။
တစ်နိုင်ငံကို ကူးစက်သွားပြီဆိုရင် ရှင်းထုတ်ဖို့ အလွန်ခက်ခဲသွားကြောင်း အိတ်စတာတက္ကသိုလ်မှ ဒန်ဘက်ဘာက ၂၀၁၉ ခုနှစ်မှာ ရှင်းပြခဲ့ပါတယ်။
အသီးအမျိုးအစားပေါင်း တစ်ထောင်ကျော် ရှိတဲ့အထဲမှာ လူတွေစားသုံးတဲ့ ငှက်ပျောသီးမျိုးစိတ်တွေထဲက ၄၇ ရာခိုင်နှုန်းဟာ ကေဗင်ဒစ်ရှ် အမျိုးအစားဖြစ်ပါတယ်။
နောက်ထပ် နာမည်ကြီးအမျိုးအစားဖြစ်တဲ့ ဂရော့စ်မိုက်ကယ်ကတော့ ၂၀ ရာစုအစောပိုင်းမှာ TR1 ကြောင့် မျိုးသုဥ်းခဲ့ပြီ ဖြစ်ပါတယ်။
ကံကောင်းစွာနဲ့ပဲ အရမ်းနောက်မကျခင်မှာ ဒီလိုမျိုး ပျောက်ကွယ်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ်လို့ ပညာရှင်များ ယုံကြည်နေကြပါတယ်။
ထိခိုက်မှု အရမ်းမဆိုးရွားခင် အချိန်အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် ရထားကြောင်း၊ ဈေးကွက်မှာ ဆိုးဆိုးရွားရရွား မထိခိုက်ခင် ဖြေရှင်းနိုင်မယ်လို့ ဆိုလို့ရကြောင်း ပြောပြခဲ့ကြပါတယ်။
TR4 ကို ခံနိုင်ရည်ရှိအောင် အသီးကိုင်းဖြတ်ဆက်ခြင်းဖြင့် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲနိုင်မယ့် ဖြေရှင်းချက်မျိုး ပါဝင်နေပါတယ်။
ထိုင်ဝမ်မှ သိပ္ပံပညာရှင်အချို့ကတော့ ကာကွယ်ဆေးနည်းလမ်းလိုမျိုး ကေဗင်ဒစ်ရှ်မျိုးစေ့တွေကို TR4 နဲ့ ထိတွေ့စေပြီး ခံနိုင်ရည်ရှိအောင် စမ်းသပ်နေကြပါတယ်။
မျိုးရိုးဗီဇ ကွဲပြားသွားပါက ရောဂါကူးနိုင်ခြေ နည်းပါးသွားတာကြောင့် အမျိုးအစားအစုံ အသီးများ အများအပြား ထုတ်လုပ်ရန်က အဖြေဖြစ်လာနိုင်ကြောင်း ကိုအက်ပယ်က ပြောသွားပါတယ်။
#World_Health #မှိုရောဂါကူးစက်ပျံ့ပွား #ငှက်ပျောသီးများပျောက်ကွယ်သွားနိုင် #Source: New York Post
Page 647 of 1639