တွေ့ရှိဖူးသမျှထဲတွင် အပြည့်စုံဆုံးသော ပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်မြောက်ပိုင်းမွန်ဂိုလီးယားတွင်တွေ့ရှိ
တရုတ်မြောက်ပိုင်း မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၅ သန်းခန့်က ပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းကို သုတေသီများ တွေ့ရှိခဲ့ပြီး ဒါဟာတွေ့ဖူးသမျှထဲမှာ အပြည့်စုံဆုံးသော ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်ပါတယ်။
#World_Discovery
Published_ 21 May 2024
#ပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်း #တရုတ်မြောက်ပိုင်းမွန်ဂိုလီးယား
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 21 May 2024
၁။ ပြောင်းဈေးတက်လာသော်လည်း တောင်သူလက်ထဲတွင် ရောင်းချရန် ပြောင်းမရှိသည့်အချိန်ဖြစ်နေ
၂။ မေရီချက်ပ်မင်းနားမကြားသော ကလေးငယ်များကျောင်းတွင် KG မှ Grade7အထိ ကျောင်းအပ်လက်ခံပြီ
၃။ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် ၈၅ ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲ နေပြည်တော်၌ပြုလုပ်မည်
၄။ တွေ့ရှိဖူးသမျှထဲတွင် အပြည့်စုံဆုံးသောပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်းအား တရုတ်မြောက်ပိုင်းမွန်ဂိုလီးယားတွင်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၁ မေ ၂၀၂၄
လန်ဒန်မှပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင်ခရီးသည်တင်လေယာဉ်သည် အလွန် ပြင်းထန်တဲ့လေတွေကြောင့် ယနေ့ မေလ ၂၁ရက် ညနေပိုင်းက ဘန်ကောက်ကိုအရေးပေါ်ဆင်းသက်စဉ် ခရီးသည်တစ်ဦး သေဆုံးပြီး ခရီးသည် အများအပြား ဒဏ်ရာရရှိသွားခဲ့ပါတယ်။
သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုတွေ ဘယ်အချိန်မှာဖြစ်ခဲ့တာလဲဆိုတာတော့ မသိကြရသေးပါဘူး။
ထိခိုက်ဒဏ်ရာရရှိသူ ၃၀ရှိတယ်လို့ ထိုင်းမီဒီယာတွေကရေးသားကြပေမယ့် စင်ကာပူလေကြောင်းလိုင်းက ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာ ထုတ်မပြောပါဘူး။
ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်အရာရှိတစ်ဦးကလည်း သေဆုံးသူတစ်ဦးရှိတယ်လို့အတည်ပြုပေမယ့် ဘယ်နှဦးဒဏ်ရာရတယ်ဆိုတာကိုတော့ အတည်ပြုမပေးပါဘူး။
စင်ကာပူလေကြောင်းလိုင်း ဘိုအင်း 777-300ER လေယာဉ်ဟာ ခရီးသည် ၂၁၁ ဦး ၊လေယာဉ်အမှုထမ်း၁၈ဦးနှင့် အတူ လန်ဒန်မှပျံသန်းလာတာဖြစ်ပြီး စင်ကာပူသို့ ဦးတည်ပျံသန်းနေရင်း ဘန်ကောက်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
“ ကျွန်ုပ်တို့ရဲ့ ဦးစားပေးက လေယာဉ်ပါ ခရီးသည်တွေနှင့်လေယာဉ်အမှုထမ်းတွေကို အတတ်နိုင်ဆုံး အကူအညီပေးဖို့ဖြစ်တယ်” လို့ စင်ကာပူလေကြောင်းက သတင်းထုတ်ပြန်ပါတယ်။
“လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ ဘန်ကောက်အာဏာပိုင်တွေနှင့်အလုပ်လုပ်နေပါတယ်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စင်ကာပူလေကြောင်းလိုင်းရဲ့ နောက်ဆုံးမတော်တဆမှုဟာ ၂၀၀၀ပြည့်နှစ် အောက်တိုဘာလတုန်းက တိုင်ဝမ်ကနေ ပျံအတက်ပျက်ကျခဲ့ပြီးလူပေါင်း ၈၃ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။
Source Reuters
တရုတ်နိုင်ငံအတွင်းသို့ အလုပ်ရမည်ဆိုကာ သွားရောက်ရာမှ လူကုန်ကူးခံရသဖြင့် ဆက်သွယ်အကူညီတောင်းခံသူတွေထဲမှာ လူကုန်ကူးခံရသူကိုယ်တိုင် လူကုန်ကူးမှုတပ်စီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံကို ဆက်သွယ်အကူအညီတောင်းခံတာရှိသလို လူကုန်ကူးခံရတဲ့ သူရဲ့မိသားစုဝင်တွေကတစ်ဆင့် အကူအညီတောင်းခံတာတွေရှိတယ်လို့ လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့ဝင်ထံက သိရပါတယ်။
#Local_News
Published_ 21 May 2024
#YMG/LW #Yangon_Times
#ဆက်သွယ်အကူညီတောင်းခံသူ #လူကုန်ကူးမှုတားဆီးနိုင်ရေးရဲတပ်ဖွဲ့
မွန်ပြည်နယ်က ထွက်ရှိတဲ့ကြက်မောက်သီး တွေဈေးကောင်းရနေတယ်လို့ ကြက်မောက်သီးစိုက်ပျိုးရောင်းချသူတွေဆီက သိရပါတယ်။
#Local_News
Published_ 21 May 2024
#ကြက်မောက်သီးဈေးကောင်းရ #မွန်ဒေသထွက်ကြက်မောက်သီး
#YMG/NN #Yangon_Times
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲမှာယှဉ်ပြိုင်ဖို့ ၈၅ကီလိုမီတာခရီးရှည် မြင်းစီးအားကစား *လက်ရည်စစ်*ပြိုင်ပွဲကိုနေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published_ 21 May 2024
#ခရီးရှည်မြင်းစီးအားကစား #၂၀၂၅ဆီးဂိမ်းပြိုင်ပွဲ
#NN #Yangon_Times
#Local_News
Published_ 21 May 2024
▪️ မလေးရှားနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲISTAF SEPAKTAKRAW WORLD CUP တွင် မြန်မာအသင်းက အိန္ဒိယအသင်းကို အနိုင်ယူကာ ဆီးမီးဖိုင်နယ်တက်ရောက်သွားကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။
▪️ Myanmar အသင်းနှင့် India အသင်းတို့ပွဲတွင် Myanmar အသင်းမှ နှစ်ပွဲပြတ်အနိုင်ယူ၍ Semi Final သို့တက်ရောက်သွားပြီဖြစ်သည်ဟု ဆိုသည်။
▪️ မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီမှာ အားဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက်တို့၏ Double Event ပွဲအဖြစ် India အသင်းနှင့်ယှဥ်ပြိုင်သည့်ပွဲ၌ အနိုင်ရခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာစံတော်ချိန်နေ့လည် ၂း၀၀ နာရီမှာဇင်ကို၊ ထူးအောင်ကျော်၊ ရှိန်းလေး၊ မင်းသန့်၊ ဖေငြိမ်းချမ်း တို့ပါဝင်သည့် REGU Event ပွဲအဖြစ် Indonesia အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

#tthl #Yangon_Times
#Local_News
Published-21 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာ၊ရန်ကုန်စက်မှုဇုန်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာ မေလ၂၁ရက်နေ့၊ နေ့လယ်၁နာရီ ၂၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာ၊ ရန်ကုန်စက်မှုဇုန်သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းယို့စိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
'အမိုးနီးယားယိုစိမ့်မှုဖြစ်ပွာတာပါ'ဟုပုလဲမီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ LUF 60 ယာဉ်(၁)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ရွှေပေါက္ကံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ထွက်ခွာလျက်ရှိကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 21 May 2024
▪️ YBS ယာဉ်များစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်ရန် စစ်ဆေးရေးအဖွဲ့များနှင့် ယာဉ်ကြောရှုပ်ထွေးတဲ့ မှတ်တိုင် ၁၆ ခုမှာ ခရိုင် ၃ ခရိုင် ပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
▪️ ထို့အပြင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ကားများပေါ်၌ အများပြည်သူကြုံတွေ့နေရသည့် ခါးပိုက်နှိုက်အန္တရာယ် ကာကွယ်နိုင်ရန်“ခါးပိုက်နှိက် သတိပြု” သတိပေးစတေကာများကိုလည်း မေလ ၁၆ ရက်နေ့ကတည်းက စတင် ဖြန့်ဝေထားပြီးဖြစ်ကြောင်း သိရသည်။
▪️ YBS စီးနင်းခရီးသွားပြည်သူများအတွက် ကြိုတင်ကာကွယ် သတိပြုမိစေရန် ခါးပိုက်နှိုက် သတိပြု စတေကာများကို YBSယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏အနောက်ဖက်တွင် စတေကာ(၁)ခု၊ ယာဉ်၏ အနောက်ဘက်ခြမ်းတွင် စတေကာ(၁)ခု၊ လှေကားအဆင်းတံခါးပေါက်တွင် စကေတာ(၁)ခုနှင့် Mini Bus ယာဉ်များအတွက် လှေကားအတက် ယာဉ်မောင်း၏ အနောက်၌ စတေကာ(၁)ခု၊ ယာဉ်၏ ဘေးဘယ်/ညာ၌ စတေကာ(၁) ခုစီ တပ်ဆင်သွားရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် YBS ကုမ္ပဏီများအားလုံးကို လာမည့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ YBS ယာဉ်များ၌ CCTV တပ်ဆင်ရန်လည်းညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်မြို့တွင်း၌ YBS ယာဥ်လိုင်းစုစု ပေါင်း ၁၃၁ လိုင်း၊ ယာဥ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၆ သိန်းကို သယ်ယူပိုဆောင်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
မေရီချက်ပ်မင်း နားမကြားသောကလေးငယ်များကျောင်းမှာ ကျောင်းသားဟောင်းတွေကိုမေလ (၂၇ရက်မှ၃၀)ရက်အထိ ဦးစွာလက်ခံပြီး ကျောင်းသားသစ်တွေကို မေ ၃၁ မှ ဇွန် ၂ရက် နေ့အထိ ထပ်မံလက်ခံသွားမှာ ဖြစ်တယ်။အဆောင်နေ (၂၀၀)ဦးနဲ့ နေ့တက်ဦးရေ အကန့်အသတ်မရှိလက်ခံဖို့ရှိပါတယ်။
(မေရီချက်ပ်မင်းနားမကြားသောကလေးငယ်များကျောင်း၊ကျောင်းအုပ်ဆရာမကြီး)
#Local_News
Published_ 21 May 2024
#မေရီချက်ပ်မင်းကျောင်း #ကျောင်းအပ်လက်ခံပြီ
#tthl #Yangon_Times
ပြောင်းစျေးမြင့်တက်လာချိန်မှာတော ပွဲရုံတွေနဲ့ကုန်သည်တွေလက်ထဲမှာပဲ ပြောင်းအများဆုံးရှိနေပြီး တောင်သူတွေလက်ထဲမှာတော့ အနည်းငယ်သာရှိတော့တယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ သိရပါတယ်။
#Local_News
Published_ 21 May 2024
#ပြောင်းစျေးမြင့်ချိန် #ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ
#YMG/LW #Yangon_Times
#Local_News
Published 21 May 2024
▪️ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်သားများနှင့်မိသားစုအများအပါအဝင် ၄၅ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)ထံက သိရသည်။
▪️ မေလ ၂၀ရက်နေ့ ညနေ၃နာရီ အချိန်ခန့်က လပွတ္တာမြို့ရှိ လ/တောင် ကွမ်းခြံကုန်း၊ ချောင်းကလေး ၊အမှတ် ၉ရပ်ကွက်နှင့်၃ရပ်ကွက်တို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အစာအဆိပ်သင့်မှု ဖြစ်ပွားရာတွင် ကလေးငယ်များ ပါ ပါရှိပြီး အော့အန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
▪️ "အခုဖြစ်တာက ဆောက်လုပ်ရေးဆိုက်မှာ စလစ်လောင်းတဲ့ အလုပ်သမားတွေ သူတို့ကို အလုပ်က ဘဲဥ ငံပြာရည်ချက် ပေးတာကို သူတို့အိမ်ရောက်မှ မိသားစုတွေနဲ့ စားလိုက်တော့ ကလေးတွေပါ ဖြစ်သွားတာ အခုက အကုန်လုံးနီးပါးကောင်းနေပါပြီ မနေ့ညနေပိုင်းကတော့ အော့အန်ပြီး နေလို့မရတော့ သူတို့အိမ်တွေကို မြို့နယ်က လူမူရေးအသင်းတွေကလူနာတင်ကားတွေနဲ့ ဆေးရုံကို သွားခေါ်ပို့ပေးရတာပေါ့"နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အစာအဆိပ်သင့်သည့်လူနာ ၄၅ဦး မှာ လပွတ္တာမြို့ရှိ ကုတင် ၂၀၀ပြည်သူ့ဆေးရုံကြီး တွင်ကုသမှုခံယူနေပြီး အစာအဆိပ်သင့်သည့်အကြောင်းရာကိုတော့ ဓါတ်ခွဲစစ်ဆေးလျက်ရှိကာမကြာမီတွင် အဖြေသိရှိရမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောသည်။
#YMG/LW #Yangon_Times
Page 647 of 1925