၇ ဒီဇင်ဘာ ၂၀၂၄

🔳အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ ဘီဂျေပီ ပါတီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

🔳အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အိန္ဒိယနိုင်ငံ မတည်ငြိမ်အောင်လုပ်ဖို့ မီဒီယာအုပ်စုတစ်ခုကို ငွေ ကြေးထောက်ပံ့ပေးနေတယ်လို့စွပ်စွဲလိုက်ပါတယ်။

🔳အမေရိကန်ရဲ့ 'deep state’(နောက်ကွယ်အစိုးရ) မီဒီယာအုပ်စု၊ ဂျော့ဆိုးရော့စ်နှင့် ရာဟူးဂန္ဒီတို့ ပေါင်း  ကြံနေကြတယ်လို့ ဘီဂျေပီပါတီကပြောပါတယ်။

🔳သတင်းသမားတွေကိုထောက်ပံ့ကူညီပေမယ့် သူတို့ဟာ အယ်ဒီတာပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေ  အပေါ် ဩဇာမလွှမ်းမိုးပါဘူးလို့ အမေရိကန်ကတုန့်ပြန်ပါတယ်။

🔳အိန္ဒိယစွပ်စွဲထားတဲ့ အဲဒီ မီဒီယာအုပ်စုဖြစ်တဲ့ Organized Crime and Corruption Reporting Project (OCCRP)က သူတို့ဟာ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေနှင့်လုပ်နေပေမယ့် လွတ်လပ်တယ်လို့ ပြန်ဖြေရှင်း ထားပါတယ်။

🔳ရာဟူးဂန္ဒီရဲ့ ကွန်ဂရက်ပါတီဟာ   အိန္ဒိယရဲ့ အက်ဒါနီစီးပွားရေးအုပ်စုနှင့် အဲဒီအုပ်စုက အစိုးရနှင့် ဆက်နွယ်မှုတွေကို သီးခြား ရည်ရွယ်ရေးသားတဲ့ OCCRP ရဲ့ ဆောင်းပါးတွေကို အသုံးပြုပြီး ထိုးနှက်နေ တယ်လို့ ဘီဂျေပီက ဝေဖန်ထားတာဖြစ်ပါတယ်။

Source-Reuters and agencies