#Local_News
Published 7 December 2024
▪️ အလှကုန်နှင့် စားသောက်ကုန်ပစ္စည်း အမျိုးအစားပေါင်း၄၀ကျော်ကို သုံးစွဲရန်မ သင့်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က အသိပေးထုတ်ပြန်ထားသည်။
▪️ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post- Marketing Alert System(PMAS) Report အစီအစဉ်အရ အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်း (၂၀)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း၊ ထို့ပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသဖြင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ၊ ထိုတားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း အပါအဝင် ရောင်ရမ်းခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ထို့အတူဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အစားအသောက်(၂၁)မျိုးတွင် စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်နိုင်သည့် ခွင့်မပြုဆိုးဆေးများနှင့် ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားကြောင်း၊ထိုအစားအသောက်များတွင် Weslsy(Yogurt Milk)၊ DJ-BIOJ(စတော်ဘယ်ရီသီးအချိုရည်)၊ပြည်ကျော်(သစ်သီးယို)နှင့် ခေတ်သစ်(ပုန်းရည်ကြီး) အပါအဝင် စားသောက်ကုန်(၂၁)မျိုးပါဝင်ပြီး ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ အစားအသောက်ထုတ်ကုန်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက် တွင် သုံးစွဲရန်ခွင့်မပြုသောဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝ အသုံးမပြုရန်နှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်စွက်ပစ္စည်းများကို သတ်မှတ်ပမာဏ အတွင်းသာ အသုံးပြုရန် လိုပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစား အသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times