
၂၃ မေ ၂၀၂၄
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို နစက၏ ၂၀၂၄ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၇၅/၂၀၂၄)ဖြင့်ဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့ကဆောင်ရွက်ကြမည်ဖြစ်ပြီး အဖွဲ့ဝင်(၉)ဦးပါဝင်ကြပါတယ်။
အဆိုပါအဖွဲ့ဟာ လုပ်ငန်းတာဝန်(၅)ရပ်ကို ဆောင်ရွက်ရမှာဖြစ််တယ်လို့သိရပါတယ်။
အဲဒါတွေကတော့
(က) SPIC Yunnan International Power Investment Co, Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊
( ခ ) SPIC Yunnan International Power Investment Co.Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊
( ဂ ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်ရန်၊
(ဃ) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊
( င ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းကိစ္စများညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်
တို့ဖြစ်တယ်လို့ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
@ymg/knl
ကမ္ဘာပေါ်တွင်လီသီယမ်အိုင်းယွန်းဘက်ထရီထုတ်လုပ်မှု၌ ဦးဆောင်နေသည့် တရုတ်ကုမ္ပဏီက နည်းပညာဆန်းသစ်မှုများကို မျှဝေပေးသွားမည်
တရုတ်ပြည်ရဲ့ လီသီယမ်အိုင်းယွန်း ဘက်ထရီစက်မှုကဏ္ဍက စိမ်းလန်းဖွံ့ဖြိုးရေးကို တွန်းတင်ပေးနေပြီး ကွန်တမ်ပိုရာရီ အမ်ပရက်စ် တက်ခ်နော်လော်ဂျီ ကုမ္ပဏီလိမိတက်(CATL)က ရှေ့ဆုံးမှ ဦးဆောင်နေပါတယ်။
#World_Technology
Published_ 23 May 2024
#လီသီယမ်အိုင်းယွန်း #ဘက်ထရီစက်မှုကဏ္ဍက
#Yangon_Times #YMG_News #Yangon_Media_Group
၂၃ မေ ၂၀၂၄
လေပွေကြမ်းမိလို့ ဘန်ကောက်ကို အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်းမှ ခရီးသည် ၂၀ ဦးသည် ယခုထက်တိုင် ဘန်ကောက်ရှိဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင်(အိုင်စီယူ)ထဲမှာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဆေးရုံအရာရှိတစ်ဦးက ပြောကြောင်း ရိုက်တာသတင်းဌာနကရေးသားထားပါတယ်။
“ အိုင်စီယူထဲမှာရှိနေတဲ့ ခရီးသည်လူနာအရေအတွက်ဟာ မပြောင်းလဲသေးပါဘူး” ဘန်ကောက်မြို့ ဆမ်မီတီဗက်ချ်ဆရီနာ ကရင်ဆေးရုံရဲ့ ညွှန်ကြားရေးမှူး အက်ဒီနမ်ကစ်တီရက်တန်နာပိုင်ဘိုက ပြောပါတယ်။
“အိုင်စီယူမှာဆက်ရှိနေတယ်ဆိုတဲ့အဓိပ္ပါယ်က သူတို့ဟာ အနီးကပ်စောင့်ကြည့်ဖို့လိုနေတယ်ဆိုတဲ့သဘောပါပဲ” လို့ သူက ပြောပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ အခုထက်ထိမရှိကြသေးဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။
အဲဒီလေယာဉ်မှ ခရီးသည်(၄၀)ဦးကို ဆက်လက်ကုသစောင့်ရှောက်ပေးနေရဆဲဖြစ်ပြီး အဲဒီထဲက ၂၂ ဦးဟာ ကျောရိုးနဗ်ကြိုး ဒဏ်ရာရသွားသူတွေဖြစ်ပါတယ်။ ခြောက်ဦးကတော့ ဦးနှောက်နှင့် ဦးခေါင်းခွံဒဏ်ရာရရှိထားကြပါတယ်” လို့ သူကပြောပါ တယ်။
ဆေးရုံတက်နေရသူတွေမှာ အသက်အကြီးဆုံးက ၈၃နှစ်ရှိပြီး အငယ်ဆုံးက (၂)နှစ်သားကလေးဖြစ်ပြီး အဲဒီကလေးဟာ ပြင်းထန်စွာထိခိုက်ဒဏ်ရာရထားတာဖြစ်တယ်လို့ သူကဖြည့်စွက်ပြောပါတယ်။
ယခင်က ၄၁ဦးဆေးရုံတင်ထားရာမှ တစ်ဦးက ဆေးရုံဆင်းသွားလို့ ယခု လူနာ၄၀ဦးကျန်ခဲ့တာဖြစ်ပါတယ်။
ဆေးရုံတင်ခဲ့ရသူ ၄၁ဦမှာ ဗြိတိန်နိုင်ငံသား ၁၀ ဦး၊ ဩစတြေလျနိုင်ငံသား ၇ ဦး၊ မလေးရှားနိုင်ငံသား ၇ ဦးနှင့် ဖိလစ်ပိုင် နိုင်ငံသား ၄ ဦးတို့ပါဝင်ကြတယ်လို့အက်ဒီနမ်ကပြောပါတယ်။
သူကခရီးသည်တစ်ဦးချင်းအလိုက်ကုသနေရတဲ့အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ စင်္ကာပူလေကြောင်လိုင်းခရီးစဉ် အမှတ် SQ321 ဟာ အင်္ဂါနေ့ကမြန်မာနိုင်ငံအပေါ်မှဖြတ်ကျော်ပျံသန်းစဉ် အလွန်ပြင်းထန်တဲ့လေပွေကြမ်းနှင့်ရင်ဆိုင်တိုးခဲ့ရပြီး နောက် ခရီးသည်တစ်ဦးဟာ နှလုံးဖောက်သေဆုံးခဲ့ရကာ ဒါဇင်ပေါင်းများစွာထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။
ခရီးသည်တွေအနက် ခရီသည် ၁၄၀ကျော်ကတော့ ဗုဒ္ဓဟူးနေ့က ကယ်ဆယ်ရေးလေယဉ်ဖြင့် စင်ကာပူကို ရောက်ရှိသွားခဲ့ကြပြီးဖြစ်ပါတယ်။
Source Reuters
#Daily_News
Published_ 23 May 2024
၁။ ဂီတအကယ်ဒမီဆုကို ရုပ်ရှင်အကယ်ဒမီဆုကဲ့သို့ ရွှေသားအစစ်ရွှေကြယ်ပါသည့် ရွှေစင်ရုပ်တုချီးမြှင့်မည်ဟုဆို
၂။ ဘီးလင်း - ကျိုက္ကော်ကြားတောင်ကလေးရွာအနီးမစောတံတားကျိုး၊ ဘီးလင်းတိုးဂိတ်ဟောင်းမှ လမ်းစတင်ပိတ်ထားဟုဆို
၃။ ဆိတ်သားသတ်ဈေးကွက် ယခုလအတွင်း ဈေးကွက်ပြန်ကောင်းလာ
၄။ ကမ္ဘာပေါ်တွင် လီသီယမ်အိုင်းယွန်းဘက်ထရီထုတ်လုပ်မှု၌ ဦးဆောင်နေသည့်တရုတ်ကုမ္ပဏီက နည်းပညာဆန်းသစ်မှုများကို မျှဝေပေးသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်၊ မန္တလေးအပါအဝင်ပြည်တွင်းဈေးကွက်မှာ ရွှေစျေးစံချိန်တင်မြင့်တက်လာချိန်မှာ ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းက ရွှေအရောင်းအဝယ်စျေးကွက်ကို ဒီကနေ့မှာ ခေတ္တရပ်နားလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published_ 23 May 2024
#မန္တလေးရွှေအသင်း #ရွှေစျေးစံချိန်တင်မြင့်တက်
#Yangon_Times #YMG_News #Yangon_Media_Group
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မေလ(၂၄)/(၂၅)ရက်မှာ ဒေသအလိုက်နှင့် နေရာကွက်ပြီး မိုးကြီးနိုင်တယ်။ လေပြင်းတိုက်နိုင်တယ်။
မေလ၂၄ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး မေလ ၂၅ ရက်မှာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တယ်။ (အိန္ဒိယရာသီဥတုတိုင်းတာရေးစက် Global Forecasting Model (GFS) Dataအရ)
#Local_News
Published_ 23 May 2024
#ကရင်ပြည်နယ် #ဧရာဝတီတိုင်း
#tthl #Yangon_Times
မွန်ပြည်နယ်၊ ဘီးလင်းမြို့နဲ့ သထုံမြို့ကို ဆက်သွယ်ထားတဲ့ မစောတံတား ဖောက်ခွဲခံရပြီး လူ ေ-သ
ဆုံးမှုရှိတာကြောင့် ဘီးလင်းတိုးဂိတ်ဟောင်းကနေစတင်ပြီး လမ်းပိတ်ထားတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published_ 23 May 2024
#မစောတံတားကျိုး #ဘီးလင်း-ကျိုက္ကော်ကြားတောင်ကလေးရွာ
#NN #Yangon_Times
သင်္ကြန်မတိုင်ခင် ကာလတည်းက အရောင်းအဝယ်အေးနေတဲ့ ဆိတ်သားသတ် ဈေးကွက်မှာ ယခုလမှာတော့ ဝယ်လို အားရှိလာပြီး ဈေးကွက်ပြန်ကောင်းလာတယ်လို့ ဆိတ်မွေးမြူရေးလုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 23 May 2024
#ဆိတ်သားသတ်ဈေးကွက် #အရောင်းအဝယ်အေး
#YMG/LW #Yangon_Times
ဂီတအကယ်ဒမီရွှေစင်ဆုကို ၂၀၂၂၊ ၂၀၂၃ ခုနှစ်အတွင်း ထွက်ရှိထုတ်လုပ်ထားတဲ့ မြန်မာအသံ၊ ခေတ်ပေါ်၊ စတူဒီယို၊Pop /Rock /Hip Hop စတဲ့ဂီတတွေ၊ တေးဂီတတီးခတ်၊ ဖန်တီးသူတွေ၊ တေးဂီတထုတ်လုပ်သူတွေကို ဂီတအကယ်ဒမီထူးချွန်ဆုတွေပေးအပ်သွားမှာဖြစ်ပြီး People Choice လူအများနှစ်သက်တဲ့ ဂီတဆုကိုလည်း ပေးဖို့ရှိတယ်။
(မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ ဦးလွင်မြင့်)
#Local_News
Published_ 23 May 2024
#ဂီတအကယ်ဒမီရွှေစင်ဆု #ရွှေသားရွှေစင်ရုပ်တုချီးမြှင့်
#tthl #Yangon_Times
#Local_News
Published 23 May 2024
▪️ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်ချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အတွက် ဖြေဆိုမည့်နေ့ရက်နှင့်အချိန်ဇယားများ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) မှ မေလ ၂၃ရက်တွင်၏ ကြေညာလိုက်သည်။
▪️EPS-TOPIK စာမေးပွဲ ကုန်ထုတ်လုပ်ငန်းအား ပထမအသုတ်အဖြစ် ဖြေဆိုခွင့်အမှတ်စဉ် ၅၁၀၀၀၀၀၁ မှ ၅၁၀၄၁၆၀၀ အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါစာမေးပွဲကို ဇွန် ၃ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ စာမေးပွဲကျင်းပမည်ဖြစ်ကြောင်း၊ ဒုတိယအသုတ်ဖြေဆိုမည့်သူများအတွက် အချိန်ဇယားကို HRD-Korea မှ ပေးပို့လာပါက ဆက်လက်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
▪️ စာမေးပွဲဖြေဆိုမည့်သူများသည် မိမိဖြေဆိုရမည့် ဖြေဆိုခွင့်အမှတ်စဉ် နေ့ရက်၊ အခန်းနှင့် အချိန်တို့ကို သေချာစွာမှတ်သားထားရန်၊ ဖြေဆိုရမည့်အချိန်ထက် ၁ နာရီစော၍ စာမေးပွဲခန်းမသို့ လာရောက်ရန်၊ ဖြေဆိုရမည့်နေရာသည် ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဖြစ်ပြီး Passport စာအုပ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဖြေဆိုခွင့်အမှတ်စဉ်ပါစာရွက် ယူဆောင်လာရန်၊ EPS-TOPIK နှင့် Color Blind စစ်ဆေးပြီး အောင်မြင်သူများအား ပထမအဆင့် အောင်စာရင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ပထမအဆင့် အောင်မြင်သူများသည် Skills Test ဖြေဆို၍ အပြီးသတ်အောင်စာရင်းတွင် ပါရှိမှသာ ကျန်းမာရေးစစ်ဆေးမှုခံယူ၍ အလုပ်လျှောက်လွှာ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း၊ လူစားထိုးဝင်ရောက်ဖြေဆိုခွင့်မပြုကြောင်း၊ စာမေးပွဲဖြေဆိုချိန်တွင် မမှန်ကန်သည့် နည်းလမ်းဖြင့် ပြုလုပ်နိုင်သည့် လက်ကိုင်ဖုန်းအပါအဝင် အီလတ်ထရောနစ်ပစ္စည်း၊ စက်ပစ္စည်းများအား ယူဆောင်ခွင့်မပြုကြောင်း၊ စည်းကမ်းလိုက်နာရန် ပျက်ကွက်ပါက အဖြေလွှာအား ပယ်ဖျက်ခြင်းခံရခြင်းနှင့် လေးနှစ်ကြာ ပိတ်ပင်ခြင်းခံရမည်ဖြစ်ပြီး တည်ဆဲဥပဒေများအရလည်း အရေးယူခံရနိုင်ကြောင်း၊ စာမေးပွဲဖြေဆိုမည့်သူများ ရှပ်အကျီနှင့်ပုဆိုးဝတ်ဆင်လာရန်နှင့် အရက်သေစာ သောက်စားထားပါက စာမေးပွဲခန်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)က ကြေညာထားသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 23 May 2024
▪️ ပြီးခဲ့သည့်အပတ်များက ကိုဗစ်ပိုးတွေ့သူ(၁၀၀) အောက်ရှိခဲ့ရာမှ မေလ(၁၂)ရက်မှမေလ(၁၉)ရက် အတွင်းတွင် ကိုဗစ်ပိုးတွေ့သူ(၁၁၀)ဦးအထိရှိလာ ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ကိုဗစ်ပိုးတွေ့ရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကိုဗစ်ပိုးတွေ့သူ(၁၁၀)အနက် (၈၃)ဦးမှာ ရန်ကုန်တိုင်းတွင်း နေထိုင်သူများဖြစ်သည် ဟုဆိုသည်။
▪️ မြို့နယ်အလိုက် ကိုဗစ်ပိုးတွေ့ရှိမှုအများဆုံး မြို့နယ်သည် မင်္ဂလာဒုံမြို့နယ်ဖြစ်ပြီး ကိုဗစ်ပိုးတွေ့သူ (၄၆)ဦးအထိရှိကာ မကွေး၊ မင်းဘူးမြို့နယ်တွင် ၈ဦး၊ ရန်ကုန်တိုက်ကြီးမြို့နယ်တွင် (၆)ဦးတို့ တွေ့ရခြင်းဖြစ်သည်။
▪️ မကြာမီမိုးဦးရာသီရောက်တော့မည်ဖြစ်ပြီး တစ်ကျော့ပြန်ကိုဗစ်ရောဂါများမဖြစ်ပွားအောင် သတိပြုကာကွယ်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
#tthl #Yangon_Times
#Local_News
Published 23 May 2024
▪️ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၂၀ရက်မှစတင် ချေးငွေထုတ်ပေးနေပြီဖြစ်သောကြောင့် ယခင်ကြွေးကျန်ကင်းရှင်းသည့် တောင်သူများ အနေဖြင့် သက်ဆိုင်ရာခရိုင် / မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ် နိုင်ပြီ ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မေလ၂၃ရက်တွင် အသိပေးကြေညာထားသည်။
▪️ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ တောင်သူကြီးများ အနေဖြင့် အချိန်စေ့ချေးငွေ ပြေကျေမှသာ(ယခင်ကြွေးကျန်ကင်းရှင်းမှသာ)ချေးငွေအသစ်ကို ထုတ်ချေးခွင့်ရရှိမှာဖြစ်ပြီး အခြားနှစ်တို၊ နှစ်လတ်ချေးငွေများကိုလည်း သတ်မှတ်စည်းကမ်းချက်နှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၄ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များ အတိုင်းတစ်နှစ်လျှင် အတိုးနှုန်း ၅ရာခိုင်နှုန်းဖြင့် မေလ၂၀ရက်မှ စတင်၍ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများကတစ်ဆင့် ထုတ်ချေးပေးနေကြောင်း သိရသည်။
▪️ထို့ကြောင့် ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တောင်သူလယ်သမားဦးကြီးများ အချိန်မီရရှိစေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သက်ဆိုင်ရာခရိုင်မြို့နယ်ဘဏ်ခွဲများကို အမြန်ဆုံးဆက်သွယ်နိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
#YMG/LW #Yangon_Times
Page 644 of 1925