#Local_News
Published 5 October 2024
▪️ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် အားတိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ အဆိုပါ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့(150 YEARS of the UPU) အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကိုရောင်းချပေးသွားမည် ဖြစ်သည်။
▪️ ထိုသို့ရောင်းချရာတွင် အောက်တိုဘာ ၉ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက် နေ့ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ အောက်တိုဘာ ၉ ရက် တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 05 October 2024
▪️ နိုင်ငံတကာ အာကာသစခန်းမှာ ၅ နှစ်တိုင်အောင် ယိုစိမ့်မှုဖြစ်နေပြီး နာဆာ(NASA)မှ သိပ္ပံပညာရှင်များ အမြင့်မားဆုံးအန္တရာယ် ကြုံတွေ့နေရကာ အဖြေရှာမရဖြစ်ပါတယ်။
▪️ အာကာသစခန်းမှာ ထိန်းချုပ်ရေးတာဝန်ခံထားရတဲ့ နာဆာမှအရာရှိများရဲ့ တင်ပြချက်အရ စက်ခန်းအပိုင်းကြီးနဲ့ ဆိုက်ကပ်နေရာကို ချိတ်ဆက်ထားတဲ့ ရုရှားစခန်းလမ်းကြောင်းငယ် တစ်ခုဟာ စိုးရိမ်စရာဖြစ်နေပြီး ယိုစိမ့်နေပါတယ်။
▪️ Progress အာကာသယာဉ် ဆိုက်ကပ်နေရာနဲ့ Zvezda စက်ခန်းပိုင်းတို့ကြားမှ PrK မိုဂျူးငယ်ရဲ့ အခြေအနေကို အမေရိကန်နဲ့ ရုရှားအရာရှိများ သိရှိထားပြီး ၂၀၁၉ စက်တင်ဘာလတည်းက ယိုစိမ့်နေခဲ့ပါတယ်။
▪️ ယခု နာဆာစစ်ဆေးရေးမှူးချုပ်ရဲ့ တင်ပြချက်မှာတော့ ပြဿနာဆိုးရွားချက် အတိအကျတွေကို ဖော်ပြလာပါတယ်။
▪️ ယိုစိမ့်မှုနှုန်းက ဖေဖော်ဝါရီလမှာ တစ်နေ့ကို လေထု ၁ ပေါင်အောက်နှုန်းကနေ ၂.၄ ပေါင်နှုန်းများလာပြီး ဧပြီမှာတော့ တစ်နေ့ကို ၃.၇ ပေါင်အထိ ရှိလာပါတယ်။
နှစ်တွေကြာအောင် စစ်ဆေးပြီးနောက် ရုရှားဘက်ကရော အမေရိကန်အရာရှိတွေဘက်ကပါ ယိုစိမ့်ခြင်း အကြောင်းအရင်းကို မသိရှိသေးပါဘူး။
▪️ ဒါပေမဲ့ စစ်ဆေးခြင်းက ယခင်ထက် ကျဉ်းမြောင်းလာပြီလို့ လက်ထောက်စစ်ဆေးရေးမှူးချုပ် ဂျော့ဂျ်အေစကော့က ဆိုပါတယ်။
▪️ ယိုစိမ့်မှုပိုဆိုးလာပါက အပြီးတိုင် ပိတ်သိမ်းဖို့ စဉ်းစားနေပါတယ်။
၂၀၂၄ မေလနဲ့ ဇွန်လတို့မှာ အာကာသစခန်းနဲ့ ရော့စ်ကော့စ်မိုစ်အရာရှိများက ယိုစိမ့်နှုန်းမြင့်တက်လာတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
▪️ ရော့စ်ကော့စ်မိုစ်က အခြေအနေကို စောင့်ကြည့်နေပြီး ယိုစိမ့်နှုန်း မထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရောက်ခင်မှာ ပိတ်သိမ်းရင် ပိတ်သိမ်းရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
#Source:
#World_News
Published 05 October 2024
▪️ အရက်က ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာ သိထားကြသလို ယခုသုတေသနအသစ်မှာတော့ ဘေးအန္တရာယ် ဖြစ်နိုင်တဲ့အကြောင်းကိုပါ ဖော်ပြထားပါတယ်။
▪️ ကင်ဆာဖြစ်ပွားမှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းကျော်က အရက်သောက်ခြင်းကြောင့် ဖြစ်နေကြောင်း ၂၀၂၄ ကင်ဆာတင်ပြချက်မှာ သိရပါတယ်။
▪️ အဝလွန်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ပြီးရင် အယ်လ်ကိုဟောက ကင်ဆာအများဆုံး ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ တတိယမြောက်အများဆုံး ဖြစ်နေပါတယ်။
▪️ အရက်အလွန်အကျွံ သောက်ခြင်းကြောင့် ကင်ဆာ ၆ မျိုး ဖြစ်နိုင်ခြေများစေပြီး ဦးခေါင်းနှင့်လည်ပင်းကင်ဆာ၊ အစာရေမျိုဆဲလ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာတို့ ဖြစ်စေနိုင်တယ်လို့ ဦးဆောင်သုတေသီ ရာဂျာရှီဆင်ဂူ့ပ်တာက ပြောထားပါတယ်။
▪️ အသက်အရွယ် အစောပိုင်းမှာ အယ်လ်ကိုဟောသောက်သုံးခြင်းက နောက်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ခြေ ပိုများစေပါတယ်။
▪️ အရက်လျှော့ချ ရှောင်ရှားခြင်းဖြင့် အဆိုပါကင်ဆာများဖြစ်နိုင်ခြေကို ၈ ရာခိုင်နှုန်းလောက် လျော့နည်းစေပါတယ်။
▪️ အယ်လ်ကိုဟောက ကျန်းမာရေးကို အကျိုးပြုစေတယ်လို့ ဖော်ပြထားကြသလို ကင်ဆာဖြစ်စေနိုင်တယ်လို့လည်း တွေ့ရှိလာပါတယ်။
▪️ သင့်တင့်တာထက် ပိုမိုသောက်သုံးရင်တော့ အန္တရာယ်ပိုများစေတယ်လို့ သတိပေးထားကြပါတယ်။
▪️ စစချင်းမှာတော့ အတွင်းအင်္ဂါအချို့ကို ထိခိုက်စေပြီး ဦးနှောက်ကနေ စတင်ကာ အူမကြီးအထိ ရောက်ရှိနိုင်ပါတယ်။
▪️ အမျိုးသမီးတွေမှာ တစ်နေ့ကို တစ်ခွက်မျှ အယ်လ်ကိုဟော သောက်သုံးခြင်းက သင့်တင့်တယ်ဆိုနိုင်ပြီး အမျိုးသားတွေမှာတော့ ၂ ခွက်မျှဖြစ်ပါတယ်။
▪️ ဘယ်လိုပဲဖြစ်ဖြစ် အယ်လ်ကိုဟောကို အနည်းငယ်မျှ သောက်သုံးရင်ပင် အချို့သောကင်ဆာတွေ ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။
▪️ အကျိုးကျေးဇူးဖြစ်မှုနဲ့ ဘေးအန္တရာယ်တို့ကြား အငြင်းပွားနေဆဲဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးလည်း သက်ရောက်ပုံ မတူကြပါဘူး။
▪️ အယ်လ်ကိုဟောက ဒီလိုမျိုး ကင်ဆာဖြစ်နိုင်ခြေ မြင့်မားစေတာကို အများသူငှာသိရှိအောင် ဖော်ပြသင့်တယ်လို့ ဆိုပါတယ်။
#Source: New York Post
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့်မြောက်သဖြင့် တရုတ်ပြည်သူများ အောင်ပွဲခံနေကြပြီး အင်္ဂါနေ့ညက တရုတ်မြို့အများအပြားမှာ ဒရုန်းများ၊ မီးရှူးမီးပန်းများ ထွန်းဖောက်ခဲ့ကြပါတယ်။
#Asia_Event
Published 4 October 2024
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ #နိုင်ငံတစ်လွှားအောင်ပွဲခံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 4 October 2024
၁။ အပျော်စီးသင်္ဘောတွင် သင်္ဘောသားဖြစ်လိုသူများအတွက် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာအခမဲ့သင်တန်းအခုလထဲထပ်ဖွင့်
၂။ တာချီလိတ်မြို့ရေပြန်ကျ
၃။ စက်သုံးဆီ အားလုံးဈေးကျ၊ 92တစ်လီတာကျပ် ၃၀၀၀အောက်အထိကျဆင်းလာ
၄။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း(၇၅)နှစ်ပြည့် တရုတ်နိုင်င်တစ်လွှားအောင်ပွဲခံ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်)ပြုလုပ်ဖို့ နည်းပညာဆွေးနွေးနေဆဲသာရှိသေးပြီး ရှေ့ဆက်ဖို့များတယ်လို့ စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 4 October 2024
#(စမတ်ကတ်) #စက်သုံးဆီဝယ်ယူခွင့်
#YMG/NN #Yangon_Times
လုပ်ငန်းငယ်(MSME)တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချေးငွေ (၁၅၀)ဘီလီယံကိုအစိုးရ၊ ပုဂ္ဂလိကဘဏ်(၁၅)ခုမှ ထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
#Local_News
Published 4 October 2024
#လုပ်ငန်းငယ်(MSME) #ထုတ်ချေးပေး
#YMG/tthl #Yangon_Times
#Local_News
Published 4 October 2024
▪️ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ပြုလုပ်မည့် COEX Food Week 2024 ပြပွဲ ၌ ဝင်ရောက်ပြသရန် ပြည်တွင်းလုပ်ငန်းရှင်များအားဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ဆိုးလ်မြို့ရှိ ညီလာခံများနှင့် ပြပွဲများကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ COEX Food Week 2024 ပြပွဲ ကို COEX နှင့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့ကကြီးမှူးကျင်းပမည်ဖြစ်သည်။
▪️ COEX Food Week 2024 ကို World FoodTech Expo နှင့် the Korea Bakery Show တို့နှင့်အတူ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပလေ့ရှိသည့် စားသောက်ကုန်ပြပွဲများအနက် အစည်ကားဆုံးပြပွဲဖြစ်ပြီး ပြပွဲကာလအတွင်း ကမ္ဘာအနှံ့ရှိ စားသောက်ကုန်နှင့်အဖျော်ယမကာကဏ္ဍမှ ကုန်စည်နှင့် ဝန်ဆောင်မှုများစွာကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ယင်းပြပွဲသို့ ပါဝင်တက်ရောက်ခြင်း၊ ပြသခြင်းအားဖြင့် ကမ္ဘာအနှံ့မှသက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ရင်းနှီးမှုကိုခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ ကုမ္ပဏီ ၁,၀၀၀ ခန့်က ပြခန်းပေါင်း ၁,၄၀၀ ကျော်ကို ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း၊ ပြပွဲသို့လာရောက်လေ့လာသူနှင့် အဝယ် တော်စုစုပေါင်း ၅၅,၀၀၀ ခန့် တက်ရောက်နိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
▪️ ထို့ကြောင့်နှစ်စဉ်ကျင်းပသည့် COEX Food Week ပြပွဲများတွင် ပြခန်းများယူ၍ ပါဝင်ပြသနိုင်ရေး စဉ်းစားနိုင်စေရန်ရည်ရွယ်၍ COEX Food Week 2024 သို့ လာရောက် လည်ပတ် လေ့လာနိုင်ရန် ပြည်ပကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများ (သို့) စားသောက်ကုန်နှင့်ဆက်နွယ်သော အဖွဲ့အစည်းများမှ ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဝါရင့်စီမံခန့်ခွဲမှုအဆင့်ရှိ ကိုယ်စားလှယ်များ၊ ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက် စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော စားသောက်ကုန်နှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများတွင် နိုင်ငံအလိုက်စားသောက်ကုန်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသရန် တာဝန်ယူထားသော/ အထောက်အပံ့ပေးလျက်ရှိသော ပြည်ပ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများတွင် ကျင်းပသည့် ကုန်စည်ပြပွဲများတွင် နိုင်ငံအလိုက်ပြခန်းများ သွားရောက်ဖွင့်လှစ်ပြသနိုင်ရေးအတွက် ငွေကြေးအထောက်အပံ့များပေးသည့် အစိုးရ အဖွဲ့အစည်းများကို ဖိတ်ကြားကြောင်း သိရသည်။
▪️ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ လိပ်မူ လျှောက်ထားနိုင်ပြီး လျှောက်ထားလာသည့် လျှောက်လွှာများအနက် COEX Food Week 2024 သို့ တက်ရောက်လေ့လာရန် ရွေးချယ်ခံရပါက တက်ရောက်မည့်ကိုယ်စားလှယ်အတွက် နံနက်စာပါဝင်သည့် ဟိုတယ်အခန်းတစ်ခန်းကို ၄ ညတာ တည်းခိုနေထိုင်ခွင့်နှင့် နှစ်ရက်စာ နေ့လယ်စာတို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် လေယာဉ်လက်မှတ်ခအတွက်လည်း အကန့်အသတ် ပမာဏတစ်ခုအထိ ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း၊ သို့သော် လေယာဉ်လက်မှတ်ခ ပြန်လည်အမ်းငွေသည် နိုင်ငံ အလိုက် ကွဲပြားမည်ဖြစ်ကြောင်း၊ ပြည်ဝင်ခွင့် (Visa) လျှောက်ထားမှုအတွက် ဖိတ်ကြားစာများ ထောက်ပံ့ပေးမည် ဖြစ်သော် လည်း ကုန်ကျစရိတ်အတွက် ကျခံမည်မဟုတ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ထုတ်ပြန်ချက်အရစက်သုံးဆီအမျိုးအစားအများစု ဈေးနှုန်းလာပြီး 92 တစ်လီဝာာ ကျပ် ၃၀၀၀အောက်အထိ ကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 4 October 2024
#စက်သုံးဆီဈေးကျ #ရန်ကုန်ဈေးကွက်
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းကတာချီလိတ်မြို့မှာ ယမန်နေ့ကရေကြီး၊ ရေလျှံတာ တွေဖြစ်ပေါ်ခဲ့ပေမယ့် ဒီကနေ့မနက်ပိုင်းမှာတော့ ရေပြန်ကျနေပြီလို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
တာချီလိတ်မြို့ရေပြန်ကျ
#Local_News
Published 4 October 2024
#တာချီလိတ်မြို့ #ရေပြန်ကျ
#YMG/NN #Yangon_Times
အပျော်စီးသင်္ဘောမှာ သင်္ဘောသားဖြစ်လိုသူအမျိုးသား၊ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာအခမဲ့သင်တန်းအခု အောက်တိုဘာလ(၇)ရက်မှ(၁၅)ရက်အထိ ထပ်ဖွင့်ဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 4 October 2024
#အပျော်စီးသင်္ဘော #အင်္ဂလိပ်စာအခမဲ့သင်တန်း
#YMG/tthl #Yangon_Times
#World_News
Published 04 October 2024
▪️ တိုင်းပြည်အချုပ်အခြာအာဏာကို အင်အားသုံးပြီး ထိပါးရန် ကြိုးပမ်းလာပါက နျူကလီးယားလက်နက်များ အပါအဝင် ရှိသမျှအင်အားများသုံးပြီး တုန့်ပြန်ရန် ဝန်လေးနေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်ကြောင်း KCNA သတင်းဌာနက သောကြာနေ့မှာ ဖော်ပြလိုက်ပါတယ်။
▪️ မြောက်ကိုရီးယား အစိုးရစနစ် အဆုံးသတ်ရေး ခြိမ်းခြောက်နေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်ကို ဝေဖန်လိုက်ပြီး ဘယ်သူကမှ ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေလဲဆိုတာ ပြသရာရောက်ကြောင်း ကင်မ်ဂျုံအန်းက ပြောသွားပါတယ်။
▪️ ယွန်ဆော့ယောလ်က နျူကလီးယားလက်နက်ပိုင် နိုင်ငံတစ်ခုရဲ့ တံခါးဝကနေ စစ်ရေးတုန့်ပြန်ဖို့ အကြောင်း ပြောနေတာဖြစ်ကြောင်း ကင်မ်က ပြောပါတယ်။
▪️ ကင်မ်က စစ်တပ်အထူးစစ်ဆင်ရေးအဖွဲ့တွေရဲ့ လေ့ကျင့်ရေးစခန်းတစ်ခုမှာ ဗုဒ္ဓဟူးနေ့က ပြောကြားသွားတာ ဖြစ်ပါတယ်။
▪️ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက် အစီအစဉ်ကို ဆယ်စုနှစ်များတိုင်အောင် လုပ်ဆောင်နေပြီး အဆိုပါလက်နက်ပေါင်း ဒါဇင်ခန့်ပြုလုပ်ဖို့ ကုန်ကြမ်းများ အလုံအလောက်ရှိတယ်လို့ ယူဆရပါတယ်။
▪️ မြေအောက်နျူကလီးယားဖောက်ခွဲရေး စမ်းသပ်မှု ၆ ခုကိုလည်း ပြုလုပ်ထားပါတယ်။
▪️ အင်္ဂါနေ့က တောင်ကိုရီးယားဟာ တပ်မတော်နေ့ ကျရောက်ခဲ့ပြီး ထိပ်ဖူးကျည်ကြီး တင်ဆောင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်ဖြင့် စစ်ရေးပြသခဲ့ပါတယ်။
▪️ ယွန်ဆော့ယောလ်က မိန့်ခွန်းပြောကြားရာမှာ မြောက်ကိုရီးယား နျူကလီးယားလက်နက် အသုံးပြုမှာကို ဆန့်ကျင်ကြောင်း၊ ဒီလိုဖြစ်လာပါက တောင်ကိုရီးယားနဲ့ အမေရိကန် မဟာမိတ်တို့ကနေ ပြတ်ပြတ်သားသား အင်အားသုံးတုန့်ပြန်မှာဖြစ်ကြောင်း ဆိုပါတယ်။
▪️ ထိုနေ့ဟာ မြောက်ကိုရီးယားအစိုးရ အဆုံးသတ်တဲ့နေ့ ဖြစ်လာမှာလို့ ပြောသွားပါတယ်။
▪️ ရန်သူတွေက မြောက်ကိုရီးယားရဲ့ စစ်ရေးအင်အားကို သေချာမသိဘဲ ရမ်းသမ်းခြိမ်းခြောက်နေတာဖြစ်ပြီး နျူကလီးယားလက်နက်တွေကို ဖျောက်ပစ်လို့ရမှာ မဟုတ်ကြောင်း ကင်မ်က ပြောကြားသွားတယ်လို့ KCNA က ဖော်ပြထားပါတယ်။

#Source: Reuters
Page 641 of 2058