ရန်ကုန်တိုင်းထဲက မှော်ဘီ၊ ကမ္ဘာအေးအပါအဝင် နေ့အပူအချိန်(၄၀) ဒီဂရီဆဲလ်ဆီးယပ်နဲ့ (၄၀)ဒီဂရီ ဆဲလ်ဆီးယပ်အထက်ရှိတဲ့ ဒေသ(၃၀)အထိရှိလာတယ်။ အပူဒဏ်ကြောင့်မူးဝေ၊ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်တာ၊ကိုယ်အပူချိန်မြင့်တက်တာ၊ သတိလစ်တာတွေမဖြစ်အောင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်တွေ လိုက်နာဖို့လိုတယ်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဘင်္ဂလားဒေရှ့နိုင်ငံကို တင်ပို့ဖို့ ချင်း(ဂျင်း)ထွက်ရှိတဲ့ဒေသမှာ ဝယ်ယူမှုများနေတဲ့ အတွက် ပြည်တွင်းဈေးကွက် မှာ ချင်းတစ်ပိသာကို ကျပ်၆၀၀၀ ကျော်သို့ ဈေးမြင့်တတ်လာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၅ ဧပြီ ၂၀၂၄
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် Chen Hai သည် မြန်မာအတာသင်္ကြန် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံခေါင်းဆောင်ဟောင်းများဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)တို့ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ၍ နှစ်သစ်ကူးဂါရဝပြုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ထို့အပြင် တရုတ်သံရုံး ဒုတိယသံအမတ်ကြီး Cao Jing သည် ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီး ဒေါ်သန်းသန်းနုနှင့် မြန်မာတရုတ်ချစ်ကြည် ရေးအသင်း ဥက္ကဋ္ဌ ဟောင်း ဦးစိန်ဝင်းအောင်တို့ထံလည်း သွားရောက်ဂါရဝပြုခဲ့ကြောင်းသိရပါတယ်။
-ymg/knl
Published 5 April 2024
ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များကို သင်္ကြန်ပွဲတော်ကာလ၌ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန(ရန်ကုန်)မှ သိရသည် ။
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အများပြည်သူသွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားသော မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အများစုကို နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်သည်။
အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင်များကိုလည်း ယခင် သင်္ကြန်ကာလများ ထက်ပိုမိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အပြင် မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၄၁ ဆိုင်တွင် ၃၄ ဆိုင်ကို နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်သည်။
အဆိုပါ မဟာသင်္ကြန်ကာလအတွင်း ဖွင့်လှစ်ပေးမည့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်များအနေ ဖြင့် နံနက် ၅ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်းမှာ ယာယီပိတ်ထားလျက်ရှိ သည့် အရောင်းဆိုင်များကိုတော့ ဧပြီလ ၁၈ ရက်မှ စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်းသိရသည် ။
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင်သုံးဆိုင် စုစုပေါင်း ၄၆ ဆိုင်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 5 April 2024
ထိုင်း နိုင်ငံ ကန်ချနဘူရီခရိုင် မင်အ်မြို့ နောင်ဘွန်ကျေးရွာ အုပ်စု ၄ ရှိ စွန့်ပစ်အိမ်တစ်အိမ်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို ဧပြီ ၄ရက် က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
ထိုင်းအာဏာပိုင်များထံ မြန်မာအလုပ်သမားများ နေထိုင်သည်ဟု သတင်းပေးရရှိသဖြင့် နံနက်၉ နာရီအချိန့်တွင် ဒေသခံအာဏာပိုင်အဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်တွင် တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား အမျိုးသား ၉၄ဦး အမျိုးသမီး ၂၉ဦး စုစုပေါင်း ၁၂၃ ဦး တွေ့ရှိ ပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ယင်းအလုပ်သမားများသည် ပွဲစားကို အလုပ်သမား တစ်ဦးလျှင် လမ်းခရီးအကွာအဝေးပေါ်မူတည်ပြီး ဘတ် ၁၅၀၀၀မှ ဘတ်၃၀၀၀၀ထိပေးရကာ ယခုနေအိမ် တွင် လာကြိုမည့်ကားသမားကို စောင့်နေကြောင်းသိရှိရသည်။
ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား များ ကို အားလုံးကို ကန်ကျနဘူရီ လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ပြီးနောက် ဥပဒေအရ အရေးယူဆောင်ရွက်ပြီးလျှင် မိခင်နိုင်ငံထံ ပြန်လည်လွှဲပြောင်း ပို့ဆောင်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖေါ်ပြထားသည်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 5 April 2024
ရန်ကုန်မြို့တော် မဟာ သင်္ကြန်ပွဲတော်တွင် ပြည်သူများ အန္တရာယ်ကင်းစွာလာရောက် လည်ပတ်ရေကစားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ အစည်းအဝေး ကိုဧပြီ ၃ရက်က ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံ ကသိရသည်။
အဆိုပါ အစည်းဝေးကိုပြည်သူ့ရင်ပြင်ရှိ ကွပ်ကဲရေးရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းဝေးတွင် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြည်သူ့ရင်ပြင်နှင့် မြို့တော် ခန်းမတွင်ကျင်းပမည့် သင်္ကြန် ပွဲတော်များသို့ လာရောက် လည်ပတ် ရေကစားကြမည့် ပြည်သူများ အန္တရာယ်ကင်းစွာ လည်ပတ် ရေကစားနိုင်ရေး၊ မဟာသင်္ကြန်ပွဲတော် အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာများကို အလေးထားဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ လုံခြုံရေး ကျိုးပေါက်မှုဖြစ်စဉ်များ မဖြစ်ပွား စေရေးနှင့် ကော်မတီဝင်များ အနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ပေါင်းစပ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်းနှင့် လုံခြုံရေးစီမံချက်ပါအတိုင်း တိတိကျကျလိုက်နာ၍ အကောင် အထည်ဖော် ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် အမှတ် (၂)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်ဝင်းမင်း သိန်းက ကော်မတီမှ ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြချက်များ နှင့်ပတ်သက်၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက မဟာသင်္ကြန်ပွဲတော် အစမှ အဆုံးတိုင် အန္တရာယ်ကင်းကင်း ဖြင့် အဆင်ပြေချောမွေ့စွာပြီးစီး အောင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် (၄၃) ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခု၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ငွေကြေးနဲ့ပတ်သက်တဲ့ ချေးငွေ၊ ဆုကြေးစတဲ့ အွန်လိုင်းကနေ အုပ်စုဖွဲ့လိမ်လည်မှုတွေ ဆက်လက်ရှိနေတယ်လို့ ကျုးလွန်ခံရသူတွေဆီက သိရပါတယ် '
Yangon_Times/NN
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
လာမယ့် မေလ ၁ရက် နေ့ကစပြီး UID ကတ် အရပ်ခေါ် စမတ်ကတ်ပါရှိမှသာ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ် TBP နဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP တို့ကို ထုတ်ပေးတော့မှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၄ရက်နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။
Yangon_Times/LW
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရွှေတိဂုံမှာ သင်္ကြန်အကြိုနေ့ကနေစလို့ အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့တွေမှာ နှစ်သစ်ဦးအလှူအဖြစ် အအေး၊ ထမင်း၊ မုန့်စတုဒိသာတွေကို ကျွေးမွေးလှူဒါန်းလိုပါက ဂေါပကအဖွဲ့ထံမှာ အခုချိန်ကစလို့ ကြိုတင်စာရင်း ပေးထားနိုင်တယ်။ (ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း)
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
၅ ဧပြီ ၂၀၂၄
အနောက်နိုင်ငံများသည် အခြအနေကို မတည်ငြိမ်စေဖို့နှင့် ကိုလိုနီလက်သစ်ရည်မှန်းချက်များ သွတ်သွင်းဖို့ အတွက် မြန်မာနိုင်ငံတွင် အစွန်းရောက်အုပ်စုများကို ထောက်ခံအားပေးလုပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆီလီ နီဘင်ညာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာဧပြီ ၄ရက်က ပြောကြားလိုက်ပါတယ်။
ရုရှားအစိုးရအနေနှင့် ရခိုင်ပြည်နယ်က အစွန်းရောက်တွေ အထူးသဖြင့် Arakan Army လို့ဆိုတဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ အပေါ် စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ သံအမတ်ကြီးကပြောပါတယ်။
“ အဲဒီ တပ်တွေ (ယေဘုယျအားဖြင့် ဆန့်ကျင်ဖက်လက်နက်ကိုင်တွေ) ကို အနောက်နိုင်ငံတွေက ထောက်ခံအားပေးနေပြီး သူတို့ရဲ့ ကိုလိုနီလက်သစ်ရည်မှန်းချက်တွေရရှိဖို့ အသုံးချနေတယ်ဆိုတဲ့ အထောက်အထားအများကြီးရှိနေပါတယ်။ တစ်ပြိုင် နက်တည်းလိုပါပဲ အမေရိကန်၊ဗြိတိန်နှင့် သူတို့ရဲ့ မဟာမိတ်တွေဟာ ဒုက္ခသည်တွေပြန်လက်ခံပေးဖို့ မြန်မာခေါင်းဆောင်တွေ ကို ဖိအားတိုးမြှင့်ပေးဖို့ လူသိရှင်ကြားတောင်းဆိုနေကြတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် သူတို့ဟာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ တွေကို ပိုမိုမတည်ငြိမ်အောင်မီးထိုးပေးနေပြီး IDP စခန်းတွေရဲ့အခြေအနေတွေကိုလည်း ပိုမိုဆိုးရွားအောင်လုပ်နေကြတယ်” လို့ သူကဆက်ပြောပါတယ်။
အနောက်နိုင်ငံတွေဟာ ဒေသအတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် ပထဝီနိုင်ငံရေး အကျိုးစီးပွားကိုပဲမြှင့်တင်ဖို့ပဲ စိတ်ဝင်စားကြတယ်” လို့ ရုရှားသံအမတ်ကြီးကပြောပါတယ်။ မြန်မာအာဏာပိုင်တွေဟာ သူတို့လိုအပ်ချက်တွေ ဖြည့်ဆည်းလို့မရနိုင်အောင် လုပ်နေကြတယ်လို့လည်းသူကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာဖြေရှင်းရေးအတွက် လမ်းစကရှင်းပါတယ်”လို့သူကဆိုပါတယ်။
“ ၂၀၂၁ဖေဖော်ဝါရီကတည်းကရှိခဲ့တဲ့ အရေးပေါ်အခြေအနေအောက်မှာ အခြေအနေတွေကို ပုံမှန်ဖြစ်ဖို့ မျှော်မှန်းပြီး အနောက်အုပ်စုရဲ့လှုံ့ဆော်သွေးထိုးမှုကြောင့် လက်နက်ကိုင်အုပ်စုတွေက ငြင်းပယ်နေကြတဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေးကိုဆက်သွားတာနှင့် လူနည်းစုတွေအခြေစိုက်တဲ့ ရခိုင်ပြည်နယ်နှင့် အခြားဒေသတွေကနယ်မြေတွေမှာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ အကောင်အဖည်ဖော်ဖို့ဖြစ်တယ်” လို့ သံအမတ်ကြီးကပြောပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အချုပ်အခြာအာဏာ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် လွတ်လပ်မှုတို့ကိုပထမဦးစားပေး ထားရှိတယ်လို့ သူကပြောပါတယ်။
“ အဲဒါကြောင့် ကျွန်တော်တို့ဟာ စိတ်ဝင်စားမှုရှိတဲ့အဖွဲ့အစည်းအားလုံးနှင့် အပြုသဘောဆောင်ဆွေးနွေးပြီး မြန်မာ အစိုးရနှင့်အတူ ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ ရခိုင်ပြည်နယ်တစ်ဝန်းမှာ အခြေအနေတွေဖြေရှင်းဖို့ နိုင်ငံတကာအကူအညီတွေတိုးမြှင့်ရေး အကောင်းဆုံးနည်းလမ်းတွေကိုအကောင်အထည်ဖော်ဖို့ အာရုံစိုက်ထားပါတယ်” လို့ သူကပြောပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအစီအစဉ်တွေအကြိုက် ဘက်လိုက်မှုမရှိကြတဲ့ မိတ်ဆွေတွေအားလုံး ကျွန်တော် တို့နှင့် အတူပူးပေါင်းလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
Source TASS
Published_ 05 April 2024
ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံသို့စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များအတွက် ကန်တော့ပွဲအခမ်းအနားများကျင်းပပေးခဲ့ပြီးဦးညွှတ်ကန်တော့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်။
ဧပြီလ ၄ ရက်နေ့၌ ကျရောက်သည့် တရုတ်သင်္ချိုင်းကန်တော့ပွဲအခါသမယတွင် ကန်တော့ပွဲအခမ်းအနားများကျင်းပပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့တွင် ပဲခူးတိုင်း တောင်ငူမြို့သို့ ခရီးနှင်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည်သံရုံးမှအရာရှိများကို ဦးဆောင်ကာ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ တရုတ်အဝေးရောက်မဟာမိတ်တပ်၏ မျိုးဆက်များ၊ တရုတ်နွယ်ဖွားကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအခြေစိုက်တရုတ်မီဒီယာများနှင့်အတူ မြန်မာနိုင်ငံသို့စစ်ကူလာစဉ် ကျဆုံးခဲ့သည့် တရုတ်အဝေးရောက်မဟာမိတ်တပ်မှ အာဇာနည်များကို ဦးညွတ်ကန်တော့ခဲ့ကြခြင်းဖြစ်သည်။
သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင်" လွန်ခဲ့သည့် ၈၂ နှစ်တုန်းက တရုတ်အဝေးရောက်မဟာမိတ်တပ်ပေါင်းသိန်းချီက မြန်မာနိုင်ငံသို့လာရောက် တိုက်ပွဲဝင်ခဲ့ရာ သွေးသားနဲ့ အသက်များဖြင့် တရုတ်နိုင်ငံ၏ ဂျပန်ကျူးကျော်မှုခုခံရေး စစ်ပွဲသမိုင်းတွင် မော်ကွန်းတင်ထိုက်သောစာမျက်နှာကို ရေးသားခဲ့ပြီး အာရှတိုက် ပစိဖိတ်သမုဒ္ဒရာစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအောင်နိုင်ရေးအတွက် အရေးပါအကျိုးထမ်းဆောင်ခဲ့ကြောင်း၊ တရုတ်အဝေးရောက်မဟာမိတ်တပ်များ၏ တိုင်းပြည်ချစ်စိတ်သည် အမြဲထွန်းလင်းတောက်ပနေမည်ဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်သည်လည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် အာဇာနည်များ၏အမွေကိုဆက်ခံကာ တိုင်းပြည်ချစ်စိတ်ဓာတ် ပြန့်ပွားအောင်လုပ်ဆောင်ပြီး တရုတ်-မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ တရုတ်အမျိုးသားကြီးမြတ်သောပြန်လည်နိုးထရေး ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
တောင်ငူမြို့သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တရုတ်အဝေးရောက်မဟာမိတ်တပ်က ဖက်စစ်ဂျပန်ကို တိုက်ပွဲဝင်ခုခံတိုက်ခိုက်သည့် သမိုင်းဝင်တည်နေရာဖြစ်သည်ဟုဆိုသည်။
သံအမတ်ကြီး Mr. Chen Hai နှင့် နယ်ပယ်အသီးသီးမှကိုယ်စားလှယ်များက တရုတ်အဝေးရောက်မဟာမိတ်တပ် အမှတ်တရကျောက်တိုင်တွင် ပန်းခြင်း၊ ပန်းခွေများချပြီးနောက် အားလုံးအတူတကွ ငြိမ်သက်၍ ဦးညွတ်ကန်တော့ခဲ့ကြသည်။
အာဇာနည်များအား ဦးညွတ်ကန်တော့သည့်အခမ်းအနားပြီးနောက် တက်ရောက်လာကြသူများက တရုတ်အဝေးရောက်မဟာမိတ်တပ်အထိမ်း အမှတ်ကျောက်တိုင်ကိုဂါရဝပြုပြီး တရုတ်အဝေးရောက်မဟာမိတ်တပ်များ ဂျပန်ကျူးကျော်မှုခုခံရေးပြတိုက်ကို လေ့လာကြည့်ရှုကာ တရုတ်အဝေးရောက်မဟာမိတ်တပ် အာဇာနည်များ၏ တရားမျှတမှုအတွက် အသက်ပေးဆပ်ကာ ဖက်ဆစ်ဂျပန်ကိုခုခံသော ထွန်းပြောင်သည့်သမိုင်းကို ပြန်ပြောင်းအောက်မေ့ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံး၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းအဖွဲ့အစည်းများနှင့် ဒေသခံတရုတ်နွယ်ဖွား အသင်းအဖွဲ့များက တရုတ်အဝေးရောက် မဟာမိတ်တပ်များ တိုက်ပွဲဝင်ခဲ့သော ရေနံချောင်းနှင့် မြစ်ကြီးနားမြို့နယ်တို့ရှိ တရုတ်အဝေးရောက်မဟာမိတ်တပ်၏ အောက်မေ့ဖွယ်အထိမ်းအမှတ် အဆောက်အအုံတွင် ပန်းခြင်း၊ ပန်းခွေများချပြီး ကန်တော့ခဲ့ကြကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group




Published 05 April 2024
နေတိုး(NATO)အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုတွေကနေ ယူကရိန်းကို ကာကွယ်ရန်အတွက် နောက်ထပ် လေကြောင်းကာကွယ်ရေးလက်နက်များ ထောက်ပံ့သွားရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြပါတယ်။
နေတိုးမဟာမိတ်အဖွဲ့ကြီးရဲ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ်မှာတော့ စစ်ပွဲတွေနဲ့သာ လွှမ်းမိုးနေပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရိုကူလေဘာက နေတိုးမှ ဝန်ကြီးများနဲ့ တွေ့ဆုံခဲ့ပြီး နောက်ထပ် လေကြောင်းကာကွယ်ရေး လက်နက်သစ်များ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့ပြီးနောက် မဟာမိတ်တွေက ယူကရိန်းတို့ အရေးတကြီး လိုအပ်နေတာကို သဘောပေါက်ကြောင်း နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် ယန်းစ်စတိုလ်တန်ဘာ့ဂ်က ပြောပြပါတယ်။
အခုဆိုရင် မဟာမိတ်တွေက သူတို့ရဲ့လက်နက်တိုက်တွေထဲမှာ ရှိသမျှပစ္စည်းတွေနဲ့ ထောက်ပံ့သွားမှာ ဖြစ်တဲ့အပြင် ပေးပြီးသား လက်နက်တွေမှာလည်း လက်နက်ခဲယမ်းနဲ့ အပိုပစ္စည်း အလုံအလောက်ရှိဖို့လည်း သေချာလုပ်ပေးသွားမှာ ဖြစ်ကြောင်း ပြောပြသွားပါတယ်။
တရုတ်၊ မြောက်ကိုရီးယား၊ အီရန်တို့လို နိုင်ငံတွေက ရုရှားကို ထောက်ပံ့နေတာကြောင့် ယူကရိန်းကို ပိုပြီးထောက်ပံ့ပေးဖို့က အလွန်အရေးကြီးကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဆိုပါတယ်။
ယနေ့သိသမျှဆိုရင် အမေရိကန် အပါအဝင် အားလုံးဟာ နှစ်ဆထောက်ပံ့သွားမှာ ဖြစ်ပြီး ယူကရိန်းလိုအပ်သမျှကို ရှာဖွေသွားကြမယ်လို့ မျှော်လင့်ကြောင်း ဘလင်ကန်က ပြောပြသွားပါတယ်။
နေတိုးမွေးနေ့ပါတီကို ဖျက်လိုဖျက်ဆီး မလုပ်ချင်ပေမယ့် ရုရှားလေကြောင်းတိုက်ခိုက်မှုတွေကို ခံနေရတဲ့ ယူကရိန်းတွေကိုယ်စား ဝမ်းနည်းကြောင်း ကူလေဘာက သတင်းထောက်တွေကို ပြောပြလိုက်ပါတယ်။
ကြာသပတေးနေ့ ညပိုင်းကြီးမှာ ရုရှားဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ခါကိဗ်မြို့ရှိ လူနေအိမ်များနဲ့ စွမ်းအင်စက်ရုံတို့ကို ထိမှန်ခဲ့သဖြင့် လူအများအပြားသေဆုံးကာ လူပေါင်း ၃ သိန်းခွဲအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ယူကရိန်းအရာရှိများက ဆိုပါတယ်။
ရုရှားက တစ်လကို စစ်မှုထမ်း ၃ သောင်းခန့် ခေါ်ယူနေဟန်ရှိပြီး စစ်မြေပြင်မှာ ဆုံးရှုံးမှုများကိုဖြည့်တင်းကာ ဆက်လက်တိုက်ခိုက်နေပေမယ့် အဓိကတိုက်ခိုက်ရေးအတွက် လိုအပ်တဲ့ ကျွမ်းကျင်သူများနဲ့ လက်နက်ခဲယမ်းများကတော့ ပြတ်လပ်နေဆဲဖြစ်တယ်လို့ နေတိုးအရာရှိတစ်ဦးက ပြောပြပါတယ်။
ယူကရိန်းကို စစ်ရေးထောက်ပံ့ရာမှာ ပူးပေါင်းဖို့ အစီအစဥ်များကို နေတိုးဝန်ကြီးများက သဘောတူခဲ့ကြပေမယ့် စတိုလ်တန်ဘာ့ဂ်မှ အဆိုပြုတဲ့ ၁၀၀ ဘီလီယံယူရို ငါးနှစ်စာထောက်ပံ့ငွေကို နေတိုးအဖွဲ့ဝင်များ လက်ခံမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ ဂျိုးဘိုင်ဒင်ကို အနိုင်ရသွားပါက နေတိုးမဟာမိတ်ရဲ့ အနာဂတ်ကို ဥရောပခေါင်းဆောင်များက စိုးရိမ်နေကြသလို အမေရိကန်လွှတ်တော်မှာ ကြန့်ကြာနေတဲ့ ဘီလီယံတန် ယူကရိန်းထောက်ပံ့ရေးအတွက်လည်း ပူပန်နေကြပါတယ်။
Source: Reuters
#World_News
#Published_ 05 April 2024
#YMG_News #Yangon_Times #Yangon_Media_Group

Page 638 of 1859