#Local_News
Published 16 December 2024
▪️ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဗိုဗီနမ်အားကစားပြိုင်ပွဲတွင် ရှမ်းပြည်နယ် ကိုယ်စားပြုအားကစားအသင်းက ပထမ အဖြစ်ဗိုလ်ဆွဲကာ ရန်ကုန်တိုင်းအသင်းက တတိယအဖြစ် အဆင့်၃နေရာ၌ ရပ်တည်ခဲ့ကြောင်း မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ သိရသည်။
▪️ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအားကစားပွဲတော်တွင် ဗိုဗီနမ်အားကစားပြိုင်ပွဲကို ဒီဇင်ဘာ၁၂ ရက်မှ ၁၄ ရက်အထိ တိုင်းနှင့်ပြည်နယ်
အသီးသီးမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
▪️ "ဆုရရှိတာကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းအသင်းကရွှေ ၃ခုနဲ့ ကြေး၄ခုပဲ ရတဲ့အတွက်အဆင့်သုံး အနေနဲ့တတိယရပါတယ်၊ ရှမ်းပြည်နယ်အသင်းကတော့ ရွှေ ၃အပြင် ငွေ၃ဆု ၊ ကြေး၃ ဆုတွေပါရတော့ပထမရပါတယ်၊ မန္တလေးတိုင်းအသင်းကတော့ရွှေသုံးအပြင် ငွေ၂ခုရော ကြေးပါရတာကြောင့် ဒုတိယရပါတယ် " ဟု ရန်ကုန်တိုင်း ဗိုဗီနမ်နည်းပြချုပ်ဒေါ်ဝေဝေလွင်က ပြောသည်။
▪️ ရန်ကုန်တိုင်းအသင်းအနေဖြင့် ဗိုဗီနမ်ပြိုင်ပွဲတွင် ကျား,အတွဲတိုက် အနေဖြင့် (ရွှေ)တံဆိပ်တစ်ခု၊ တုတ်ရှည်အပြအနေဖြင့် (ရွှေ)တံဆိပ်တစ်ခု၊ မ ,အတိုက် အနေဖြင့် (ရွှေ)တံဆိပ်တစ်ခုစသဖြင့် စုစုပေါင်း-ရွှေ၃ ခုနှင့် ကြေးတံဆိပ် ၎ ခုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က တွဲဖက်အတွင်းရေးမှူး ဦးကြည်ဝင်းထံမှ သိရသည်။
▪️ အဆိုပါ ဗိုဗီနမ် အားကစားပြိုင်ပွဲကို ရန်ကုန်တိုင်းကိုယ်စားပြုအနေနဲ့ အမျိုးသား ၁၂ဦး ၊ နဲ့ အမျိုးသမီး ၇ ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times