#World_News
Published 16 December 2024
▪️ ပြင်သစ်အိန္ဒိယသမုဒ္ဒရာ မေယော့တ်ကျွန်းစုမှာ ရာစုနှစ်နီးပါးအတွင်း အင်အားအကြီးဆုံး ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် လူရာဂဏန်းမက ထောင်နဲ့ချီပြီး သေဆုံးနိုင်ဖွယ် ရှိတယ်လို့ ဒေသခံ ပြင်သစ်အကြီးတန်းအရာရှိ ဖရန်ဆွစ်ဇာဗီယာဗျူဗီးလ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ ချီဒိုဆိုင်ကလုန်းကြောင့် အသေအပျောက်စာရင်းအကြောင်း မေးမြန်းရာမှာ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ယခုအချိန်မှာ အရေအတွက် ဆုံးဖြတ်လို့မရသေးဘူးလို့ ပြောသွားပါတယ်။
▪️ ချီဒိုဆိုင်ကလုန်းက မေယော့တ်မှာ တစ်နာရီကို ၁၂၄ မိုင်နှုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အိမ်ခြေများ၊ အစိုးရအဆောက်အအုံများနဲ့ ဆေးရုံတစ်ခု ပျက်စီးစေခဲ့ပါတယ်။
▪️ ဒါဟာ ထိုကျွန်းစုမှာ နှစ် ၉၀ ကျော်အတွင်း အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်ခဲ့ပါတယ်။
▪️ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အချက်အခြာနေရာတစ်ခုဖြစ်တဲ့ မေယော့ကျွန်းစုတွေထဲက တောင်ကုန်းတွေမှာ ယာယီနေအိမ်တွေ ရာနဲ့ချီ ပျက်စီးနေတာတွေကို ပြင်သစ်ပြည်သူ့စစ်တပ်မှ ဗီဒီယိုတွေထဲကနေ မြင်တွေ့နိုင်ပါတယ်။
▪️ ပြီးခဲ့တဲ့ အချိန်အတွင်း ကြောက်စရာကောင်းတဲ့ အခိုက်အတန့်တွေ ကြုံခဲ့ရသူတွေ၊ ဆုံးရှုံးသွားရသူတွေ၊ ဆုံးပါးသွားရသူတွေအတွက် ပူဆွေးရပါတယ်လို့ သမ္မတ အီမန်နျူယယ်မက်ခရွန်က ပြောပါတယ်။
▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း အရှေ့အာဖရိကကမ်းလွန် ကိုမိုရိုစ်မှ လူပေါင်းထောင်ချီဟာ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားပြီး ပြင်သစ်လူမှုဖူလုံရေးစနစ် ရရှိနေတဲ့ မေယော့တ်ဆီ လာရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။
▪️ မေယော့တ်မှာ စာရင်းမရှိ ရွှေ့ပြောင်းနေထိုင်သူ ၁ သိန်းကျော်ရှိမယ်လို့ ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ဆိုင်ကလုန်း တိုက်ခတ်ပြီးနောက် အသေအပျောက်စာရင်း အတိအကျရရှိရန် ခက်ခဲနေပြီး စားစရာ၊ ရေ ရရှိရေးပြဿနာများလည်း စိုးရိမ်ရတယ်လို့ အာဏာပိုင်များ ဆိုပါတယ်။
▪️ မေယော့တ်ကျွန်းစုက ပဲရစ်မြို့ကနေ ၈ ထောင်ကီလိုမီတာနီးပါး ကွာဝေးပြီး ပြင်သစ်မှအခြားနေရာများထက် အတော်လေးနွမ်းပါးကာ ဂိုဏ်းအကြမ်းဖက်မှုများ၊ မတည်မငြိမ်မှုများ ရှိနေပါတယ်။
▪️ ပြင်သစ်ဟာ ၁၈၄၃ မှာ မေယော့တ်ကို ကိုလိုနီပြုခဲ့ပြီး ၁၉၀၄ ခုနှစ်မှာ ကိုမိုရိုစ်အပါအဝင် ကျွန်းစုတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပါတယ်။
#Source: Reuters