#World_Health
Published 16 December 2024
▪️ ကမ္ဘာတဝှမ်းမှာ ခေါင်းကိုက်ဝေဒနာ ခံစားရသူ (၄၀)ရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးတွေ ပိုအဖြစ်များတယ်လို့ WHOက ဆိုပါတယ်။
▪️ ခေါင်းကိုက်ရတဲ့ အကြောင်းအရင်းနဲ့ အချိန်ကာလ ကွဲပြားကြသလို အချို့က အလိုလိုသက်သာတတ်ပေမယ့် အချို့ကတော့ နောက်ခံရောဂါတစ်ခုခုကို သတိပေးနေပါတယ်။
▪️ မူလခေါင်းကိုက်ဝေဒနာနဲ့ နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာဆိုပြီး ခွဲခြားနိုင်တယ်လို့ ဆယ်လူဘရီတက်စ်မက်ဒ်စင်တာမှ အာရုံကြောအထူးကု ဒေါက်တာကာဒမ်နက်ဂ်ပေါလ်က ပြောပါတယ်။
▪️ မူလခေါင်းကိုက်ဝေဒနာထဲမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ တင်းမာမှုကြောင့် ခေါင်းကိုက်ခြင်းတို့ ပါဝင်ကာ နောက်ဆက်တွဲ ခေါင်းကိုက်အမျိုးအစားထဲမှာတော့ ထိခိုက်ဒဏ်ရာ၊ ပြွန်ရောင်ရမ်းခြင်း၊ ရောဂါပိုးကူးစက်ခြင်း၊ ဦးနှောက်ထဲမှာ တည်ဆောက်ပုံချို့ယွင်းခြင်း၊ စိတ်ဝေဒနာအခြေအနေတို့ ပါဝင်ပါတယ်။
▪️ ခေါင်းတစ်ခြမ်းကိုက်ခြင်းက ငယ်ရွယ်သူတွေမှာ ပိုအဖြစ်များကာ အမြင်အာရုံပြောင်းလဲခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထုံကျဉ်စူးရှခြင်း၊ စကားပြောရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ အခြားပုံစံတွေနဲ့ ကွဲပြားသိရှိနိုင်ပါတယ်။
▪️ ထိုဝေဒနာကြောင့် အလုပ်ပျက်ခြင်း၊ စိတ်ကျန်းမာရေး ထိခိုက်ခြင်းတို့ပါ ဖြစ်နိုင်ပါတယ်။
▪️ လည်ပင်း မျက်လုံး သွား ပါးစပ် မျက်နှာအစိတ်အပိုင်းတို့ကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတွေလည်း ရှိပါတယ်။
▪️ ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာတဲ့ ခေါင်းကိုက်ဝေဒနာ၊ ရုတ်တရက် ကိုက်ခဲခြင်းခံစားရတဲ့ ဝေဒနာ၊ တစ်ခဏအတွင်း အပြင်းထန်ဆုံး ခံစားလိုက်ရတဲ့ ဝေဒနာမျိုးတွေလည်း ရှိပါတယ်။
▪️ ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့ပုံစံ ပြောင်းလဲလာတာက ပြဿနာဆိုးရွားတဲ့လက္ခဏာ ဖြစ်ပါတယ်။
▪️ NSAID ဆေးတွေနဲ့ ခေါင်းကိုက်ခြင်းကို သက်သာအောင် လုပ်နိုင်ပေမယ့် မသက်သာပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#Source: India Today